မြောက်ဦးဟိုတယ်ရှေ့ ဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
ရခိုင်ပြည် မြောက်ဦးမြို့ထဲ မြောက်ဦးဟိုတယ်ရှေ့ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲကျော်အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချခဲ့ကြောင်း မြို့ခံများက ပြောသည်။ စစ်ကောင်စီ ဗုံးကြောင့် ခရီးသွားလာနေသော တုတ်တုတ်ပေါ်ကျရောက်၍ ယာဉ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၄ ဦးထက်မနည်း သေဆုံးသွားကြောင်း မြို့ခံများထံမှ ကနဦး သတင်းရရှိသည်။ ” နေ့လယ် ၁၂ နာရီခွဲကျော်လောက်ကပါ။ ဗုံးလာကြဲတာ။ မြောက်ဦးဟိုတယ်ရှေ့နဲ့ နဝရတ်ဟိုတယ်ရှေ့ကို ကျပါတယ်။ လမ်းမှာ ခရီးသည်နဲ့ သွားနေတဲ့ တုတ်တုတ်ပေါ်ကို ထိတယ်လို့ ပြောတယ်။ ၄ ဦးလား၊ ၅ ဦးလား မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ တော်တော်လေး
သပိတ်ကျင်းက ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
(သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရန် သင်တန်းကျောင်း စစ်စခန်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခုသာကျန်ရှိ) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ၊ မိုးကုတ်ဗျူဟာနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရသည်။ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ “ခလရ-၁၄၈ တပ်ရင်းကို
စစ်ကောင်စီ ပစ်ထားခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA ရှာဖွေကယ်ထုတ်
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီ ပစ်ထားခဲ့သော သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က တွေ့ရှိပြီး ကယ်တင် ဆေးကုသပေးထားကြောင်း သိရသည်။ သြဂုတ်လ ၈ ရက်က လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ် စစ်ဆေးရာ ဘန်ကာတစ်ခုအောက်တွင် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်ကာအောက်တွင် ပုန်းအောင်းကာ ရှင်သန်နေသေးပြီး ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ကို ခံစားရ၍ သေလုမြောပါးဖြစ်နေကြောင်း MNDAA က ဆိုသည်။ ယင်းနောက် MNDAA တပ်ဖွဲ့က ဒဏ်ရာရရှိသူများကို ကျန်းမာရေးဆိုင်ရာ
စစ်တွေအကျဉ်းထောင်ဂိတ်စောင့်များ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်းယူနေ
ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့သူ မိသားစုဝင်များ ဂိတ်စောင့်များအား ငွေပေးနေရကြောင်း ထောင်ဝင်စာတွေ့သူများက ပြောဆိုကြသည်။ အကျဉ်းကျနေသော မိသားစုဝင်ကို အစေားအသောက်များ ပေးလိုပါက ဂိတ်စောင့်အား ပိုက်ဆံပေးပြီးမှ လက်ခံကြကြောင်း ထောင်ဝင်စာသွားတွေ့သူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။ “ကိုယ့်မိသားစုဝင်ကို ဆေးနဲ့ လိုတာလေးတွေ ပေးချင်ရင် အရင်လို ဒီအတိုင်း ပေးထားခဲ့လို့ မရတော့ဘူး။ ပေးမယ့် ပစ္စည်းတွေကို ဂိတ်မှာ ပိုက်ဆံပေးပြီးထားခဲ့ရတယ်။ သူတို့က ပိုက်ဆံမပေးရင်လက်မခံဘူး။ မပို့ပေးဘူး” ဟု ပြောသည်။ ထောင်ဂိတ်စောင့်အား ပေးရသည့် ငွေကြေးမှာ ကျပ် ၅ ထောင်ကနေ ၁ သောင်းအထိဖြစ်ပြီး ထောင်ဝင်စာတွေ့သူတိုင်း၊ အကြိမ်တိုင်း ပေးနေကြရသည်ဟု သိရသည်။ ထောင်ဝင်စာ လာတွေ့သူများကို
သံတွဲအကျဉ်းထောင်က စစ်ကောင်စီ ဖမ်းထားသော အကျဉ်းသား ၃၇၂ ဦးကို AA က ကယ်ထုတ်
အာဏာသိမ်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးထားသော အကျဉ်းသား ၃၇၂ ဦးကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ အကျဉ်းသားများထဲတွင် ရာဇဝတ်မှုကျူးလွန်ထားသူများပါသလို စစ်ကောင်စီက မတရား ဖမ်းဆီးချုပ်နှောင် ထောင်ချထားသော နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ပြီး ၎င်းတို့ကို မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း AA က ပြောသည်။ သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
