ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ
(ဆန်တစ်အိတ် ကျပ် ၂ သိန်းဈေးရှိနေ) ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိတ်ပင်နေ၍ ဒေသတွင်းဆန်ဈေးမှာ ကျပ် ၂ သိန်းအထိ မြင့်တက်နေကြောင်း သိရသည်။ ဇူလိုင်လ ပထမအပတ်ကစ၍ ဆန်သယ်ယူခွင့် တင်းကျပ်ထားသလို လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်း ကျိန္တလီဒေသခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ” အရင်ရက်ပိုင်းတွေက ဂိတ်တွေနဲ့ ညှိပြီး ငွေလည်း နည်းနည်းပေးပြီးတော့ သွားလာလို့ ရသေးတယ်။ အခုတော့ မရတော့ဘူး။ တချို့ဂိတ်တွေက အရမ်းတင်းကျပ်ထားတယ်။ ဆန် တစ်အိတ်စ နှစ်အိတ်စကို ဂိတ်တွေကို ငွေပေးပြီး သယ်လို့ ရပေမယ့် ဆန်အိတ် ဆယ်ဂဏန်း၊ ရာဂဏန်းဆိုရင်တော့ ဖြတ်သန်းခွင့် လုံးဝ
ကျိုက်မရော ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲမှု သေဆုံးသူ ၁၆ ဦးအထိ ရှိလာ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းရွာလမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရသိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ကျိုက်မရောမြို့နယ်၊ ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သေဆုံးမှု ၁၆ ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များပါဝင်ပြီး ဂျက်ဖိုက်တာ ၂ စီးသည် ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ တို့ကို အချိန်အတော်ကြာ ပျံဝဲပြီးမှ ဗုံးကြဲသွားခြင်း ဖြစ်ကြောင်း
ဘူးသီးတောင်မှာ ခမီလူမျိုး ၇ ဦး သတ်ဖြတ်ခံရ
အာရက္ခတပ်တော် ULA/AA ထိန်းချုပ်ထားသော ဘူးသီးတောင်မြို့နယ်တွင် ခမီလူမျိုး ၇ ဦးကို စစ်ကောင်စီသင်တန်းပေး မွတ်ဆလင်လက်နက်ကိုင်များက သတ်ဖြတ်သွားကြောင်း AA မှ ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။ သတ်ဖြတ်ခံရသူ ခမီလူမျိုး ၇ ဦးမှာ ဘူးသီးတောင်မြို့နယ် အမှတ် ၄ ရပ်ကွက်ရှိ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများဖြစ်ကြသည်။ ယင်းအထဲက ဦးဦးလှထွန်း၊ ဦးကျော်လှနှင့် ဦးမောင်ထွန်းတို့ ၃ ဦး ရုပ်အလောင်းကို မော်နီကိုကျေးရွာအနီးမှာ ဇူလိုင်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီမှာ တွေ့ရှိခဲ့သည်။ နောက်ထပ် ၄ ဦးမှာ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနှင့် ဦးကြာထွန်းဦးတို့ဖြစ်ပြီး ဇူလိုင်လ
မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် တောင်အာဖရိက တရားရုံးချုပ်က အမိန့်ချမှတ်
မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့၊ ဂါးဒင် (Gauteng) ခရိုင် တရားရုံးချုပ်က ဇူလိုင် ၁၉ ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း AFP သတင်းဌာနတွင် ဖော်ပြသည်။ တောင်ပိုင်းအာဖရိက တရားရေးစင်တာ (SALC) သည် သမားရိုးကျ လက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီ (NCACC) က ခွင့်ပြုပေးထားသည့် မြန်မာနိုင်ငံသို့ စစ်လက်နက် လွှဲပြောင်းရောင်းချမှုများ လုပ်ဆောင်နိုင်သော ခွင့်ပြုမိန့်များကို ပယ်ဖျက် လိုက်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထားသည်ဟု ကျိုးကြောင်းဆီလျှော်စွာ သံသယဖြစ်ခံထားရသည့် နိုင်ငံတစ်ခုသို့ စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားရန် တာဝန်တစ်ရပ်ရှိကြောင်း
အာဆီယံအစည်းအဝေး အားလုံးက စစ်ကောင်စီကို ဖယ်ထုတ်ရေး အရပ်ဘက် ၃၃၃ ဖွဲ့တောင်းဆို
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ဇူလိုင် ၂၁ မှ ၂၇ ရက်အတွင်း အစည်းအဝေးကျင်းပကြမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာစစ်ကောင်စီကို အစည်းအဝေးများအားလုံးက ဖယ်ထုတ်ပေးရန် အရပ်ဘက်အဖွဲ့ ၃၃၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုလိုက်သည်။ မြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို ထောက်ခံအားပေးရန် အရပ်ဘက်အဖွဲ့ ၃၃၃ ဖွဲ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ယနေ့ ဇူလိုင် ၂၀ တွင် တောင်းဆိုလိုက်ကြသည်။ စစ်ကောင်စီကို အာဆီယံက ဖယ်ရှားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တက်ရောက်ခွင့်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက နေ့စဉ် ပြည်သူလူထုအား သတ်ဖြတ်နေသော တရားမဝင် စစ်ကောင်စီအား အစည်းအဝေးများသို့ ဖိတ်ကြားမည်ကို စိုးရိမ်ကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။ အာဆီယံက စစ်ကောင်စီအား
စစ်ကောင်စီ ဖမ်းသွားသည့် ရခိုင်လူငယ် ၃ ဦး ပြန်လွတ်လာ၊ ပိုက်ဆံ ၄ သိန်းခွဲပေးခဲ့ရ
အိမ်နီးနားချင်းတိုင်ကြား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသော ကျောက်ဖြူဒေသခံ ရခိုင်လူငယ် ၃ ဦး ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်က ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများက ပြောသည်။ ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီက ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် ၁၆ ရပ်ကွက် မာလာမြိုင်လမ်းက ရခိုင်လူငယ် ၂ ဦးနှင့် သမိုင်းက ရခိုင်လူငယ် ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။ အဆိုပါ ရခိုင်လူငယ် ၃ ဦးမှာ အပြစ်တစ်စုံတစ်ရာ မရှိ၍ဟုဆိုကာ လှိုင်မြို့နယ် ဘာတာရဲစခန်းက ကျပ်ငွေ ၄ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးလိုက်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ရေနံနှင့် သဘာဓာတ်ငွေ့ရှာဖွေရေး ရခိုင်ကမ်းလွန်မပါတော့ပေ
လတ်တလော ဆန်းစစ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့် အသစ်ရှာဖွေမည့် စီမံကိန်းများ အစည်းအဝေးတွင် ရခိုင်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ အသစ်ရှာဖွေ ထုတ်လုပ်ရေး စီမံကိန်းများ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကို စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။ ယင်းအစည်းအဝေးမှာ စစ်ကောင်စီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအဖွဲ့က ရခိုင်ကမ်းလွန်ဒေသတွင် ရေနံနှင့်