ဂွမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ
(စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ အရပ်သား ၁၄ ဦးသေဆုံး) ရခိုင်ပြည် ဂွမြို့သိမ်းတိုက်ပွဲမှာ မြို့အနီး ၅ မိုင်ပတ်လည်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ သတင်းရင်းမြစ်တစ်ဦးက “ဆပ်သွား၊ ကမ်းသာယာ၊ လောင်းကျိုး၊ ဇီးခုံ စတဲ့ နေရာတွေမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဂွမြို့နဲ့ သိပ်မတော့ဘူး။ ၅ မိုင်ပတ်လည်အတွင်းမှာ ဖြစ်နေကြတာ။ စစ်ကောင်စီဖက်ကလည်း ဧရာဝတီဘက်ကနေ ဂွမြို့ကို အင်အားတအားကို ဖြည့်ပေးနေတာ။ လေကြောင်းပစ်ကူလည်း အဆက်မပြတ်ပါပဲ” ဟု ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ဂွမြို့နယ်မှာ အပြစ်မဲ့အရပ်သား ၁၄ ဦးအထိ သေဆုံးခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။
ချင်းပြည် ဖလမ်းမြို့နယ်ကဆေးရုံ ဗုံးကြဲခံရမှု NUG ရှုတ်ချ
ချင်းပြည် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ လုပ်ရပ်အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု NUG က ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးသွားပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။ ယင်းအပြင် ဗုံးသီးများကြောင့် ဆေးရုံအဆောက်အုံနှင့် ကျေးရွာအတွင်း
AA က တောင်ကုတ်မြို့တွင်းကို သိမ်းပိုက်လိုက်ပြီ
ရခိုင်ပြည် တောင်ကုတ်မြို့တွင်းရှိ စစ်ကောင်စီ စစ်ခစန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီး မြို့တွင်းတွင် စစ်ကောင်စီတစ်ယောက်မျှမရှိတော့ကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။ တောင်ကုတ််မြို့တွင်းကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီ၏ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်းရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း AA က ဆိုသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက တောင်ကုတ်မြို့တွင်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ မောင်းတံဂိတ် စစ်စခန်းများ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းများ၊
မြန်မာနိုင်ငံက ICC အဖွဲ့ဝင်မဟုတ်၍ ဖမ်းဝရမ်းလျှောက်ထားမှုကို အသိအမှတ်မပြုဟု စစ်ကောင်စီ တုန့်ပြန်
မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇဝတ်တရားရုံး ICC အဖွဲ့ဝင်မဟုတ် ICC ရှေ့နေချုပ်၏ ဖမ်းဝရမ်းလျှောက်ခြင်းအပေါ် အသိအမှတ်မပြုကြောင်း အာဏာသိမ်း စစ်ကောင်စီက တုန့်ပြန်ပြောဆိုသည်။ စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့က စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများနှင့် နိုင်ငံခြားသတင်းဌာနများသို့ ပေးပို့သော ဖြေကြားချက်တွင် ယင်းကဲ့သို့ တုန့်ပြန်ထားခြင်းဖြစ်သည်။ “မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။” ဟု ရေးသားထားသည်။ သို့သော်လည်း အဆိုပါ တုန့်ပြန်ချက်ကို စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာနှင့် သတင်းဌာနများတွင် တရားဝင်ဖော်ပြခြင်း မရှိသည်ကို တွေ့ရသည်။ ရခိုင်ပြည်အတွင်းက မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ICC ရှေ့နေချုပ် Karim A.A. Khan KC က
တောင်ကုတ်က စစ်ကောင်စီတပ်ရင်းများ ရိက္ခာပြတ်လပ်ပြီး လက်နက်ချ အလင်းဝင်သူများရှိနေဟုဆို
ရခိုင်ပြည် တောင်ကုတ်မြို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရင်းများမှာ ရိက္ခာပြတ်လပ်သွား၍ လက်နက်ချအလင်းဝင်သူများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မှာ စကခ ၅ တပ်မ၊ ခမရ ၅၄၄ တပ်ရင်းနှင့် ခမရ ၃၄၆ တပ်ရင်းတို့ အဓိက သုံးခုရှိသည့်အပြင် ထောက်ပို့တပ်၊ မိုင်းရှင်းလင်းရေးတပ်နှင့် ဆက်သွယ်ရေးတပ်တို့ရှိကြပြီး တပ်သားအင်အား ၇၀၀ ကျော်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားကြသည်။ တောင်ကုတ်မြို့က အဆိုပါတပ်အားလုံးကို အာရက္ခတပ်တော် AA က လနှင့်ချီ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ပြီးနောက် အောက်တိုဘာလ ၃၀ ရက်နေ့ကစ၍ အရှိန်မြှင့်ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့သည်။ စကခ ၅ တပ်မကို ကာရံထားသော
