အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးဖော်တော့မည်ဟု BPLA ကွက်ကဲရေးမှူးပြော
စစ်ရေး သတင်း
1 min read
0

အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးဖော်တော့မည်ဟု BPLA ကွက်ကဲရေးမှူးပြော

အောက်တိုဘာ ၂၈ - ၂၀၂၄
0

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA သည် အညာဒေသမှာ အခြေချပြီး စစ်ဆေင်ရေးများ ဖော်ဆောင်တော့မည်ဟု တာဝန်ရှိသူက ထုတ်ပြောလာသည်။ BPLA ကွက်ကဲရေးမှူး မောင်ဆောင်းခ က ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများအား ထုတ်ပြန်အသိပေးခဲ့သည်။ “ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ် ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ရေးသားထုတ်ပြန်ခဲ့သည်။ BPLA အဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းကို လက်မခံရာမှ နွေဦးတော်လှန်ရေးနှင့်အတူ ဖြစ်ပေါ်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး

Continue Reading
စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်မခံဟု IEC ထုတ်ပြန်
နိုင်ငံရေး
1 min read
0

စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်မခံဟု IEC ထုတ်ပြန်

အောက်တိုဘာ ၂၈ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လုံးဝ လက်မခံဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက်သည် ဒီမိုကရေစီအင်အားစုများကြား သွေးခွဲရန် ရည်ရွယ်ချက်ဖြင့် အတုအယောင် ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေခြင်းဖြစ်သည်ဟု IEC က ဆိုသည်။ အကြမ်းဖက် အဖွဲ့ဖြစ်သည့် မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ ရက်စက်ကြမ်းကြုတ်မှုများကို လူထုပေါင်းစုံမှ တက်ညီလက်ညီ ဆန့်ကျင့်ကြသဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်နီကောင်စီ IEC က ပြောသည်။ “စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှုမရှိတော့သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှုမှာလည်း မြန်မာတစ်နိုင်ငံလုံး

Continue Reading
AA ထံ စစ်ဆုံးရှုံးနေသည့် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနေ
စစ်ရေး
1 min read
0

AA ထံ စစ်ဆုံးရှုံးနေသည့် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနေ

အောက်တိုဘာ ၂၈ - ၂၀၂၄
0

ရခိုင်တွင် စစ်ပွဲတိုင်းအရှုံးနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ်နှင့် ခံစစ်များကို မလုပ်ဆောင်နိုင်တော့ဘဲ လေကြောင်းမှ ပေါင် ၅၀၀ ရှိသည့် ဗုံးသီးများဖြင့် ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဗုံးကြဲနေသည်။ စစ်ကောင်စီတပ်သည် ခံစစ်နှင့် ထိုးစစ်မှာ ရခိုင်တွင် အရှုံးနိမ့်သွားပြီး လေကြောင်းကသာ တိုက်ခိုက်မှုများ ပိုလုပ်နေလာကြောင်း မြို့အချို့မှာလည်း ခံစစ်အတွက် ပြင်းပြင်းထန်ထန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ရခိုင်က စစ်ရေး စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။ “စစ်ကောင်စီက ခံစစ်နဲ့ ထိုးစစ်က လုံးဝ ရှုံးသွားပြီ၊ ရာခိုင်နှုန်းပြည့် ရှုံးသွားပြီးလို့ ပြောလို့ ရပါတယ်။ လက်ရှိထိန်းချုပ်ထားတဲ့ နေရာကလည်း သိပ်မရှိတော့ဘူးလေ၊ စစ်ကောင်စီတပ်က အရမ်းအရေးပါတဲ့ နေရာတွေကို AA ဖက်က ပတ်ပတ်

Continue Reading
ကျောက်ဖြူမြို့ထဲဝင်ဖို့ နယ်ခံများ ငွေ သိန်းချီပေးနေရ
သတင်း
1 min read
0

