မင်းအောင်လှိုင်၏ ရာဇဝတ်မှုများကို နှုတ်ဆိတ်နေသည့် အာဆီယံဥက္ကဌနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများအား နေ့စဉ့်ဗုံးကြဲသတ်ဖြတ်နေသည့် လုပ်ရပ်ကို အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့က နှုတ်ဆိတ်နေသည့်အပေါ် ထိုင်းလွှတ်တော် အမတ်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။ ထိုင်းလွှတ်တော် အမတ် Kannavee Suebsang သည် ယနေ့ ဧပြီ ၁၉ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဆီဥက္ကဌ မလေးရှားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့သည် ဘန်ကောက်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က “မလေးရှားဝန်ကြီးချုပ်နဲ့ သက်ဆင်တို့ဟာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ မင်းအောင်လှိုင်ရဲ့ မြန်မာပြည်သူတွေအပေါ်
မန္တလေး သပိတ်ကျင်းမြို့နယ် ကို စစ်တပ်က ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ၁၂ ဦး သေဆုံး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူ ၁၂ ဦးထက် မနည်း သေဆုံးသွားကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီကျော်မှာ လိပ်ကျကျေးရွာ ရွာလည်က စျေးဆိုင်များကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ယင်းကဲ့သို့ သေဆုံး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ လိပ်ကျကျေးရွာသည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က တည်ရှိပြီး ဧပြီလ ၁၆ရက်နေ့တွင် နေရာ နှစ်နေရာကို စစ်ကောင်စီ လေကြောင်းက နှစ်ကြိမ်
ချင်းပြည်က မတူပီနှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၅ ဦးဒဏ်ရာရ
ချင်းညီနောင်တပ်ဖွဲ့များ သိမ်းပိုက်ထားသော ချင်းပြည်နယ် မတူပီမြို့နှင့် ကန်ပက်လက်မြို့တို့ကို အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၁၇ ရက်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဧပြီလ ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုတိုက်ခိုက်မှုတွင် သင်းအုပ်ဆရာတော် တစ်ပါးအပါအဝင် အရပ်သား ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သင်းအုပ်ဆရာတော်မှာ ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။ သင်းအုပ်ဆရာတော်နှင့် အရပ်သား ၃ ဦးမှာလည်း ဒဏ်ရာပြင်းထန်သောကြောင့် အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။ အလားတူပဲ
အာဏာရှင်စနစ်ကို မိမိတို့ခေတ်တွင် အဆုံးသတ်ရန် လိုအပ်ကြောင်း BPLA ခေါင်းဆောင် မောင်ဆောင်းခ ပြော
မြန်မာစစ်တပ်သည် ပြည်သူတင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်က အာဏာသိမ်းကာ မြန်မာနိုင်ငံအား ပြည်သူမလိုလားသော စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်နေသည်။ ထိုကြောင့် အာဏာရှင်စနစ်ကို ယခု ခေတ်တွင် အဆုံးသတ်ရန် လိုအပ်သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ခေါင်းဆောင် ကွက်ကဲရေးမှူး မောင်ဆောင်းခက ပြောသည်။ “ဒီတော်လှန်ရေးကြီး အဆုံးသတ်ဖို့ တာဝန်သိတဲ့ သူတွေဆီမှာပဲ တာဝန်ကိုယ်စီရှိကြပါတယ်။ ကျနော်တို့အနေနဲ့ တာဝန်မသိတဲ့သူတွေကို ပြစ်တင်ဝေဖန်နေမယ့်အစား သူတို့နားလည်ပါဝင်လာအောင် စွမ်းဆောင်ပြဖို့၊ ဦးဆောင်ပြဖို့သာ အရေးကြီးပါတယ်။ အာဏာရှင်စနစ်ကို ကျနော်တို့ခေတ်မှာပဲ အဆုံးသတ်ပြီး ဒီစနစ်ဆိုး/အမွေဆိုးကြီး နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းမကျန်ရစ်ရဖို့ ကျနော်တို့အားလုံး တာဝန်ကိုယ်စီကျေပွန်ကြဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။ ဧပြီလ ၁၇ ရက်နေ့က BPLA
မင်းအောင်လှိုင် မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ဘန်ကောက် ရောက်ရှိ
ကြိုတင် ထုတ်ပြန် ကြေညာထားခြင်းမရှိဘဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ဘန်ကောက်သို့ ရောက်ရှိလာကြောင်း ထိုင်းအခြေစိုက် The Reporters က ဖော်ပြသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၇ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိနေပြီ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ မင်းအောင်လှိုင်သည် ဘန်ကောက်မြို့ရှိ Rosewood ဟိုတယ်သို့ရောက်ရှိလာခြင်းဖြစ်ပြီး ထိုင်းစံတော်ချိန် ညနေ ၃နာရီခွဲခန့်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်နှင့် မင်းအောင်လှိုင်တို့ ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးကိစ္စများနှင့် ချမ်းရေးအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သည့်
