စစ်ကောင်စီ ရွေးကောက်ပွဲ မွန်ကောင်စီက တိုက်ဖျက်မည်
၂၀၂၅ တွင် ကျင်းပမည့် အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီက ပြောဆိုလိုက်သည်။ စစ်ကောင်စီ ရွေးကောက်ပွဲအား တိုက်ဖျက်နိုင်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။ ” စကစရဲ့ အတုအယောင်ရွေးကောက်ပွဲက တစ်တိုင်းပြည်လုံးက ပြည်သူတွေ အကျိုးဖြစ်မှာ မဟုတ်ဘဲ စစ်ကောင်စီနဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်။ ဒါကြောင့်မို့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ မပတ်သက်ဖို့ သတိပေးတိုက်တွန်းသွားမယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပြည်သူတွေ အကျိုးအမြတ်မရှိတဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နည်းပညာအရရော ငွေကြေးအရရောအထောက်အပံ့မပြုဖို့ တိုက်တွန်းသွားမှာပါ” ဟု ဆိုသည်။ မွန်ပြည်ဖက်ဒရယ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (
စစ်ခေါင်းဆောင်၏ လက်နက်စွန့်လမ်းစဉ်အပေါ် KIO နှင့် KNU တုံ့ပြန်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်စွန့်ပြီး ရွေးကောက်ပွဲလမ်းစဉ် ရွေးချယ်ကြရန် ပြောဆိုချက်အပေါ် ကချင် KIO နှင့် ကရင် KNU တို့က ကန့်ကွက်ကြောင်း တုံ့ပြန်ကြသည်။ ပါတီလမ်းကြောင်းကနေ ရွေးကောက်ပွဲလမ်းရွေးချယ်ကာ နိုင်ငံရေးပြဿနာများများကို ဖြေရှင်းကြရန် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ည ၈ နာရီက ဝါဒဖြင့် မီဒီယာများမှတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များကို မင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့သည်။ KIO ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က “ဘာကြောင့် အာဏာလွှဲပြောင်း ယူလိုက်ရတာလဲဆိုတာကို ထုချေလွှာ တင်ပြနဲ့ သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ကြေညာသော ထုတ်ချက်ဖြစ်နေ။ ခေါ်ပုံ၊ ခေါ်နည်း နည်းနည်းများ
ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရသည့် သံတွဲမြို့က စစ်ကောင်စီ ဗုံးကြဲမှု (ဓါတ်ပုံသတင်း)
အထူး သတိပေးချက်- နှလုံးရောဂါရှိသူများ၊ သွေးလန့်တတ်သူများ မကြည့်ရ။ ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရန်- https://t.me/TheWesternNews/14660 ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က ရခိုင်ပြည် သံတွဲမြို့ပေါ်က အာဏာသိမ်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ၅ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူများ ဒါဇင်နှင့်ချီ သေဆုံးခဲ့သလို ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာ သံတွဲမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး သံတွဲမြို့တော်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးရုံးအနီးကို ပေါင် ၅၀၀ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။ သေဆုံးသူများမှာ ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူများမှာလည်း ရုပ်ပျက်ဆင်းပျက်
စစ်ကောင်စီ လေကြောင်း ဗုံးကြဲ၍ ရခိုင်မှာ ၃ ရက်အတွင်း အရပ်သား ၁၈ ဦး အစုလိုက်အပြုံလိုက်သေဆုံး
အာဏာသိမ်း စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည် တောင်ကုတ်၊ မြေပုံနှင့် သံတွဲမြို့နယ်တွင် ၃ ရက်အတွင်း ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၃၆ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးကာ ၂၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြခြင်းဖြစ်သည်။ သံတွဲဒေသခံတစ်ဦးက “မြို့တော်ခန်းမနဲ့ ဌာနဆိုင်ရာရုံးတွေကို ဗုံးကြဲခဲ့တာ။ ကလေးတွေ၊ အမျိုးသမီးတွေ အစုလိုက် အပြုံလိုက်သေကြတယ်။ တော်တော် စာနာတရားကင်းမဲ့တာပဲ။
ဥပုသ်နေ့မှာ မြေပုံ ကမ်းထောင်းကြီးမြို့ကို ဗုံးလာကြဲ၊ ကလေး အပါအဝင် ၂ ဦးသေဆုံး ၈ ဦးခန့် ဒဏ်ရာရ
ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့က ဝါတွင်း ဥပုသ်နေ့ဖြစ်ပြီး ကမ်းထောင်းကြီးမြို့ထဲက ဘုန်းတော်ကြီးကျောင်းနှင့် လူနေရပ်ကွက်များကို ဗုံး ၄ လုံးထက်မနည်း ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ကလေးငယ်မှာ အသက် ၁၀ နှစ်အရွယ် မရွှေဇင်ဝင်းဖြစ်ပြီး အသက် ၃၅ နှစ်ကျော်အရွယ် မောင်သန်းဌေးတို့မှာ နေရာ၌ သေဆုံးသွားကြသည်။ ကမ်းထောင်းကြီးဒေသခံတစ်ဦးက ” မနေ့က ညနေ ၃ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီက ဗုံးလာကြဲတာ။
သံတွဲမြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲ၊ ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရ
ရခိုင်ပြည် သံတွဲမြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်က နံနက် ၈ နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အချက်အလက်အပြည့်အစုံအား Western News စုံစမ်းနေကာ ပြန်လည်ဖော်ပြပေးမည်ဖြစ်သည်။
လားရှိုးမြို့ကို ၅ကြိမ်မြောက် ပေါင် ၅၀၀ဗုံးများဖြင့် စစ်ကောင်စီ ကြဲချ
ရှမ်းပြည် မြောက်ပိုင်းက လားရှိုးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ၅ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှုအဖြစ် ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ် MNDAAက သတင်း ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၂၄ရက် မနက်အစောပိုင်းက စစ်ကောင်စီက လေကြောင်းကနေ လားရှိုးမြို့ပေါ်ကို ပေါင် ၅၀၀ဗုံး အနည်းဆုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁ဦး သေဆုံးခဲ့ကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAAက ဆိုသည်။ လားရှိုးမြို့ အမှတ် ၂ရပ်ကွက်ဈေးနှင့် ဖူလီလိုက်ဟိုတယ်များကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံး ကြဲချခဲ့သလို နောက်နာရီအနည်းငယ်အကြာ ဒုတိယကြိမ် ဖူလီလိုက် ဟိုတယ်နောက်ဘက်က လူနေရပ်ကွက်များကို ပစ်မှတ်ထားကာ ဗုံးနှစ်လုံး ကြဲချခဲ့သည်။ စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့်
CDM မလုပ်သော ဝန်ထမ်းများကို ပစ်ခတ် အရေးယူမည်ဟု CDF-Hakha သတိပေး
ချင်းပြည်နယ် ဟားခါးမြို့မှာ CDM မလုပ်သော Non-CDM ဝန်ထမ်းများကို တွေ့သည့်နေရာတွင် ပစ်ခတ်အရေးယူသွားမည်ဟု Chinland Defense Force Hakha က စက်တင်ဘာလ ၂၃ ညနေက သတိပေးစာ ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီနှင့် အကြမ်းဖက် သမားများ၏ လုပ်ငန်းယန္တရား လည်ပတ်နိုင်ရန် ကူညီပေးနေသည့်အတွက် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီလို သဘောထားပြီး ပစ်ခတ် အရေးယူမည်ဖြစ်သည်။ CDF-Hakha အနေဖြင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သော လူများအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမည်ဟု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ယခု အကောင်အထည်ဖော်လာခြင်းဖြစ်သည်။ စစ်ကောင်စီက သူ့၏နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားနေသည့်
တောင်ကုတ် ရွာမ ဗုံးကြဲခံရ၊ ၆ နှစ်သားကလေး အပါအဝင် ၂ ဦးသေဆုံး
ရခိုင်ပြည် တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို အာဏာသိမ်း စစ်ကောင်စီ လေတပ်က ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီခန့်တွင် ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့၍ အရပ်သားများ သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါနေရာတွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက သတင်းအရ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားနေထိုင်ရာ ရပ်ရွာများကို ဗုံးကြဲခြင်းဖြစ်သည်ဟု ရွာမဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲလည်းမရှိ ဘာမှလည်းမရှိဘဲ ဗုံးလာကြဲတာ။ ရွာမ ရွာသစ်ဈေးအနီးကို ဗုံးကျတယ်။ သားမိနှစ်ယောက် အမေက လက်ပြတ်သွားတယ်။ အသက် ၆ နှစ်အရွယ် ကလေးငယ်က သေဆုံးသွားတယ်။ နောက်ထပ် အသက် ၃၀