AA က ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းသားများ ခေါ်ယူနေ
ကျန်းမာရေး သတင်း
1 min read
0

AA က ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းသားများ ခေါ်ယူနေ

မေ ၅ - ၂၀၂၅
0

ဧပြီလ ၂၅ ရက်နေ့ကစ၍ အာရက္ခတပ်တော် AA ၏ ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများအစီအစဉ်အတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။ မိမိစရိတ်ဖြင့် ၈ လကြာ သင်တန်းတက်ရောက်ရမည့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပြီး ဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်သည်။ တိုင်းပြည်နှင့် လူမျိုးတို့၏ ပဏမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ Primary Health Care Services ကို တာဝန်ထမ်းဆောင်လိုသည့်သူတိုင်း အောက်ပါအရည်အချင်းနှင့် ကိုက်ညီလျှင် လျှောက်ထားနိုင်သည်ဟု ဆိုသည်။ လျှောက်ထားသူသည် အသက် ၃၀ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး အနိမ့်ဆုံး အထက်တန်း (တက္ကသိုလ်ဝင်တန်း) အောင်မြင်ပြီးသူ ဖြစ်ရမည်နှင့် ဝေးလံခက်ခဲသော ဒေသများ၌ နေထိုင်သူများအနေဖြင့်လည်း

Continue Reading
အင်းစိန်ထောင်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ
ကျန်းမာရေး သတင်း
0 min read
0

အင်းစိန်ထောင်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ

ဧပြီ ၂၆ - ၂၀၂၅
0

အင်းစိန်အကျဉ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသော ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။ စစ်ကြောရေးမှာ မတရားညှဉ်းပန်း နှိပ်စက်ခံခဲ့ရမှုကြောင့် ဦးခေါင်းအတွင်းဒဏ်ရာရရှိပြီး မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်နေသော်လည်း အရေးပေါ် ရောက်မှသာ ဆေးရုံသို့ ပို့ဆောင်ပေးကြောင်း သိရသည်။ ဧပြီ ၂၅ ရက်နေ့ ညတွင်လည်း ကျန်းမာရေးစိုးရိမ်ရ၍ ထပ်မံအင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရပြီး တိကျသေချာသော ဆေးဝါးစောင့်ရှောက်ခွင့် မရရှိကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။ မဝတ်ရည်အောင်ကို ၂၀၂၁ခုနှစ် စက်တင်ဘာလ၊ ၁၄ရက်နေ့ ကတည်းက စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃)

Continue Reading
မြောက်ဦးဆေးရုံကြီးတွင် ဆေးဝါးများ စျေးမြှင့်တင် ရောင်းချမှုကြောင့် လူနာများ အခက်တွေ့
ကျန်းမာရေး သတင်း
0 min read
0

မြောက်ဦးဆေးရုံကြီးတွင် ဆေးဝါးများ စျေးမြှင့်တင် ရောင်းချမှုကြောင့် လူနာများ အခက်တွေ့

ဖေ‌ဖော်ဝါရီ ၂၈ - ၂၀၂၅
0

ရခိုင်ပြည် မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးများကို စျေးအဆမတန် မြှင့်တင်ရောင်းချနေမှုကြောင့် လူနာများအခက်တွေ့လျှက်ရှိနေသည်ဟု ဆေးကုသမှုခံယူနေသည့် လူနာများထံမှ သိရသည်။ ဆေးရုံတွင်းရောင်းချသည့် ဆေးဝါးများမှာ စျေးနှုန်း အတည်တကျမရှိခြင်းနှင့် ပြင်ပဆေးဝါးများထက် စျေးပိုမြင့်တင်ပြီး လူနာများ မဖြစ်မနေ ဝယ်ယူနေကြရကြောင်း လူနာအမျိုးသမီးတစ်ဦးက ပြောသည်။ “ဆေးဝါးစျေးတွေက တစ်ယောက်ကို ပေးလိုက်တဲ့စျေးနဲ့ နောက်တစ်ယောက်ကို ပေးတဲ့ စျေးတွေက ကွာနေတာတွေရှိတယ်။ ရောင်းတဲ့ သူနာပြုရဲ့ ပါးစပ်ကထွက်တဲ့ စျေးပဲဖြစ်နေတယ်။ ပြီးတော့ ပြင်ပဆေးဆိုင်တွေထက် စျေးပိုတယ်။ ကျမ ဆေးရုံက ဝယ်လာတဲ့ ပိုးသတ်ဆေးနဲ့ တစ်ခြားချောင်းဆိုး ဝေဒနာသက်သာစေတဲ့ ဆေးရဲ့ စျေးတွေကို ပြင်ပဆေးဆိုင်တွေမှာ မေးကြည့်တော့ စျေးကွာနေတာလည်း တွေ့ရတယ်” ဟု ပြောသည်။ ပြင်ပဆေးဆိုင်များ၌