မင်းအောင်လှိုင် အရေး ICC တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကုလစုံစမ်းစစ်ဆေးရေး အကြီးအကဲပြော
လူမျိုးတုံးသတ်ဖြတ်သော မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေး ICC တရားရုံးတွင် ဖမ်းဝရမ်းလျှောက်ထားလိုက်ပြီဖြစ်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး IIMM အကြီးအကဲကလည်း ICC တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMM အနေဖြင့် ICC တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တရားဝင်ထုတ်ပြန် ကြေညာသည်။ ICC ၏ တရားလိုရှေ့နေက စုံစမ်းစစ်ဆေးရာတွင် များစွာသော အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များ၊ သက်သေများ၏ ထွက်ဆိုချက်များကို တရားလိုရှေ့နေ၏ ရုံးထံ မျှဝေပေးခြင်းဖြင့် IIMM နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ဆိုသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးများအပေါ် ကျူးလွန်သည့်
စစ်ကောင်စီ ဗုံးကြဲ၍ သံတွဲမှာ အရပ်သား ၈ ဦး ဒဏ်ရာရ
ရခိုင်ပြည် သံတွဲမြို့နယ် နန်းချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နန်းချောင်းကျေးရွာသည် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာဖြစ်ပြီး စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော ရွာလည်းဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ မအေးသန္တာထွေး (၁၇ နှစ်)၊ မောင်ခန့်ပိုင်စိုး (၁၇ နှစ်)၊ မအိမြင့်မြတ်ဖြိုး (၁၇ နှစ်)၊ ကိုအောင်ခန့်ကျော် (၂၄ နှစ်)၊ ဦးကျော်လင်းသူ (၄၀ နှစ်)၊ ဒေါ်ငယ်မရီး (၅၀ နှစ်)၊ ဦးမောင်ရိုင်သိန်း (၅၈ နှစ်) ဒေါ်ခင်၀င်း (၇၁ နှစ်) တို့ဖြစ်သည်။ ပြီးခဲ့သည့်
စစ်တွေ ကယ်ဆယ်ရေးရပ်ကွက်က ဒေသခံများကို စစ်ကောင်စီနှင်ထုတ်နေ
ရခိုင်ပြည် စစ်တွေမြို့ ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းရှိ ကယ်ဆယ်ရေးရပ်ကွက် အောင်ထွန်းသိန်းရွာက ဒေသခံပြည်သူများကို စစ်ကောင်စီ လက်ပါးစေ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့၊ စစ်သားများက နှင်ထုတ်နေကြောင်း မြို့ခံများက ပြောသည်။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက နှင်ထုတ်နေကြောင်း အသက် ၅၀ အရွယ် မြို့ခံတစ်ဦးက ပြောသည်။ “ကယ်ဆယ်ရေးရပ်ကွက် အကွက် ၁ ဘေးက အောင်ထွန်းသိန်းရွာဆိုတာရှိတယ်။ ကြယ်နီစက်ပစ္စည်းအရောင်းဆိုင်နောက်က အိမ်တန်းတွေပေါ့။ တရွာလုံးနီးပါးကို နှင်ထုတ်နေတာ။ တရွာလုံးဆိုတော့ အရေအတွက်က များတာပေါ့။ ဘာအကြောင်းပြချက်မှ မရှိဘဲ နှင်ထုတ်နေတယ်လို့ သိရတယ်။ ပြည်သူတွေမှာက ဘာတတ်နိုင်မှာလဲ။ သေနတ်တွေ၊ အာဏာတွေ လာပြောရင် သွားရတာပဲ” ဟု ပြောသည်။ နှင်ထုတ်ခံရသည့် အောင်ထွန်းသိန်းရွာသားများမှာ
မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် ICC ရှေ့နေချုပ်က ဖမ်းဝရမ်းလျှောက်ထား
မွတ်ဆလင်များ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရှေ့နေချုပ်က ဖမ်းဝရမ်းလျှောက်ထားလိုက်ပြီး လပိုင်းအတွင်း ဖမ်းဆီးရန် ဝရမ်းထွက်ရှိလာနိုင်သည်ဟု သိရသည်။ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် လျှောက်ထားလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်း ထုတ်ပြန်ထားသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်အတွင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များ
လွိုင်ကော်လာသော စစ်ကြောင်းကို ကရင်နီတပ်များတိုက်ခိုက်
ကရင်နီပြည် (ကယား) လွိုင်ကော်မြို့အနီးကို လာသော စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကာ ၆ ဦးအရှင်ဖမ်းမိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့မှတစ်ဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်ဖြင့် ချီတက်လာသော စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး လက်နက် ၂၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဖုန်းနိုင်နှင့် ကရင်နီစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။ “မိုးဗြဲမြို့၊ ကုန်းသာရွာတိုက်ပွဲမှာ ၅ ယောက်အရှင်မိတယ်၊ လက်နက် ၂၂ လက်ရပါတယ်။ ကျနော်တို့ သိမ်းဆည်းရရှိတာလောက်ပဲ သိရသေးတယ်။ တိုက်ပွဲက ၂၅ ၊