တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဓါတ်ပုံများ AA ထုတ်ပြန်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဓါတ်ပုံများ AA ထုတ်ပြန်

ဒီဇင်ဘာ ၂၂ - ၂၀၂၄
0

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က သိမ်းပိုက်ရရှိခဲ့သော တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ဓါတ်ပုံများအား အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်လာသည်။ တောင်ကုတ်မြို့ထဲက အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Continue Reading
ဂွမြို့သိမ်းတိုက်ပွဲ AA ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ဂွမြို့သိမ်းတိုက်ပွဲ AA ထုတ်ပြန်

ဒီဇင်ဘာ ၂၂ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း အာရက္ခတပ်တော် AA ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန်ထားသည်။ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီ သည် ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်သည်။ တို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိကြောင်း သိရသည်။ အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း AA က ပြောသည်။ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ

Continue Reading
အမ်းမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ
စစ်ရေး ဒုက္ခသည်အရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂၁ - ၂၀၂၄
0

(စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ) ရခိုင်ပြည် အမ်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်ကနေ ၂၀၂၄ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို ကောက်ယူထားခြင်းဖြစ်ကြောင်း HDCO ကဆိုသည်။ သေဆုံးသူ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။ အမ်းမြို့နှင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA

Continue Reading
ပြည်တွင်းပြည်ပ၏ ဝင်ရောက်စွက်ဖက် ထိုးနှက်မှုများကို ခံနေရကြောင်း မင်းအောင်လှိုင်ပြော
စစ်ရေး သတင်း
1 min read
0

ပြည်တွင်းပြည်ပ၏ ဝင်ရောက်စွက်ဖက် ထိုးနှက်မှုများကို ခံနေရကြောင်း မင်းအောင်လှိုင်ပြော

ဒီဇင်ဘာ ၂၁ - ၂၀၂၄
0

နိုင်ငံအတွင်းမှာ ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ဒီဇင်ဘာလ ၂၀ ရက် ညနေက နေပြည်တော်မှာ ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသာမက မဟာဗျူဟာ အချက်အချာကျသည့် ကမ္ဘာ့နိုင်ငံငယ် အများစုသည်လည်း ယင်းအခြေအနေနှင့် ကြုံနေရကြောင်းလည်း မင်းအောင်လှိုင်က ဆိုသည်။ “ထိုကဲ့သို့အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ ဖြင့် ကာကွယ်ရန်လိုကြောင်း” ဟုလည်း ပြောဆိုခဲ့သည်။ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ယခုအမျိုးသားအားကစား ပွဲတော်ကြီးကို ယခုကဲ့သို့ကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း နိုင်ငံကို လုံခြုံအောင် ကာကွယ်ပေးနေသည့် သူရဲကောင်းများရှိနေခြင်းကြောင့်ပင် ဖြစ်သည်ဟုလည်း

Continue Reading
AA တပ်မွေးနေ့မှာ လက်နက်ကြီးပစ်ခတ်ပြီး လက်ဆောင်ပေးခဲ့သော တပ်ကြပ်ကြီး မျိုးမင်းထွန်းကို ဖမ်းဆီး
စစ်ရေး သတင်း
1 min read
0

AA တပ်မွေးနေ့မှာ လက်နက်ကြီးပစ်ခတ်ပြီး လက်ဆောင်ပေးခဲ့သော တပ်ကြပ်ကြီး မျိုးမင်းထွန်းကို ဖမ်းဆီး

ဒီဇင်ဘာ ၂၁ - ၂၀၂၄
0

(AA ကို သရော်လှောင်ပြောင်ခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦးမှာလည်း အမ်းတိုက်ပွဲတွင် သေဆုံး) အာရက္ခတပ်တော် AA ၏ ၁၅ နှစ်ပြည့် တပ်မွေးနေ့မှာ လက်နက်ကြီးကျည်ပေါ် “AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု စာရေးပြီး ဟောင်ဝစ်ဇာအမြောက်ဖြင့် ပြည်သူများရှိရာနေရာများသို့ လက်နက်ကြီးပစ်ခတ်ခဲ့သော စစ်ကောင်စီ၏ တပ်ကြပ်ကြီး မျိုးမင်းထွန်းကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း သိရသည်။ တပ်ကြပ်ကြီး မျိုးမင်းထွန်းသည် ရခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အမြောက်တပ်ရင်း အမှတ် ၃၇၄ က တပ်ကြပ်ကြီးဖြစ်သည်။ မျိုးမင်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် အာရက္ခတပ်တော် AA ၏

Continue Reading
စစ်ရေး သတင်း
1 min read
0

နပခ ဌာနချုပ်ကို တိုက်ပွဲ ပြင်းထန်နေချိန်တွင် လေကြာင်းဖြင့် စစ်ကူ အင်အား ၁၅၀ ခန့် ချပေးခဲ့

ဒီဇင်ဘာ ၂၁ - ၂၀၂၄
0

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စစ်ကောင်စီတပ်အင်အား စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးခဲ့ကြောင်း သိရသည်။ အာရက္ခတပ်တော် AA အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခကို ထိုးစစ်ဆင် တိုက်ခိုက်နေအချိန်အတွင်း စစ်ကောင်စီဖက်မှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် မရပ်မနား ပစ်ကူ ပေးခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။ “မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား သိမ်းပိုက်ခဲ့သည်” ဟု AA က ဆိုသည်။ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ဌာနချုပ်

