၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ်ပြော
စစ်ရေး သတင်း
1 min read
0

၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ်ပြော

ဇန်နဝါရီ ၁ - ၂၀၂၅
1

ယခုနှစ် ၂၀၂၅ နှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်များ ထားရှိထားပြီး ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF က ယနေ့ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂ နှစ်ခန့်ကပင် အညာဒေသနှင့် မြေလတ်ဒေသတွင် စစ်ဒေသများထားရှိကာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်များကို ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF က ပြောသည်။ ယခု၂၀၂၅ ခုနှစ် သည် တောင်တန်းဒေသမှသည် မြေပြန့်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမည့် နှစ်တစ်နှစ်ဟု SAF က ယုံကြည်ထားကြောင်း ထုတ်ပြန်သည်။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထံမှ သင်ယူဆည်ပူးအတွေ့အကြုံယူရရှိခဲ့သည့် လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊

Continue Reading
အချို့သော တိုင်းရင်းသားခေါင်းဆောင်များမှာ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေကြောင်း မင်းအောင်လှိုင်ပြော
စစ်ရေး သတင်း
0 min read
0

အချို့သော တိုင်းရင်းသားခေါင်းဆောင်များမှာ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေကြောင်း မင်းအောင်လှိုင်ပြော

ဇန်နဝါရီ ၁ - ၂၀၂၅
1

အချို့သော တိုင်းရင်းသားခေါင်းဆောင်များမှာ ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်သစ်ကူး မိန်းခွန်းတွင် ပြောသည်။ တိုင်းရင်းသား ခေါင်းဆောင်အချို့သည် ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးဟု ပြောနေသော်လည်း ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုထားကြသည်ဟု မင်းအောင်လှိုင်က ဆိုသည်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများကို ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးအတွက် မျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သင့်ကြောင်း ပြောသည်။ “ဒီလိုဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့လမ်းကြောင်း မတူညီတဲ့အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာကိုလည်း ဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း လက်နက်ကိုင် အဖွဲ့များကို

Continue Reading
ဂွမြို့နယ်ကို AA သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ
စစ်ရေး သတင်း
1 min read
0

ဂွမြို့နယ်ကို AA သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ

ဒီဇင်ဘာ ၃၁ - ၂၀၂၄
2

စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်အားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ် လိုက်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ပြောဆိုလိုက်သည်။ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ပြီး ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လိုက်လံ ရှင်းလင်းနေကြောင်း ပြောခွင့်ရ ဦးခိုင်သုခ က ပြောသည်။ “ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့ အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်”ဟုပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဧရာဝတီတိုင်း၊ ကမ်းသာယာ ကမ်းခြေအနီး ရေပြင်ထက်မှ ရေကြောင်းပစ်ကူမှုများ ဆက်လက်

Continue Reading
ထိုင်းရေလုပ်သားများကို မြန်မာစစ်တပ် ပစ်ခတ်မှု ထိုင်းအစိုးရ ကန့်ကွက်
စီးပွားရေး နိုင်ငံရေး သတင်း
1 min read
0

ထိုင်းရေလုပ်သားများကို မြန်မာစစ်တပ် ပစ်ခတ်မှု ထိုင်းအစိုးရ ကန့်ကွက်

ဒီဇင်ဘာ ၃၀ - ၂၀၂၄
2

(မြန်မာစစ်တပ်က ထိုင်းရေလုပ်သား ၃၁ ဦးကို ဖမ်းဆီးထား) ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေသော ထိုင်းငါးဖမ်းစက်လှေ ၃ စီးကို မြန်မာစစ်သင်္ဘောများက ပစ်ခတ်ဖမ်းဆီး၍ ထိုင်းရေလုပ်သား ၁ ဦးသေဆုံးပြီး ၃၁ ဦးမှာ ဖမ်းဆီးခံထားရကြောင်း ထိုင်းသတင်းဌာန The Nation က ဖော်ပြသည်။ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်စောစောပိုင်း ထိုင်းရေပိုင်နက်အတွင်း သွားလာနေသော ထိုင်းငါးဖမ်းစက်လှေ ၃ စီးကို မြန်မာစစ်သင်္ဘောများက ပစ်ခတ်ဖမ်းဆီးသွားသည်ဟု သိရသည်။ လတ်တလော သတင်းများအရ မြန်မာစစ်တပ်က ထိုင်းငါးဖမ်းစက်လှေ နှစ်စင်းကို မြန်မာရေပိုင်နက်အတွင်းသို့ ဖမ်းဆီးသွားပြီး သင်္ဘောသား နှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းကဖော်ပြသည်။ ယနေ့ နံနက် ၃

