ထားဝယ်မှာ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း သပိတ်စတင်
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက ထားဝယ်မြို့နယ် တနေရာတွင် ဇွန် ၃၀ ရက်နေ့က သံဃာတော်များက ဦးဆောင်ပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက် လှုပ်ရှားမှု လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မှု စတင်ခဲ့ကြောင်း ယင်း မြို့ရှိ ပြည်သူများထံမှ သိရသည်။ အဆိုပါ ချီတက်ဆန္ဒပြပွဲကို ထားဝယ်ခရိုင် သံဃာတော်များက ဦးဆောင်၍ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့ ပြောကြားချက်များအရ သိရ သည်။ “တိုင်းပြည်နှင့် သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်အလိုမရှိ” ဆိုင်းဘုတ်ကိုင်ကာ “သံဃာကို သတ် မင်းအောင်လှိုင်တပ် အလိုမရှိ၊ လူမိုက်ကိုကူ သီတဂူ အလိုမရှိ
ရှမ်းမြောက် တိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံး၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ
စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီက တံတား ၅ စင်းကို ဖျက်ဆီးခဲ့ ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းတပ်မတော် TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၂၀ ကျော်ရှိ သေဆုံးသည်ဟု TNLA က ပြန်သည်။ ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲအတွင်းမှာ ဇွန် ၂၅ ရက်ကနေ ၂၈ ရက်အထိ ၄ ရက်တာအတွင်း ပြည်သူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ
(DMG သတင်းဌာနမှ စစ်ကောင်စီကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ) ရခိုင်ပြည် အခြေစိုက် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးမီဒီယာအုပ်စု DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ထောင်ဒဏ် ၅ နှစ်စီ အာဏာသိမ်းစစ်ကောင်စီမှ ယနေ့ ဇွန်လ ၂၈ ရက်တွင် မတရားချမှတ်ခဲ့ကြောင်း DMG ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က အလှူပွဲအား သတင်းဓါတ်ပုံယူရာမှာ သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မတရားဖမ်းဆီးခဲ့ပြီး ရုံးကိုဝင်စီးကာ ရုံးအစောင့် ကိုစိုးအောင်ကိုပါ ဖမ်းဆီးပြီး ထောင်ချခဲ့ခြင်းဖြစ်သည်။ သတင်းထောက် ကိုထက်အောင်နှင့် ရုံးအစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ
ငပလီတွင် နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းနေ
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် နေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ဖောက်ထွင်းယူဆောင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ငပလီဒေသခံ တစ်ချို့မှာ တိုက်ပွဲများကြောင့် နီးစပ်ရာများသို့ တိမ်းရှောင်နေချိန်တွင် ဂျိတ္တော၊ မဇင်လေဆိပ်နားက အိမ်များနှင့် ငပလီ မီးပွိုင့်နားက နေအိမ် အချို့ကို ဖောက်ထွင်း ခိုးယူခံရမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အခု က ငပလီ နေရာတော်တော်များများ အဲ့လို ဖြစ်နေတယ်။ တစ်ချို့ ဒေသခံက ရှိနေတယ်။ တစ်ချို့ ကြောက်ပြီးတော့ ထွက်ပြေးနေကြတဲ့အချိန်မှာ အဲ့လို လာလုပ်တယ်။ စစ်ကောင်စီတပ်သားတွေက လာပြီး ဖောက်ထွက်ကြတယ်။ ဂျိတ္တော အောင်သိန္ဓိစေတီအနီးက နေအိမ်ကိုလာဖောက်ထွင်းကြတယ်။ အစောင့်ကို
ရေဖြူမြို့မှာ စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာက စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော်မှာ စားနပ်ရိက္ခာများနှင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။ ဇွန် ၁၉ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူများမှာ နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မျောက်ချောရွာနှင့် အနီးအနားရှိ ရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် နေအိမ်မီးရှို့ခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံစစ်ဘေးရှောင်များနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ နိုင်နဂါးက ” အခြေအနေက တော်တော်ဆိုးတယ်၊ အခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘူး၊
နောင်ချို ခမရ ၁၁၅ တပ်က လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအများအပြား ရရှိကြောင်း TNLA ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် TNLA က သိမ်းပိုက်ရရှိထားသော ခမရ ၁၁၅ စခန်းမှ လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၅ ရက်နေ့နှင့် ဇွန်လ ၂၆ ရက်နေ့တို့တွင် နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို တိုက်ခိုက်သိမ်းပိုက်ရာ စခန်းအတွင်း စစ်ကောင်စီလက်နက်မျိုးစုံ ၃၈၀ ကျော် သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။ သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ MA-1 ၂၄ လက်၊ MA-2 ၁၃ လက်၊ MA-3 ၃၆ လက်၊ MA-4 ၃
ဗျိုင်းဖြူရွာသား ၄၀ ကျော် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံရ
(ဇွန်လ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး) ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရွာသား ၂၀၀ ခန့်ကို ဖမ်းဆီးနှိပ်စက်ကာ ယင်းအထဲက ၇၈ ဦးကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ကျန်ရွာသားများကို စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီး ယင်းအထဲက ၄၅ ဦးခန့်ကို စစ်ကောင်စီ တပ်သားများက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲထားကြောင်း စွဲဆိုခံရသူ မိသားစုဝင်တစ်ဦးက ပြောသည်။
တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး TNLA က စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်
(နောင်ချို အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်းနှင့် တပ်မ ၃၃ တပ်စခန်းကို သိမ်းပိုက်) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်း၊ တပ်မ ၃၃ တပ်စခန်းတို့ကို လက်နက်ခဲယမ်းများနှင့်အတူ သိမ်းပိုက်ရရှိကြောင်း တအောင်းတပ် TNLA က သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီအချိန် နောင်ချိုမြို့နယ် အုမ္မခါးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် နံနက် ၁၁ နာရီအချိန် စစ်ကောင်စီတပ်ရင်း အမှတ် ၆၀၆ ဒုံးတပ်ရင်းစခန်းတို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