စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ
သတင်း
1 min read
48

စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ

ဇွန် ၁၄ - ၂၀၂၄
0

စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်မှုကြောင့် ရခိုင်ပြည် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှ ကျေးရွာအချို့မှာ ယခုရက်ပိုင်းအတွင်းကစ၍ တိမ်းရှောင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။တိမ်းရှောင်နေရသည့် ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုး၊ အောင်ဇေယျ၊ ခမောင်းတော၊ ကန်ချောင်းနှင့် ပေါက်တောမြို့နယ် ကြိမ်ခွေမော် သဝင်ချောင်းတို့အပါအဝင် ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။ ပေါက်တောမြို့နယ်ကို စစ်တွေရှိ စစ်ကောင်စီတပ်ရင်းနှင့် ရေတပ်တို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံများတိမ်းရှောင်နေရသည်ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။ “စစ်တွေကနေလက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ရွာတွေမှာကျတယ်။ စစ်တွေကနေအရင်ကတည်းက ခုလိုပစ်ခတ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အခုကပိုဆိုးလာတော့ ဘယ်သူမှမနေရဲကြတော့တာ။ ဒါကြောင့် လက်နက်ကြီးကျတဲ့ ကျေးရွာကဒေသခံတွေဟာ တစ်ခြားနယ်တွေမှာ သွားရှောင်နေကြတယ်” ဟုပြောသည်။ ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုလည်း ထိုနည်းတူစွာ လက်နက်ကြီးများဖြင့်

Continue Reading
စစ်ကောင်စီတပ်ဖွဲ့ဝင်များ VPN အကြောင်းပြပြီး ခြိမ်းခြောက်ငွေညစ်နေ
နိုင်ငံရေး သတင်း
1 min read
89

စစ်ကောင်စီတပ်ဖွဲ့ဝင်များ VPN အကြောင်းပြပြီး ခြိမ်းခြောက်ငွေညစ်နေ

ဇွန် ၁၄ - ၂၀၂၄
0

ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့တွင် စစ်ကောက်စီ လက်အောက်ခံ စစ်သားများနှင့် ရဲတပ်သားများမှာ လမ်းသွားလမ်းလာ ပြည်သူများထံမှ လက်ကိုင်ဖုန်းများကို ရှောတခင်ဝင်ယူ စစ်ဆေးပြီး VPN (Virtual Private Network) ဆော့ဝဲလ်များတွေ့လျှင် ခြိမ်းခြောက်ငွေညစ် တောင်းယူနေကြောင်း သိရသည်။စစ်ကောင်စီက အတည်မပြုသေးသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို အကြောင်းပြ၍ မြေပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လမ်းသွားလမ်းလာများ၏ ဖုန်းများကို VPN ရှိမရှိ စစ်ဆေးနေသည်။မျက်မြင်တွေ့ရှိသူတစ်ဦးက ” အခုဆို ကျနော်တို့ ဖုန်းတောင် အပြင်မယူရဲတော့ဘူး။ လမ်းပေါ်မှာ တားပြီးစစ်တယ်။ ကားပေါ်မှာ စစ်လို့ တွေ့ရင်တော့ ဖမ်းတာတွေရှိတယ်။ ဖမ်းတာဆိုတာကလည်း သူတို့က ပိုက်ဆံတောင်းတာပေါ့။ ပြီးရင် ဆော့ဝဲလ်ဖျက်ပေးပြီး ပြန်လွှတ်ပေးတယ်” ဟု ပြောသည်။

Continue Reading
မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ
နိုင်ငံရေး သတင်း
1 min read
49

မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ

ဇွန် ၁၄ - ၂၀၂၄
0

ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဆင်ရေးစတင်နေပြီဟု ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။ မတူပီမြို့ထဲက စစ်ကောင်စီတပ်ခန်းများကို မကွေးတိုင်းအခြေစိုက် ယောတပ် YA နှင့် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်ဟု ချင်းညီနောင်များက ပြောဆိုထားပြီး အာရက္ခတပ်တော် AA လည်းပါဝင် တိုက်ခိုက်ပေးနေသည်ဟု နီးစပ်သူများထံမှ သိရသည်။ လက်ရှိတွင် မတူပီမြို့အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ချင်းညီနောင်တော်လှန်ရေး ပူးပေါင်းတပ်က မတူပီရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းလိုက်ပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။ ချင်းပြည်ထဲက မကွီးအိမ်နူး၊ ကျင်ဒွေး၊ ဝေဘူလ၊ ရိဒ်ခေါဒါရ်၊ နှာရိန်နှင့် ဆူခွာမြို့ စသည့် မြို့များကို ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပြီဖြစ်သည်။ ပုံစာ – မတူပီမြို့

Continue Reading
စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး
နိုင်ငံရေး သတင်း
1 min read
56

စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

ဇွန် ၁၄ - ၂၀၂၄
0

(ယင်း ၁၂ ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီခေါ်လာသူ လူတစ်စုက ဖောက်ထွင်းနေ) ရခိုင်ပြည် စစ်တွေမြို့အနီး ကျေးရွာ ၁၂ ရွာက ရွာသားများအားလုံး တစ်ယောက်မကျန်ကို ယနေ့ ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အတင်းပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့သော်လည်း ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် အဓမ္မပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။မပြောင်းရွှေ့လိုသည့် ရွာသားများနှင့် အိမ်စောင့်ကျန်ခဲ့သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးကာ ငွေပေးမှ လွှတ်ပေးခဲ့ကြောင်း ကြွီတဲရွာသားများက ပြောသည်။ ” ကျမတို့ ကြွီတဲရွာမှာ မပြောင်းရွှေ့လိုတဲ့သူတွေရှိတယ်။ အိမ်ကပစ္စည်းတွေ၊ ကျွဲတွေ၊ နွားတွေ ပျောက်မှာစိုးလို့ အိမ်စောင့်ကျန်ခဲ့တာရှိတယ်။ သူတို့တွေကို လိုက်ဖမ်းတာ။ ၁၀ ယောက်ကျော် ပါသွားတယ်။

Continue Reading
မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော
နိုင်ငံရေး သတင်း
1 min read
64

မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော

ဇွန် ၁၄ - ၂၀၂၄
0

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိနေပြီး ယင်းအနက် တစ်သန်းခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာသည့်နှင့်အမျှ မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေသည်လည်း စံချိန်တင်မြင့်တက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ထံမှ သိရသည်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများအနက် သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် ၎င်းတို့၏ အနာဂတ်များ ပျောက်ဆုံးသွားကြရကြောင်း UNOCHA က ဇွန်လ ၁၀ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၌ နက်နဲရှုပ်ထွေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ယနေ့ ဇွန်လ ၁၃

Continue Reading
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
နိုင်ငံရေး သတင်း
1 min read
327

ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်

ဇွန် ၁၄ - ၂၀၂၄
2

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား သတ်ဖြတ်ခံရမှု တိုးလာနေပြီး သေဆုံးသူ ၇၈ ဦးအထိ ရှိလာနေပြီဖြစ်သည်။မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း နှိပ်စက်သတ်ဖြတ်ခံရသူ ၇၆ ဦးရှိခဲ့ပြီး စစ်ကြောရေးဒဏ်ရာကြောင့် စစ်တွေဆေးရုံ၌ ဆေးကုသခံယူနေသူများထဲမှ နောက်ထပ် ၂ ဦး ဇွန်လ ၁၁ ရက်နေ့တွင် သေဆုံးခဲ့ရသည်။ မေလ ၂၉ ရက်နေ့က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းသည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကလေးပါမကျန် အမျိုးသားအမျိုးသမီးအားလုံးကို ဖမ်းဆီးကာ နှိပ်စက်ရိုက်နှက်ခဲ့သည်။ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား အားလုံးကို ဆက်လက်ဖမ်းဆီးထားသည်။ဗျိုင်းဖြူရွာနှင့် နီးစပ်သူတစ်ဦးက ” အရေအတွက်

Continue Reading
တရုတ်က စစ်ကောင်စီကို ကင်းလှည့်ရေယာဉ် ၆ စီးပေးအပ်
သတင်း
1 min read
47

တရုတ်က စစ်ကောင်စီကို ကင်းလှည့်ရေယာဉ် ၆ စီးပေးအပ်

ဇွန် ၁၄ - ၂၀၂၄
0

တရုတ်က စစ်ကောင်စီကို ကင်းလှည့်ရေယာဉ် ၆ စီးပေးအပ်

Continue Reading
ရန်ကုန်-သမ္မတရုပ်ရှင်ရုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ
သတင်း
1 min read
70

ရန်ကုန်-သမ္မတရုပ်ရှင်ရုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

ဇွန် ၁၄ - ၂၀၂၄
0

ရန်ကုန်မြိုလယ်ရှိ သမ္မတရုပ်ရှင်ရုံတွင် ရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY မှ လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြမှုတွင် “လွတ်လပ်စွာအနုပညာဖန်တီးခွင့်ကို ကန့်သတ်ပိတ်ပင်သည့် ပုဒ်ထီးပုဒ်မများ အလိုမရှိ”၊ “စစ်ဖိနပ်အောက်မှာ ပန်းမပွင့်ဘူး”၊ “Without freedom there is no art” စာတန်းများကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး ရုပ်ရှင်လာကြည့်ကြသည့် ပြည်သူအချို၀န်းရံအားပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

Continue Reading
စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်
နိုင်ငံရေး သတင်း
1 min read
276

စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်

ဇွန် ၁၄ - ၂၀၂၄
0

စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်

Continue Reading
စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ
သတင်း
1 min read
58

စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ

ဇွန် ၁၄ - ၂၀၂၄
0

စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ

Continue Reading