Continue Reading
ရခိုင်က ၁ နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေး မထိုးရသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာ
ကျန်းမာရေး သတင်း
1 min read
0

ရခိုင်က ၁ နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေး မထိုးရသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာ

ဖေ‌ဖော်ဝါရီ ၇ - ၂၀၂၅
0

ရခိုင်ပြည်အတွင်းက စစ်ရှောင်ကလေးငယ်များအပါအဝင် ၁ နှစ်အောက် ကလေးငယ်များမှာ ယခုအချိန်အထိ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း မိဘများထံမှ သိရသည်။ ၂၀၂၃ နိုဝင်ဘာလ တိုက်ပွဲစတင်ကတည်းက ၁ နှစ်အောက် ကလေးငယ်များမှာ ကာကွယ်ဆေးမထိုးရဘဲ ရှိနေကြသလို လက်ရှိ မွေးဖွားကြသည့် ကလေးငယ်များမှာလည်း ကာကွယ်ဆေး ထိုးနှံခြင်းမရရှိကြကြောင်း သိရသည်။ ထိုကြောင့် ရခိုင်ပြည်မှာ ကာကွယ်ဆေးမထိုးရဘဲ အရွယ်ရောက်လာသည့် ကလေးငယ် အများအပြားရှိလာနေကြောင်းလည်း မိဘများက ပြောဆိုကြသည်။ မြေပုံမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမကလေးက မွေးကတည်းက ဘာကာကွယ်ဆေးမှ မထိုးရသေးဘူး။ အခုဆို ကလေးက ၁၀ လထဲဝင်ပြီ။ ထိုးမယ့် ကာကွယ်ဆေးတွေလည်း မရှိဘူးလို့ကြားတယ်။ ကလေးတိုင်း ထိုးပေးကျဖြစ်တဲ့ ကာကွယ်ဆေးတွေ မထိုးရတော့ ကျမကလေးအတွက်

Continue Reading
HIV ပိုးရှိသည်ဟုဆိုကာ ရွာပြင်နှင် ထုတ်ခံရသူ သားအမိနှစ်ဦးကို ရွာထဲတွင်ပြန်ထားပြီးနောက် ကျေးရွာအတွင်း ကျန်းမာရေး အသိပညာဟောပြောပွဲပြုလုပ်
ကျန်းမာရေး သတင်း
1 min read
0

HIV ပိုးရှိသည်ဟုဆိုကာ ရွာပြင်နှင် ထုတ်ခံရသူ သားအမိနှစ်ဦးကို ရွာထဲတွင်ပြန်ထားပြီးနောက် ကျေးရွာအတွင်း ကျန်းမာရေး အသိပညာဟောပြောပွဲပြုလုပ်

ဖေ‌ဖော်ဝါရီ ၁ - ၂၀၂၅
0

(သားမိနှစ်ဦးစလုံးမှာ HIV ပိုးကို တွေ့ရှိရ၍ ART ဆေးများ ပေးထားဟုဆို) HIV ပိုးရှိသည်ဟု ဆိုကာရွာပြင်နှင်ထုတ်ခံထားရသည့် မြောက်ဦးမြို့နယ် ရွာသစ်ကေကျေးရွာမှ သားမိ ၂ ဦးကို ကျေးရွာသားများက ရွာထဲတွင်ပြန်လည် လက်ခံထားပြီ ကျေးရွာအတွင်း ကျန်းမာရေး အသိပညာဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သားမိနှစ်ဦး ရွာပြင်နှင်ထုတ်ခံထားရသည်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုမှု ရှိခဲ့ပြီး သားမိ ၂ ဦးမှာလည်း ရွာထဲတွင်ပြန်လည်နေထိုင်နေပြီဖြစ်သည်။ ရွာပြင်နှင်ထုတ်ခံရသည့် သားမိနှစ်ဦး၏ မိသားစုဝင်တစ်ဦးက “၂၆ ရက်နေ့မှာ ရပ်ရွာလူကြီးဦးဆောင်ပြီး သူ့တို့ကို ရွာထဲကိုခေါ်သွင်းပါတယ်။ နောက်တော့ ကျန်းမာရေးဌာနက လူတွေရောက်လာကြတယ်။ ရွာမှာ အသိပညာပေး ဟောပြောပွဲလုပ်ပေးမယ်လို့ ပြောသွားကြတယ်။ ပြီးတော့

Continue Reading
ဂွမြို့နယ်မှာ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၃,၀၀၀ ခန့် အရေပြားရောဂါဖြစ်ပွားနေ
ကျန်းမာရေး သတင်း
1 min read
0

