မြန်မာ့ပဋိပက္ခ ပိုဆိုးလာ၍ ၇ ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှု ထိုင်းကုမ္ပဏီများ ရုပ်သိမ်း
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပဋိပက္ခ ပိုဆိုးရွားလာ၍ မြန်ပြည်ထဲက ထိုင်းကုမ္ပဏီများက ၇ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ယခင်က ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တတိယမြောက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံထားသော နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ အဆင့် ၅ သို့ ကျဆင်းသွားကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။ မြန်မာနိုင်ငံအတွင်း ထိုင်းကုမ္ပဏီများက စီမံကိန်း ၁၅၅ ခုတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ယင်းအထဲက စီမံကိန်း ၅၀ မှာ မြန်မာပြည် တည်ငြိမ်မှုမရှိ၍ဟုဆိုကာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ရုပ်သိမ်းပြီး ထွက်ခွာသွားကြောင်းနှင့် ကျန်ရှိ
လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၁ ဦးသေဆုံး
ကိုးကန့်တပ် MNDAA အုပ်ချုပ်ရာ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းက ဖော်ပြသည်။ သေဆုံးသွားသူမှာ ဆီအောကျေးရွာက အသက် ၃၇ နှစ်အရွယ် Wang ဖြစ်ပြီး ဦးခေါင်းအနောက်ဘက် ထိခိုက်ဒဏ်ရာဖြင့် သေဆုံးသွားရခြင်းဖြစ်သည်။ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တုံချိန်ဒေသရှိ Royal Lever ဟိုတယ်နှင့် International ဟိုတယ်တို့ ထိခိုက်ပျက်စီးခဲ့ရပြီး အနီးအနားက နေအိမ်များလည်း ထိခိုက်ပျက်စီးသွားသည်။
စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်က လက်မခံ၍ မောင်တော နတ်မြစ်တွင်းတွင် မျောနေ
အာရက္ခတပ်တော် AA ထိုးစစ်ကြောင့် စက်လှေနှစ်စီးဖြင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဖက်က လက်မခံ၍ မောင်တော နတ်မြစ်တွင်း၌ မျောနေကြောင်း သိရသည်။ မောင်တောမြို့အား အလုံးစုံသိမ်းပိုက်နိုင်ရန် AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်သား ၁၀၀ ကျော်မှာ စက်လှေနှစ်စီးဖြင့် ဘင်္ဂလားဒေ့ရှ်ဖက် ဝင်ရောက်ရန် ဇူလိုင်လ ၁၄ ရက်နေ့က ကြိမ်းပမ်းခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGP က တားဆီးပိတ်ပင်မှုကြောင့် မောင်တောမြို့သို့လည်း မလာရဲဘဲ နတ်မြစ်အတွင်း သောင်တင်မျောနေခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြကြသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၁၀၀ ကျော်မှာ မည်ကဲ့သို့ ဖြစ်ပျက်နေကြသည်ကို နောက်ဆုံးသတင်းအချက်အလက် ဘင်္ဂလားဒေ့ရှ်ဖက်ကလည်း ထုတ်ဖော်မပြောသလို စစ်ကောင်စီဖက်ကလည်း
AA က တစ်နိုင်ငံလုံးလွှမ်းခြုံသည့် အာဏာကို လုပ်မည်မဟုတ်ဟု ICG မြန်မာအကြံပေးပြော
အာဏာသိမ်း စစ်ကောင်စီ ကျဆုံးရှုံးသွားမည်ကို မြင်ချင်သော်လည်း စစ်ကောင်စီနေရာတွင် အစားထိုးနေရာယူမည်ဆိုသည်မှာ အာရက္ခတပ်တော် AA ၏ မူလရည်မှန်းချက် မဟုတ်ကြောင်း International Crisis Group (ICG) မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီက ပြောသည်။ အာရက္ခတပ်တော် AA အနေဖြင့် ၎င်းတို့၏ မူလရည်မှန်းချက်ဖြစ်သော အာရက္ခအိပ်မက်ကို အကောင်အထည်ဖော်မှာ ရင်ဆိုင်ကိုင်တွယ်ရမည့်အရာ များပြားလှကြောင်း ရစ်ချက်ဟော်ဆီက သုံးသပ်ထားသည်။ နိုင်ငံတကာ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး နည်းလမ်းများ အကြံပြုရန် ဖွဲ့စည်းထားသည့် ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် ICG အဖွဲ့မှ မြန်မာ့အရေး အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက ဘီဘီစီနှင့် တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အာရက္ခတပ်တော် အနေဖြင့် နေပြည်တော်အထိ
