ရခိုင်က ဆေးရုံများတွင် သွေးလိုအပ်ချက်ရှိသည့် လူနာများအတွက် သွေးရှာဖွေရ ခက်ခဲနေ
ရခိုင်က ဆေးရုံဆေးခန်းများတွင် သွေးလိုအပ်ချက်ရှိသည့် လူနာများအတွက် သွေးရှာဖွေရခက်ခဲလျက်ရှိနေပြီး ဆေးရုံးများတွင် အရေးပေါ် သွေးလိုအပ်ချက်များ ဖြည့်ဆည်းနိုင်မှု မရှိဘဲ ပြတ်တောက်နေမှုများ ဖြစ်နေကြောင်း အရပ်ဖက်သွေးလှူရှင်များအသင်းများမှ သိရသည်။ လက်ရှိအခြေနေအရ မည်သည့်သွေးအမျိုးအစားမဆို ရှာဖွေရခက်ခဲလျက်ရှိနေပြီး အရေးပေါ် လိုအပ်ချက်ရှိသူများ အတွက်ဆိုလျှင် များစွာ အခက်တွေ့ကြရကြောင်း တာဝန်ကျ ဆေးရုံသူနာပြု တစ်ဦးကပြောသည်။ “အရင်ကဆို သွေးလိုရင် သွေးအလှူရှင်အသင်းတွေက အဓိကတာဝန်ယူလုပ်ပေးကြတယ်။ အခုကျတော့ သူတို့လည်း မတတ်နိုင်ကြဘူး။ လူနာရှင်က ကိုယ့်ဘာသာကိုယ်ပဲ ထရှာကြရတယ်။ သူနာပြုတွေက အရေးပေါ်ဆိုရင် လှူပေးကြပါတယ်။ ဒါပေမယ့် ဆေးရုံးမှာ သွေးလိုအပ်ချက်က နေ့တိုင်းလိုလို ရှိနေတာဆိုတော့ ဘယ်အဆင်ပြေမလဲ” ဟုပြောသည်။ သွေးရှာဖွေခက်ခဲသည့်အပြင် သွေးတစ်ပုလင်းအတွက်ကုန်ကျစရိတ်မှာလည်း သိန်းဂဏန်းထိရှိနေသည့်အတွက် လူနာရှင်များမှာ ကုန်ကျစရိတ်ပိုသည့်အခက်ခဲများကိုပါ
ရခိုင်မှာ အရေပြားရောဂါဖြစ်ပွားမှု နယ်မြေကျယ်ပြန့်လာ
ရခိုင်ပြည်အတွင်း အရေပြားရောဂါဖြစ်ပွားမှု ပုဏ္ဏားကျွန်း၊ မင်းပြားမြို့များအပြင် သံတွဲ၊ ငပလီ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်တော် စသည့် ဒေသများတွင် စစ်ရှောင်ပြည်သူများမှာ အရေပြားရောဂါဝေဒနာများ ခံစားနေရကြောင်း သိရသည်။ ပြီးခဲ့သည့် မိုးရာသီကတည်းက ပုဏ္ဏားကျွန်းဒေသနှင့် မင်းပြားဒေသများတွင် အရေပြားရောဂါ လက္ခဏာများဖြစ်သည့် ခန္ဓာကိုယ်ယားယံခြင်း၊ ခူ၊ ဝဲ၊ ပွေး ကဲ့သို့ အနာများဖြစ်ပေါ်ခံစားနေရသည်မှာ ယခုအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။ လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားမှုမှာ သံတွဲ၊ ငပလီ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်တော်ဒေသများတွင် ဖြစ်ပွားနေပြီး အများစုက စစ်ရှောင်ပြည်သူများ အဖြစ်များနေကြောင်း စုံစမ်းသိရသည်။ ပတ်ဝန်းကျင်မသန့်ရှင်းမှုနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ခန္ဓာကိုယ်ယားယံခြင်းကို ဦးစွာခံစားရပြီးနောက် ကုတ်ခြစ်ခြင်းမှတစ်ဆင့် အနာများဖြစ်ပေါ်ကာ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်ဟု
သံတွဲ၊ ငပလီမြို့နယ်များတွင် ကလေးသူငယ် ၄၀၀ ခန့် အရေးပြား ရောဂါ ခံစားနေရ
