စစ်ကောင်စီ အပစ်ရပ်သည့်အတိုင်း KIO ကလည်း အပစ်ရပ်
အာဏာသိမ်း စစ်ကောင်စီက ငလျင်ကယ်ဆယ်လုပ်ငန်းများကြောင့် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာ အပစ်ခတ်ရပ်သည်ဟု ထုတ်ပြန်ထားသည်။ စစ်ကောင်စီ အပစ်ရပ်ကြေညာထားသည့်အတိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကလည်း ယင်းကာလအတွင်း ပစ်အခတ်ရပ်စဲသည်ဟု ဧပြီလ ၂ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်အသိပေးထားသည်။ KIO က ထိုးစစ်များအား ရပ်နားထားမည်ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ၎င်း၏ ကတိကဝတ်များကို လိုက်နာရန် လိုအပ်သည်ဟု KIO ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။ “တိုက်ပွဲဆင်နွှဲနေကြသူတွေ အားလုံး အပစ်ရပ်အပေါ် လိုနာဖို့လိုအပ်တယ်။ စစ်ကောင်စီကလည်း လိုက်နာဖို့ လိုအပ်တယ်။ ငလျင်သင့်ဒေသတွေကို ပြန်လည်ထူထောင်ရေး ရေရှည်လုပ်မှာဖြစ်တယ်”
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ ထိုင်းကိုသွားမည်
ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု သိကြသည့် BIMSTEC အစည်းအဝေး တက်ရောက်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဟု သိရသည်။ ယမန်နေ့ ဧပြီလ ၂ ရက်တွင် စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ မြဝတီရုပ်သံဌာနက အသိပေး ကြေညာခဲ့ပြီး အဆိုပါ BIMSTEC အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်သည်။ ထိုင်းခရီးစဉ်အတွင်း မင်းအောင်လှိုင်က အစည်းအဝေး တက်ရောက်လာသည့် အစိုးရအဖွဲ့အကြီးအကဲများနှင့် တွေ့ဆုံပြီး ငလျင်ကြောင့် ကြုံတွေ့နေရသည့် အခြေအနေများကို ဆွေးနွေးသွားမည်ဟု ဆိုသည်။ မင်းအောင်လှိုင်၏ BIMSTEC အစည်းအဝေး
ရက် ၂၀ကြာ အပစ် ရပ်ကြောင်း စစ်ကောင်စီ ကြေညာ
ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ရက် ၂၀ ကာလကို ယာယီအပစ် ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဧပြီလ ၂ ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာသည်။ ငလျင်ဒဏ်သင့် ပြည်သူလူထုအား စာနာထောက်ထားပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ယင်းကဲ့သို့ အပစ်ခတ် ရပ်စဲခြင်း ဖြစ်ကြောင်း ဆိုသည်။ အပစ်ရပ်စဲကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ထိခိုက်ပျက်စီးစေခြင်းများ ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ဆိုသည်။ ထို့အပြင် ယင်းထုတ်ပြန်ချက်တွင် ပြည်သူလူထု၏
ငလျင်လှုပ်ခတ်ချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် စားပွဲအောက် ဝင်ပုန်းနေခဲ့
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်ချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော်က ၎င်း၏ ရုံးခန်း စားပွဲအောက်တွင် ဝင်ပုန်းနေခဲ့သည်ဟု မင်းအောင်လှိုင်က ပြောသည်။ ဧပြီလ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ငလျင်အတွက် အလှူခံပွဲအခမ်းအနားတွင် မင်းအောင်လှိုင်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ငလျင်လှုပ်တဲ့အချိန် ရုံးထဲမှာ ငလျင်လှုပ်တာ သိသိချင်းအချိန်မှာ စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်။ ငလျင်လှုပ်တာ နည်းနည်း ငြိမ်းသွားတဲ့အခါမှာလည်း လုံခြုံရေး ရုံးအဖွဲ့တွေက အပြင်မှာနေဖို့ အကြံပြုတဲ့အတွက် အပြင်မှာ တစ်နာရီကျော် မတ်တပ်ရပ်ပြီး နေ့ခဲ့ရတယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ငလျင်လှုပ်ခတ်၍ ရုံးအဆောက်အဦး အပြင်ဘက်တွင် ၁
တရုတ်ကြက်ခြေနီ ယာဉ်တန်းကို သေနတ်မိုးပေါ် ထောင်ပစ်ခဲ့ဟု စစ်ကောင်စီ ဝန်ခံ
ငလျင်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ပြုလုပ်ရန် လာရောက်သော တရုတ်ကြက်ခြေနီအသင်း ယာဉ်တန်းကို ရှမ်းမြောက် နောင်ချိုမြို့နယ်တွင် သေနတ်မိုးပေါ် ထောင်ပစ်ခဲ့ဟု အာဏာသိမ်း စစ်ကောင်စီက ပြောခွင့်ရက ဝန်ခံထားသည်။ ဧပြီလ ၁ ရက်နေ့ ညနေ ၉ နာရီ ၃၀ မိနစ်အချိန် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာအနီးတွင် တရုတ်ကြက်ခြေနီအသင်း၏ ကူညီကယ်ဆယ်ရေး ယာဉ်တန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်တားဆီးခဲ့သည်။ ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ တိုက်ပွဲဧရိယာအတွင်းသို့ ရောက်ရှိလာ၍ သေနတ် မိုးပေါ်ပစ်ခတ်ပြီး တားဆီးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားသည်။ “အခုဖြစ်ခဲ့တဲ့ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကိုရော သက်ဆိုင်ရာ စစ်သံရုံးကိုရော အကြောင်းကြားထားခြင်းမရှိဘူး။ ဖြစ်တဲ့နေရာကတော့ နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးမှာ ဖြစ်ခဲ့တာ။
