တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နယ်မှာ နိုဝင်ဘာလ ၆, ၇ ရက်များတွင် ကျင်းပခဲ့သည့် မဲခေါင်အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်ခေါင်းဆောင်လည်းဖြစ် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော ခေါင်းဆောင်လည်းဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြန်ခရီးကို မြန်မာ့အနုပညာရှင်အချို့က အားရဝမ်းသာစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။ နေ့စဉ် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံက ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် ပါဝင်သော ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး အပါအဝင် ဂျင်းနီ၊ ယုန်လေးနှင့် ဒိန်းဒေါင်တို့ပါ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။ နယ်ပယ်စုံက အနုပညာရှင်များအပါအဝင် မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ အဖွဲ့ဝင်များမှာ […]
(တံတား နှစ်စင်းလုံးတွင် စစ်ကောင်စီတပ်က မိုင်ထောင်ထားခဲ့) ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကိုင်းရှည်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်နောက်ပြန်ဆုတ်သွားပြီး တံတားများတွင် မိုင်းထောင်ထားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယခုရက်ပိုင်းများတွင် AA ၏ ထိုးစစ်အရှိန်ကြောင့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့က စ၍ တပ်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး မြို့ထဲ တပ်ရင်းများသို့ ပူးပေါင်းသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာ အထိုင်ချပြီးတော့ တပ်စွဲထားတာရှိတယ်။ မနေ့ညကစပြီး မရှိတော့ဘူး။ မြို့ထဲဖက်ကို တပ်ဆုတ်သွားပြီ၊ တစ်ချို့ကတော့ မြို့ထဲက စကခ ၅ နဲ့ ပေါင်းသွားကြတယ်လို့ သိရတယ်။ အခုက AA က မြို့ထဲအထိ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ တိုက်ပွဲကလည်းအရမ်း ပြင်းထန်နေတယ်”ဟုပြောသည်။ […]
စစ်တပ်၏ အာဏာရှင်စနစ် ဝါဒဖြန့်ချီရေး သင်ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းသင်ကြားရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က စုံစမ်းဖော်ထုတ်ထားသည်။ ယခု လက်ကျန် စာသင်နှစ် သို့မဟုတ် လာမည့် ပညာသင်နှစ်များမှာ စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေ၊ အခြေခံဥပဒေနှင့် အာဏာရှင်ဆန့်ကျင်သော အင်အားစုများကို ပုံဖျက်ရေးဆွဲထားသည့် အကြမ်းဖက် ဥပဒေစသော ဝါဒဖြန့်ဘာသာရပ်များကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသားများ သင်ယူရဖို့ ရှိနေကြောင်း BACS က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည်နှင့် ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားသော မြို့ကြီးများမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများကို စစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု ဥပဒေများနှင့် […]
PHOTO NEWS
ကမ္ဘာ့သမိုင်းတစ်လျှောက် အဖိနှိပ်ခံလူတန်းစားများမှာ ၎င်းတို့၏အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တော်လှန်ရေး တစ်ရပ်ကိုအမြဲဆင်နွှဲကြရလေ့ရှိတတ်သည်။ မျက်မှောက်ခေတ်တွင်လည်း ထိုကဲ့သို့ပုံစံတူ တော်လှန်ရေးများ ဆက်လက်ပေါ်ပေါက်လျှက်ရှိနေကြဆဲပင်။ ရခိုင်ပြည်၌ လက်ရှိကြုံနေရသည့် တိုက်ပွဲများမှာလည်း အဖိနှိပ်ခံရမှုများမှ ပေါ်ပေါက်လာခဲ့သည့်
(သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်လိုက်တာ တကယ်ဟုတ်သလား) ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ခိုက်မှု
ချင်းပြည်နယ် ဟားခါးမြို့မှာ CDM မလုပ်သော Non-CDM ဝန်ထမ်းများကို တွေ့သည့်နေရာတွင် ပစ်ခတ်အရေးယူသွားမည်ဟု Chinland Defense
(တော်လှန်ရေးအဖွဲ့အစည်းများက ဆွေးနွေးပွဲတက်ရန် အကြောင်းမပြန်သေးဟုဆို) လာမည့် နိုဝင်ဘာ လလယ်တွင် ကျင်းပမည့် “ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ်”
ရခိုင်ပြည် စစ်တွေမြို့ တရားသီးစု ရပ်ကွက်တွင် ရှိသည့် ရခိုင်အမျိုးသားပါတီ ANP ဗဟို ပါတီရုံးချုပ် ဖြိုချဖျက်ဆီး
(ဓါတ်ပုံသတင်း) ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဂျပန်နိုင်ငံရောက် မြန်မာပြည်သူများ ထောက်ခံဆန္ဒဖော်ပွဲကို ယနေ့
ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသမှာ မြေပြန့်မှ အခြေချလားသော ဘင်္ဂလီများနှင့် တောင်တန်းဒေသက ဌာနေတိုင်းရင်းသားများကြား ဆူပူအုံကြွမှုတွင် သေဆုံးသူ ၄
No spam, notifications only about new products, updates