နိုင်ငံတဝန်းမှာ ၄ လအတွင်း အရပ်သားသေဆုံးသူ ၇၀၅ ဦးရှိ
၂၀၂၄ ခုနှစ် မေလမှ ဩဂုတ်လအထိ ၄ လတာကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ် ၃၅ မြို့နယ်တွင် အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်ပေါင်း အနည်းဆုံး ၆၀ ကြိမ်ရှိခဲ့ပြီး အရပ်သားသေဆုံးသူ စုစုပေါင်း ၇၀၅ ဦးရှိခဲ့သည်။ နိုင်ငံရေးနှင့် လူမှုဖြစ်စဥ်များကို စဥ်ဆက်မပြတ်စောင့်ကြည့်လေ့လာနေသည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။ ယင်းဖြစ်စဉ်များတွင် စစ်အုပ်စု (မြန်မာစစ်တပ်) မှ ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမှာ ၉၃ ရာခိုင်းနှုန်းဖြင့် အများဆုံးဖြစ်ပြီး နောက်ထပ် ကျူးလွန်သည့်အဖွဲ့အစည်းကို အတည်မပြုနိုင်သည့် ဖြစ်စဉ်များလည်း ပါဝင်သည်။ စစ်ကောင်စီ (မြန်မာစစ်တပ်) မှ ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း
စစ်ကောင်စီက လားရှိုးမြို့ကို စစ်လေယာဉ်များဖြင့် ၄ ကြိမ် ထပ်မံ ဗုံးကြဲ
အာဏာသိမ်းစစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့ကို လေယာဉ်များဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA သတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့ နံနက် ၂ နာရီ ၁၃ မိနစ်အချိန်မှ စတင်ပြီး လားရှိုးမြို့ကို ဆက်တိုက် လေယာဉ်များဖြင့် ဗုံးကျဲနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လေယာဉ်ဖြင့် ဗုံးကျဲမှု ၄ ကြိမ်ရှိနေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ နံနက် ၂ နာရီ ၁၃ မိနစ်အချိန် ပထမအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ရပ်ကွက် ၈၊ ၁၂၁ အနောက်လမ်းကြားသို့ ဗုံးကျရောက် ပေါက်ကွဲခဲ့ကာ ကနဦးအနေဖြင့်
စစ်ကောင်စီက လားရှိုးမြို့ကို စစ်လေယာဉ်များဖြင့် ၄ ကြိမ် ထပ်မံ ဗုံးကြဲ
အာဏာသိမ်းစစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့ကို လေယာဉ်များဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA သတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့ နံနက် ၂ နာရီ ၁၃ မိနစ်အချိန်မှ စတင်ပြီး လားရှိုးမြို့ကို ဆက်တိုက် လေယာဉ်များဖြင့် ဗုံးကျဲနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လေယာဉ်ဖြင့် ဗုံးကျဲမှု ၄ ကြိမ်ရှိနေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ နံနက် ၂ နာရီ ၁၃ မိနစ်အချိန် ပထမအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ရပ်ကွက် ၈၊ ၁၂၁ အနောက်လမ်းကြားသို့ ဗုံးကျရောက် ပေါက်ကွဲခဲ့ကာ ကနဦးအနေဖြင့်
မြန်မာ့အရေးဆွေးနွေးရန် အမေရိန်ကန် တရားမျှတရေး သံအမတ် ထိုင်းနိုင်ငံ လာရောက်မည်