Continue Reading
ရခိုင်အရေးကို သတိရှိရှိဖြင့် ဖြေရှင်းရန် ICC ကို တရုတ်ပြော
နိုင်ငံရေး သတင်း
1 min read
0

ရခိုင်အရေးကို သတိရှိရှိဖြင့် ဖြေရှင်းရန် ICC ကို တရုတ်ပြော

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က မွတ်ဆလင်နှင့်ပတ်သက်ပြီး ရခိုင်ပြည်အရေးကို ဖြေရှင်းရာတွင် သတိရှိရှိဖြင့် ဖြေရှင်းရန် တရုတ်အစိုးရက ပြောသည်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ မော်နင်း (Mao Ning) က နိုဝင်ဘာလ ၂၈ ရက် ပေကျင်းမြို့မှာ ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်အရေးကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှုတ်ထွေးလှသည့် ရခိုင်ပြည်အရေးကို ဖြေရှင်းရာမှာ သတိနှင့်ဖြေရှင်းရမည်ဖြစ်သလို အပြုသဘောဆောင်သည့် အခန်းကဏ္ဍကနေ တရုတ်က ပါဝင်ဆောင်ရွက်မည်ဟု မော်နင်းက ဆိုသည်။ “ရခိုင်အရေးမှာ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းတွေ၊ လူမျိုးရေးနဲ့ ဘာသာရေးနောက်ခံတွေ ရှိပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ပြီး သတိရှိရှိ ဖြေရှင်းဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်း

Continue Reading
ပုသိမ်သို့ပြောင်းရွေ့ခံရသည့် စစ်တွေထောင်က အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ အကျပ်အတည်းကြုံ
လူ့အခွင့်အရေး သတင်း
1 min read
0

ပုသိမ်သို့ပြောင်းရွေ့ခံရသည့် စစ်တွေထောင်က အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ အကျပ်အတည်းကြုံ

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွေ့ခံလိုက်ရသည့် ရခိုင်ပြည် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများဖြင့် ကြုံတွေ့နေရသည်ဟု မိသားစုဝင်များထံမှ သိရသည်။ ပြောင်းရွေ့ခံရသည့် အကျဉ်းသားများမှာ အကျဉ်းထောင်မှကျွေးသည်လောက်နှင့်သာ စားရသည့်အတွက် တစ်ခြားလိုအပ်ချက်များနှင့်ပတ်သက်၍ မည်သူ့ကိုမျှ အားကိုးစရာမရှိဘဲ ဖြစ်နေရသည်ဟု ပြောင်းရွေ့ခံ အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “ကျမ ရန်ကုန်မှာရှိနေတော့ ပုသိမ်ဘက်ကိုကူးပြီး အစ်ကိုဖြစ်သူကို ထောင်ဝင်စာသွားတွေ့ခဲ့တော့ အခြေနေတွေသိခဲ့ရတာပါ။ အကျဉ်းသားတစ်ယောက်အတွက် မိသားစုဝင်တွေရဲ့ ထောင်ဝင်စာတွေ့ဖို့ အခွင့်အရေးဟာ လိုအပ်တယ်ပေါ့နော်။ ကျမလည်း ကျမဝင်ငွေလေးနဲ့ ပုသိမ်နဲ့ရန်ကုန်ကို အကူးအပြောင်းအမြဲမလုပ်နိုင်ဘူး။ အခုထောင်ဝင်စာတွေ့နိုင်ဖို့ အခွင့်အရေးကမရှိတော့ သူတို့တွေအတွက် အစားအသောက်၊ ကျန်းမာရေးအပါဝင် တစ်ကိုယ်ရည်လိုအပ်ချက်တွေမှာ အခက်ခဲရှိကြတယ်လို့ သိခဲ့ရတယ်” ဟု ပြောသည်။

Continue Reading
ချင်းပြည် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမည်ဟု ချင်းညီနောင်ကြေညာ
စစ်ရေး သတင်း
1 min read
0

ချင်းပြည် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမည်ဟု ချင်းညီနောင်ကြေညာ

