ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အာရက္ခတပ်တော် AA ထံသို့ လက်နက်ချ အလင်းဝင်လာသူ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် တပ်သား ၃၀၀ နီးပါးရှိကြောင်း ခိုင်မာသော သတင်းရင်းမြစ်ထံမှ သိရသည်။ မဲတောင်ဗျူဟာကုန်း သိမ်းပိုက်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က စ၍ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ လက်နက်ချအလင်းဝင်ကြသည့် စစ်ကောင်စီတပ်သား အရေအတွက်ဖြစ်သည်ဟု Western News ကို ပြောသည်။ “မဲတောင်တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီတပ်သား လက်နက်ချအလင်းဝင် အရေအတွက်ဟာ ၃၀၀ နီးပါးရှိပါတယ်။ တပ်ရင်းမှူးအဆင့်ပါမယ်။ ဗိုလ်မှူးတွေပါမယ်၊ ရာထူးကတော့ အစုံပါပဲ။ မိသားစုဝင်တွေလည်း ပါမယ်။ တိုက်ပွဲဖြစ်နေချိန်မှာ လက်နက်ချတာရှိသလို လက်နက်ချပြီး အလင်းဝင်ဖို့ ကမ်းလှမ်းလာတဲ့သူတွေလည်းပါတယ်” ဟု ပြောသည်။ စစ်ရေးသတင်းလုံခြုံရေးအရ အလင်းဝင်လာသူများ၏ […]
မန္တလေးတိုင်းဒေသက မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၅ နာရီခန့်တွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုအချို့ရှိကြောင်း သိရသည်။ ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်နေရာများကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရှော့တိုက်ဒုံး ၁၃ လုံးထက်မနည်းဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း မိတ္ထီလာတော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။ “ရှမ်းတဲလေတပ်မှာ အရာရှိ ၁ ဦးနဲ့ စစ်သည်တချို့ သေဆုံးဒဏ်ရာရတယ်လို့ သိရတယ်။ အရေအတွက်တော့ မသိရဘူး။ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိတယ်လို့ပဲ သိရတယ်” ဟု ဆိုသည်။ စစ်ကောင်စီဖက်ကလည်း ရှမ်းတဲလေတပ်စခန်း တိုက်ခိုက်ခံရခြင်းကို အတည်ပြုထုတ်ပြန်ထားပြီး ဒရုန်းများလာရာလမ်းနှင့် လွှင့်တင်ခဲ့သည့် နေရာများကို ဒရုန်းများပြန်လွှတ်ပြီး လိုက်လံရှာဖွေစစ်ဆေးနေကြောင်း ပြောသည်။ ရှမ်းတဲလေတပ်သို့ လာရောက်တိုက်ခိုက်သော Fixed Wing Drone […]
မြန်မာစစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသော အာရက္ခတပ်တော် AA က အမ်းမြို့အဝင် ဌာနပေါင်းစုံ ပဲပဒုံစစ်ဆေးရေးဂိတ်ကို ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက်အစောပိုင်းက သိမ်းပိုက်လိုက်ပြီဟု သိရသည်။ ပဲပဒုံစစ်ဆေးရေးဂိတ်အနီးက BE တပ်ကို ပြီးခဲ့သည့်အပတ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့မှာ စစ်ဆေးရေးဂိတ်ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသော စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ဒီနေ့ မနက် အာရုံလောက်မှာလို့တော့ ပြောပါတယ်။ ပဲပဒုံစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်လိုက်ပြီလို့။ ကိုယ့်လူတွေ စစ်ဆေးရေးဂိတ်သို့ ရောက်သွားပြီလို့ ပြောပါတယ်။ စစ်ကောင်စီက ပဲပဒုံစစ်ဆေးရေးဂိတ်အနီးနဲ့ BE တပ်အနီးဝန်းကျင်ကို နေ့လယ် ၁၂ နာရီလောက်ကနေ အခုအချိန်အထိ ဗုံးကြဲတိုက်ခိုက်နေတယ်။ ထိခိုက်သေဆုံးမှုတော့ ကျနော်လည်းမသိဘူး။” ဟု ပြောသည်။ အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး […]
PHOTO NEWS
ကမ္ဘာ့သမိုင်းတစ်လျှောက် အဖိနှိပ်ခံလူတန်းစားများမှာ ၎င်းတို့၏အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တော်လှန်ရေး တစ်ရပ်ကိုအမြဲဆင်နွှဲကြရလေ့ရှိတတ်သည်။ မျက်မှောက်ခေတ်တွင်လည်း ထိုကဲ့သို့ပုံစံတူ တော်လှန်ရေးများ ဆက်လက်ပေါ်ပေါက်လျှက်ရှိနေကြဆဲပင်။ ရခိုင်ပြည်၌ လက်ရှိကြုံနေရသည့် တိုက်ပွဲများမှာလည်း အဖိနှိပ်ခံရမှုများမှ ပေါ်ပေါက်လာခဲ့သည့်
(သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်လိုက်တာ တကယ်ဟုတ်သလား) ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ခိုက်မှု
It seems we can't find what you're looking for.
No spam, notifications only about new products, updates