ဂွမြို့နယ်မှာ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၃,၀၀၀ ခန့် အရေပြားရောဂါဖြစ်ပွားနေ

ဖေ‌ဖော်ဝါရီ ၁ - ၂၀၂၅
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည် ဂွမြို့နယ်က တိုက်နယ် ၃ ခုမှ ကျေးရွာ ၁၂ ရွာထက်မနည်းတွင် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၃၀၀၀ ခန့် အရေပြားရောဂါ ဖြစ်ပွားနေသည်ဟု စစ်ရှောင်ကူညီရေး အဖွဲ့အစည်းများထံမှ သိရသည်။ ဂွမြို့နယ်က ကျိန္တလီတိုက်နယ်၊ ကုလားပြင်တိုက်နယ်၊ ဆပ်သွားတိုက်နယ်တို့မှ ကျေးရွာများတွင် ဖြစ်ပွားနေကြပြီး အရေပြားရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြသည်ဟု သိရသည်။ လွန်ခဲ့သည့် တစ်လကျော်ကစ၍ အရေပြားရောဂါလိုမျိုး လက်တွင် ပထမဆုံး ယားယံခြင်းများ ဖြစ်ပေါ်ကာ ယင်းကတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားပြီး အနာစိမ်းအနာခြောက်များ ဖြစ်ပွားနေကြသည်ဟု ဂွမြို့နယ် စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။ “အနာတွေဖြစ်ပြီးတော့ ခန္ဓာကိုယ်အနှံ့မှာပျံ့ပြီးတော့ ပြင်းပြင်းထန်ထန်

Continue Reading
အမေရိကန်အကူအညီဖြင့် ဒုက္ခသည်များအား ဆေးကုပေးနေသော ထိုင်းက ဆေးရုံဆေးခန်းများ ပိတ်သိမ်းခံရ
ကျန်းမာရေး သတင်း
1 min read
0

အမေရိကန်အကူအညီဖြင့် ဒုက္ခသည်များအား ဆေးကုပေးနေသော ထိုင်းက ဆေးရုံဆေးခန်းများ ပိတ်သိမ်းခံရ

ဇန်နဝါရီ ၃၀ - ၂၀၂၅
0

အမေရိကန်ထောက်ပံ့မှုများဖြင့် လည်ပတ်နေသော မြန်မာဒုက္ခသည် သောင်းနှင့်ချီကို ဆေးကုပေးနေသည့် ထိုင်းနိုင်ငံအတွင်းက ဆေးရုံဆေးခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့၏ ရက် ၉၀ မူဝါဒကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်သောင်းနှင့်ချီကို ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရပ်နားခံလိုက်ရခြင်းဖြစ်သည်။ ထိုင်းတာဝန်ရှိသူများသည် အမေရိကန်အကူအညီဖြင့် လည်ပတ်နေသော နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) ၏ ဆေးရုံဆေးခန်းများသို့ ရောက်ရှိလာပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပြီးပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ IRC ကို မီဒီယာများက မှတ်ချက်ပေးရန် မေးမြန်းရာတွင် ပြန်လည်တုန့်ပြန်ခြင်းမရှိပေ။ ဒေါ်နယ်ထရမ့် သည် ၎င်း၏ “America First”

Continue Reading
ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ဘက်ကို ဆေးဝါးနှင့် စားသောက်ကုန်များ မပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယ်ရီမောင်းသူများကို ဖိအားပေးနေ
ကျန်းမာရေး သတင်း
1 min read
0

ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ဘက်ကို ဆေးဝါးနှင့် စားသောက်ကုန်များ မပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယ်ရီမောင်းသူများကို ဖိအားပေးနေ

ဇန်နဝါရီ ၃၀ - ၂၀၂၅
0

ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်က ဆိုင်ကယ် ကယ်ရီမောင်းသူများကို ရခိုင်ဘက်သို့ ဆေးဝါးနှင့် စာားသောက်ကုန်များ မပို့ဆောင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းဖိအားပေးနေကြောင်း သိရသည်။ “ရေကြည်မြို့၊ ငါးသိုင်းချောင်းမြို့တို့ကနေ ရခိုင် ဂွမြို့သို့ ဆိုင်ကယ်တွေနဲ့ ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးတွေကို မပို့ဆောင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကယ်ရီသမားတွေကို ခေါ်ပြီး ဖိအားပေးနေတယ်။ လက်မှတ်လည်း အတင်းထိုးခိုင်းတယ်” ဟု ကယ်ရီမောင်းသူအချို့က ပြောသည်။ အကယ်၍ ပို့ဆောင်ပေးသူများရှိပါက သို့မဟုတ် ပို့ဆောင်ရန် လာရောက်ငှားရမ်းသူများကို ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားရမည်ဟု ဆိုင်ကယ် ကယ်ရီသမားများအား ငါးသိုင်းချောင်းမြို့မရဲစခန်းမှူး တင်လင်းထွဋ်က ညွှန်ကြားထားကြောင်း သိရသည်။ သတင်းပို့ပါမည်ဟုလည်း ကယ်ရီသမားများအားလုံးမှာ ရဲစခန်း၌ ခံဝန်လက်မှတ်များ ရေးထိုးပေးခဲ့ရကြောင်းလည်း သိရသည်။ ကယ်ရီသမားတစ်ဦးက “ဆိုင်ကယ်