ကျောက်ဖြူမြို့ထဲဝင်ဖို့ နယ်ခံများ ငွေ သိန်းချီပေးနေရ

အောက်တိုဘာ ၂၈ - ၂၀၂၄
0

ရခိုင်ပြည် ကျောက်ဖြူမြို့ထဲသို့ ဝင်ရောက်နိုင်ရေး ကျေးလက်ဒေသက နယ်ခံများ ငွေကျပ် ၈ သိန်းနှင့်အထက်ကို ပေးနေရကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။ ကျောက်ဖြူမြို့အဝင် ၁၀ မိုင်ခန့်အကွာ ဟိုက်ဝေးလမ်းမပေါ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၄ ခုထက်မနည်းရှိပြီး တစ်ဂိတ်ကို ငွေကျပ် ၂ သိန်းအနည်းဆုံးပေးနိုင်မှ မြို့ထဲသို့ ဝင်ရောက်နိုင်ကြောင်း နယ်ခံတစ်ဦးက ပြောသည်။ ” ကျောက်ဖြူမြို့က မြို့ပတ်ပတ်လည်မှာ စစ်ကောင်စီက မိုင်းတွေထောင်ထားတော့ နေရာတိုင်းက ဝင်ထွက်ဖို့ မလွယ်ကူဘူး။ ခိုးဝင် ခိုးထွက်ဖို့လည်း မလွယ်ဘူး။ ဟိုက်ဝေး လမ်းမပေါ် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး အဓိက ဝင်ကြတယ်။ ဇင်ချောင်း-ကျောက်ဖြူအဝင်မှာ ဂိတ် ၄ လောက်ရှိတယ်။ တစ်ဂိတ်ကို အနည်းဆုံး

Continue Reading
PDF များကြောင့် ပြည်သူ ၆၇၀၀ ကျော် သေဆုံးကြောင်း စစ်ကောင်စီ ထုတ်ပြန်
စစ်ရေး
1 min read
0

PDF များကြောင့် ပြည်သူ ၆၇၀၀ ကျော် သေဆုံးကြောင်း စစ်ကောင်စီ ထုတ်ပြန်

အောက်တိုဘာ ၂၈ - ၂၀၂၄
0

(စစ်ကောင်စီနှင့် လက်ပါးစေ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၇၁၂ ဦး သေဆုံးမှုရှိလာ) NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကြောင့် ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ရဟန်း သံဃာ အပါအဝင် ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားသည်။ ၆၇၀၀ ကျော်ထဲတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦးနှင့် ရဟန်း သံဃာ ၈၄ ပါး ပါဝင်ခဲ့ကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်

Continue Reading
ဘုတလင်တွင် စစ်တပ်က အရပ်သားများကို ခေါင်းဖြတ်သတ်ဖြတ်မှုများ ကုလလုံခြုံရေးကောင်စီတွင် တင်ပြ၊ ထိရောက်သော အရေးယူမှုမရှိလျှင် ဆက်လက်ကျူးလွန်နေမည်ဟု ဦးကျော်မိုးထွန်း သတိပေး
စစ်ရေး သတင်း
1 min read
0

ဘုတလင်တွင် စစ်တပ်က အရပ်သားများကို ခေါင်းဖြတ်သတ်ဖြတ်မှုများ ကုလလုံခြုံရေးကောင်စီတွင် တင်ပြ၊ ထိရောက်သော အရေးယူမှုမရှိလျှင် ဆက်လက်ကျူးလွန်နေမည်ဟု ဦးကျော်မိုးထွန်း သတိပေး

အောက်တိုဘာ ၂၈ - ၂၀၂၄
0

စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်သတ်ဖြတ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါင်းဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ထစ်ပြီး ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သော လူမဆန်သော ယင်းလုပ်ရပ်များကို ထိရောက်သော အရေးယူမှုမရှိလျှင် စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဟု ၎င်းက သတိပေးလိုက်သည်။ အောက်တိုဘာလ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “Women, Peace and Security: Women Building Peace in a Changing Environment”ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအတွင်း ဦးကျော်မိုးထွန်း ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉

Continue Reading
စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အလျင်အမြန်ပိတ်ဆို့ အရေးယူရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights အဖွဲ့ တောင်းဆို
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အလျင်အမြန်ပိတ်ဆို့ အရေးယူရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights အဖွဲ့ တောင်းဆို

အောက်တိုဘာ ၂၆ - ၂၀၂၄
0

စစ်ကောင်စီထံ လေယာဉ်လောင်စာဆီနှင့် စစ်လက်နက် တင်ပို့မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အလျင်အမြန်ပိတ်ဆို့ အရေးယူပေးရန်အတွက် အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights က အောက်တိုဘာလ ၂၄ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပေါ်တားဆီးနိုင်ရေးအတွက် စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အမြန်ဆုံးရပ်တန့်ရန် Fortify Rights အဖွဲ့က ပြောသည်။ Fortify Rights လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက “စစ်ကောင်စီက ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်နေ တာတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ကုလသမဂ္ဂအနေနဲ့ကတော့ ကြည့်နေဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အာဏာရှင်တွေရဲ့ အကြမ်းဖက် အုပ်စိုးမှုကို

Continue Reading
၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ကြောင့် ပြင်ဦးလွင်ကို စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
စစ်ရေး သတင်း
1 min read
0

