မွန် ကိုယ်စားပြု ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြိုးစား
(မြန်မာ မြောက်ပိုင်းနှင့် ရခိုင်ဒေသက အောင်ပွဲများကို MSFC က ဂုဏ်ပြု) မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရေး ကြိုးစားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ကြေညာလိုက်သည်။ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ကျရောက်သည့် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီက ယင်းကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ မွန်လူမျိုးတို့၏ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ်ဦးထိပ်ထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တခု ထွက်ပေါ်နိုင်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အားထုတ်ကြိုးပမ်းသွားမည်ဟု ဆိုသည်။ ထို့ပြင် အခြားသော တော်လှန်ရေးအစုအဖွဲ့များ၊ စိတ်တူပန်းတိုင်တူ အဖွဲ့အစည်းများနှင့် လက်ရှိ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို
AA က မောင်တောမြို့ထဲ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ မောင်တောမြို့ထဲက အဆင့်ဆင့်ခုခံနေတဲ့ကြားက စစ်ကောင်စီတပ်စခန်း ၃ ခုကို AA က သိမ်းပိုက်
မောင်တောက တပ်စခန်း ၃ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီမှ မြို့ထဲကနေ အဆင့်ဆင့်ခုခံနေ
ရခိုင်ပြည် မောင်တောမြို့ မြောက်ဘက်ရှိ စစ်ကောင်စီ၏ ဟော်ရီတူလာရွာ တပ်စခန်းနှင့် တောင်ဘက်ရှိ မောင်နီရွာရဲစခန်း၊ ၃ မိုင်တပ်စခန်းတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြသည်။ မောင်တောမြို့အနီးအနားက စစ်ကောင်စီတပ်စခန်းများနှင့် ဌာနချုပ်အချို့ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့သိမ်းတိုက်ပွဲအား ဩဂုတ်လ ၄ ရက်နေ့တွင် AA က စတင်ခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့တွင်ပင် မောင်နီရွာရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ကာ ဩဂုတ်လ ၆ ရက်တွင် ဟော်ရီတူလာတပ်စခန်းနှင့် ဩဂုတ်လ ၉ ရက်နေ့တွင် မောင်တော ၃ မိုင်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။ မောင်တောမြို့ကို နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီး မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုအား
စစ်ကောင်စီ ပစ်ခတ်၍ ကျိန္တလီမြို့မှာ အရပ်သား ၁၁ ဦးသေ၊ ၁၁ ဦးဒဏ်ရာရ
ရခိုင်ပြည် ဂွမြို့နယ် ကျန္တလီမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း ဗုံးဆက်တိုက်ကြဲချနေ၍ ယမန်နေ့က အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။ ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများနှင့် ဗုံးများမှာ ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။ ကျိန္တလီစစ်ရှောင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ” မနေ့က ကျိန္တလီမြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ အကြိမ်ရေက မနည်းဘူး။
တိုက်ပွဲမရှိဘဲ တောင်ကုတ်ကို စစ်ကောင်စီ ဗုံးကြဲနေ
(မိုးပညာဒါန ပရဟိတကျောင်း ထိခိုက်ပျက်စီး) ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ အာဏာသိမ်း စစ်ကောင်စီသည် တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့် ဝေးသည့် မိုးတောင်တန်းကို ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၃ နာရီကျော်အချိန်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မိုးတောင်တန်းကို ဗုံး ၅ လုံးထက်မနည်း ကြဲချခဲ့ပြီး မိုးတောင်ပေါ်ရှိ မိုးပညာဒါန ပရဟိတ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားကြောင်း အမည်မဖော်လိုသည့် အသက် ၄၅ နှစ်အရွယ် မြို့ခံတစ်ဦးက ပြောသည်။ ” ဒီနေ့ နံနက်ပေါ့ အာရုဏ်ပေါ့နော် ၃ နာရီ ၁၅ မိနစ်မှာ ၁ လုံးကြဲတယ်။ ၁၉
တိုက်ပွဲ ဂွမြို့အထိရောက်လာ၍ မြို့ခံအားလုံး ဧရာဝတီဘက် တိမ်းရှောင်
ရခိုင်ပြည် ဂွမြို့အထိ အာရက္ခတပ်တော် AA ထိုးစစ် ရောက်ရှိလာပြီး အာဏာသိမ်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၀ ရက်နေ့က ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ဒေသခံများပြောပြချက်အရ ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီဟု ပြောဆိုကြသည်။ အသက် ၃၅ နှစ်အရွယ် ဂွမြို့ပေါ်ဒေသခံ အမျိုးသားတစ်ဦးက ” ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီလို့ ပြောလို့ရပါတယ်။ ကျိန္တလီမြို့မှာ စစ်ကောင်စီ မရှိတော့ပါဘူး။
စစ်ကောင်စီတပ်သား ၇ ဦး MNDAA ထံ အလင်းဝင်
ကိုးကန့်တပ် MNDAA ထံသို့ စစ်ကောင်စီတပ်သား ၇ ဦး လက်နက်ချ အလင်းဝင်လာပြီး MNDAA ကလည်း အဆိုပါ တပ်သားများကို ဆုကြေးငွေများ ချီးမြှင့်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားများမှာ ဩဂုတ်လ ၁၃ ရက်နေ့က မိမိဆန္ဒအလျှောက် ကိုးကန့်တပ်ထံ လက်နက်ချအလင်းဝင်ခဲ့ပြီး MNDAA က တစ်ဦးကို ငွေကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ပေးခဲ့သည်။ လက်နက်ချသော စစ်ကောင်စီတပ်သား ၇ ဦးမှာ လားရှိုးတိုက်ပွဲ အစောပိုင်းတွင် လက်နက်ချရန် ကြိုးစားခဲ့သော်လည်း တိုက်ပွဲများပြင်းထန်နေသောကြောင့် ယခုအချိန်မှ လက်နက်ချနိုင်ခဲ့သည်ဟု သိရသည်။ MNDAA က အဆိုပါ လက်နက်ချတပ်သားများကို ဆုကြေးငွေများ ပေးအပ်သည့်အပြင် ကိုးကန့်ဒေသအတွင်း နေထိုင်ခြင်းကိုလည်း ခွင့်ပြုပေးထားကြောင်း
တရုတ်ဝန်ကြီး ဝမ်ရိ မင်းအောင်လှိုင်တွေ့ပြီးနောက် ဦးသန်းရွှေနှင့် သွားတွေ့
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ (အငြိမ်းစား) အား သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဦးသန်းရွှေနှင့် ဝမ်ရိတို့ သြဂုတ် ၁၄ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ဖော်ပြသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း သန်းရွှေက ဝမ်ရိကို ပြောဆိုသည်။ တရုတ် ဝမ်ယိက မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူး ပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်း ဝမ်ရိက သန်းရွှေအား
နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကို လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီ ကြေညာ
မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကိုအားလုံးကို လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် ကြေညာလိုက်သည်။ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူတိုင်း အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်၍ ပြည်ပအလုပ်အကိုင်သက်သေခံ OWIC ရရှိမှသာ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရန်ဖြစ်ကြောင်း ဆိုသည်။ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဥပဒေအရလည်း အလုပ်သမားများနေဖြင့် မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင်သွားရောက် လုပ်ကိုင်ပါက ပြည်ပထွက်ခွာရန် မသင့်တော်သဖြင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပြဋ္ဌာန်းထားကြောင်း စစ်ကောင်စီက ဆိုသည်။ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင်အတွက် ထုတ်ပေးသည့် Passport for Job -PJ