မတူပီမြို့ကို ချင်းညီနောင်မဟာမိတ် သိမ်းပိုက်လိုက်ပြီ
ချင်းပြည်နယ် မတူပီမြို့က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများနှင့် ဗျူဟာကုန်းများကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက အလုံးတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု ယမန်နေ့ ဇွန်လ ၂၉ ရက်တွင် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေး ချင်းညီနောင်တပ်ဖွဲ့က AA ပါဝင်သော မဟာမိတ်တပ်ဖွဲ့များဖြင့် CB စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် အစောပိုင်းက စတင်ခဲ့ကြသည်။ လက်ရှိတွင် မတူပီမြို့က စစ်ကောင်စီတပ်ရင်းများအားလုံးကို တိုက်ခိုက်နိုင်ခဲ့ပြီး ချင်းညီနောင်တပ်ဖွဲ့များ၊ မဟာမိတ်ဖြစ်သော AA ၊ ယောတပ် YA နှင့် ယောကာကွယ်ရေးတပ် YDF တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၇ ရက်က မတူပီမြို့ရှိ စစ်ကောင်စီ ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ပြီး
မတူပီမြို့သိမ်းတိုက်ပွဲ ချင်းတော်လှန်ရေး နှစ်ဖွဲ့ တင်းမာနေဆဲ
(မတူပီတိုက်ပွဲမှာ CNA နှင့် AA တိုက်ပွဲ အသွင်ဆောင်လာဟု စွပ်စွဲ) ချင်းပြည်တောင်ပိုင်း မတူပီမြို့တိုက်ပွဲအတွင်း CNA ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ကို ဇွန်လ ၂၄ ရက်နေ့ကစ၍ မောင်းထုတ်နိုင်ခဲ့ပြီဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သော်လည်း ချင်းလဲန်းကောင်စီတပ် ဆုတ်ခွာခြင်းမရှိဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောဆိုထားသည်။ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းလဲန်းကောင်စီတပ်အနေဖြင့် ဆုတ်ခွာခြင်းမရှိဘဲ စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေသည်ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောကြောင်း ချင်းသတင်းဌာန ခိုနူမ်းသုန်သတင်းအရ သိရသည်။ ” “ငါတို့တပ်တွေ မတူပီကနေ မဆုတ်ခွာပါဘူး။ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေပါတယ် ” ဟု ပြောသည်။ ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာမှုမှာ ဇွန်လ ၁၈
အိန္ဒိယ-ရခိုင်-ချင်း ကုန်သွယ်ရေးလမ်းကြောင်း လိုင်လူငယ်အဖွဲ့ ပိတ်ပင်ခြင်း မရာလူငယ်အသင်း ကန့်ကွက်
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတစ်ဆင့် ရခိုင်ပြည်နှင့် ချင်းပြည်နယ်အတွင်းသို့ ကုန်ပစ္စည်းမျိုးစုံ တင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA က အကြိမ်ကြိမ် တားမြစ်ပင်နေသည်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှာ စစ်ဘေးရှောင်များမဟုတ်ဘဲ လက်နက်ကိုင်ဆောင်သော ရခိုင်လူမျိုးအများအပြား ဝင်ရောက်လာခြင်းနှင့် AA က ချင်းလက်နက်ကိုင်များကို တိုက်ခိုက်နေသည့်အတွက် ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင်ရခြင်းဖြစ်သည်ဟု ဗဟိုလိုင်လူငယ်အဖွဲ့ချုပ်က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ဒေသအသီးသီးက လိုင်လူငယ်အဖွဲ့ YLA များအနေဖြင့် မိမိဒေသကို တာဝန်ယူ စုံစမ်းကြပြီး ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA ထံသို့ အကြောင်းကြားရမည်ဟု ထုတ်ပြန်ပြောသည်။ “စစ်ဘေးရှောင်မဟုတ်တဲ့ ရခိုင်လူမျိုးလက်နက်ကိုင် အများအပြား ကျွန်တော်တို့နယ်မြေကို ဝင်ရောက်လာတာတွေ့ရတာကြောင့် CYLA အနေနဲ့ သူတို့ကိုစုံစမ်းပြီး
CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
(AA ကို ဘာကြောင့်ခေါ်လာတာလဲဟု ချင်းညီနောင်တပ်ဖွဲ့ကို CNA မေးခွန်းထုတ်) Western News| ဇွန် ၂၀ စစ်ကောင်စီ ထိန်းချုပ်ထားသော ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသော ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့များကို ချင်းအမျိုးသားတပ်မတော် CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ မတူပီမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေချိန် CNA တပ်နှင့် ၎င်းလက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့သည် ချင်းညီနောင်တပ်ဖွဲ့ကို ဇွန်လ ၁၈ ရက်နေ့က အလစ်အငိုက် ဝင်တိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မတူပီမြို့က စစ်ကောင်စီတပ်ရင်း ခလရ ၁၄၀ တပ်ရင်းကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က