Continue Reading
နပခ မှ ဖမ်းဆီးရမိသော ဒုတိုင်းမှူးနှင့် ဗိုလ်မှူးချုပ်တို့ကို AA ထုတ်ပြ
စစ်ရေး သတင်း
1 min read
0

နပခ မှ ဖမ်းဆီးရမိသော ဒုတိုင်းမှူးနှင့် ဗိုလ်မှူးချုပ်တို့ကို AA ထုတ်ပြ

ဒီဇင်ဘာ ၂၁ - ၂၀၂၄
0

ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက် ရရှိပြီးနောက် ဖမ်းဆီးရရှိသော ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့၏ ဓာတ်ပုံများကို ထုတ်ပြလိုက်သည်။ ဒီဇင်ဘာ ၂၀ ရက်နေ့က AA က ဖမ်းဆီး ရရှိခဲ့သောသူများမှာ ဗိုလ်ကြီး အောင်စစ်နိုင် (ဆက်သွယ်ရေးအရာရှိ)၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း (တိုင်းဦးစီးချုပ်) ဗိုလ်မှူးချုပ် သောင်းထွန်း (ဒုတိုင်းမှူး) နှင့် အရာခံဗိုလ် အေးသိန်း (ရုံးအုပ်ချုပ်ရေး) တို့ ဖြစ်ကြသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံး ဒီဇင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် AA

Continue Reading
အမ်းနှင့် မောင်တော တိုက်ပွဲက စစ်ကောင်စီ ဗိုလ်မှူးချုပ် ၃ ဦးကို AA က အရှင်ဖမ်းဆီးထား
စစ်ရေး သတင်း
1 min read
0

အမ်းနှင့် မောင်တော တိုက်ပွဲက စစ်ကောင်စီ ဗိုလ်မှူးချုပ် ၃ ဦးကို AA က အရှင်ဖမ်းဆီးထား

ဒီဇင်ဘာ ၂၀ - ၂၀၂၄
0

ရခိုင်ပြည်မှာ ပြည်သူများအပေါ် ကြမ်းချင်တိုင်းကြမ်းနေခဲ့သော အာဏာသိမ်း စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်များကို အာရက္ခတပ်တော် AA က အရှင်ဖမ်းဆီးထားကြောင်း သိရသည်။ အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းတိုက်ပွဲက ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ဖမ်းဆီးထားသလို မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲက ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်လက်ရ ဖမ်းဆီးထားခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် သောင်းထွန်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ဒုတိယ တိုင်းမှူးဖြစ်သည်။ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းသည် နပခ တိုင်းဦးစီးချုပ်ဖြစ်ပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခမှူး ဖြစ်သည်။ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့်

Continue Reading
မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲက သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား ချင်းညီနောင်ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲက သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား ချင်းညီနောင်ထုတ်ပြန်

ဒီဇင်ဘာ ၂၀ - ၂၀၂၄
0

မဟာမိတ်တပ်ဖွဲ့များဖြင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသော ချင်းညီနောင်တပ်ဖွဲ့သည် ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား ဖမ်းဆီးရမိကြောင်း ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းညီနောင်တပ်ဖွဲ့များသည် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေး CB အမည်ဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။ လက်ရှိတွင် စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြားမှ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီအခြေချစခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စံမင်းသီရိ စေတီကုန်း၊

Continue Reading
လေကြောင်းတိုက်ခိုက်မှုကြားမှ အလင်းဝင်သူများကို AA ကယ်ထုတ်၊ နပခထဲတွင် နပခမှူးနှင့် ဦးစီတို့ လက်နက် မချသေး
စစ်ရေး သတင်း
1 min read
0

လေကြောင်းတိုက်ခိုက်မှုကြားမှ အလင်းဝင်သူများကို AA ကယ်ထုတ်၊ နပခထဲတွင် နပခမှူးနှင့် ဦးစီတို့ လက်နက် မချသေး

ဒီဇင်ဘာ ၂၀ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ အလင်းဝင်ရောက်လာသူများကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်ကို ရုပ်သံဖိုင်အရ တွေ့ရသည်။ တိုင်းစစ်ရုံးထဲက စစ်ဆေးမှူးအပါအဝင် စစ်ကောင်စီတပ်သား ရာနှင့်ချီ အာရက္ခတပ်တော် AA ထံ ထပ်မံ၍ လက်နက်ချ အလင်းဝင်ကြကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ရုပ်သံနှင့်တကွ AA က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အဆိုပါ ရုပ်သံတွင် စစ်ကောင်စီတပ်သားတစ်ဦးက “ကျနော်တို့ စစ်တပ်ကို မကြိုက်လို့ အလင်းဝင်တာ ” ဟု ပြေးလွှားနေရင်းကနေ ပြောဆိုသည်။ ယင်းကဲ့သို့ ထွက်ပြေးအလင်းဝင်ရောက်လာသည့်သူများထဲတွင် သက်ကြီးပိုင်းများလည်း ပါဝင်ပြီး အမျိုးသမီးများနှင့်

Continue Reading