ငလျင်ဘေး နိုင်ငံတော် ဘတ်ဂျက် ကျပ် ၅၀၀ ဘီလီယံ အသုံးပြုမည်ဟု စစ်ခေါင်းဆောင်ပြော
ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဒေသများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ်ဘီလီယံ ၅၀၀ ကို အသုံးပြုသွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ဧပြီလ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ငလျင်အတွက် အလှူငွေများ လက်ခံသည့် အခမ်းအနားမှာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နိုင်ငံတော်ဘတ်ဂျက်မှ အသုံးပြုသွားမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကတိပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအတွင်း နိုင်ငံတကာကို အကူညီတောင်း ဖိတ်ခေါ်ခဲ့၍ နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်ကူညီခဲ့ရာ ကူညီကယ်ဆယ်ရေး လေယာဉ် ၃၆ စီး ရောက်ရှိနေပြီး ကယ်ဆယ်ရေး ဝန်ထမ်းပေါင်း ၁၁၄၃
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တစ်လတာ အပစ် ရပ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်
Western News| ဧပြီ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသော နေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ကြေညာသည်။ မဟာမိတ် သုံးဖွဲ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြသည်။ အာရက္ခတပ်တော် AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့က အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့ ဧပြီ ၁ရက်နေ့ ညနေမှာ ထုတ်ပြန်သည်။ နိုင်ငံတွင်း ငလျင်နောက်ဆက်တွဲ
မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် သေဆုံးသူ ၄ ဦးရှိ
မန္တလေးမြို့ အိုးဘိုအကျည်းထောင်တွင် ငလျင်ကြောင့် သေဆုံးသူ ၄ ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ယနေ့ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယခုသေဆုံးသူမှာ အကျဉ်းသားမှန်း၊ အကျဉ်းဝန်ထမ်းမှန်း ခွဲခြား အတည်မပြုနိုင်သော်လည်း သေဆုံးကြောင်းကိုမူ အတည်ပြုနိုင်ကြောင်း PPNM က ပြောသည်။ အမျိုးသားဆောင် အလုပ်ရုံပြိုကျခဲ့၍ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း၊ အမျိုးသမီး အဆောင် ၁ နှင့် ၂ ပြိုကျ၍ အနည်းဆုံး အမျိုးသမီး ၂ ဦးသေဆုံးသွားပြီး နောက်ထပ် ၁ ဦး စုစုပေါင်း ၄ ဦးကို အတည်ပြုထားနိုင်သည်ဟု PPNM က ထုတ်ပြန်ထားသည်။ နောက်ထပ်လည်း
ငလျင်ဒဏ် သင့်နေအချိန် မြောက်ဦးနှင့် ကျောက်ဖြူကို စစ်ကောင်စီ တိုက်ခိုက်၊ အရပ်သား ၃ ဦးသေ ၇ ဦး ဒဏ်ရာရ
အာဏာသိမ်း စစ်ကောင်စီက မြောက်ဦးမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီး ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာကို နေဗီက လက်နက်ကြီးနှင့် ပစ်ခတ်၍ သံဃာတော်အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ကိုရင်အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရရှိသွားသည်။ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ကို မတ်လ ၃၁ ရက် ည ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၆၆ နှစ်အရွယ် ဦးအောင်ကျော်ဇံ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ “မနေ့က ည ၈ နာရီကျော်လောက်မှာ Cluster (ပဒေသာဗုံး) တစ်လုံးနဲ့ အလယ်ဈေးရပ်ကွက်ကို ဗုံးကြဲခဲ့တယ်။ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။ ဒီလောက်ဗျာ
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးမှု များပြားနေချိန် သတင်းလာယူခွင့် စစ်ကောင်စီ ပိတ်ပင်
ငလျင်ဒဏ်ကြောင့် လူများ ထိခိုက်သေဆုံး၊ ပျက်စီးမှု များပြားနေချိန် နိုင်ငံတကာမှ သတင်းမီဒီယာများ လာရောက် သတင်းရယူခွင့်ကို အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ကြောင်း မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ အင်အား ၇.၇ ဖြင့် အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားသော ငလျင်အခြေအနေကို နိုင်ငံတကာသတင်းဌာနများက မြန်မာနိုင်ငံတွင်းသို့ လာရောက်ကာ သတင်းရယူခွင့် တောင်းဆိုနေကြခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က ပယ်ချလိုက်ခြင်းဖြစ်သည်။ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ” နိုင်ငံခြား သတင်းထောက်များ လာဖို့ ခွင့်တောင်းတာ ရှိပါတယ်။ နိုင်ငံခြားသတင်းထောက်များအနေနဲ့ ဒီကိုရောက်လာရင်လည်း ကျနော်တို့ တည်းစရာ၊ နေစရာများ အဆင်မပြေပါဘူးခင်ဗျာ။ ဟိုတယ်တော်တော် များများကလည်း ထိခိုက်ပျက်စီးတာရှိတယ်။ လျှပ်စစ်မီးကလည်း တော်တော်များများ နေရာမှာ