တရုတ်အစည်းအဝေး ကျင်းပနေချိန် MNDAA ထိုးစစ်ရပ်မည်
တရုတ်ကွန်မြနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးကျင်းပနေချိန် ကိုးကန့်တပ် MNDAA က စစ်ကောင်စီတပ်အား ထိုးစစ်ရပ်နားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ တရုတ်အစည်းအဝေး ကျင်းပမည့် ဇူလိုင်လ ၁၄ ရက် ည ၁၂ နာရီကနေ ၁၈ ရက်အတွင်း ၄ ရက်တာကာလ စစ်ကောင်စီတပ်အား ပစ်ခတ်မှုရပ်နားမည်ဟု MNDAA က ပြောဆိုထားခြင်းဖြစ်သည်။ သို့သော်လည်း ၄ ရက်တာကာလ အပစ်ရပ်နားထားချိန် စစ်ကောင်စီတပ်မှ တိုက်ခိုက်လာပါက တန်ပြန်ခုခံတိုက်ခိုက်နိုင်ကြောင်း MNDAA ၎င်းတို့တပ်ရင်းများကို ညွှန်ကြားထားသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အစည်းအဝေးကျင်းပနေချိန် ရက်အတွင်း ထိုးစစ်ပစ်မှုနားရခြင်းကို မည်သည့်အတွက်ကြောင့်ဟုဆိုကာ အသေးစိတ်ရှင်းလင်းမှုအား MNDAA က ပြောဆိုထားခြင်းမရှိပေ။ အပစ်ရပ်ခြင်းနှင့် တရုတ်အစည်းအဝေး မည်ကဲ့သို့
ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်နေသည့် မိုင်းရယ်မြို့ကို SSPP တပ်စွဲ နေရာဝင်ယူ
ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေချိန် ရှမ်းတပ်တစ်ခုဖြစ်သည့် SSPP/SSA က မိုင်းရယ်ဒေသမှာ အင်အား ၁၀၀၀ ကျော်ဖြင့် တပ်စွဲနေရာယူလိုက်ကြောင်း သိရသည်။ မဟာမိတ် ကိုးကန့်တပ် MNDAA ကို အကြောင်းကြားပြီး မိုင်းရယ်ဒေသကို ဇူလိုင်လ ၁၂ ရက်နေ့ ညက ဝင်ရောက်ခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။ မိုင်းရယ်မြို့က စစ်ကောင်စီတပ်ရင်းများကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းအချိန်တွင် SSPP က ဝင်ရောက်တပ်စွဲရသည့် အကြောင်းအရင်းကို ယခုလိုပြောသည်။ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆုက “ ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ
သံတွဲနှင့် မောင်တောတွင် မိုင်းအန္တရာယ်ရှိကြောင်း AA သတိပေး
သံတွဲမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် တပ်ဆုတ်သွားသော စစ်ကောင်စီတပ်သားများ စွန့်လွှတ်မိုင်းများ ထားရှိခဲ့၍ ဒေသခံပြည်သူများ အထူးသတိပြုကြရန် အာရက္ခတပ်တော် AA က သတိပေးလိုက်သည်။ စစ်ရေးပြင်းထန်နေသော သံတွဲနှင့် မောင်တောမြို့များတွင် စစ်ကောင်စီသည် အဆိုပါ မြို့နှစ်မြို့အား ခံစစ်အဖြစ်ပြင်ဆင်နေသကဲ့သို့ မြို့တွင်းသို့ဝင်ရောက်နိုင်သည့် နေရာများ၊ တံတားများနှင့် ၎င်းတို့စခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကို တွေ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။ သိမ်းပိုက်ထားသော မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်သားများက စွန့်လွှတ်မိုင်းများထားခဲ့၍ အရပ်သားပြည်သူလူထုများမှာ နေ့တိုင်းလိုလို အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု AA က ဆိုသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း သံတွဲမြို့၊