လားရှိုးတိုက်ပွဲက လွတ်မြောက်လာသူများ၏ ရင်ဖွင့်သံ
ရှမ်းမြောက် လားရှိုးမြို့သိမ်းတိုက်ပွဲကြားက စစ်ကောင်စီ၏ စစ်သုံ့ပန်းများ၊ တပ်မိသားစုဝင်များကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များက ရာနှင့်ချီ ကယ်ထုတ်ပေးခဲ့ကြသည်။ တပ်မိသားစုဝင်များနှင့် အရပ်သားပြည်သူများအား MNDAA မှ ကယ်ထုတ်ပေးနေစဉ် စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ခံခဲ့ရသည်ဟု အသက်ရှင်လာသူများက ပြောဆိုကြသည်။ ဗီဒီယို (အင်တာဗျူး) – The Kokang
စစ်ကောင်စီဖမ်းထားသော မောင်တောက မွတ်ဆလင်များကို AA ကယ်ထုတ်
ရခိုင်ပြည် မောင်တောမြို့ထဲမှာ လူသားဒိုင်းကာအဖြစ် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခေါ်ယူထားသော ဒေသခံမွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော် AA က အချိန်မီ ကယ်ထုတ်ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ မောင်တောမြို့ထဲမှာ ပိတ်မိနေသော မွတ်ဆလင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ယူထားသော မွတ်ဆလင်များကို AA ကယ်ထုတ်ပေးနေပြီး ယခု ဗီဒီယိုဖိုင်ပါ မွတ်ဆလင်များမှာ လသာကျေးရွာက မွတ်ဆလင်များဖြစ်ကြသည်။ ၎င်းတို့ကို ယမန်နေ့ ဩဂုတ် ၇ ရက်နေ့က AA တပ်ဖွဲ့ဝင်များက သွားရောက် ကယ်ထုတ်ပြီး ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း AA က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက သင်တန်းပေးထားသော မွတ်ဆလင် လက်နက်ကိုင်များ၊
လားရှိုး စစ်ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ဖော်ထုတ်
ရှမ်းမြောက် လားရှိုးမြို့ထဲက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ၏ အမှတ် ၉ ကုတင် ၁၀၀ စစ်ဆေးရုံကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း အသက်ရှင်လွတ်မြောက်လာသူများနှင့် စစ်ဆရာဝန်များက ပြောဆိုထားကြသည်။ အာဏာသိမ်း စစ်ကောင်စီက လားရှိုး ရမခ စစ်ဆေးရုံကို ကိုးကန့်တပ် MNDAA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာ စစ်သည်များနှင့် တပ်မိသားစုဝင်များ ထိခိုက်ခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲချက်အား စစ်ဆရာဝန်များနှင့် လားရှိုးဒုခရိုင်ရဲမှူး လှမျိုးတို့က ဖော်ထုတ်ထားခြင်းဖြစ်သည်။ လားရှိုး စစ်ဆေးရုံကို MNDAA က ပစ်ခတ်တိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်ကောင်စီ၏ ဗုံးကြောင့် ဒုက္ခရောက်နေကြသော ဒဏ်ရာရ စစ်သည်များနှင့် တပ်မိသားစုဝင်များကို MNDAA ကယ်ထုတ်ပေးခြင်းနှင့်
စစ်ကောင်စီကို ညီနောင်အဖွဲ့က ကန့်ကွက်ရှုတ်ချ၊ လေကြောင်းပစ်ခတ်မှု ဟန့်တားပေးရန် တရုတ်နှင့် နိုင်ငံတကာကို ညီနောင်အဖွဲ့က တောင်းဆို
စစ်ရေးပစ်မှတ် မဟုတ်တော့ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားများနေထိုင်ရာ လွတ်မြောက်နယ်မြေများကို အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းပစ်မှု ဆက်တိုက်ပြုလုပ်နေ၍ ဟန့်တားပေးရန် တရုတ်နှင့် နိုင်ငံတကာ မိသားစုများအား ညီနောင်မဟာမိတ် ၃ ဖွဲ့က တောင်းဆိုထားသည်။ ညီနောင် ၃ ဖွဲ့ဖြစ်သော ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့က ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်ထားပြီး စစ်ကောင်စီသည် တိုက်ပွဲဇုန်မဟုတ်သည့် မြို့၊ ရွာများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ ကြီးလေးသော စစ်ရာဇဝတ်မှုများကို ပြောင်းပြောင်းတင်းတင်း ကျူးလွန်နေ၍ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ဆိုသည်။ ” ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားမိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို
MNDAA ၏ လားရှိုးမြို့သိမ်းတိုက်ပွဲ
(ဓါတ်ပုံသတင်း) ကိုးကန့်တပ် MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ လားရှိုးမြို့သိမ်းတိုက်ပွဲနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား ရရှိရေး ရမခအတွင်း တိုက်ခိုက်မှုပုံများဖြစ်သည်။ MNDAA က လားရှိုးမြို့ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ ၃ ရက်တွင် စစ်ကောင်စီ၏ လားရှိုး ရမခ တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ လားရှိုး ရမခ ကျဆုံးခြင်းသည် တပ်တွင်းနှင့် ရှေ့တန်းစစ်မျက်နှာပြင်တွင် သတင်းပေါက်ကြားမှုနှင့် သတင်းပေးများ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု မြန်မာစစ်တပ်အတွင်း သုံးသပ်နေကြသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ် ၅ ရက်တွင် လောက်ကောင်ဟု သုံးနှုန်းပြီးနောက် စစ်တပ်၊ စစ်ကောင်စီနှင့် ဝန်ကြီးဌာနများအတွင်း သတင်းပေး (လောက်ကောင်) များအား
ဒဏ်ရာရ လားရှိုး ဒုခရိုင်ရဲမှူး လှမျိုးကို MNDAA က ဆေးကုပေးနေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော လားရှိုး ဒုတိယခရိုင်ရဲမှူး လှမျိုးကို MNDAA က ဆေးကုသပေးခဲ့သဖြင့် ပြန်လည် ကျန်းမာလာကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ မဟာမိတ်တပ်သည် လားရှိုးမြို့တွင် အာဏာသိမ်းတပ်မှ လက်နက်ချ အလင်းဝင်သည့် စစ်သုံ့ပန်းများကို အစွမ်းကုန် ကုသမှုပေးနေ၍ ယင်းထဲတွင် လားရှိုးမြို့ ဒုတိယခရိုင်ရဲမှူး ဦးလှမျိုးလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။ လားရှိုးလွတ်မြောက်ရေး စစ်ဆင်ရေးအစတွင် လားရှိုးမြို့တွင်း စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေး ကင်းလှည့်မှုများကို ရဲမှူး လှမျိုးက တာဝန်ယူခဲ့ပြီး ဇူလိုင် ၂၀ ရက်အထိ စစ်ပွဲပြင်းထန်နေ၍ လားရှိုးမြို့မှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။ ပြင်းထန်သော တိုက်ပွဲကြောင့် ထွက်ပြေးချိန် လားရှိုးမြို့၊ ရပ်ကွက် ၁
BREAKING NEWS – စစ်တွေ ဆတ်ရိုးကျက အရပ်သား ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
(စစ်တွေမြို့ခံ ” စတန (နိုင်) ” မဟုတ်သူများကို ရွေးဖမ်းနေ) ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ညက စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေး အကွက် (၂) မှ အမျိုးသမီးများ အပါအဝင် အရပ်သား ၆၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း စစ်တွေသတင်းရင်းမြစ်က ဆိုသည်။ ဖမ်းဆီးခံ အရပ်သားများကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် ငွေပေးသူများကို ပြန်လည်လွှတ်ပေးနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” မနေ့ည ၁၀ နာရီမှာ ဆတ်ရိုးကျ အကွက် ၂ ကို ဝင်စစ်တာ။ ၁ နာရီကျော်လောက်မှ ပြီးတယ်။
MNDAA နှင့် ညီနောင်အဖွဲ့ဝင်များကို စစ်ကောင်စီက ဆန္ဒပြနေ
(ဓါတ်ပုံသတင်း) လားရှိုးမြို့နှင့် လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့သော ကိုးကန့်တပ် MNDAA နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြနေကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဝါစိမ်းနီအလံများ၊ စစ်တပ်အလံများဖြင့် စစ်ကောင်စီက ဆန္ဒပြပွဲကို စီစဉ်ခဲ့သည်။ စစ်ကောင်စီက ပေးထားသော နေ့စားခရ လူများ၊ မဘသ အဖွဲ့ဝင်များ၊ စစ်ကောင်စီ ထောက်ခံသူများနှင့် အကြမ်းဖက်အားပေး ပြည်သူများ ပါဝင်ပြီး စစ်ကောင်စီက ဆန္ဒပြပွဲအား ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ထို့ပြင် နေပြည်တော်မြို့တော်ခန်းမရှေ့တွင်လည်း MNDAA ဆန့်ကျင် ရှုတ်ချပွဲအတွက် စစ်ကောင်စီထောက်ခံသူများက