ချင်းပြည် မင်းတပ်နှင့် ဖလမ်းတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်
စစ်ရေး သတင်း
1 min read
0

ချင်းပြည် မင်းတပ်နှင့် ဖလမ်းတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်

ဒီဇင်ဘာ ၃ - ၂၀၂၄
0

(စစ်ကောင်စီ စစ်စခန်းအချို့ကို ချင်းညီနောင်တပ်ဖွဲ့ သိမ်းပိုက်ထား) ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ စစ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း ချင်းညီနောင်တပ်ဖွဲ့ထံမှ သိရသည်။ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲ နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေပြီး ယခု ဒီဇင်ဘာလအထိမှာ မြို့တွင်းက စစ်ကောင်စီ စစ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားပြီဟု သိရသည်။ ချင်းညီနောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “လက်ရှိချိန်ထိ စစ်ရေး ဖော်ဆောင်နေဆဲပါ။ တိုက်ပွဲက ပြင်းထန်ဆဲမို့ တရားဝင်သတင်းထုတ်ပြန်ဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု ပြောသည်။ အာဏာသိမ်း စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှု တောက်လျှောက်ရှိနေသေးကြောင်းနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသေအပျောက်များလျှက်ရှိပြီး အရှင်ဖမ်းမိသည့် သုံ့ပန်းများလည်း

Continue Reading
လူမှုကွန်ရက်အသုံးပြုသူ ၁၈၄၀ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
နိုင်ငံရေး သတင်း
1 min read
0

လူမှုကွန်ရက်အသုံးပြုသူ ၁၈၄၀ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

ဒီဇင်ဘာ ၃ - ၂၀၂၄
0

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆို ဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၈၄ဝ ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အရေအတွက်မှာ၂၀၂၂ ခုနှစ်၊ ဖေဖော်ရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသော အချက်အလက်များဖြစ်ကြောင်း Data for Myanmar က ယနေ့ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူ ၁၈၄၀ ဦးထဲတွင် ၈၉၆ ဦးက ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသက ဖြစ်ပြီး ၃၆ ရာခိုင်နှုန်းရှိသော အရေအတွက်မှာ

Continue Reading
စစ်ကောင်စီတပ်သား ၃၈ ဦးကို ရှင်းလင်းနိုင်ခဲ့ဟု ကျောင်းသားလက်ရုံးတပ် ပြော
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီတပ်သား ၃၈ ဦးကို ရှင်းလင်းနိုင်ခဲ့ဟု ကျောင်းသားလက်ရုံးတပ် ပြော

ဒီဇင်ဘာ ၃ - ၂၀၂၄
0

ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း ရခိုင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့က အာဏာသိမ်း စစ်ကောင်စီတပ်သား ၃၈ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်းနှင့် ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၃၀ ခန့် နှင့် ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် မဟာမိတ်တပ်များဖြင့် အမ်း-ပဒန်းလမ်းပိုင်းတနေရာတွင် နိုဝင်ဘာလ၂၄ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားပြီး ၁၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လက်နက်ငယ် နှစ်လက်နှင့်အတူ ခဲယမ်းပစ္စည်းများကုငိလည်း သိမ်းဆည်းရရှိခဲ့ကြောင်း SAF က ဆိုသည်။ စစ်ကိုင်းတိုင်း

Continue Reading
ထိုင်းငါးဖမ်းစက်လှေများကို ပစ်ခတ်ဖမ်းဆီးခဲ့ဟု စစ်ကောင်စီ ဝန်ခံ
မှုခင်း သတင်း အလုပ်သမားသတင်း
1 min read
0

