စစ်တွေမြို့ကို ဝိုင်းထားသည့် AA ကို စစ်ကောင်စီက စနိုက်ဘာများဖြင့် ပစ်ခတ်
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့ကို ဝိုင်းထားသည့် AA ကို စစ်ကောင်စီက စနိုက်ဘာများဖြင့် ပစ်ခတ်

ဇန်နဝါရီ ၂၁ - ၂၀၂၅
0

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို ဝိုင်းရံပိတ်ဆို့ထားသည့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စနိုက်ဘာများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ စစ်တွေမြို့မှာရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအပြင် စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသည်ဟု AA က ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများအပါအဝင် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်မှုကြောင့် တပ်သားသေဆုံးမှု အရပ်သား သေဆုံးမှု အခြေအနေကို AA က ရေးထားသည်ကို မတွေ့ရပေ။ ယင်းအပြင် လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှ ရှိနေပြီး အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုက

Continue Reading
၂၀၂၄ ခုနှစ် တစ်နိုင်ငံလုံးတွင် အမျိုးသမီး သေဆုံးမှု ၄၇၈ ဦးရှိခဲ့၊ ရခိုင်က ၈၃ ဦးပါဝင်
စစ်ရေး သတင်း
1 min read
0

၂၀၂၄ ခုနှစ် တစ်နိုင်ငံလုံးတွင် အမျိုးသမီး သေဆုံးမှု ၄၇၈ ဦးရှိခဲ့၊ ရခိုင်က ၈၃ ဦးပါဝင်

ဇန်နဝါရီ ၂၁ - ၂၀၂၅
0

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း လက်နက်ကိုင်ပဋိပက္ခအတွင်း တစ်နိုင်ငံလုံး အမျိုးသမီး ၄၇၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၄၁၂ ဦး ရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ကထုတ်ပြန်သည်။ ယင်းသေဆုံးမှုထဲတွင် ရခိုင်ပြည်အတွင်း အမျိုးသမီး ၈၃ ဦး ပါဝင်ပါဝင်ပြီး စစ်ကိုင်းတွင် ၁၀၉ ဦး ရှင်းပြည်နယ်က ၉၂ ဦး မန္တလေးတိုင်းဒေသကြီးတွင် ၆၇ ဦး ဖြစ်ကြပြီး မကွေးတိုင်း ဒေသကြီးတွင် ၄၆ဦးတို့ ဖြစ်ကြောင်း သိရသည်။ ယင်းအထဲတွင် စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၅၇ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄၂ဦး၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်

Continue Reading
စ်ကောင်စီ ထိန်ချုပ်ထားသော စစ်တွေက အငြိမ်စားများကို တစ်ဦးလျှင် ဆန် ၃ ပြည် ထောက်ပံ့
ဓါတ်ပုံသတင်း သတင်း
0 min read
0

စ်ကောင်စီ ထိန်ချုပ်ထားသော စစ်တွေက အငြိမ်စားများကို တစ်ဦးလျှင် ဆန် ၃ ပြည် ထောက်ပံ့

ဇန်နဝါရီ ၂၁ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီသည် ထိန်းချုပ်ထားသော ရခိုင်ပြည် စစ်တွေမြို့ပေါ်က အမှုထမ်း အငြိမ်းစားများအတွက် ဇန်နဝါရီလ ပင်စင်ငွေနှင့်အတူ လူတစ်ဦးလျှင် ဆန် ၃ ပြည် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမမှာ အငြိမ်းစားများကို ဆန် ၃ ပြည်နှင့်အတူ ခေါက်ဆွဲခြောက်၊ ကွေကာအုပ်ထုတ်များ ကူညီပံ့ပိုးခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ၎င်းတို့ခန့်ထားသော ရခိုင်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့မှ လာရောက်ကြည့်ရှုပြီး ကျန်းမာရေးဆိုင်ရာ ကုသပေးခြင်းများကိုလည်း စစ်ဆေးခဲ့ကြောင်း ဦးလှသိန်းက ပြောသည်။ “ဆေးစစ်ခြင်း၊ စမ်းသပ်ခြင်း၊ ကုသခြင်းများကို အထူးကုဆရာဝန်များနဲ့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်၊ ပြည်နယ်အစိုးရအဖွဲ့က တစ်းဦးလျှင်

Continue Reading
ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်နေသည့် ဧရာဝတီ၊ ပဲခူး၊ မကွေးက စစ်ကောင်စီစစ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်နေသည့် ဧရာဝတီ၊ ပဲခူး၊ မကွေးက စစ်ကောင်စီစစ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ

ဇန်နဝါရီ ၂၁ - ၂၀၂၅
0

(ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေဟု AA ပြော) Western News| ဇန်နဝါရီ ၂၁ ရခိုင်နှင့် ဧရာဝတီတိုင်း အစပ် နေရာအချို့၊ ပွိိုင့် ၃၆၉ ကုန်းနှင့် ရေကြည်မြို့နယ် ချင်းစုကျေးရွာအနီးတွင် စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော် AA ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးသတင်းထုတ်ပြန်ရာတွင် ရခိုင်နှင့်ထိစပ်နေသော နေရာများက အခြေအနေများကိုလည်း AA က ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။ ရခိုင်နယ်နမိတ် ရိုးမတောင်တန်းနှင့် ထိစပ်နေသော ရခိုင်-ဧရာဝတီအစပ်က တိုက်ပွဲများအပြင် ပဲခူး၊ မကွေးနှင့် ထိစပ်နေသော နေရာများတွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု

Continue Reading
ကိုးကန့်နှင့် စစ်ကောင်စီ တရားဝင် အပစ်ရပ်ပြီဟု တရုတ်ပြော
ငြိမ်းချမ်းရေး သတင်း
1 min read
0

ကိုးကန့်နှင့် စစ်ကောင်စီ တရားဝင် အပစ်ရပ်ပြီဟု တရုတ်ပြော

ဇန်နဝါရီ ၂၀ - ၂၀၂၅
0

ကိုးကန့်တပ် MNDAA နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘာတူညီချက် စာချုပ်ကို တရားဝင်လက်မှတ်ထိုးလိုက်ပြီဟု တရုတ်အစိုးရက ထုတ်ပြန်သည်။ လားရှိုးမြို့အပါအဝင် ကိုးကန့်ဒေသအတွင်း MNDAA နှင့် စစ်ကောင်စီတို့ကြား ဇန်နဝါရီလ ၁၈ ရက်နေ့ကစ၍ အပစ်ရပ်ပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ တရားဝင်လက်မှတ်ရေထိုးကြပြီးနောက် နှစ်နိုင်ငံနယ်စပ်ဒေသတွင် တိုက်ပွဲများရပ်တန့်သွားပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Naing က ပြောသည်။ “မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေအနေတွေကို အေးချမ်းစေတာက မြန်မာနိုင်ငံမှာရှိတဲ့ အားလုံးအတွက်၊ ဒေသတွင်းမှာရှိတဲ့ နိုင်ငံအားလုံးရဲ့ ဘုံအကျိုး စီးပွားအတွက်ဖြစ်ပါတယ်။ ဒါက တရုတ်နဲ့ မြန်မာကြား နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊

Continue Reading
ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ပို့ဆောင်
စစ်ရေး သတင်း
1 min read
0

ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ပို့ဆောင်

ဇန်နဝါရီ ၂၀ - ၂၀၂၅
0

ဧရာဝတီုတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေက ဘောမိကျေးရွာအနီးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။ ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းတွင် ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆၀ ခန်ဦးကို ချောင်းသာသို့ ပို့ဆောင်လိုက်ကြောင်း ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ PSTF ၏ သတင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ “ရွှေသောင်ယံ မြို့နယ်ခွဲ ဘောမိက ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆၀ လောက်ကို ဇန်နဝါရီ ၁၈ ညနေပိုင်းမှာ စက်လှေတွေအသုံးပြုပြီး ချောင်းသာသို့ပို့ဆောင်ကာ Ambulance ကားတွေ၊ ကုန်ကားတွေနဲ့ ပုသိမ် နတခ မဆရ (၄) သို့

Continue Reading
မြောက်ဦး ရမ်းချောင်း ဗုံးကြဲခံရမှု စစ်သုံ့ပန်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

မြောက်ဦး ရမ်းချောင်း ဗုံးကြဲခံရမှု စစ်သုံ့ပန်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိ

ဇန်နဝါရီ ၁၉ - ၂၀၂၅
0

ရခိုင်ပြည် မြောက်ဦးမြို့နယ် ရမ်းချောင်းကျေးရွာအနီး တဝိုက်ရှိ စစ်သုံ့ပန်းများ ထားရှိရာ နေရာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တစ်ကြိမ်၊ ၄ နာရီ ၄၆ မိနစ်တစ်ကြိမ်နှင့် ၄ နာရီ ၄၇ မိနစ်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် အာရက္ခတပ်တော် AA က လွှတ်ပေးရန် စီစဉ်ထားရှိသည့် စစ်သုံ့ပန်းများထဲမှ အမျိုးသားအမျိုးသမီး အပါအဝင် သေဆုံးသူ ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅ ဦးရှိကြောင်း အာရက္ခတပ်တော် AA က ယနေ့ ထုတ်ပြန်ထားသည်။ ဒဏ်ရာရရှိသူများထဲမှ အချို့မှာ

Continue Reading
AA တပ်စခန်းနှင့် သုံ့ပန်းထားသည့်နေရာများ ကို စစ်ကောင်စီ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲ ၃၀ ကျော် သေဆုံး
စစ်ရေး သတင်း
1 min read
0

AA တပ်စခန်းနှင့် သုံ့ပန်းထားသည့်နေရာများ ကို စစ်ကောင်စီ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲ ၃၀ ကျော် သေဆုံး

ဇန်နဝါရီ ၁၉ - ၂၀၂၅
0

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသမှ စစ်သုံ့ပန်းများထားသော နေရာနှင့် AA တပ်စခန်းအချို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ရှိသော ဗုံးများဖြင့် လာရောက်ကြဲချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ ၁၈ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ရှိသော ဗုံးများဖြင့် ၃ကြိမ်တိုင်တိုင် လာရောက် ကြဲချခဲ့မှုကြောင့် သုံ့ပန်းအပါအဝင် တပ်မိသားစုများလည်း ၃၀ ကျော်မနည်းသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “သုံ့ပန်းတွေသေဆုံးပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြီးတော့ စစ်သားတွေ ပါတယ်။ တပ်မိသားစုတွေ ကလေးတွေပါတယ်။ အကုန် ၃၀ ကျော်ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာတွေကိုတော့ ဆေးရုံတွေကို ပို့ထားပါတယ်။

Continue Reading
ဧရာဝတီ-ရခိုင် အစပ်တွင် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲ
စစ်ရေး သတင်း
1 min read
0

ဧရာဝတီ-ရခိုင် အစပ်တွင် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲ

ဇန်နဝါရီ ၁၈ - ၂၀၂၅
1

ရခိုင်နှင့် အစပ် ဧရာဝတီတိုင်းထဲက ဘောမိနှင့် ရွှေသောင်ယံမြို့နယ်ခွဲ တကြောရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေဖြစ်ပြီး ဒေသခံပြည်သူများမှာ စစ်ရှောင်နေရကြောင်း ပုသိမ် သတင်းရင်းမြစ်များက ပြောသည်။ မကျီးဇင်ကို သိမ်းပြီးနောက် ဘောမိက တပ်စခန်းများကို အာရက္ခတပ်တော် AA ပူးပေါင်း PDF တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လိုက်ပြီဟု သတင်း ထွက်ပေါ်နေသော်လည်း Western News အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ရွှေသောင်ယံ သတင်းရင်းမြစ်တစ်ဦးက “ဘောမိဘက်မှာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ သာပေါင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ပြီးခဲ့တဲ့အပတ်က တိမ်းရှောင်သွားကြတဲ့ ရွှေသောင်ယံက မြို့ခံတွေ ပြန်လည်ဝင်ရောက်နေပြီလို့ သိရပါတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA သည် ရခိုင်အဆုံးမြို့ ဂွမြို့ကို

Continue Reading
စစ်တွေမြို့ စစ်ကောင်စီ တပ်စခန်းများက ၂ ရက်အတွင်း လက်နက်ကြီးအလုံး ၇၀ ကျော် ပစ်ခတ်
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့ စစ်ကောင်စီ တပ်စခန်းများက ၂ ရက်အတွင်း လက်နက်ကြီးအလုံး ၇၀ ကျော် ပစ်ခတ်

ဇန်နဝါရီ ၁၈ - ၂၀၂၅
0

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်ပြည် စစ်တွေမြို့ပေါ်က လက်နက်ကြီးများအပါအဝင် အတွဲလိုက်ဒုံးများဖြင့် AA ထိန်းချုပ်နေရာများသို့ ၂ ရက်အတွင်း အလုံးအရေ ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲ၊ နွားများ တိရစ္ဆာန် အကောင်အရေအတွက် ၂၀ ကျော် သေဆုံးသွားကာ လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ ၁၆၊ ၁၇ ရက်နေ့အတွင်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှု စစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး

Continue Reading