စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှာ တစ်လအတွင်း ၉၂ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ တစ်လအတွင်း စစ်သုံ့ပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၂ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၉၆ ဦးထက်မနည်းရှိကြောင်း Western News ၏ မှတ်တမ်းစုစည်းချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၂၉ ရက်နေ့တွင် အာရက္ခတပ်တော် AA က စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးနောက် ဒီဇင်ဘာလ ၃၀ ရက်နေ့ကစ၍ ရခိုင်ပြည်မှ မြို့နယ်များမှာ ဗုံးဆက်တိုက်ကြဲခံရပြီး တစ်လအတွင်းမှာ ၁၀၀ နီးပါးအထိကို
AA ကို ပြန်တိုက်ခိုက်ရန် ပဲခူးတိုင်းတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ
ရခိုင်ပြည်နှင့် ပဲခူးတိုင်းအစပ်က အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို ပြန်လည်ခုခံတိုက်ခိုက်ရန် သာယာဝတီခရိုင်ထဲက ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေသည်ဟု စုံစမ်း သိရသည်။ ပန်းတောင်းမြို့နယ်နှင့် ထိစပ်နေသော ရခိုင်ရိုးပေါ်က စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်။ “စစ်ကောင်စီဟာ ပြည်မြို့နဲ့ ဥသျှစ်ပင်ဘက်ကနေ အင်အား ၁၀၀၀ ခန့်ပါတဲ့ စစ်ကောင်စီ ၂၅ စီးကို ပန်းတောင်းမြို့နယ်ဘက်ကို အင်အားဖြည့် ပို့ထားသလို သာယာဝတီခရိုင်ထဲမှာလည်း ပျူစောထီးတွေကို လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ စစ်ကောင်စီရဲ့ အင်အားဖြည့်တာမှာ အမြောက်တပ်၊ ကွန်မန်ဒိုတပ်လည်း ပါပါတယ်။ ရခိုင်ရိုးပေါ်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ
AA ကို ကန့်ကွက်ကြောင်း စစ်ကောင်စီဘက်တော်သား အဖွဲ့အစည်းများ ထုတ်ပြန်
အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သား အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများက အာရက္ခတပ်တော် AA ကို ကန့်ကွက်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အသီးသီးထုတ်ပြန်ထားကြသည်။ နိုင်ငံတစ်ဝှမ်းအကြမ်းဖက်မှုကို နေ့စဉ်ကျူးလွန်နေသည့် စစ်အုပ်စုအား တော်လှန်တိုက်ခိုက်နေသည့် AA ကို အရပ်ဘက်အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်း ၂၀ ကျော်က ကန့်ကွက်စာ ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါ အဖွဲ့အစည်းများ၏ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည့် အကြောင်းအရာများမှာ တူညီနေကြပြီး သေချာဆန်းစစ်ခြင်းမရှိသော သတင်းကို မျှဝေနေကြသည်။ အာရက္ခတပ်တော် AA သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းဆီးပြီး မြေကျင်းတူးကာ သတ်ဖြတ်ခြင်း၊ တပ်မိသားစုဝင်များနှင့် ကလေးငယ်များအား လိုက်ပါလာသော သင်္ဘောအား နစ်မြှုပ်စေခြင်းနှင့် အဆိုပါလုပ်ရပ်များကို အွန်လိုင်းပေါ် မျှဝေနေသည်ဟုဆိုကာ စစ်ကောင်စီဘက်တော်သား
AA ထိုးစစ်ရှိနေသည့် ဧရာဝတီ သာပေါင်းမြို့က မြို့မရဲစခန်းမှူး စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံး
အာရက္ခတပ်တော် AA ထိုးစစ်များရှိနေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်တွင် စစ်ကောင်စီ၏ မြို့မစခန်းမှူး ရဲမှူးဝင်နိုင်ဦးမှာ စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ပုသိမ်းသတင်းအထူးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။ “ကျားခေါင်းသို့ ပရဟိတကားနဲ့ ရိက္ခာပို့သွားရောက်စဉ် Sniper ဖြင့် ပစ်ခတ်ခံရပြီး လည်ပင်းထိဒဏ်ရာနဲ့ သေဆုံးသွားတယ်။ Dead Body ကို သူ့ရဲ့ဇာတိ လက်ပံကွင်းသို့ ပြန်လည်သယ်ယူလာခဲ့ကြတယ်” ဟု ပြောသည်။ Sniper ကျည်ပစ်ခတ်စဉ် စခန်းမှူးသေဆုံးမှုကြောင့် ဘေးတွင်ရှိနေသည့် ပရဟိတကားသမား လန့်ပြီးသတိလစ်သွားကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဆိုသည်။ “အဆိုပါဖြစ်စဉ်ကြောင့် ရခ/နယ်ထိန်များ ကိုယ်လွတ်ရုံးပြေးကြကာ ထိုအထဲတွင် “ငါသေမှ
စစ်ကောင်စီ တပ်စခန်းပေါင်း ၁၈၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အများစုမှာ ရခိုင်နှင့် ရှမ်းက ဖြစ်
မြန်မာစစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ အခြေစိုက်ပေါင်း ၁၇၄ ထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်ဟု ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော Institute for Strategy and Policy- Myanmar (ISP Myanmar) ၏ အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားသည်။ တိုင်းစစ်ဌာနချုပ် နှစ်ခု အပါအဝင် အခြေစိုက်စခန်း ၁၄၁ ခုထက်မနည်းမှာ ရခိုင်ပြည်နှင့် ရှမ်းပြည်နယ်ထဲကဖြစ်ကြောင်း ပြောဆိုထားသည်။ စစ်ကောင်စီ၏ အမိန့်ပေးကွက်ကဲမှုဌာနချုပ်ပေါင်း ၁၂ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး ရှမ်းပြည်နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင်
ငွေကျပ်နှစ်သိန်း၊ ဆန်နှစ်အိတ်ပေးပြီး စစ်တွေက မွတ်ဆလင်များကို စစ်မှုထမ်းရန် စစ်ကောင်စီ စည်းရုံးပြီး အခြေခံစစ်ပညာသင်တန်းပေးနေ
ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်းမြို့ပြင်ရှိ မွတ်ဆလင်ရပ်ကွက်၊ ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွတ်ဆလင်လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူနေသလို ငွေနှင့်ဆန်ပေးပြီး စည်းရုံးခေါ်ယူမှုများလည်း ရှိကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်တွေမြို့ထဲက မွတ်ဆလင်ရပ်ကွက်ဖြစ်သည့် အင်ဘာလာ (ခေါ် ) အောင်မင်္ဂလာ ရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် သဲချောင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မွတ်ဆလင် လူငယ်များကို စည်းရုံးခေါ်ယူနေသည်ဟု မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ “တစ်လကို ငွေကျပ် နှစ်သိန်းပေးမယ်။ ဆန်နှစ်အိတ်ပေးမယ်။ စစ်မှုထမ်းကြဖို့ ခေါ်နေပါတယ်။ အရင်က တစ်လမှာ ငွေကျပ် ၁၂၀,၀၀၀ ပဲပေးတာ။ အခု လစာတိုးထားတယ်ဆိုပြီး စည်းရုံးနေတာပါ။ လိုက်တဲ့သူလည်းရှိသလို မလိုက်တဲ့သူလည်း ရှိကြပါတယ်” ဟု ပြောသည်။ စစ်တွေမြို့မှာရှိသည့်
ပွိုင့်တပ်စခန်းနှစ်ခုကို AA က သိမ်းပြီးနောက် ဧရာဝတီအစပ်က ရခိုင်ရိုးတစ်လျောက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေ
ရခိုင်-ဧရာဝတီအစပ်က စစ်ကောင်စီ၏ ပွိုင်းကုန်းတပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု သတင်းထုတ်ပြန်ပြီးနောက် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ဧရာဝတီအစပ် ရခိုင်ရိုးတောင်တစ်လျှောက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။ ရခိုင်ရိုးတောင်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုရှိသလို ရိုးတောင်တစ်လျောက်ကိုလည်း ဂျက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။ “ဒီနေ့ မနက်ပိုင်းက ပုသိမ်က ဂျက်ဖိုက်တာ နှစ်စီး ရခိုင်ရိုးပေါ်ဘက်ကို ပျံသန်းသွားတယ်။ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတယ်လို့ သိရတယ်။ အထိအခိုက်တော့ မသိသေးဘူး” ဟု ပုသိမ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ပုသိမ်မြို့နယ် ပြောက်ကျားတပ်ဖွဲ့၏ သတင်းအထူးတပ်ဖွဲ့ကလည်း
စစ်တွေအနီးဝန်းကျင်တွင် AA နှင့် စစ်ကောင်စီတို့ နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေ
အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့သည် မြို့တော် စစ်တွေမြို့အနီးဝန်းကျင်တွင် နေ့တိုင်းတိုက်ပွဲဖြစ်ပွားနေသည်ဟု AA က ဇန်နဝါရီလ ၂၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါ ပစ်ခတ်မှုများနှင့် ဒရုန်းပစ်ခတ်မှုများမှာ နေ့တိုင်းရှိနေပြီး ယင်းလက်နက်ကြီးများသည်လည်း အရပ်သားများနေထိုင်ရာ ကျေးရွာများကို ကျရောက် ပေါက်ကွဲနေခြင်း ဖြစ်သည်။ စစ်တွေမြိုခံတစ်ဦးကလည်း အာကျိတ်တော်ကုန်းရှိ အမှတ် ၁၂ ရဲတပ်ရင်းကနေ အမြောက်လက်နက်ကြီးဖြင့် ပေါက်တော၊ ပုဏ္ဏားကျွန်းဒေသများနှင့် စစ်တွေမြို့အနီးအနားက ကျေးရွာများကို ပစ်ခတ်နေကြောင်း Western News ကို ပြောသည်။ “အမှတ် ၁၂ ရဲတပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ကန်တော်ကြီးရပ်ကွက်ရှိ ၃၅၄ တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့
စစ်မှုထမ်း ကိစ္စ ငွေကြေးတောင်းယူခဲ့သည့် ရွှေဘိုမြို့နယ်ရဲမှူး အပါအဝင် ဝန်ထမ်းများကို အရေးယူ
အသက် ၂၄ နှစ်ရွယ်ရှိ လူငယ်တစ်ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ဖမ်းဆီး၍ ငွေကျပ် သိန်း ၁၃၀ တောင်းယူခဲ့သည့် ရွှေဘိုမြို့နယ် ရဲမှူး အပါအဝင် ဝန်ထမ်း ၃ဦးကို ဖမ်းဆီးအရေးယူ လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် နယ်အုပ်ချုပ်ရေးမှူး ကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့က ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ပြီး လူငယ်တစ်ဦးကို စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက် ၂၄ နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ်ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်သဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ မိဘများထံသို့
ရခိုင် ရိုးမကို ကျော်လွန်ပြီး စစ်ကောင်စီ၏ စခန်းသုံးခုကို AA သိမ်း
စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ်သော ရခိုင်ရိုးမတောင်းတန်းအထက်ရှိ မိုးထိတောင်စခန်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့် ပွိုင့် ၃၆၉ စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။ ရခိုင်ရိုးမတောင်းတန်းအထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို ပြီးခဲ့သည့် ၅ ရက်ခန့်ကြာ AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်၊ နံနက် ၁၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အလောင်းအချိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထိုအပြင် ဧရာဝတီ-ရခိုင်အစပ်၊ ဧရာဝတီတိုင်းအတွင်းရှိ ပွိင့် ၂၆၃ စခန်းအား ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီလ ၂၁