ကျောက်တော်မြို့ထဲ ဗုံးကြဲခံရ၊ ထိခိုက်သေဆုံးမှုများပြားဟုဆို
စစ်ရေး သတင်း
1 min read
0

ကျောက်တော်မြို့ထဲ ဗုံးကြဲခံရ၊ ထိခိုက်သေဆုံးမှုများပြားဟုဆို

ဇန်နဝါရီ ၁၂ - ၂၀၂၅
1

ရခိုင်ပြည် ကျောက်တော်မြို့ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ထိခိုက်သေဆုံးမှု များပြားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သိရသည်။ ကျောက်တော်မြို့ ရှမ်းရွာနှင့် ပန်းထိမ်တန်းမှာ ဗုံး ၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် ထိခိုက်သေဆုံးမှု စာရင်းအား ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေးပေ။ Western News က အချက်အလက်အပြည့်အစုံအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်ကလည်း ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄၁ ဦးသေဆုံးပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကြောင်း သိရသည်။

Continue Reading
ရန်ကုန်မှာ ရခိုင်လူငယ်များ ဖမ်းဆီးခံရမှုတွင် ဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေ
နိုင်ငံရေး သတင်း
1 min read
0

ရန်ကုန်မှာ ရခိုင်လူငယ်များ ဖမ်းဆီးခံရမှုတွင် ဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေ

ဇန်နဝါရီ ၁၂ - ၂၀၂၅
1

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် စစ်ကောင်စီက ရခိုင်လူငယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးလျှက်ရှိနေပြီး ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်လည်း တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များနှင့် စောင့်ကြည့်နေသူများက ပြောသည်။ ဦးဇော်အေးမောင်သည် အာဏာသိမ်း စစ်ကောင်စီ၏ ဝန်ကြီးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေပြီး ရန်ကုန်တိုင်းအတွင်း ရခိုင်လူငယ်များအား ဖမ်းဆီးရာတွင် ကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားသည့် နေရာက ပါဝင်နေသည်ဟု ၎င်းတို့က ပြောဆိုကြခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီလများတွင် ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များနှင့် သာကေတမြို့နယ်များက ရခိုင်လူငယ်များ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

Continue Reading
AA က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းပြီးနောက် ၁၃ ရက်အတွင်း ရခိုင်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ၅၁ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

AA က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းပြီးနောက် ၁၃ ရက်အတွင်း ရခိုင်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ၅၁ ဦးသေဆုံး

ဇန်နဝါရီ ၁၁ - ၂၀၂၅
1

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ၁၃ ရက်အတွင်း ရခိုင်ပြည်မှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၇ ဦးရှိကြောင်း Western News ၏ မှတ်တမ်းအရ သိရသည်။ ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်က ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီသည် လေကြောင်းမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ၄၁ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ကျေးရွာတွင်လူနေအိမ်ပေါင်း

Continue Reading
ရမ်းဗြဲ ကျောက်နီမော် ဗုံးကြဲခံရမှု သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ပျက်စီးဟု AA ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ရမ်းဗြဲ ကျောက်နီမော် ဗုံးကြဲခံရမှု သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ပျက်စီးဟု AA ထုတ်ပြန်

ဇန်နဝါရီ ၁၁ - ၂၀၂၅
0

ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော် တိုက်နယ်ကျေးရွာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ခံရ၍ အပြစ်မဲ့အရပ်သား ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် လူနေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ကျွမ်း ပျက်စီးသွားကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ အာဏာသိမ်း စစ်ကောင်စီသည် ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်က ရမ်းဗြဲကျောက်နီမော်ဆိပ်ကမ်းနှင့် ရွာထဲကို ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့ကြောင်း AA က ဆိုသည်။ “လက်ရှိအချိန်အထိ

Continue Reading
ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၈ ဦးထက်မနည်းရှိဟု ကနဦး သိရ
စစ်ရေး သတင်း
1 min read
0

ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၈ ဦးထက်မနည်းရှိဟု ကနဦး သိရ

ဇန်နဝါရီ ၁၁ - ၂၀၂၅
0

ရခိုင်ပြည် ကျောက်တော်မြို့ လူနေရပ်ကွက်များနှင့် ဈေးကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီကျော်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဆေးရုံသွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက “သေဆုံးသူ ၈ ဦးလောက်ရှိတယ်လို့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ အဲထက်လည်း ပိုကောင်းပိုနိုင်ပါတယ်။ ဒဏ်ရာရသူက ၂၀ လောက်တောင်ရှိတယ်လို့ ပြောတယ်။ တာဝန်ရှိသူတွေ ထုတ်ပြန်လာမယ်ထင်ပါတယ်” ဟု ပြောသည်။ ကျောက်တော်မြို့သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်ထဲက တစ်ခုဖြစ်သည်။ ကျောက်တော်မြို့သည် အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ဟည်။ အာရက္ခတပ်တော် AA ကလည်း