ရခိုင်ပြည်၊ သံတွဲ၊ ငပလီ၊ ကျိန္တလီ တစ်လျှောက် ကျေးရွာအုပ်စု ၂၀၀ လောက်တွင် အရေပြား ရောဂါဝေဒနာ ခံစားနေရသူနှင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေသူ ၁၀၀၀ နီးပါး အထိ ရှိနေကြာင်း ဒေသအတွင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။ ယင်းအထဲတွင် အရေပြားရောဂါ ဝေဒနာ ဆိုးဆိုးရွားရွား ခံစားနေရသူ ကလေးသူငယ် ၄၀၀ နီးပါး ရှိပြီး ဆေးဝါးများလည်း ပြတ်တောက်နေကာ ကူးစက်ရောဂါ ခံစားရသူများလည်း ပို၍ တိုးလာနေကြောင်း သံတွဲမြို့နယ်အတွင်း ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။ “အရေအပြားရောဂါ ဖြစ်နေတာတွေက အသက် ၅နှစ်အောက် ကလေးတွေနဲ့ မွေးကင်းစ ကလေးတွေမှာ အဖြစ်များတယ်ဗျ။ လက်တစ်လော ယားနာတွေ ဖြစ်နေတဲ့ ကလေးတွေက
မင်းပြားမှာ လူပေါင်းရာနှင့်ချီ ငှက်ဖျားရောဂါဖြစ်ပွားနေပြီး သေဆုံးသူ ၅ ဦးအထိရှိလာ
အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည် မင်းပြားမြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ကျော်က လူပေါင်း ရာနှင့်ချီ ငှက်ဖျားရောဂါ ခံစားနေရပြီး သေဆုံးသူ ၅ ဦးအထိ တိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် ငှက်ဖျားရောဂါ ကူးစက်နေသူ ၁၅၀ ကျော်ရှိပြီး ယခု နိုဝင်ဘာလတွင်လည်း ၃ ဒါဇင်ထက်မနည်း တိုးလာကြောင်း ရွာသားများက ပြောပြကြသည်။ ငှက်ဖျားရောဂါ ဝေဒနာခံစားနေကြရသည့် ရာနှင့်ချီသော ဒေသခံများမှာ ကျီးမချေ၊ ကျီးမကြီး၊ င/လင်ကြီး၊ နတ်ထောက်၊ ခွီးချီးမြောင်၊ ဇိုင်ချောင်း၊ ပန်းမြောင်း၊ ထိန်ပင်၊ ရွှီတောင်၊ အညှင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဒိုင်းသား၊ ဝါးတောင်၊ မြင်းကဆိပ်၊
ဆေးကုသမှုအဆင်မပြေ၍ မြောက်ဦးတွင် အသည်းရောဂါသည် အမျိုးသမီးတစ်ဦးသေဆုံး
ဆေးကုသမှုအဆင်မပြေ၍ မြောက်ဦးတွင် အသည်းရောဂါသည်အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။ သေဆုံးသူအမျိုးသမီးမှာ မြောက်ဦး မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်စိန်ယိုင်ဖြူ ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့က သေဆုံးသွားခြင်းဖြစ်သည်။ သေဆုံးသူအမျိုးသမီးမှာ ဝေဒနာစတင် ပေါ်ပေါက်စဉ်က စစ်တွေမြို့ရှိ ဆေးရုံဆေးခန်းများတွင်သွားရောက်ပြသခဲ့ရာ အသည်းတွင် ပြေတည်နေသည်ဟုသိခဲ့ရပြီး နောက်ထပ်ရက်ချိန်းဖြင့် ပြန်လွှတ်လိုက်ရာမှ လမ်းကြောင်းများပိတ်ဆို့သွားမှုကြောင့် ထပ်မံပြသခွင့်မရတော့ဘဲ ဝေဒနာဆိုးရွားခဲ့ရခြင်းဖြစ်ကြောင်း သေဆုံးသူအမျိုးသမီး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “တိုက်ပွဲမဖြစ်ခင် စစ်တွေမှာပြနေတာပါ။ တိုက်ပွဲစဖြစ်တော့ လမ်းကြောင်းတွေ ပိတ်တာနဲ့ ဘယ်လိုမှ သွားလို့မရတော့ဘူး ဖြစ်သွားတယ်။ စစ်တွေမှာ ပြတုန်းကတော့ ဆရာဝန်က အသည်းမှာ ပြေတည်တယ်လို့ ပြောတယ်။ ဆေးပေးပြီး
