စစ်ကောင်စီနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်လာ
အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလာသည်။ ထုတ်ပြန်ချက်တွင် ULA/AA အနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိကြောင်း ရေးသားထားသည်။ AA သည် ရခိုင်လူထုတစ်ရပ်လုံး၏ ထောက်ခံမှုနှင့်အတူ ရခိုင်ဒေသအတွင်းနေ လူမျိုးပေါင်းစုံ၏ အမျိုးသားတန်းတူရေး၊ ဒေသတစ်ခုလုံး ဖိနှိပ်အုပ်ချုပ်သူတို့လက်အောက်မှ လွတ်မြောက်ရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ရခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့်
ရန်ကုန်တွင် ရခိုင်လူငယ် ၂၀ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီးသွား
ရန်ကုန်တိုင်းတွင် စစ်ကောင်စီ၏ အထူးတပ်ဖွဲ့က စစ်ဆင်ရေးပုံစံဖြင့် ဧည့်စာရင်းဝင်စစ်ပြီး ရခိုင်လူငယ် ၂၀ ဦးမထက် မနည်း ဖမ်းဆီး ခံလိုက်ရကြောင်း ဖမ်းဆီးခံရသည့် လူငယ်များမှာ လက်ရှိအချိန် ပြန်လည် လွတ်မြောက် လာခြင်း မရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်နှင့် သမိုင်း ဦးဘဟန်လမ်း၊ ဦးထွန်းရှီန်လမ်း က နေထိုင်သည့် ရခိုင်လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယင်းအထဲမှ တစ်ချို့မှာ ကိုရီယား သို့ သွားရန် သင်တန်း တက်ရောက်နေသူများလည်း ပါဝင်ကြောင်း သိရသည်။ အမည်မဖော်လိုသည့် ရပ်ကွက်နေထိုင်သူတစ်ဦးက “မနေ့က ရခိုင်လူငယ် ၂၀ လောက် အဖမ်းခံလိုက်ရတယ်။ အမှတ်
အမ်းတိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF အရှိုတပ် တိုက်ခိုက်
(စစ်ကောင်စီတပ်သား ၁၇ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ) ရခိုင်ပြည် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF အရှိုတပ်က လိုက်လံတိုက်ခိုက်ရှင်းလင်းနေကြောင်း ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်တပ်စစ်ကြောင်း ၂ ခုကို ၃ ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ ဒီဇင်ဘာလ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ အမ်းမြို့နယ်၊
အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းနှင့်ချီသော တရုတ်စီမံကိန်းများကို AA ထိန်းချုပ်
ရခိုင်ပြည်အတွင်းရှိသော တရုတ်စီမံကိန်းများထဲမှ အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းနှင့်ချီတန်ဖိုးရှိသော တရုတ်စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြောသည်။ ရခိုင်ပြည်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားကြောင်း ISP Myanmar က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၁၀၉၀ သန်းရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ အမေရိကန်ဒေါ်လာ ၁၁၀၀၀ သန်းရှိသော
ငြိမ်းချမ်းရေးဆွေးနွေးရန် တော်လှန်ရေးအဖွဲ့များ မလာ၍ မင်းအောင်လှိုင် စိတ်ကောက်နေ
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးအဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် အာဏာသိမ်း စစ်ကောင်စီက ဖိတ်ခေါ်သော်လည်း တော်လှန်ရေးအဖွဲ့များမှာ မျက်ကွယ်ပြုနေ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိတ်ကောက်နေသည်။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျရောက်သည့် နှစ် ၅၀ ပြည့် ရွှေရတု အခါအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ “နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့်
စစ်တွေမြို့ကနေ စစ်ကောင်စီ လက်နက်ကြီးလှမ်းပစ်ခတ်မှုကြောင့် ပေါက်တောပြည်သူတစ်ဦး သဆုံး
