AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်
ရခိုင်ပြည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အာရက္ခတပ်တော် AA ထံ လက်နက်ချ အညံ့ခံရန် အောက်ခြေတပ်ဖွဲ့ဝင်များ အထက်လူကြီးနှင့်ညှိနှိုင်းမှုရှိနေကြောင်း နခခ မိသားစုဝင်များထံမှ သိရသည်။ လာရောက်ညှိနှိုင်းသော အောက်ခြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ အထက်အရာရှိများက ပါးရိုက်ပြီး ပြန်လွှတ်လိုက်ကြောင်း နခခ ရဲတပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။ ” နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက စစ်တိုက်ဖို့ မောင်တော သွားတာမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးယူဖို့ သွားတာပါ။ စစ်တိုက်ချင်တာမဟုတ်ဘူး။ အထက်က အမိန့်အရသာ မဖြစ်သာလို့ တိုက်နေရတာ။ သေဖို့ကို အားလုံးက ကြောက်နေကြတယ်။ AA ကို တိုက်လို့လည်း နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အထက်လူကြီးတွေနဲ့ AA ဆီမှာ
စစ်တွေ ဒေသခံ ၂၀၀ ကျော်ထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငွေညှစ်နေ
■ စစ်တွေ ဒေသခံ ၂၀၀ ကျော်ထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငွေညှစ်နေ
စစ်ကောင်စီ ဖမ်းဆီးသွားသည့် စစ်တွေမြို့က အရပ်သား ၂၀၀ ကျော် ပြန်လွတ်လာခြင်း မရှိသေး (ရုပ်သံ)
ရခိုင်ပြည်၊ စစ်တွေမြို့ မင်းဂံ ရပ်ကွက်များက အရပ်သား အမျိုးသား၊အမျိုးသမီး၊ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ညဉ့်အချိန်တွင် ဝင်ရောက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေထိုင်သူများက Western News ကိုပြောသည်။ ဇွန် ၁၆ ရက်နေ့ ညဉ့် ၁၂ နာရီခွဲခန့်မှ စ၍ မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အမျိုးသား၊ အမျိုးသမီး အယောက် ၂၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “ညီမတို့ အကွက် ၉ က ဆိုရင် အသက်ကြီးပိုင်းနဲ့
စစ်တွေ မင်းဂံရပ်ကွက်က အရပ်သား ၂၀၀ ကျော် ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား
ပုံစာ – ၂၀၂၂ ခုနှစ်၊ ရခိုင်စစ်ရေးကာလ စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -CJ)
မနေ့က တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စကခ (၅)မှ ဗိုလ်ကြီး အောင်ဇော်ထွန်း ကျ
Western News| ဇွန် ၁၆ ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဇော်ထွန်း ကျသွားကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ်အရ သိရသည်။ ဇွန် ၁၅ရက်နေ့ ည ၈နာရီအချိန်ခန့်က တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း တောင်ကုတ်မြို့ခံများက Western News ကိုပြောသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ က ညတိုက်ပွဲမှာ စကခ၅ က တပ်ထောက်ဗိုလ်ကြီး အောင်ဇော်ထွန်းကျတယ်။ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှာ ထိတွေ့မှုဖြစ်ကြတာပါ။
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်ရှိတွင် စစ်ရှောင် ၂၅,၀၀၀ ခန့်သည် အလှူရှင်များလိုအပ်နေ
အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်ပြည် သံတွဲမြို့နယ်တွင် စစ်ဘေးရှောင် ၂၅,၀၀၀ ခန့်ရှိနေသည်။ဂေါ့ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာက ပိတ်မိနေသော အရပ်သားပြည်သူများ ထောင်နှင့်ချီကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးနိုင်ခဲ့သည်။
၄ လအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို သတ်ဖြတ်
(ရခိုင်မှာ မေ၊ ဇွန် ပထမပတ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၁၂၂ ဦး ကျော်ရှိ) ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်း အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၄ လတာ ကာလအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဖြစ်စဉ်ပေါင်း ၄၆ ကြိမ်ရှိပြီး အရပ်သားသေဆုံးသူ ၃၆၉ ဦးရှိခဲ့သည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ဆိုသည်။ ၎င်းတို့အပေါ် စစ်ကောင်စီသည် လေကြောင်းအသုံးပြုခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့်
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ရှိနေသေး
(သံတွဲတိုက်ပွဲ စစ်ရှောင်အရေအတွက် တိုးလာနေ၊ ခန့်မှန်းခြေ ၂၅,၀၀၀ ခန့်ရှိ) ရခိုင်ပြည် သံတွဲမြို့နယ် ဂေါ့ကျေးရွာအနီး ဂေါ့တောင်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ရှိနေသေးကြောင်း စစ်ရေးအခြေအနေသိသူများထံမှ သိရသည်။ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နံနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။” ဂေါ့တောင်တိုက်ပွဲကတော့ ဆက်ရှိနေပါသေးတယ်။ မနေ့ကတောင် သံတွဲလေဆိပ်အနီးမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ ဟိုး အရင်ရက်တွေတုန်းကလောက် တိုက်ပွဲက သိပ်မပြင်းဘူး။ ဒီ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးက တိုက်ပွဲကတော့ ဖြစ်ကြတာ မကြားမိဘူး။ ” ဟု ပြောသည်။ ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတစ်ဝိုက်နှင့်
စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ
စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်မှုကြောင့် ရခိုင်ပြည် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှ ကျေးရွာအချို့မှာ ယခုရက်ပိုင်းအတွင်းကစ၍ တိမ်းရှောင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။တိမ်းရှောင်နေရသည့် ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုး၊ အောင်ဇေယျ၊ ခမောင်းတော၊ ကန်ချောင်းနှင့် ပေါက်တောမြို့နယ် ကြိမ်ခွေမော် သဝင်ချောင်းတို့အပါအဝင် ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။ ပေါက်တောမြို့နယ်ကို စစ်တွေရှိ စစ်ကောင်စီတပ်ရင်းနှင့် ရေတပ်တို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံများတိမ်းရှောင်နေရသည်ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။ “စစ်တွေကနေလက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ရွာတွေမှာကျတယ်။ စစ်တွေကနေအရင်ကတည်းက ခုလိုပစ်ခတ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အခုကပိုဆိုးလာတော့ ဘယ်သူမှမနေရဲကြတော့တာ။ ဒါကြောင့် လက်နက်ကြီးကျတဲ့ ကျေးရွာကဒေသခံတွေဟာ တစ်ခြားနယ်တွေမှာ သွားရှောင်နေကြတယ်” ဟုပြောသည်။ ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုလည်း ထိုနည်းတူစွာ လက်နက်ကြီးများဖြင့်