ထိုင်းငါးဖမ်းစက်လှေများကို ပစ်ခတ်ဖမ်းဆီးခဲ့ဟု စစ်ကောင်စီ ဝန်ခံ

ဒီဇင်ဘာ ၃ - ၂၀၂၄
0

ထိုင်းငါးဖမ်းစက်လှေများကို မြန်မာရေတပ်က လုပ်ထုံးလုပ်နည်းနှင့်အညီ ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝန်ခံပြောဆိုထားသည်။ ထိုင်းအစိုးရနှင့် ထိုင်းမီဒီယာများ ပြောဆိုသလို ထိုင်းရေပိုင်နက်အတွင်းသို့ မြန်မာရေတပ်က ဝင်ရောက်ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းသို့ ထိုင်းငါးဖမ်းစက်လှေများက ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ၎င်းက တုန့်ပြန်ထားသည်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာရေတပ်က ထိုင်းရေပိုင်နက်ထဲ ဝင်ရောက်ပြီး ငါးဖမ်းစက်လှေကို ဖမ်းဆီးခဲ့တာ မဟုတ်ပါဘူး။ မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ထိခိုက်သေဆုံးမှုများ မရှိခဲ့ပါဘူး” ဟု ပြောသည်။ ကော့သောင်းမြို့နယ် ကြက်မောင်ကျွန်း မြောက်ဘက်ထိပ် အရှေ့အမြောက်ဘက် ၃ မိုင်ခန့်အကွာ မြန်မာ့ရေပိုင်နက်အတွင်း

Continue Reading
စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တအောင်းဒေသမှာ နိုဝင်ဘာလအတွင်း အရပ်သား ၃၈ ဦးသေဆုံးပြီး ၇၀ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တအောင်းဒေသမှာ နိုဝင်ဘာလအတွင်း အရပ်သား ၃၈ ဦးသေဆုံးပြီး ၇၀ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂ - ၂၀၂၄
1

အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းမြောက် တအောင်းဒေသမှာ ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၃၈ ဦးသေဆုံးခဲ့ရပြီး ၇၀ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နေအိမ် ၁၃၀ လုံး ထိခိုက်ပျက်စီးသွားကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁၆ ဦးသေဆုံးပြီး ဦးဇင်း နှစ်ပါး အပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅၇ လုံးနှင့် ကား ၈ စီး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ

Continue Reading
တောင်ကုတ်မှာ စစ်ကောင်စီ ဗုံးကြဲ၍ အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာ
စစ်ရေး သတင်း
0 min read
0

တောင်ကုတ်မှာ စစ်ကောင်စီ ဗုံးကြဲ၍ အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာ

ဒီဇင်ဘာ ၂ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ခရိုင်ကျေးရွာကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ခရိုင်ကျေးရွာသည် တောင်ကုတ်မြို့ထဲ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် မြို့ပေါ်ဒေသခံများအပါအဝင် အခြားသော အရပ်သားပြည်သူများ စစ်ရှောင်နေကြသော ကျေးရွာလည်းဖြစ်သည်။ သတင်းအပြည့်အစုံကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိသူများထဲမှာ စိုးရိမ်ရသူများပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုများကို ခံယူနေရသည်ဟု သတင်းရင်းမြစ်များက ပြောဆိုကြသည်။

Continue Reading
ထိုင်းရေလုပ်သားများကို ပစ်ခတ်ဖမ်းဆီးမှု စစ်ကောင်စီ သံအမတ်ကို ထိုင်းဝန်ကြီးချုပ် ဆင့်ခေါ်
သတင်း အလုပ်သမားသတင်း
1 min read
0

ထိုင်းရေလုပ်သားများကို ပစ်ခတ်ဖမ်းဆီးမှု စစ်ကောင်စီ သံအမတ်ကို ထိုင်းဝန်ကြီးချုပ် ဆင့်ခေါ်

ဒီဇင်ဘာ ၂ - ၂၀၂၄
0

(မြန်မာရေတပ်၏ လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို) ထိုင်းငါးဖမ်းစက်လှေများကို မြန်မာစစ်သင်္ဘောက ပစ်ခတ်ဖမ်းဆီးကို ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က ကန့်ကွက်ပြောဆိုပြီး ရှင်းလင်းချက်ပေးရန် စစ်ကောင်စီ ထိုင်းသံအမတ်ကို ဆင့်ခေါ်တောင်းဆိုထားကြောင်း သိရသည်။ နိုတင်ဘာလ ၃၀ ရက်က မြန်မာစစ်သင်္ဘောများက ထိုင်းငါးဖမ်းစက်လှေများကို ပစ်ခတ်ဖမ်းဆီးစဉ် ထိုင်းရေလုပ်သား ၁ ဦးသေဆုံးကာ ၂ ဦးမှာ ဒဏ်ရာရရှိသွားကြောင်းနှင့် ၃၁ ဦးမှာ ဖမ််းဆီးခံထားရသည်။ ဖမ်းဆီးသွားသော ထိုင်းရေလုပ်သား ၃၁ ဦးထဲတွင် ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးပါပြီး ထိုင်းနိုင်ငံသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် စစ်ကောင်စီ သံအမတ်ကို ထိုင်းဝန်ကြီးချုပ်က တောင်းဆိုထားသည်။ မြန်မာစစ်သင်္ဘောများက မြန်မာ့ရေပိုင်နက်သို့