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည် စစ်တွေမြို့ရှိ အမြောက်တပ်ရင်းများက လက်နက်ကြီးလှမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်တွေမြို့ရှိ စစ်ကောင်စီ အမြောက်တပ်ရင်း ၃၄၄ နှင့် ပွိုင့်ကမ်းနားလမ်းရှိ ရေတပ်ဌာနချုပ်ထဲက လက်နက်ကြီးများဖြင့် ပေါက်တောမြို့ဘက်သို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၈ နာရီခွဲအချိန်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သတင်းရင်းမြစ်တစ်ဦးက “မနေ့ညက စစ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာကို ကျရောက်ပေါက်ကွဲပါတယ်။ အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာပါ” ဟု ပြောသည်။ လက်နက်ကျည်စထိမှန်၍ သေဆုံးသွားရသည့် အမျိုးသမီးမှာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက အသက်
ဧရာဝတီ ဒေးဒရဲမှာ အရပ်သား ၆ ဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် ၁ ဦးသေဆုံးကာ ၅ ဦးထောင်ချခံရ
ဧရာဝတီတိုင်းဒေသ ဒေးဒရဲမြို့နယ် တိုးကျေးရွာက အရပ်သားပြည်သူ ၆ ဦးမှာ ကျေးရွာအုပ်ချုပ်မှူး လှထွဋ်၏ လိမ်လည်တိုင်တန်းမှုကြောင်း စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံရကြောင်း သိရသည်။ ၎င်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်သည်ဟုဆိုကာ တိုးကျေးရွာအုပ်ချုပ်ရေးမှူး လှထွဋ်က လိမ်လည် တိုင်တန်းခဲ့ခြင်းဖြစ်သည်။ စစ်ကြောရေးရောက်ရှိသွားသော တိုးကျေးရွာသား ၆ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုများကြောင့် ၁ ဦးသေဆုံးသွားပြီး ကျန် ၅ ဦးမှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။ မြို့ခံတစ်ဦးက “လှထွဋ်က အရင်က ဒုတ်ထိုးရောင်းစားတဲ့သူ၊ အခုက စစ်တပ်နဲ့ပေါင်းပြီး ရွာသူရွာသားတွေထံကနေ ပိုက်ဆံကောက် စစ်တပ်ကိုထောက်ပံ့ပြီး ကြီးပွားနေတာ၊ အခုဆို ၂ ထပ်တိုက်အိမ်၊ ငါးဖမ်းလှေ ၄ စီး ပိုင်နေပြီ။
ပဲခူးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်ကြောင်း သာယာဝတီခရိုင် PDF ပြော
ပဲခူးရိုးမဒေသမှာ အာဏာသိမ်း စစ်ကောင်စီက စစ်ကြောင်းထိုးလာနေ၍ သာယာဝတီခရိုင် PDF အနေဖြင့် ပဲခူးတိုင်းဒေသမှာ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေသော ပဲခူးရိုးမအတွင်း စစ်ကောင်စီ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။ စစ်ကောင်စီက စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သာယာဝတီခရိုင် PDF က အသိပေးထားသည်။ “ပြည်သူတွေအနေနဲ့ ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ
မွန် လွတ်မြောက်ရေးတပ် MLA မှာ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်
မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှာ အပတ်စဉ် ၆ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လွတ်မြောက်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။ MLA စစ်ဦးစီးရုံးချုပ် GSO ဗညားမင်းကန်စီ က မွန်လူမျိုးတို့သည် ဧကရာဇ်မျိုးဖြစ်ပြီး ယာဉ်ကျေးမှု၊ အုပ်ချုပ်မှုဆိုင်ရာတို့ကို ခေတ်အဆက်ဆက်တွင် အာဏာ ပြည့်ပြည့်စုံစုံဖြင့် ဦးစွာရပ်တည်လာခဲ့ကြသည်ဟု အခမ်းအနားတွင် ပြောဆိုခဲ့သည်။ “အိုမွန်အမျိုးတို့ … အိုမွန်စစ်သည်တို့ .. ဒီနေ့သည် ငါတို့နိုင်ငံ မရှိတော့ပါ။ သူများလက်အောက်မှာ ရောက်သွားပြီး ကျွန်အမျိုး ဖြစ်သွားပါပြီ” ဟု ပြောသည်။ ထို့ကြောင့် ကျွန်ဘဝမှ လွတ်မြောက်အောင် မွန်ရဟန်းတော်လည်းကောင်း၊ မွန်တိုင်းသူပြည်သားလည်းကောင်း၊ မွန်စစ်သည် တော်တွေ လည်းကောင်း အားလုံးမှာ တာဝန်ရှိသည်ဟု
နပခ သိမ်းတိုက်ပွဲက ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ
ရခိုင်ပြည် အမ်းမြို့တွင်ရှိသော အာဏာသိမ်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်းများအား အာရက္ခတပ်တော် AA မှ ထုတ်ပြန်လာခြင်းဖြစ်သည်။