မိတ္ထီလာ ရှမ်းတဲလေတပ် တိုက်ခိုက်ခံရ၊ သေဆုံးမှုရှိ
မန္တလေးတိုင်းဒေသက မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၅ နာရီခန့်တွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုအချို့ရှိကြောင်း သိရသည်။ ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်နေရာများကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရှော့တိုက်ဒုံး ၁၃ လုံးထက်မနည်းဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း မိတ္ထီလာတော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။ “ရှမ်းတဲလေတပ်မှာ အရာရှိ ၁ ဦးနဲ့ စစ်သည်တချို့ သေဆုံးဒဏ်ရာရတယ်လို့ သိရတယ်။ အရေအတွက်တော့ မသိရဘူး။ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိတယ်လို့ပဲ သိရတယ်” ဟု ဆိုသည်။ စစ်ကောင်စီဖက်ကလည်း ရှမ်းတဲလေတပ်စခန်း တိုက်ခိုက်ခံရခြင်းကို အတည်ပြုထုတ်ပြန်ထားပြီး ဒရုန်းများလာရာလမ်းနှင့် လွှင့်တင်ခဲ့သည့် နေရာများကို ဒရုန်းများပြန်လွှတ်ပြီး လိုက်လံရှာဖွေစစ်ဆေးနေကြောင်း ပြောသည်။
စစ်ကောင်စီ လေယာဉ်တစ်စီးကို ပစ်ချပြီး အမ်း ပဲပဒုံစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်
မြန်မာစစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသော အာရက္ခတပ်တော် AA က အမ်းမြို့အဝင် ဌာနပေါင်းစုံ ပဲပဒုံစစ်ဆေးရေးဂိတ်ကို ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက်အစောပိုင်းက သိမ်းပိုက်လိုက်ပြီဟု သိရသည်။ ပဲပဒုံစစ်ဆေးရေးဂိတ်အနီးက BE တပ်ကို ပြီးခဲ့သည့်အပတ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့မှာ စစ်ဆေးရေးဂိတ်ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသော စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ဒီနေ့ မနက် အာရုံလောက်မှာလို့တော့ ပြောပါတယ်။ ပဲပဒုံစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်လိုက်ပြီလို့။ ကိုယ့်လူတွေ စစ်ဆေးရေးဂိတ်သို့ ရောက်သွားပြီလို့ ပြောပါတယ်။ စစ်ကောင်စီက ပဲပဒုံစစ်ဆေးရေးဂိတ်အနီးနဲ့ BE တပ်အနီးဝန်းကျင်ကို နေ့လယ် ၁၂ နာရီလောက်ကနေ အခုအချိန်အထိ ဗုံးကြဲတိုက်ခိုက်နေတယ်။ ထိခိုက်သေဆုံးမှုတော့ ကျနော်လည်းမသိဘူး။” ဟု
ရခိုင်နယ်စပ်တိုက်ပွဲပြင်းထန်နေချိန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီသံအမတ် တွေ့ဆုံ
(ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက နယ်စပ်တစ်လျှောက် လုံခြုံရေးစိုးရိမ်ကြောင်း ပြော) ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Jashim Uddin နှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ စစ်ကောင်စီ သံအမတ် ဦးကျော်စိုးမိုးတို့ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ကြသည်။ မြန်မာပြည်တွင်း ပဋိပက္ခများကြောင့် နယ်စပ်တလျှောက် လုံခြုံရေးစိုးရိမ်မှုများရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် လှေများကို မော်တာကျည်များဖြင့် ပစ်ခတ်ခဲ့သည်ကို သတိပြုမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Jashim Uddin က တွေ့ဆုံပွဲတွင် စစ်ကောင်စီသံအမတ်ကို ပြောကြားခဲ့သည်။ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်အတွင်း ဆိုးရွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ရှမ်းမြောက်တွင် နယ်စပ်ဂိတ်များကို တရုတ်လည်းပိတ်၊ စစ်ကောင်စီလည်းပိတ်ထား၍ ကုန်သည်များအားလုံး အခက်ကြုံ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်မှ ကုန်သယ်ယူမှုများကို တရုတ်က ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် စတင်ပိတ်ပင်လိုက်ကြောင်း သိရသည်။ အခြားနယ်စပ်ဂိတ်ပေါက်ဖြစ်သော မန်ဝိန်းပေါက်ဂိတ်ကို စစ်ကောင်စီက ပိတ်ထားသဖြင့် ကုန်သည်များအားလုံး အခက်ကြုံနေရကြောင်း မူဆယ်ဒေသမှ ကုန်သည်များက ပြောသည်။ လုပ်ငန်းသုံးမဟုတ်သော သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်သည့် ခရီးသည်တင်ကား၊ သုံးဘီးဆိုင်ကယ်၊ လက်တွန်းလှည်း စသည့် ယာဉ်များကို ယနေ့မှစပြီး တရုတ်နိုင်ငံတွင်းသို့ ကုန်စည်သယ်ယူပို့ဆောင်ခွင့် မပြုကြောင်းတော့ သိရသည်။ ကြယ်ဂေါင်မှ ပြည်ဝင်ပြည်ထွက်ကုန်များအားလုံးသည် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှတစ်ဆင့် ဝင်ထွက်ရမည်ဖြစ်သည်။ မူဆယ် နယ်စပ်ကုန်သည်တစ်ဦးက “မူဆယ်မှာ ဆင်ဖြူဂိတ်ပေါက်က ကုန်စည်သယ်ရမယ့် ဂိတ်ပေါက်မဟုတ်ဘူး။ အရင်ကတော့ နားလည်မှုနဲ့ သုံးဘီဆိုင်ကယ်တွေ လှည်းတွေနဲ့ ကုန်စည်တွေ သယ်ကြတာ။ ဒီမနက်
စစ်ကောင်စီက သံတွဲနှင့် ဘူးသီးတောင်ကို လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ
စစ်ကောင်စီလေကြောင်းက ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ သံတွဲနှင့် ဘူးသီးတောင်မြို့တို့မှ ဘုန်းတော်ကြီး တစ်ပါးအပါအဝင် အရပ်သား ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၃နာရီအချိန်ခန့် က စစ်ကောင်စီလေကြောင်းက ဗုံးကြဲချမှုကြောင့် သံတွဲမြို့၊ အမှတ် ၈ရပ်ကွက်ရှိ TMP စက်ရုံနှင့် အံတော်တံတားထိပ်သို့ ပေါင် ၅၀၀ဗုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက Western News ကိုပြောသည်။ အသက် ၃၅ နှစ်အရွယ် သံတွဲ ဒေသခံတစ်ဦးက “စိတ်မနှံတဲ့ အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ် အမျိုးသမီးတစဦးသေဆုံးပါတယ်။ သုံးနေရာလာပြီး ဗုံးလာကြဲချသွားတာပါ။ TMP
မာန်အောင်မှာ ဆေးဝါးသယ်ယူရေး စစ်ကောင်စီ ကန့်သတ်
(စစ်ကောင်စီ နေဗီက ငါးဖမ်းသမားများကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်နေ) ရခိုင်ပြည် မာန်အောင်မြို့နယ်သို့ စားသောက်ကုန်ပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်ရေးကို အာဏာသိမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက တင်းကျပ်စွာ စစ်ဆေးနေပြီး ဆေးဝါးသယ်ယူခွင့် လုံးဝမပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။ မာန်အောင် ဒေသခံတစ်ဦးက “ဒီလထဲ အရင်ကထက် ပိုပြီး အစစ်အဆေး တင်းကျပ်တယ်။ စစ်ဆေးတာက ကုန်တင်သင်္ဘော အဝင်အထွက်တွေ အဓိက ပါတယ်။ အထုပ်တွေ အကုန်ဖြေချပြီးတော့ကို စစ်တာ။ အရင်ကလည်း စစ်ဆေးတာတွေရှိပေမယ့် အခုလောက်မဆိုးဘူးပေါ့နော်။ ဆေးဝါးဆို လုံးဝယူလို့ မရတော့ဘူး။ ပါလာလို့တွေ့ရင် သူတို့ ယူထားလိုက်ကြတယ်” ဟုပြောသည်။ မာန်အောင်မြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လကစ၍ စစ်ဆေးရေးဂိတ်များနှင့် အင်အားကို
