ကျောက်ဖြူက လူငယ်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီးသွား
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် သိုင်းချောင်းအုပ်စု ပြားကျွိန်ကျေးရွာက အသက် ၃၃ နှစ်အရွယ် လူငယ်တစ်ဦးကို ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ ၃၄ တပ်ရင်းက ဇူလိုင်လ ၁၉ ရက် နံနက် ၃ နာရီတွင် အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။ ပြားကျွိန်ကျေးရွာက လူငယ်မှာ လင်းလင်း (ခေါ်) စိုးလင်းအောင် ဖြစ်ပြီး ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်စီးပြီးသွားရန် ကျောက်ဖြူမြို့ထဲ ဆွေမျိုးအိမ်၌ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ” ကျမသားက ကျောက်ဖြူမြို့ထဲမှာ လေယာဉ်မှတ်ဖြတ်ဖို့ စောင့်နေတာပါ။ ဆွေမျိုးတစ်ယောက်အိမ်မှာ။ ဇူလိုင် ၁၉ မနက်အာရုံ ၃ နာရီမှာ စစ်ကောင်စီတပ်သားတွေက ကားနဲ့ လားဖမ်းသွားပါတယ်။
ရှမ်းတောင်ပိုင်းကို RCSS သျှမ်းတပ် ကာကွယ်မည်ဟုဆို
ရှမ်းပြည်နယ် တောင်ပိုင်းဒေသတည်ငြိမ်ရေးနှင့် ပြည်သူလူထုကို ကာကွယ်သွားမည်ဟု သျှမ်းတပ် RCSS/SSA က ထုတ်ပြန်ကြေညာလိုက်သည်။ ဇူလိုင်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ RCSS မှ ကျင်းပခဲ့သော ၆ လပတ်အစည်းအဝေးတွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်တောင်းပိုင်းကို ကာကွယ်သွားမည်ဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာရခြင်း၊ အသက်သေဆုံးရခြင်းနှင့် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်များ အခက်အခဲဖြစ်နေကြသည်ကို RCSS/SSA က များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။ အာဏာသိမ်း မြန်မာစစ်တပ်ကြောင့် ၃ နှစ်ကျော်ကာလအတွင်းမှာ တိုင်းပြည်အနှံ့ စီးပွားရေးကျဆင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းနှင့် တရားဥပဒေစိုးမိုးမှု အားနည်းလာကြောင်း ပြောသည်။
စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမ်းက အလယ်တန်းပြ ကျောင်းဆရာ မိသားစုနှင့် အဆက်အသွယ်မရသေး
ရခိုင်ပြည် အမ်းမြို့နယ် အမှတ် ၂ ရပ်ကွက်မှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၃ ရက်နေ့က ဖမ်းဆီးသွားပြီး မိသားစုဝင်များမှာ ယခုအချိန်အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ကျောင်းဆရာမှာ အမှတ် ၂ ရပ်ကွက်နေ အသက် ၄၀ အရွယ်ရှိ ဦးတင်မိုးထွန်းဖြစ်ပြီး မိသားစုဝင်များကို စစ်ကောင်စီက အကြောင်းကြားမှု လုံးဝမရှိသေးကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “၂၃ ရက် မနက်ပိုင်းက ဖမ်းသွားတာပါ။ အိမ်က ဖမ်းသွားတာတော့ မဟုတ်ဘူး။ သူ့ကို ရဲစခန်းကဆင့်ခေါ်တယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်တာ။ အခု ရဲစခန်းမှာလည်း မရှိဘူး။ စခန်းကနေ ဘယ်ကို ယူသွားလဲ
မွတ်ဆလင်များအား အတင်းအကျပ် စစ်မှုထမ်းခြင်းမှ ရပ်တန့်ရေး Fortify Rights တောင်းဆို