အာဆီယံနှစ်ပတ်လည်ပို့တဲ့ စစ်ခေါင်းဆောင် သဝဏ်လွှာမှာ ဘာတွေပါသလဲ
၅၇ နှစ်မြောက် အာဆီယံနှစ်ပတ်လည် အခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ သဝဏ်လွှာပေးပို့ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ချောမွေ့စေရေး အဖွဲ့ဝင်နိုင်ငံအားလုံးက အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်လိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာမှာ အဓိက အလေးထား ပြောဆိုထားသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းက အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံနှုန်းများကို အလေးထားရမည်နှင့် အာဆီယံအဖွဲ့သည် ပြည်သူဗဟိုပြု၊ ပြည်သူကို ဦးတည်သည့် အသင်းကြီးဖြစ်ကြောင်းလည်း ဆိုသည်။ မြန်မာနိုင်ငံမှာ ဒေသတွင်းလုံခြုံရေး တည်ဆောက်ရာတွင် အာဆီယံ၏ အရေးပါသည့် အခန်းကဏ္ဍကို ခိုင်မာစေရန်နှင့် အာဆီယံ၏အချက်အချာကျမှု၊ စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန် မိမိတို့အားလုံးအတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည်ဟု အာဆီယံနိုင်ငံများကို
၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းမှ ဒရုန်းဖြင့်ဗုံးကြဲခဲ့သော ကျောက်ဖြူမြို့နယ် စနဲမြို့ တိုက်ခိုက်ခံရမှု မြင်ကွင်း
(အရပ်သား ၁ ဦးသေပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ)
ရှမ်းမြောက်က တရုတ်နိုင်ငံသား အမြန်ဆုံး ထွက်ခွာရန် တရုတ်အစိုးရ သတိပေး
လားရှိုးမြို့နှင့် ရှမ်းပြည်မြောက်ပိုင်းက တရုတ်နိုင်ငံသားများအနေဖြင့် အမြန်ဆုံး ပြောင်းရွှေ့ ထွက်ခွာကြရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယမန်နေ့တွင် WeChat ကတစ်ဆင့် သတိပေး ကြေညာထားကြောင်း သိရသည်။ လက်ရှိတွင် လားရှိုးနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် လုံခြုံရေးအခြေအနေမှာ တင်းမာလျက်ရှိနေ၍ တရုတ်နိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံး သို့ သတင်းပေးပို့ကြရန် တိုက်တွန်းထားသည်။ “စိုးရိမ်ရသည့် လုံခြုံရေး အခြေအနေများကြောင့် ဖြစ်နိုင်လျှင် တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်လည် ထွက်ခွာကြရန်” တရုတ်သံရုံးက ပြင်းပြင်းထန်ထန် သတိပေးထားသည်။ လုံခြုံရေး အထူးသတိထားပြီး အန္တရာယ်များကို ရှောင်ရှားကာ ပဋိပက္ခဇုန်များနှင့် ဝေးကွာသော သို့မဟုတ် နေရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် ဖော်ပြထားသည်။ တရုတ်နိုင်ငံသားများ အရေးပေါ်အခြေအနေ ကြုံလာရပါက
ကမ္ဘာ့ပဋိပက္ခအဖြစ်ဆုံး အဆင့် ၂ တွင် မြန်မာရပ်တည်၊ လူသေဆုံးမှုအများဆုံး အဆင့် ၃ မှာရှိ
ကမ္ဘာတစ်ဝှမ်း ပဋိပက္ခအဖြစ်အများဆုံး အဆင့် ၂ တွင် မြန်မာနိုင်ငံ ရပ်တည်ပြီး ပြည်တွင်းစစ်ကြောင့် လူသေဆုံးမှုအများဆုံး အဆင့် ၃ တွင်ရှိနေကြောင်း ACLED အဖွဲ့က ဩဂုတ်လ ၆ ရက်မှာ ထုတ်ပြန်ထားသည်။ နိုင်ငံတိုင်းက လက်နက်ကိုင်ပဋိပက္ခများကို စောင့်ကြည့်လေ့လာနေသော ACLED အဖွဲ့၏ ၆ လတစ်ကြိမ် ထုတ်ပြန်သည့် အစီရင်ခံစာက ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ACLED ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၁ တွင်ရှိခဲ့ပြီး လက်ရှိ အဆင့် ၂ သို့ကျသွားသော်လည်း အခြားနိုင်ငံများအား ဦးဆောင်နေသည်။ ယင်းအပြင် မြန်မာနိုင်ငံသည် အရပ်သားများ အသက်အန္တရာယ်ဖြစ်စေမှု အဆင့်