မင်းအောင်လှိုင်ကို ကြိုဆိုသော အနုပညာရှင်များ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နယ်မှာ နိုဝင်ဘာလ ၆, ၇ ရက်များတွင် ကျင်းပခဲ့သည့် မဲခေါင်အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်ခေါင်းဆောင်လည်းဖြစ် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော ခေါင်းဆောင်လည်းဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြန်ခရီးကို မြန်မာ့အနုပညာရှင်အချို့က အားရဝမ်းသာစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။ နေ့စဉ် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံက ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် ပါဝင်သော ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး အပါအဝင် ဂျင်းနီ၊ ယုန်လေးနှင့် ဒိန်းဒေါင်တို့ပါ ကြိုဆိုခဲ့ကြသည်ကို
AA ထိုးစစ်ကြောင့် တောင်ကုတ် ကိုင်းရှည်တံတားရှိ အထိုင် စစ်ကောင်စီတပ်စခန်းများ တပ်ပြန်ဆုတ်
(တံတား နှစ်စင်းလုံးတွင် စစ်ကောင်စီတပ်က မိုင်ထောင်ထားခဲ့) ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကိုင်းရှည်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်နောက်ပြန်ဆုတ်သွားပြီး တံတားများတွင် မိုင်းထောင်ထားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယခုရက်ပိုင်းများတွင် AA ၏ ထိုးစစ်အရှိန်ကြောင့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့က စ၍ တပ်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး မြို့ထဲ တပ်ရင်းများသို့ ပူးပေါင်းသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာ အထိုင်ချပြီးတော့ တပ်စွဲထားတာရှိတယ်။ မနေ့ညကစပြီး မရှိတော့ဘူး။ မြို့ထဲဖက်ကို တပ်ဆုတ်သွားပြီ၊ တစ်ချို့ကတော့ မြို့ထဲက စကခ ၅ နဲ့ ပေါင်းသွားကြတယ်လို့ သိရတယ်။ အခုက AA က
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝေဖန်မှုဖြင့် ငါးမင်းဆွေ ဖမ်းဆီးခံရ
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူမှုကွန်ရက် Facebook မှ Live လွှင့် သရော်မှုဖြင့် ငါးမင်းဆွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၉ ရက်နေ့တွင် ကျိုက်ထိုရဲစခန်းက ငါးမင်းဆွေကို လာရောက်ခေါ်ယူသွားခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း ငါးမင်းဆွေက Live လွှင့်ပြောဆိုသွားသည်။ “ကျနော့်ကို ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်။ လာခေါ်ရတဲ့အကြောင်းအရင်းက ကျနော့်ကို ရန်ကုန်၊လှိုင်မြို့နယ်မှာ ၅၀၅ (က) နဲ့ အမှုဖွင့်”ထားပါတယ်တဲ့။ အဲဒီကိစ္စနဲ့ကျနော့်ကို
အမ်းမြို့ (နပခ) တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဖမ်းဆီးရမိ
View Post တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးအား ဖမ်းဆီး ရရှိကြောင်း ချင်းကာကွယ်ရေးတပ်-အရှို CDF – Asho ထုတ်ပြန်သည်။ အာရက္ခတပ်တော် AA မှ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၄ ဦးအား မကွေးတိုင်းနှင့် ရခိုင်ပြည်စပ်ရှိ CDF – Asho ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း CDF – Asho နိုဝင်ဘာ ၈ ရက်နေ့တွင်က ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က အမ်းမြို့ နပခရှိ