ရခိုင်ပြည်နှင့် အခြားနေရာဒေသများတွင် မြန်မာစစ်ကောင်စီ၏ တရားမဝင် အတင်းအကျပ်စစ်မှုထမ်းခေါ်ဆောင်ခြင်းလှုပ်ရှားမှုကို ရပ်တန့်ရမည်ဟု Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် တောင်းဆိုလိုက်သည်။ ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှားသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မွတ်ဆလင်ဒုက္ခသည်များအား အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်နေခြင်းကိုလည်း ရပ်တန့်တားဆီးသင့်သည်ဟု ဆိုသည်။ Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်က္ခသည်များကို အတင်းအကြပ်ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပို့ဆောင်နေကြောင်း သိရသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မွတ်ဆလင်ဒုက္ခသည်များမှာ စစ်ကောင်စီထံ အတင်းအကျပ်စစ်မှုထမ်းနေရ၍ ယင်းလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုနှင့် လူကုန်ကူးမှု မြောက်သည်ဟု Fortify Rights က ဆိုသည်။ Fortify Rights မှ Human Rights
ဂွနှင့် ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ နေရပ်စွန့်ခွာ
ရခိုင်ပြည် တောင်ပိုင်းဒေသ လူအင်အားနှင့် လက်နက်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းနေသော ဂွဒေသမှာ စစ်ကောင်စီတပ်ရင်းများ စစ်ကြောင်းထိုးနေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။ ဂွမြို့နှင့် ကျိန္တလီမြို့ကြားရှိ တပ်စခန်းများကို သွားလာလှုပ်ရှားခြင်းနှင့် အနီးအနားဒေသများကို နယ်မြေလုံခြုံရေးအကြောင်းပြ၍ စစ်ကြောင်းများ မကြာခဏ ထိုးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” ပြီးခဲ့တဲ့ နှစ်ရက်က ဂွနဲ့ ကျိန္တလီကြားမှာ တပ်ဖြန့်ထားတာတွေ့ရတယ်။ တပ်စခန်းတွေကို လက်နက်ပို့တာ၊ လူပို့တာနဲ့ အနီးအနားကျေးရွာတွေ၊ တောတောင်တွေကို စစ်ကြောင်းပတ်သွားတာ တွေ့ရတယ်။ လူတွေက စစ်ဖြစ်တော့မှာ ထင်ပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြပြီ။ ” ဟု ပြောသည်။ အာဏာသိမ်း စစ်ကောင်စီသည် AA ထံ သံတွဲမြို့ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေဖြစ်နေချိန်
တောင်ပိုင်းစစ်ဒေသ SOF ၏ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ
(ဓါတ်ပုံသတင်း) တောင်ပိုင်းစစ်ဒေသတွင် SOF တပ်ဖွဲ့၏ အပတ်စဥ် ၆ အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင် အလံတော်နှင့် ကျဆုံးရဲဘော်များကို အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း သိရသည်။ SOF တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ မင်းအောင်လှိုင်၏ စစ်မှုမထမ်းမနေရ စစ်သားစုဆောင်းခြင်းနှင့်
ချင်းအချင်းချင်း ပူးပေါင်းရန် CB ကို CNF ဖိတ်ခေါ်
(CNF က အာဏာရှင်ဆန်သော အစိုးရသစ် ဖွဲ့စည်းနေဟု CB က ပြန်ပြော) ချင်းတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ချင်းညီနောင်အဖွဲ့ CB ကို ချင်းအမျိုးသားတပ်ဦး CNF က ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ ချင်းပြည်ထဲက စစ်ကောင်စီများကို တိုက်ထုတ်ရန်နှင့် ချင်းပြည် ချင်းလူထုလက်ထဲသို့ အပြည့်အဝ ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ CB ကို CNF နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ် ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်သည့် ဆလိုင်းဘွေလျန်မန်း က အာအက်ဖေနှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ” ကျနော်တို့ NUG နဲ့တောင် ပေါင်းတာပဲ။ ကျနော်တို့ ချင်းညီကိုအချင်းချင်းကြားထဲမှာ တိုက်စရာခိုက်စရာအကြောင်းမရှိဘူး။ အဲဒါကြောင့်