မာန်အောင်မှာ ဆေးဝါးသယ်ယူရေး စစ်ကောင်စီ ကန့်သတ်
(စစ်ကောင်စီ နေဗီက ငါးဖမ်းသမားများကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်နေ) ရခိုင်ပြည် မာန်အောင်မြို့နယ်သို့ စားသောက်ကုန်ပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်ရေးကို အာဏာသိမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက တင်းကျပ်စွာ စစ်ဆေးနေပြီး ဆေးဝါးသယ်ယူခွင့် လုံးဝမပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။ မာန်အောင် ဒေသခံတစ်ဦးက “ဒီလထဲ အရင်ကထက် ပိုပြီး အစစ်အဆေး တင်းကျပ်တယ်။ စစ်ဆေးတာက ကုန်တင်သင်္ဘော အဝင်အထွက်တွေ အဓိက ပါတယ်။ အထုပ်တွေ အကုန်ဖြေချပြီးတော့ကို စစ်တာ။ အရင်ကလည်း စစ်ဆေးတာတွေရှိပေမယ့် အခုလောက်မဆိုးဘူးပေါ့နော်။ ဆေးဝါးဆို လုံးဝယူလို့ မရတော့ဘူး။ ပါလာလို့တွေ့ရင် သူတို့ ယူထားလိုက်ကြတယ်” ဟုပြောသည်။ မာန်အောင်မြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လကစ၍ စစ်ဆေးရေးဂိတ်များနှင့် အင်အားကို
ရခိုင်က ၁ နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေးထိုးရန် လိုအပ်နေ
ရခိုင်ပြည်အတွင်း ၁ နှစ်အောက် ကလေးငယ်များမှာ ယခုအချိန်အထိ မည်သည့်ကာကွယ်ဆေးမှ ထိုးနှံခြင်းမရှိသေး၍ အရေးတကြီး ကာကွယ်ဆေးထိုးရန် လိုအပ်နေကြောင်း မိခင်အသိုင်းအဝိုင်းက ပြောသည်။ အသက် ၁ နှစ်ပြည့်ကြမည့် ကလေးငယ်များမှာ မွေးစကနေ ၁ နှစ်နီးပါးကြာလာအချိန်အထိ ကာကွယ်ဆေးများ မထိုးရ၍ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးရေးပိုင်းတွင် ဆိုးကျိုးသက်ရောက်မည်ကို မိဘများက စိုးရိမ်နေကြသည်။ မြေပုံမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမကလေးက မွေးကတည်းက ဘာကာကွယ်ဆေးမှ မထိုးရသေးဘူး။ အခုဆို ကလေးက ၆ လထဲဝင်ပြီ။ ထိုးမယ့် ကာကွယ်ဆေးတွေလည်း မရှိဘူးလို့ကြားတယ်။ ကလေးတိုင်း ထိုးပေးကျဖြစ်တဲ့ ကာကွယ်ဆေးတွေ မထိုးရတော့ ကျမကလေးအတွက် စိတ်ပူနေမိတယ်” ဟု ပြောသည်။ ဝက်သက်၊ မဲခိုင်၊ တုပ်ကွေး၊
မြောက်ဦးတွင် ART ဆေးပြတ်၍ HIV လူနာ အမျိုးသမီးတစ်ဦးသေဆုံး