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

CNF/CNA ဦးဆောင်သော ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်တို့ကြောင့် ကွဲနေသော ချင်းပြည်ကို ပြန်လည်ပေါင်းစည်းရေးနှင့် ချင်းလူမျိုးများ သွေးစည်းညီညွတ်ရေးကို ကြိုးပမ်းမည်ဟု ချင်းညီနောင်က ကြေညာသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ပြည့်မြောက်ခဲ့သည့် “ချင်းညီနောင်” (၁) နှစ်ပြည့်အခမ်းအနားတွင် ချင်းညီနောင်အဖွဲ့ အတွင်းရေးမှူး R.LAKHER က ပြောဆိုခဲ့သည်။ “ချင်းမှာ နှစ်ဖွဲ့ကွဲနေတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ချင်းပြည်ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်တွင်း၊ ပြည်ပက အဖွဲ့အစည်း ၇ ခုလောက်နဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေတာမျိုး ရှိပါတယ်” ဟု ပြောသည်။ ချင်းညီနောင် CB သည် ရေရှည်တည်တံ့ခိုင်မြဲသော ချင်းပြည်ပြန်လည်ပေါင်းစည်းရေးနှင့် ချင်းလူမျိုးများသွေးစည်းညီညွှတ်ရေးကို လိုလားကြောင်းနှင့် ချင်းပြည် ငြိမ်းချမ်းရေး၊

Continue Reading
ဂွတိုက်ပွဲတွင် ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်သော စစ်ကောင်စီတပ်သား ၇၀၀ ကျော် သေဆုံးခဲ့
စစ်ရေး သတင်း
1 min read
0

ဂွတိုက်ပွဲတွင် ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်သော စစ်ကောင်စီတပ်သား ၇၀၀ ကျော် သေဆုံးခဲ့

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

အင်အား ၁၂၀၀ ကျော် ခုခံ တိုက်ခိုက်သော်လည်း AA ထံ ရှုံးနိမ့် ရခိုင်ပြည်အတွင်း ဂွမြို့နယ်ကို ပြန်လည် ရရှိရေး စစ်ကောင်စီအင်အား ၁၂၀၀ ကျော်ဖြင့် ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် ဂွမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တပ်ရင်းနှစ်ရင်းစလုံးအား AA က သိမ်းပိုက်ခဲ့သည်။ ဂွမြို့သို့ စစ်ကူလာသော တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း၊

Continue Reading
AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးတစ်ဦး ဖမ်းဆီးခံရ
နိုင်ငံရေး သတင်း
1 min read
0

AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးတစ်ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၂၉ - ၂၀၂၄
3

အာရက္ခတပ်တော် AA ကို ထောက်ခံအားပေးပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသည်ဟုဆိုကာ အငြိမ်းစားရဲမှူး ဦးရွှေဇံကို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ဖမ်းဆီးသွားကြောင်း သိရသည်။ သာကေတမြို့နယ် အမှတ် (၇) အနောက်ရပ်ကွက် အောင်ချမ်းသာလမ်းက ၎င်း၏ နေအိမ်သို့ နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က စစ်သား၊ ရဲသား လုံခြုံရေးပူးပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက ပြောသည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အာရက္ခတပ်တော် AA ထောက်ခံသည့် စာသားများ ရေးသားကာ စစ်ကောင်စီအား ဆန့်ကျင်လှုံ့ဆောင်သည်ဟု စွပ်စွဲချက်ဖြင့် အငြိမ်းစား ရဲမှူး ဦးရွှေဇံကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ ဦးရွှေဇံအား ဖမ်းဆီးရန်

Continue Reading
မြို့နယ် ၁၅ မြို့နယ် သိမ်းပိုက် ထိန်းချုပ်ပြီးနောက် AA က ငြိမ်းချမ်းရေး ကမ်းလှမ်းလာ
စစ်ရေး နိုင်ငံရေး သတင်း
1 min read
0

မြို့နယ် ၁၅ မြို့နယ် သိမ်းပိုက် ထိန်းချုပ်ပြီးနောက် AA က ငြိမ်းချမ်းရေး ကမ်းလှမ်းလာ

ဒီဇင်ဘာ ၂၉ - ၂၀၂၄
0

ပလက်ဝ အပါအဝင် ရခိုင်ပြည်အတွင်း မြို့နယ် ၁၅ မြို့နယ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင် AA က ထုတ်ပြန် လာသည်။ ထုတ်ပြန်ချက်၏ ရှေ့ဆင့် နောက်ဆင့်မှာ ရခိုင်ပြည်အတွင်းက ဂွမြို့နယ်၏ စစ်ကောင်စီတပ်စခန်းအားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် AA က သိမ်းပိုက် ထိန်းချုပ်ပြီးနောက် စစ်ကောင်စီကို ယင်းကဲ့သို့ ကမ်းလှမ်းလာခြင်း ဖြစ်သည်။ AA က လက်ရှိတွင် ပလက်ဝမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊

Continue Reading