ပဲခူးနှင့် ကျုံဒိုး ကို စစ်ကောင်စီ လက်နက်ကြီးနှင့် လေကြောင်းက ပစ်ခတ်၊ အရပ်သား ၁၂ ဦး သေဆုံး
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်များကို စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သား ၁၂ ဦးမနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ပဲခူးတိုင်း အုတ်တွင်းမြို့နယ်၊ ရေအိုးစဥ်ကျေးရွာအုပ်စု သောင်းတန်းရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ဦး သေဆုံးခဲ့သည်။ ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ ဒီအတိုင်း လေယာဥ်နဲ့ ဗုံးကြဲချတာပါ။ တစ်အိမ်တည်း မိသားစုဝင် ၄ ဦးထိတယ်။ ဆေးကုဖို့ ခေါ်သွားရင်းနဲ့ ကိုမျိုးနဲ့ သူ့အမျိုးသမီး ဆုံးတယ်။ ကျန်တဲ့ ၂ ဦးကလည်း ဒဏ်ရာရရှိထားပါတယ်” ဟု ပြောဆိုသည်။ ထိခိုက်
ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို ဗုံးကြဲ အရပ်သား ၆ ဦးသေဆုံး
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦး သေဆုံးသွားကြောင်း မွန်လွတ်မြောက်ရေးတပ်မတော်မှ ပြောသည်။ ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်အထိ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက Yak-130 တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ ဗုံးကြဲမှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ် ၂ ဦးဖြစ်သည့် မိကျဲကျဲမွန်နှင့် မင်းကွန်ဗလဲ၊ အသက် ၉ နှစ်အရွယ် မင်းလင်းပြည့်အောင်၊ အသက် ၁၅ နှစ်အရွယ် မိပိုးဖူးဇင်၊ အသက် ၃၄
စစ်ကိုင်း ဝက်လက်မြို့နယ်ကို သင်္ကြန်အတက်နေ့ ဂျက်ဖိုက်တာနှင့် ဗုံးကြဲ၊ အရပ်သား ၄ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၄ဦး သေဆုံးသွားပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိသွားသည်။ စစ်ကောင်စီက ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာဆေးခန်းကို ပစ်မှတ်ထားကာ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာတွင် အသက် ၁၂ နှစ် အရွယ် ကလေး ၁ ဦး အပါဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သစ်ဆိမ့်ကျေးရွာ ဆေးပေးခန်းကို ပစ်မှတ်ထား၍
ရခိုင်မှာ ၁၉ ရက်အတွင်း စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့် ခြေထောက်ပြတ်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိ
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်က မြို့နယ်များတွင် စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ဗုံးသီးများကြောင့် ၁၉ ရက်အတွင်းမှာ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရနေသူ ၁၂ ဦးရှိကြောင်း သိရသည်။ စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူများအား Western News မှ ၂၀၂၅ မတ်လ ၂၆ ရက်ကနေ ဧပြီလ ၁၃ ရက်နေ့အထိ စုစည်းထားချက် စာရင်းအရ သိရသည်။ ယခု ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးသွားသူမှာ အာဏာသိမ်း စစ်ကောင်စီ တပ်စွဲထားသော နေရာများ၊ တပ်ရင်းများနှင့် သွားလာလှုပ်ရှားခဲ့သော နေရာများသို့ သွားရောက်ခြင်းမှ ထိခိုက်သေဆုံးကြခြင်းဖြစ်သည်။ ရခိုင်ပြည်က ဒေသခံပြည်သူများမှာ
စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ မပါဝင်ရန်နှင့် မထောက်ပံ့ရန် ချင်းပြည်သူများကို ICNCC သတိပေး
အာဏာသိမ်း စစ်ကောင်စီက အတင်းအဓမ္မကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်သူလူထုများအနေဖြင့် ပါဝင်းခြင်း၊ ထောက်ပံ့ပေးခြင်းများကို မပြုကြရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေးထားသည်။ ယမန်နေ့ ဧပြီလ ၁၃ ရက်တွင် ICNCC အဖွဲ့ တည်ထောင်နေ့ ၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ချင်းပြည်သူများအား ကြိုတင်သတိပေးအပ်သည်ဟု ဖော်ပြထားခြင်းဖြစ်သည်။ စစ်ကောင်စီက အတင်းအဓမ္မ ကျင်းပရန် ကြိုးစား စီစဉ်နေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်အတွင်း လုံးဝ ကျင်းပနိုင်မည် မဟုတ်၍ ချင်းပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ထောက်ပံ့ခြင်းများ မလုပ်ဆောင်ကြရန် ICNCC က သတိပေးထားခြင်းဖြစ်သည်။ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC