ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ နီးပါးအဖမ်းရသည့် အထဲတွင် ရခိုင်အများ အပြားပါဝင်
ရန်ကုန်တိုင်း ဒေသကြီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက လူငယ် ၅၀၀ နီးပါး အဖမ်းခံရသည့် အထဲတွင် ရခိုင်လူငယ်အများအပြားလည်း ပါဝင်ခဲ့ကြောင်း Western News က စုံစမ်းသိရှိရသည်။ ဇန်နဝါရီလအတွင်း ဖမ်းဆီးခံလိုက်ရသူ ရန်ကုန်တွင် စုစုပေါင်း ၄၇၅ ဦး ရှိခဲ့ပြီး ယင်းတို့ အနက် ၅၈ ဦး ပြန်လွတ်လာခဲ့ကာ ၁၇ ဦးကိုမူ ပြန်မလွှတ်ပေးသေးဟု အတည်ပြု သိရှိရကြောင်း Rangoon Scout Network က ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သည်။ “လမ်းမပေါ် တွေ့ရာ လိုက်ဆွဲလို့ ပါသွားသူ ဦးရေမှာ ၂၄၁ ဦး ရှိပြီး
မိုခါမုန်တိုင်းသင့် ပြည်သူများကိုပေးရန် စစ်တွေမြို့ ဗုဒ္ဓပြတိုက်တွင်ထားရှိသည့် ဆန်အိတ် ၈၀၀၀ ကို စစ်ကောင်စီက ရိက္ခာအဖြစ် အသုံးပြု
ရခိုင်ပြည်က မိုခါမုန်တိုင်းသင့်ပြည်သူများကို ပေးရန်ထားရှိသည့် စစ်တွေမြို့ ဗုဒ္ဓပြတိုက်က ဆန်အိတ် ၈၀၀၀ ကို စစ်ကောင်စီတပ်ရင်းများက ရိက္ခာအဖြစ် အသုံးပြု စားသုံးနေကြောင်း စစ်ကောင်စီ ဝန်ထမ်းအသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။ စစ်တွေမြို့နယ်က ပြည်သူများအား ပြန်လည်ထူထောင်ရေးအတွက် ဆန်များထောက်ပံ့ရန် ပြည်နယ်စစ်ကောင်စီအဖွဲ့သည် ဗုဒ္ဓပြတိုက်အောက်ထပ်နှင့် အပေါ်ထပ်တွင် ဆန်အိတ်ပေါင်း ၈၀၀၀ ကို ၂၀၂၃ ဇူလိုင်လကတည်းက ထားရှိခဲ့သည်။ အဆိုပါဆန်အိတ်များသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိက၊ ပြည်တွင်း၊ ပြည်ပက အလှူရှင်များ က လှူဒါန်းထားသည့် ဆန်အိတ်များ ဖြစ်ကြပြီး ယင်းဆန်အိတ်များကို စစ်ကောင်စီတပ်သားများက အသုံးပြုနေကြောင်း လွတ်မြောက်နယ်မြေရောက် ဝန်ထမ်းတစ်ဦးက ပြောသည်။ “ပြည်နယ်အစိုးရအဖွဲ့မှာ ပြည်ထောင်စုက လာတဲ့ ဆန်တွေ၊ နိုင်ငံတကာအဖွဲ့က လှူတဲ့ဆန်တွေ၊
ဂွမှာ စစ်ကျန် ဗုံးသီး ပေါက်ကွဲ၍ ကလေးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
ရခိုင်ပြည် ဂွမြို့နယ် တိုင်ကျိုးကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့လယ်ပိုင်းက စစ်ကျန်လက်နက်ပစ္စည်း ဗုံးသီးပေါက်ကွဲ၍ ကလေးအပါအဝင် အရပ်သား ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂ ဦးရှိကြောင်း သိရသည်။ သေဆုံးသူမှာ အသက် ၅ နှစ်အရွယ် ကလေးငယ် ကျား တစ်ဦးနှင့် မ တစ်ဦး၊ လူကြီးပိုင်း တစ်ဦးတို့မှာ သေဆုံးသွားပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ဒဏ်ရာ ရရှိသူနှစ်ဦးကို ဆေးကုသမှု ခံယူနိုင်ရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တာဝန်ခံများမှ ပို့ဆောင်ကူညီခဲ့သည်ဟု ဆိုသည်။ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက “ကလေးငယ်တစ်ဦးကတော့ အခင်းဖြစ်စဉ်မှာပဲ ပွဲချင်းပြီး ဆုံးသွားပါတယ်။ ဗိုက်ပွင့်ပြီးတော့။ ၅
စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် လေးနှစ်အတွင်း ချင်းပြည်မှာ လူပေါင်း ၁၀၀၀ ခန့်သေဆုံး
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၉၆၅ ဦးသေဆုံးသွားခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) အဖွဲ့က ပြောသည်။ ချင်းပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းကို ICA အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ထားသည်။ ချင်းပြည်သူ ၉၆၅ ဦး သေဆုံးခဲ့ရသည့်အထဲတွင် အရပ်သား ၄၉၁ ဦးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးပါဝင်သည်ဟု ဆိုသည်။ သေဆုံးခဲ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးထဲတွင် အမျိုးသမီး ၉ ပါဝင်ကြောင်း ICA က ပြောသည်။ ယင်းအပြင် လေးနှစ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မြေမြှုပ်မိုင်းအန္တရာယ်များကြောင့်
စစ်တွေမြို့မှာ ထိပ်ပိုင်းအရာရှိအချို့ကို စစ်ကောင်စီ အပြောင်းအလဲလုပ်
ရခိုင်ပြည်ထဲက စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့တော် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့နှင့် ရေတပ်ဌာနတို့တွင် ထိပ်ပိုင်းအရာရှိအချို့ကို အပြောင်းအလဲလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့တွင် ရုံးစိုက်ထားသော ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တွင် ရဲမင်းကြီး အပြောင်းအလဲနှင့် စစ်တွေရေတပ်ဌာနချုပ်တွင် ရေတပ်အကြီးအကဲကို ပြောင်းအလဲလုပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “နာမည်တွေဘာတွေနဲ့တော့ တွဲပြီး မသိဘူး။ ဌာနဆိုင်ရာဝန်ထမ်းအချို့ပြောတာက ရဲမင်းကြီးနဲ့ ရေတပ်အကြီးအကဲကို အပြောင်းအလဲလုပ်ထားတယ်။ ဇန်နဝါရီလထဲမှာ အပြောင်းအလဲလုပ်ထားတယ်လို့ သိထားတယ်။ ရဲမင်းကြီးအသစ်ရောက်လို့ ဧည့်စာရင်းစစ်တပ်၊ နေ့ခင်းဆိုရင်လည်း ကင်းလှည့်ဆောင်ရွက်တာ ပိုလုပ်တာ တွေ့ရပါတယ်” ဟု ပြောသည်။ လမ်းမတော်၊ တရားသီးစုရပ်ကွက်တို့တွင် အစစ်အဆေးများနေပြီး ကယ်ဆယ်ရေး အကွက် (၁)၊ အကွက် (၂) တို့တွင် ညအပါအဝင် နေ့ခင်းလည်း
မကွေးက မဲဇလီ ရဲစခန်းကို AA ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ အထိအခိုက်များဖြင့် ဆုတ်ခွာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီ ရဲစခန်းကို AA နှင့် PDF၊ CDF – ASHO တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ ဒဏ်ရာများဖြင့် ဆုတ်ခွာသွားကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ ဖေဖော်ဝါရီ ၁ရက်နေ့ နေလယ် ၁နာရီကျော်က မုံရွာလမ်းမကြီး မဲဇလီ ရဲစခန်းကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF၊ ကာကွယ်ရေးတပ် – အရှို တို့ပူပေါင်းအဖွဲ့ တို့က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “AA ပူးပေါင်းတပ်ဖွဲ့တွေက မဲဇလီ ရဲစခန်းကိုဝင်တိုက်တာဗျ၊ တိုက်ပွဲက
စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမည်
အာဏာသိမ်းမှု ဆန့်ကျင်သော ဆန္ဒပြပွဲတစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း Milk Tea Alliance Thailand က ထုတ်ပြန်လာသည်။ အဆိုပါ ဆန္ဒပြပွဲ ယနေ့ ညနေ ၄ နာရီမှာ ကျင်းပသွားမည်ဟု သိရပြီး အဆိုပါအဖွဲ့သည် ထိုင်းတက္ကသိုလ်က ကျောင်းသားလူငယ်များ စုဖွဲ့ထားသော အဖွဲ့ဖြစ်ပြီး အာရှဒေသတွင်း ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အဖွဲ့လည်းဖြစ်သည်။ မြန်မာနိုင်ငံကို အမုန်းပွားဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ သတင်းအတုတွေနဲ့ ထိုင်းလူမျိုးတွေအပေါ် လှုံ့ဆော်နေတာကိုလည်း ရပ်ကြရန် Milk Tea Alliance Thailand ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာစစ်တပ်က အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေဟု နိုင်ငံတကာပြော
ပဋိပက္ခဖြစ်ပွားခြင်းမရှိသော ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် အာဏာသိမ်း စစ်ကောင်စီ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့် ဆောင်ရွက်နေခြင်းကို အထင်းသားပေါ်လွင်စေသည်ဟု နိုင်ငံတကာက ပြောဆိုကြသည်။ ယနေ့ ပြည့်မြောက်သည့် မြန်မာစစ်တပ်၏ အာဏာသိမ်းခြင်း ၄ နှစ်ပြည့်နေ့တွင် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးတွဲကြေညာချက်ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ်အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ ဖြစ်သည်ဟု ဆိုသည်။ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၎င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံနေပြီး ထောင်ပေါင်းများစွာသော
စစ်ကောင်စီက အာဏာသိမ်းကာလ ထပ်မံ သက်တမ်းတိုး
မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်း စစ်အုပ်ချုပ်ရေးကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရသည်။ အာဏာသိမ်း ကာလ ၄ နှစ်ပြည့်ပြီးနောက်မှာ ထပ်မံ သက်တမ်းတိုးခြင်းဖြစ်သည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရန် လက်ရှိ နိုင်ငံတော်၏အခြေအနေများမှာ တည်ငြိမ်ရန် လိုအပ်နေသည့်အတွက်ဟု အကြောင်းပြသည်။ စစ်အုပ်ချုပ်ရေးကို ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ပြီး အာဏာအား မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းထားကြောင်း အမျိုးသားကာကွယ်ရေးနှ င့်လုံခြုံရေးကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က
ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ဘက်ကို ဆေးဝါးနှင့် စားသောက်ကုန်များ မပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယ်ရီမောင်းသူများကို ဖိအားပေးနေ
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်က ဆိုင်ကယ် ကယ်ရီမောင်းသူများကို ရခိုင်ဘက်သို့ ဆေးဝါးနှင့် စာားသောက်ကုန်များ မပို့ဆောင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းဖိအားပေးနေကြောင်း သိရသည်။ “ရေကြည်မြို့၊ ငါးသိုင်းချောင်းမြို့တို့ကနေ ရခိုင် ဂွမြို့သို့ ဆိုင်ကယ်တွေနဲ့ ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးတွေကို မပို့ဆောင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကယ်ရီသမားတွေကို ခေါ်ပြီး ဖိအားပေးနေတယ်။ လက်မှတ်လည်း အတင်းထိုးခိုင်းတယ်” ဟု ကယ်ရီမောင်းသူအချို့က ပြောသည်။ အကယ်၍ ပို့ဆောင်ပေးသူများရှိပါက သို့မဟုတ် ပို့ဆောင်ရန် လာရောက်ငှားရမ်းသူများကို ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားရမည်ဟု ဆိုင်ကယ် ကယ်ရီသမားများအား ငါးသိုင်းချောင်းမြို့မရဲစခန်းမှူး တင်လင်းထွဋ်က ညွှန်ကြားထားကြောင်း သိရသည်။ သတင်းပို့ပါမည်ဟုလည်း ကယ်ရီသမားများအားလုံးမှာ ရဲစခန်း၌ ခံဝန်လက်မှတ်များ ရေးထိုးပေးခဲ့ရကြောင်းလည်း သိရသည်။ ကယ်ရီသမားတစ်ဦးက “ဆိုင်ကယ်