Continue Reading
AA နှင့် PDF ပူးပေါင်းအဖွဲ့ ထိုးစစ် ရွှေသောင်ယံမြို့အထိရောက်ရှိလာ၍ စစ်ကောင်စီက ချောင်းသာ-ပုသိမ် ကားလမ်းကို ၁၃ ရက်နေ့ ပိတ်မည်ဟုဆို
စစ်ရေး သတင်း
1 min read
0

AA နှင့် PDF ပူးပေါင်းအဖွဲ့ ထိုးစစ် ရွှေသောင်ယံမြို့အထိရောက်ရှိလာ၍ စစ်ကောင်စီက ချောင်းသာ-ပုသိမ် ကားလမ်းကို ၁၃ ရက်နေ့ ပိတ်မည်ဟုဆို

ဇန်နဝါရီ ၁၁ - ၂၀၂၅
0

အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့ ထိုးစစ်မှာ ရွှေသောင်းယံမြို့အထိ ရောက်ရှိလာ၍ ချောင်းသာကမ်းခြေသွားသည့် ပုသိမ်-ချောင်းသာလမ်းကို လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်ပိတ်တော့မည်ဟု သတင်းများထွက်ပေါ်နေသည်။ ရွှေသောင်ယံကမ်းခြေနှင့် ချောင်းသာကမ်းခြေတို့မှာ တစ်ဆက်တည်းဖြစ်ပြီး ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့်သာ သွားရသော ခရီးဖြစ်ကြောင်း အမည်မဖော်လိုသည့် ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။ “မကျီးဇင်က တိုက်ပွဲတွေဟာ ရွှေသောင်ယံမြို့အထိ ရောက်နေပြီ။ AA နဲ့ PDF တပ်ဖွဲ့တွေဟာ ရွှေသောင်ယံက ထွေ/အုပ်ရုံးနဲ့ ဆေးရုံကို ထိန်းချုပ်ထားတယ်လို့ သိရတယ်။ ဒါ့ကြောင့် ချောင်းသာက လူတွေလည်း တိမ်းရှောင်ဖို့ လုပ်နေကြပါတယ်။ ချောင်းသာနဲ့ ရွှေသောင်ယံက နီးနီးလေပဲဆိုတော့လေ။

Continue Reading
စစ်တွေ ခံစစ်အတွက် စစ်မှုထမ်း မွတ်ဆလင် ၁၀၀၀ ကျော် ပြင်ဆင်ထား၊စစ်ကောင်စီက မွတ်ဆလင်များကို စစ်မှုထမ်းရန် ဆက်လက်ခေါ်ယူနေ
စစ်ရေး သတင်း
1 min read
0

စစ်တွေ ခံစစ်အတွက် စစ်မှုထမ်း မွတ်ဆလင် ၁၀၀၀ ကျော် ပြင်ဆင်ထား၊စစ်ကောင်စီက မွတ်ဆလင်များကို စစ်မှုထမ်းရန် ဆက်လက်ခေါ်ယူနေ

ဇန်နဝါရီ ၁၀ - ၂၀၂၅
1

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော ရခိုင်ပြည်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များ အလုံးအရင်းဖြင့် တိုးမြှင့် ချထားပြီး ခံစစ် အသင့်အနေထား ပြင်ဆင်ထားကြောင်း သိရသည်။ ယင်းမြို့ထဲတွင် ရခိုင်ပြည်၊ မြောက်ပိုင်း လက်ကျန် မြို့နယ်ဖြစ်သော စစ်တွေမြို့နယ်မှာ မွတ်ဆလင် စစ်သင်တန်းဆင်း ၁၀၀၀ ကျော်ဖြင့် စစ်တွေမြို့အတွင်း တပ်ရင်းများကို ပို့ဆောင်ထားပြီး ထိုးစစ်ကို ခုခံရင် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးစသည့်ကျေးရွာ အပါအဝင် ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင်တွေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စစ်သင်တန်းတက်ရောက်စေရန် စစ်ကောင်စီက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အုန်းတောကြီးကျေးရွာ