မြန်မာနိုင်ငံအတွင်း ကျူးလွန်ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် တရားမျှတမှု၊ တာဝန်ခံမှုရှိရေးအတွက် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ တရားမျှတရေး သံအမတ် ဗန် ရှက်ခ် Van Schaack ထိုင်းနိုင်ငံ လာရောက်မည်ဟု သိရသည်။ အောက်တိုဘာလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိပြီး ထိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံကာ ၇ ရက်အနေ့အထိ နေမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုထားသည်။ ထိုင်းအစိုးရအဖွဲ့အပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် အခြားသော အဖွဲ့အစည်းများဖြင့် တွေ့ဆုံကာ မြန်မာပြည်က ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် တာဝန်ခံမှုရှိစေရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။ အမေရိကန်နိုင်ငံသည် မြန်မာပြည်က ရက်စက်ကြမ်းကြုတ်မှုများ ခံစားရသူများအတွက် တရားမျှတမှု၊ တာဝန်ခံမှုရှိစေရေးကို ကြိုးစားဆောင်ရွက်နေကြောင်း ဗန်
တောင်ကုတ်၊ သံတွဲ ထပ်မံဗုံးကြဲခံရ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
ရခိုင်ပြည် တောင်ကုတ်နှင့် သံတွဲမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၁ ရက်၊ ၂ ရက် ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ သံတွဲမြို့နယ် ညောင်ခြေထောက်ကျေးရွာကို အောက်တိုဘာလ ၁ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူမှာ ဦးအောင်နိုင်သူနှင့် ဒဏ်ရာရရှိသူမှာ ကိုမိုးတီဖြစ်သည်။ ဒေသခံတစ်ဦးက ” ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ညောင်ခြေထောက်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ ရွာက ဘုန်းတော်ကြီးအနီးက နေအိမ်တွေကို ထိမှန်ခဲ့တာပါ။ ”
လားရှိုးမြို့ထဲ စစ်ကောင်စီ သတင်းပေးများရှိနေဟု ဆို
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ရာတွင် သတင်းပေးများ၏ အချက်အလက်များကို အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ ပစ်မှတ်များကို တည့်တည့် ပစ်ခတ်တိုက်ခိုက်နိုင်ခြင်းမှာ တည်နေရာ မြေပုံနှင့်တကွ သတင်းပေးများကြောင့် စစ်ကောင်စီက ရွေးချယ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “လေယာဉ်နဲ့ ဗုံးကြဲမှုတွေမှာ လားရှိုးထဲကနေ ပေးပို့တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ တိုက်ခိုက်ခဲ့တယ်လို့ ပြန်သိရပါတယ်။ လားရှိုးထဲမှာ တပ်သတင်းပေး ရှိနေတဲ့ သဘောပဲ။ လားရှိုးမြို့ကွက်နဲ့ မြေပုံက တပ်ဘက်မှာ ရှိပါတယ်။ အထဲက သတင်းပေးက ပြောတဲ့ နေရာကို တည်နေရာ သတ်မှတ်ရွေးချယ်ပြီး လေကြောင်း ပစ်မှတ်ပြန်ရွေးတယ်လို့ သိရတယ်။” ဟု ပြောသည်။
မြဝတီ ဖလူးကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်
(စာသင်ကျောင်း ပျက်စီးသွားပြီး ကလေးငယ်များ ထိခိုက်မှု မရှိခဲ့) ကရင်ပြည် မြဝတီမြို့နယ် ဖလူးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း ပျက်စီးသွားပြီး ကလေးငယ်များမှာ ထိခိုက်မှုမရှိခဲ့ကြောင်း KNU တပ်မဟာ ၆ သတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ စွယ်တော်ကုန်း အမြောက်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ” ပထမ လက်နက်ကြီးသံတွေ ထွက်ပေါ်လာလို့ ကျောင်းကို စောပိတ်ပြီး ကလေးတွေ၊ ဆရာ/ဆရာမတွေကို လွှတ်လိုက်တယ်။ မကြာဘူး စာသင်ကျောင်းကို လက်နက်ကြီးကျလာတာပဲ။ ကျောင်းကတော့ ပျက်စီးသွားပါတယ်။ ကလေးတွေ၊ ဆရာ/ဆရာမတွေက ထိခိုက်မှု မရှိခဲ့ဘူး။ ”