(ဆေးပြတ်လပ်၍ ရခိုင်မှာ HIV လူနာ သေဆုံးသူ နှစ်ဦးအထိရှိလာ) ရခိုင်ပြည် မြောက်ဦးမြို့နယ်မှာ ART ဆေးပြတ်၍ HIV လူနာ အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ သေဆုံးသူမှာ မြောက်ဦးမြို့က အသက် ၄၀ အရွယ်အမျိုးသမီးဖြစ်ပြီး ၁၀ လအကြာ ဆေးပြတ်လပ်နေခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်နေ့တွင် သေဆုံးသွားရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ “သူဆေးပြတ်နေတာ ၁၂ လပိုင်း ကတည်းကပါ။ မိသားစုက ချို့တဲ့တယ်။ ပိုးသတ်ဆေးတွေလည်း အစားထိုးဝယ်မသောက်နိုင်ဘူး။ ဆေးပြတ်နေတဲ့ ကာလမှာလည်း အမြဲတမ်း မကျန်းမာနဲ့ဘဲ နေသွားရတယ်။ ဆေးသောက်နေရတုန်းကဆို အလုပ်တွေလည်း ထွက်လုပ်နိုင်ခဲ့တယ်။ အခုတော့ သေသွားရပြီ” ဟု ပြောသည်။
ဂွမြို့မှာ စားကုန်နှင့် ဆေးဝါးပြတ်လပ်
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည် ဂွမြို့နယ်တွင် စားသောက်ကုန်စည်နှင့် ဆေးဝါးများ ပြတ်လပ်လျှက်ရှိနေကြောင်း ဂွဒေသခံများက ပြောသည်။ ဂွမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ်လပိုင်းလောက်စ၍ ကုန်စည်သယ်ယူခွင့်များကန့်သတ်ခဲ့ပြီးနောက် လက်ရှိတွင် စားကုန်နှင့် ဆေးဝါးများဝယ်ယူ၍မရတော့သည်အထိ ပြတ်လပ်နေပြီဟု အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် ဂွမြို့ခံတစ်ဦးက ပြောသည်။ “ပြတ်နေတာက လွန်ခဲ့တဲ့ ၂ လလောက် ကတည်းကပါ။ အခုကတော့ လုံးဝနီးနီးပြတ်သွားတာပေါ့။ ဘယ်လောက်စျေးရှိတယ်လို့တောင် မဟုတ်ဘူး။ တချို့ကုန်တွေက ဝယ်လို့ကို မရတော့တာပါ” ဟုပြောသည်။ ကုန်စည်ပြတ်လပ်မှုထဲတွင် အဓိကအနေဖြင့် ဆန်နှင့် ဆေးဝါးပြတ်လပ်ခြင်းဖြစ်ပြီး ဒေသခံများမှာ များစွာအခက်ကြုံလျှက်ရှိနေကြရကြောင်း ဂွဒေသခံများကဆိုသည်။ “ဆန်နဲ့ ဆေး က ဝယ်ဝယ်လို့ကို မရတော့တာ။ ဧရာဝတီဘက် အသွားအလာ
ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ် ၇၀၀ နီးပါး ပညာသင်ကြားနိုင်ရေး အကူအညီလိုအပ်နေ
လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အခမဲ့ပညာသင်ကြားပေးနေသော ပုဏ္ဏားကျွန်းဒေသက စစ်ရှောင်ကလေးငယ် ၇၀၀ နီးပါးမှာ ဖတ်စာအုပ်များ၊ စာရေးကိရိယာများ အကူအညီလိုအပ်နေကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။ လက်ရှိ အခမဲ့စာသင်ကြားရေးအစီစဉ်တွင် ကျောင်းသားဦးရေ ၇၀၀ နီးပါးကို စာသင်ဆောင် ၃ ခုခွဲကာ ပညာသင်ကြားပေးလျှက်ရှိနေပြီး ကျောင်းနေအရွယ်များမှာ KG တန်းမှ Grade 9 အထိ ရှိကြောင်းနှင့် ကလေးငယ်များမှာ အကူအညီများစွာ လိုအပ်နေကြောင်း ဆိုသည်။ လင်းရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာမတစ်ဦးက ” စာသင်ဆောင် အရမ်းနည်းတယ်လေ။ ခွဲပြီးတော့ စာသင်နေရပါတယ်။ ပြီးတော့ ကလေးတွေမှာ စားရေးကိရိယာ မလုံလောက်တာ၊ ဖတ်စာအုပ်တွေ မလုံလောက်တာ၊ ရေးဖို့ ပလာစာအုပ် မလုံလောက်တာ အများကြီးပါ။ ဖတ်စာအုပ်မလုံလောက်တော့