Continue Reading
စစ်ကောင်စီမှာ စစ်မှုထမ်း အမှတ်စဉ် ၅ သင်တန်းဆင်း
စစ်ရေး သတင်း
0 min read
0

စစ်ကောင်စီမှာ စစ်မှုထမ်း အမှတ်စဉ် ၅ သင်တန်းဆင်း

ဒီဇင်ဘာ ၁ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၅ သင်တန်းဆင်းပွဲကို ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်များအလိုက် ကျောင်းအသီးသီးတွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်က အတင်းပြဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အထက်ရှိသော လူငယ်များကို အတင်းအဓမ္မခေါ်ယူပြီး အခြေခံစစ်သင်တန်းပေးအပ်နေသည်မှာ ယခုအခါ အမှတ်စဉ် ၅ အထိ ရှိလာပြီဖြစ်သည်။ အမှတ်စဉ် ၅ အခြေခံစစ်သင်တန်းကို စက်တင်ဘာလ ၉ ရက်နေ့က ဖွင့်လှစ်သည့် စစ်မှုထမ်းသင်တန်းဖြစ်ပြီး ကြံ့ခိုင်ရေး၊ စစ်ရေးပြ၊ ခြေလျင်လက်နက်ငယ်၊ စစ်နည်းဗျူဟာ စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့

Continue Reading
အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကို ကျောင်းသားလက်ရုံးတပ်တော် ဖမ်းဆီး
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကို ကျောင်းသားလက်ရုံးတပ်တော် ဖမ်းဆီး

နိုဝင်ဘာ ၂၉ - ၂၀၂၄
1

ရခိုင်ပြည် အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့က အမ်း နောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် SAF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဗိုလ်မှူး ဇော်ထက်နောင် ဦးဆောင်သော စစ်ကြောင်းသည် တစ်မိုင်ကုန်းမှ ဆုတ်ခွာလာပြီး အမ်း-ပဒါန်းလမ်းတစ်နေရာ အရောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းက စောင့်ကြိုပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ဟု SAF က ပြောသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး

Continue Reading
စစ်ရေးကြောင့် အောင်တိုဘာလအတွင်း ပြည်သူ ၂၆၈ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ရေးကြောင့် အောင်တိုဘာလအတွင်း ပြည်သူ ၂၆၈ ဦးသေဆုံး

နိုဝင်ဘာ ၂၉ - ၂၀၂၄
0

ပစ်မှတ်ထား သတ်ဖြတ်ခံရ၍ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၂၆၈ ဦး သေဆုံးကာ အနည်းဆုံး ၄၉၈ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောသည်။ စစ်ဆင်ရေးများနှင့် တိုက်ပွဲများကြောင့်သာမက စစ်ကောင်စီတပ်များ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် အမည်မသိအဖွဲ့အစည်းများမှ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထိခိုက်သေဆုံးသူများထဲမှ ၁၃၇ ဦးနှင့် ဒဏ်ရာရရှိသူများထဲမှ ၃၁၂ ဦးမှာ စစ်ကောင်စီ၏ အရပ်သားများအား ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အများဆုံးဖြစ်သည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ပြောသည်။ ထို့အပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်သတ်ဖြတ်မှုများကြောင့် ထိခိုက်သေဆုံးမှုမှာ ဒုတိယအများဆုံးဖြစ်ပြီး အရပ်သားအနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄၆ ဦး သေဆုံးခဲ့သည်။ ကျူးလွန်သည့်

Continue Reading