AA ထိုးစစ် ရခိုင်အဆုံး ဂွမြို့နယ်သို့ရောက်
စစ်ရေး သတင်း
1 min read
97

AA ထိုးစစ် ရခိုင်အဆုံး ဂွမြို့နယ်သို့ရောက်

August 14, 2024
0

(ကျိန္တလီရဲစခန်းအနီး စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ဗုံးကြဲနေ၍ မြို့ခံအများစု တိမ်းရှောင်) ဩဂုတ်လ ၁၀ ရက်နေ့ကစ၍ ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ်လ ၁၁ ရက် ညနေတွင် ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီကလည်း ရဲစခန်းအနီးက တောင်တန်းများနှင့် ရဲစခန်းဟောင်းအနီး တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” တိုက်ပွဲဖြစ်တာက ၂ ရက်လောက်ရှိပြီ။ ချင်းကွင်းကနေစတာ။ မနေ့က ရဲခန်းအနီးမှာ

Continue Reading
ဂွနှင့် ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ နေရပ်စွန့်ခွာ
စစ်ရေး သတင်း
1 min read
156

ဂွနှင့် ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ နေရပ်စွန့်ခွာ

July 29, 2024
0

ရခိုင်ပြည် တောင်ပိုင်းဒေသ လူအင်အားနှင့် လက်နက်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းနေသော ဂွဒေသမှာ စစ်ကောင်စီတပ်ရင်းများ စစ်ကြောင်းထိုးနေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။ ဂွမြို့နှင့် ကျိန္တလီမြို့ကြားရှိ တပ်စခန်းများကို သွားလာလှုပ်ရှားခြင်းနှင့် အနီးအနားဒေသများကို နယ်မြေလုံခြုံရေးအကြောင်းပြ၍ စစ်ကြောင်းများ မကြာခဏ ထိုးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” ပြီးခဲ့တဲ့ နှစ်ရက်က ဂွနဲ့ ကျိန္တလီကြားမှာ တပ်ဖြန့်ထားတာတွေ့ရတယ်။ တပ်စခန်းတွေကို လက်နက်ပို့တာ၊ လူပို့တာနဲ့ အနီးအနားကျေးရွာတွေ၊ တောတောင်တွေကို စစ်ကြောင်းပတ်သွားတာ တွေ့ရတယ်။ လူတွေက စစ်ဖြစ်တော့မှာ ထင်ပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြပြီ။ ” ဟု ပြောသည်။ အာဏာသိမ်း စစ်ကောင်စီသည် AA ထံ သံတွဲမြို့ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေဖြစ်နေချိန်

Continue Reading
ဂွမြို့ကို AA မဝင်နိုင်ရန် စစ်ကောင်စီက တံတားများကို မိုင်းခွဲဖျက်ဆီးနေ
စစ်ရေး သတင်း
1 min read
383

ဂွမြို့ကို AA မဝင်နိုင်ရန် စစ်ကောင်စီက တံတားများကို မိုင်းခွဲဖျက်ဆီးနေ

July 25, 2024
0

ရခိုင်ပြည် ဂွမြို့နယ်ကို အာရက္ခတပ်တော် AA အလွယ်တကူ မဝင်ရောက်နိုင်ရန် သံတွဲ-ဂွကြားရှိ တံတား ၃ စင်းထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲဖျက်ဆီးနေကြောင်း သိရသည်။ ချင်းကွင်း၊ သရက်ပင်ကွင်း၊ ဆင်ဒင်ကလေး ရှိ တံတားများကို မိုင်းခွဲဖျက်ဆီးလိုက်ပြီး ဂွမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” သံတွဲ-ဂွကြားမှာရှိတဲ့ တံတားတွေကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တာ မှန်ပါတယ်။ ဂွမြို့ထဲမှာလည်း စစ်ရေးပြင်ဆင်မှု လုပ်နေပါတယ်။ ဂိတ်တိုးချတာ၊ လူအင်အားဖြည့်တာ၊ ဧရာဝတီဘက်က လာတဲ့ စစ်သင်္ဘောတွေ အသွားအပြန်လုပ်နေတာတွေရှိတယ်ဗျ။ ” ဟု ပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်က မြို့နယ်တိုင်းလိုလိုတွင် AA ထိုးစစ်အား ကာကွယ်ရန် ခေါင်းစဉ်ဖြင့်

Continue Reading
ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
237

ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်

July 23, 2024
0

Continue Reading
ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်
စစ်ရေး သတင်း
1 min read
178

ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်

July 23, 2024
0

ရခိုင်ပြည် ဂွမြို့နယ်မှာ တပ်အင်အားနည်း၍ စစ်ကောင်စီက ပြည်သူ့စစ်ထမ်း ရာနှင့်ချီခေါ်ယူပြီး အင်အားဖြည့်တင်းထားကြောင်း ဒေသခံစစ်ရေးစောင့်ကြည့်သူများက ပြောသည်။ ဂွမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းနှစ်ခု ခမရ ၅၆၂ နှင့် ၅၆၃ တို့ရှိပြီး အဆိုပါတပ်ရင်းများကို စစ်ကောင်စီက ပြည်သူ့စစ်ထမ်းများ ပေးပို့နေခြင်းဖြစ်သည်။ ဂွမြို့ခံတစ်ဦးက ” ဒီအပို့ခံရတဲ့ စစ်မှုထမ်းတွေကို ဒေသခံရဲတွေနဲ့ ပေါင်းပြီး ဂိတ်တွေမှာ၊ ရပ်ကွက်တွေမှာ လုံခြုံရေး လုပ်ခိုင်းထားတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးထားပါတယ်။ အင်အားက ရာကျော်တာပေါ့။ ဒါပေမယ့် ပြည်သူ့စစ်တွေက ထွက်ပြေးကြသူတွေလည်းရှိတယ်။ ” ဟု ပြောသည်။ ခမရ ၅၆၂ နှင့် ၅၆၃ တပ်ရင်းနှစ်ခု ပေါင်းမှ တပ်သား ၁၅၀ ခန့်သာရှိ၍

Continue Reading
ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ
စစ်ရေး စီးပွားရေး သတင်း
1 min read
169

ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ

July 22, 2024
0

(ဆန်တစ်အိတ် ကျပ် ၂ သိန်းဈေးရှိနေ) ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိတ်ပင်နေ၍ ဒေသတွင်းဆန်ဈေးမှာ ကျပ် ၂ သိန်းအထိ မြင့်တက်နေကြောင်း သိရသည်။ ဇူလိုင်လ ပထမအပတ်ကစ၍ ဆန်သယ်ယူခွင့် တင်းကျပ်ထားသလို လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်း ကျိန္တလီဒေသခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ” အရင်ရက်ပိုင်းတွေက ဂိတ်တွေနဲ့ ညှိပြီး ငွေလည်း နည်းနည်းပေးပြီးတော့ သွားလာလို့ ရသေးတယ်။ အခုတော့ မရတော့ဘူး။ တချို့ဂိတ်တွေက အရမ်းတင်းကျပ်ထားတယ်။ ဆန် တစ်အိတ်စ နှစ်အိတ်စကို ဂိတ်တွေကို ငွေပေးပြီး သယ်လို့ ရပေမယ့် ဆန်အိတ် ဆယ်ဂဏန်း၊ ရာဂဏန်းဆိုရင်တော့ ဖြတ်သန်းခွင့် လုံးဝ

Continue Reading