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ကြောင့် ပြင်ဦးလွင်ကို စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

အောက်တိုဘာ ၂၆ - ၂၀၂၄
0

မနက်ဖြန် အောက်တိုဘာ ၂၇ ရက်သည် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်၍ အာဏာသိမ်း စစ်ကောင်စီသည် ပြင်ဦးလွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး လုံခြုံရေး တိုးမြှင့်ထားသည်။ စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် တပ်လှန့်ထားပြီး ယနေ့ နံနက်ပိုင်းတွင် ဖုန်းလိုင်းတချို့နှင့် Wi-Fi အင်တာနက်လိုင်းတချို့ ပြတ်တောက်သွားကြောင်း တပ်သတင်းရင်းမြစ်နှင့် ဒေသခံ ပြည်သူများက ပြောသည်။ “၁၀၂၇ နှစ်ပတ်လည်ရှိလို့ လုံခြုံရေး တိုးမြှင့်ထားတယ်” ဟု ပြင်ဦးလွင်မှ တပ်သတင်းရင်းမြစ်က ဆိုသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၌ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကြောင့် စစ်ကောင်စီမှာ အလွန်အထိနာခဲ့ပြီး လောက်ကိုင်၊

Continue Reading
ဂွနှင့် ဧရာဝတီကြား စစ်ကောင်စီဂိတ်များ အဖမ်းအဆီးကြမ်း
သတင်း
1 min read
0

ဂွနှင့် ဧရာဝတီကြား စစ်ကောင်စီဂိတ်များ အဖမ်းအဆီးကြမ်း

အောက်တိုဘာ ၂၆ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့နှင့် ဧရာဝတီတိုင်းဒေသကြားရှိ အာဏာသိမ်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှာ လိုင်စင်မပါသော ဆိုင်ကယ်များကိုပါ ဖမ်းသည်အထိ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အထူးသဖြင့် ဧရာဝတီဘက်ကို တစ်ပိုင်တစ်နိုင် စားနပ်ရိက္ခာလာဝယ်သော ဂွမြို့နယ်ဒေသခံများကို အဓိက ဖမ်းဆီးနေသည်ဟု ကမ်းသာယာဒေသခံတစ်ဦးက ပြောသည်။ ” အခု ဧရာဝတီဘက်မှာ ဆိုင်ကယ်တွေပါ စစ်ဆေးဖမ်းနေတယ်။ ကျနော်တို့ ဒေသမှာက နယ်မှာက ဆိုင်ကယ်မှာ လိုင်စင်မရှိတာ၊ ဆိုင်ကယ်မှာရှိရင်လည်း လူမှာ ယာဉ်မောင်းလိုင်စင်မရှိတာက များတယ်လေ။ လိုင်စင်မရှိရင် လူကိုလည်းဖမ်းတယ်။ ဆိုင်ကယ်ကိုလည်း ဖမ်းတယ်။ ဗေဒါ အထိကို ဆင်းပြီးဖမ်းနေတာ။ နောက်ဆိုရင် ဒေါင်းချောင်းစစ်ဆေးရေးဂိတ်အထိ ဆင်းပြီး ဖမ်းမယ်လို့ ပြောတယ်။ တော်တော်လေးကို အဖမ်းကြမ်းနေတာ။

Continue Reading
စစ်အာဏာရှင်စနစ် ကျရှုံးရမည်ဟု KIO ဥက္ကဌပြော
စစ်ရေး သတင်း
1 min read
0

စစ်အာဏာရှင်စနစ် ကျရှုံးရမည်ဟု KIO ဥက္ကဌပြော

အောက်တိုဘာ ၂၅ - ၂၀၂၄
0

မြန်မာစစ်တပ်ဦးဆောင်သော စစ်ကောင်စီ၏ အာဏာရှင်စနစ် ဧကန်မုချ ကျရှုံးရမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။ ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ကျရောက်သည့် KIO တည်ထောင်နေ့ ၆၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးသည် မြန်မာပြည်သူတစ်ရပ်လုံး ပါဝင်ထောက်ခံသော တော်လှန်ရေးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဧကန်မုချကျဆုံးမည်ဟု ပြောသည်။ နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြင့် ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။ ပြည်သူ့စစ်အဖွဲ့များအနေဖြင့်လည်း စစ်တပ်လက်အောက်ခံအဖြစ်မှ ရုပ်သိမ်းပြီး KIO နှင့်အတူ ပူးပေါင်းကြရန် ၎င်းက သတိပေးသည်။ KIO

Continue Reading