Continue Reading
မြောက်ဦးတွင် HIV ပိုးရှိ သံသယဖြင့် ရွာပြင်ထုတ်ခံထားရသည့် သားမိနှစ်ဦးကို ရွာထဲ ပြန်လည်နေထိုင်ခွင့်ပြု
ကျန်းမာရေး သတင်း
1 min read
0

မြောက်ဦးတွင် HIV ပိုးရှိ သံသယဖြင့် ရွာပြင်ထုတ်ခံထားရသည့် သားမိနှစ်ဦးကို ရွာထဲ ပြန်လည်နေထိုင်ခွင့်ပြု

ဇန်နဝါရီ ၂၇ - ၂၀၂၅
1

ရခိုင်ပြည် မြောက်ဦးမြို့နယ် ရွာသစ်ကေကျေးရွာမှာ HIV ပိုးရောဂါရှိသည်ဟုဆိုကာ သားမိနှစ်ဦးကို ရွာပြင်သို့ ထုတ်ထားရာကနေ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ရွာထဲပြန်လည်နေထိုင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း Western News က စုံစမ်း သိရသည်။ ၎င်းတို့ သားမိနှစ်ဦးကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရွာထဲ ပြန်လည်နေထိုင်ခွင့်ပြုလုပ်ကြောင်း မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။ “မနေ့က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ရွာထဲ ပြန်နေထိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဘယ်လိုနေထိုင်ရတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေက ဘယ်လို စီစဉ်ပေးထားတယ်ဆိုတာမျိုး အတိအကျမရသေးဘူး” ဟု ပြောသည်။ အဆိုပါ သားမိနှစ်ဦးမှာ HIV ပိုးရောဂါရှိမရှိ ဆေးစစ်ချက်ပြုလုပ်သွားမည်ဟု မြောက်ဦးက လူငယ်ပရဟိတတစ်ဦးဖြစ်သည့် ကိုခိုင်မင်းသျှင်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင်

Continue Reading
မြောက်ဦးတွင် HIV ပိုးရှိသည်ဟုဆိုကာ သားမိ ၂ ဦး ရွာပြင်ထုတ်ခံရ
ကျန်းမာရေး သတင်း
1 min read
0

မြောက်ဦးတွင် HIV ပိုးရှိသည်ဟုဆိုကာ သားမိ ၂ ဦး ရွာပြင်ထုတ်ခံရ

ဇန်နဝါရီ ၂၅ - ၂၀၂၅
0

ရခိုင်ပြည် မြောက်ဦးမြို့နယ်က သားမိနှစ်ဦးကို HIV ပိုးရှိသည်ဟုဆိုကာ ကျေးရွာသားများက ကျေးရွာအတွင်း နေထိုင်းခြင်း လုံးဝခွင့်မပြုဘဲ ကျေးရွာသားများမှ ရွာပြင်ထုတ်ထားကြောင်း Western News မှ စုံစမ်း သိရှိရသည်။ HIV ပိုး ကူးစက်ခံထားရသည်ဟုဆိုကာ ရွာအပြင်ထုတ်ခံထားရသည့် သားမိနှစ်ဦးကို Western News သတင်းဌာနက မေးမြန်းခွင့် ရရှိခဲ့ပြီး သားမိနှစ်ဦး၏ ကျန်းမာရေးအခြေအနေကိုလည်း သိရှိခွင့် ရရှိခဲ့သည်။ သားမိနှစ်ဦးစလုံးမှာ ရွာပြင်သို့ နှင်ထုတ်ခံထားရသည်မှာ သီတင်းတစ်ပတ်ခန့်ကြာ ရှိပြီဖြစ်ပြီး ရွာသားများက HIV ပိုးကူးခံရမည်စိုး၍ နှင်ထုတ်ထားကြခြင်းဖြစ်သည်ဟု ရွာအပြင်သို့ ထုတ်ခံရသူ ကာယကံရှင် အမျိုးသမီးက ပြောသည်။ “ကျမ ယောင်္ကျားမှာက HIV ရှိတယ်။ သူ့မှာ ဒီပိုးရှိတာ

Continue Reading