Continue Reading
ကျောက်နီမော် နောက်ဆက်တွဲ အခြေအနေ
စစ်ရေး သတင်း
1 min read
0

ကျောက်နီမော် နောက်ဆက်တွဲ အခြေအနေ

ဇန်နဝါရီ ၁၀ - ၂၀၂၅
0

ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရန်- နှလုံးရောဂါ ရှိသူများနှင့် သွေးလန့်သူများ မကြည့်ရန် စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ လေကြောင်း ဗုံးကြဲမှုကြောင့် တစ်ရက်တည်းအတွင်း ကျောက်နီမော်တွင် အရပ်သား ၄၁ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သူ ၂၀ ထက်မနည်း ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ သေဆုံးသူများထဲတွင် မွတ်ဆလင်များ အများအပြား ပါဝင်ပြီ ကလေးသူငယ်များနှင့် သက်ကြီးပိုင်များလည်း ပါဝင်ကာ လူနေအိမ် ၅၀၀ နီးပါးလည်း မီးလောင် ပျက်စီးခဲ့ရကြောင့် ကျောက်နီမော်ဒေသခံတစ်ဦးက Western News ကိုပြောသည်။ ကျောက်နီမော် ဒေသခံမွတ်ဆလင်တစ်ဦးက “အလောင်းတွေက ရုပ်ပျက် ဆင်းပျက် ဖြစ်နေတာပါ။ မီးလောင်ထားတော့

Continue Reading
လူ ၃၀၀ ခန့်ပါသော ရခိုင်စစ်ရှောင်သင်္ဘော ရန်ကုန်သို့ရောက်ရှိ
စစ်ရေး သတင်း
0 min read
0

လူ ၃၀၀ ခန့်ပါသော ရခိုင်စစ်ရှောင်သင်္ဘော ရန်ကုန်သို့ရောက်ရှိ

ဇန်နဝါရီ ၉ - ၂၀၂၅
1

ရခိုင်ပြည် မာန်အောင်မြို့က ထွက်ခွာလာသော လူပေါင်း ၃၀၀ ခန့်ပါသော ရခိုင်စစ်ရှောင်သင်္ဘောမှာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်မှာ တစ်ပတ်ကျော်ကြာ စစ်ဆေးခံရပြီးနောက် ရန်ကုန်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ ဟိုင်းကြီးကျွန်း ပင်လယ်ပြင်မှ ဇန်နဝါရီလ ၄ ရက်နေ့က စတင်ထွက်သွားသော ရခိုင်စစ်ရှောင် သင်္ဘောမှာ ရန်ကုန်မြို့ ဘုရင့်နောင်ဆိပ်ကမ်းသို့ ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ရောက်ရှိသွားကြောင်း ဟိုင်းကြီးကျွန်းဒေသခံတစ်ဦးက ပြောသည်။ “ရခိုင်ကလာတဲ့ သင်္ဘောတစ်စီးဟာ ဒီဟိုင်းကြီးကျွန်းအနီးမှာ တစ်ပတ်ကျော်လောက် စစ်ဆေးခံခဲ့ရပါတယ်။ အခုတော့ ရန်ကုန်ရောက်သွားပြီကြားပါတယ်။ စစ်ရှောင်တွေလို့ ပြောပါတယ်။ လူပေါင်း ၃၀၀ နီးပါးလောက်ရှိပါပါတယ်။ ဟိုင်းကြီးကျွန်းက ပြည်သူတွေက အလှူငွေတွေ

Continue Reading
၂၀၂၅ နှင့် ရခိုင်ပြည် ဟောကိန်း”  သုံးသပ်ချက် ဆောင်းပါး
စစ်ရေး ဆောင်းပါး သုံးသပ်ချက်
1 min read
0

၂၀၂၅ နှင့် ရခိုင်ပြည် ဟောကိန်း”  သုံးသပ်ချက် ဆောင်းပါး

ဇန်နဝါရီ ၉ - ၂၀၂၅
0

၂၀၂၄ လွန်မြောက်၍ ၂၀၂၅ နှစ်သစ်သို့ရောက်ရှိလာပြီ။ ၂၀၂၄ ခုနှစ်သည် စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည် သူများ အတွက် အကျပ်အတည်း အခက်ခဲပေါင်းစုံကို ခါးစည်းခံ အံကြိတ်ခဲ့ရသည်။ ယင်းကြောင့် နှစ်ဆိုးကြီးတစ်ခု အဖြစ် ဟု လည်း မှတ်ယူနိုင်သည်။ သို့သော် အာရက္ခတပ်တော်နှင့် ရခိုင်ပြည်သူများ မျှော်လင့်ချက် လွတ်မြောက်နယ်မြေများ နှင့် အောင်မြင်မှုမှတ်တိုင် အလီလီ စိုက်ထူနိုင်ခဲ့သည်။ ယင်းကြောင့် ၂၀၂၅ ခုနှစ် ရခိုင်ပြည်အခင်းအကျင်း ဖြစ်နိုင်ခြေကို ဟောကိန်းထုတ်ရသော် ပြီးခဲ့သည့် နှစ်ကိုလည်း အနည်းငယ်လည် ပြန်လှည့်ကြည့်ရန် လိုပေမည် ဖြစ်သည်။ ၂၀၂၄ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ တစ်နှစ်အတွင်း ပလက်ဝအပါအဝင် မြို့နယ် ၁၅ ခုကို အာရက္ခတပ်တော်

Continue Reading