■ ကရင်နီပူးပေါင်းတပ် ဘောလခဲမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီဖက်က ဗိုလ်မှူး သေဆုံး
Western News| မတ် ၂၂ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်နေသော ဘောလခဲမြို့သိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီဖက်က ဗိုလ်မှူး မျိုးမင်းသူအပါအဝင် တပ်သား အများအပြား သေဆုံးသွားကြောင်း သိရသည်။ ကရင်နီပြည်နယ် ဘောလခဲမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များသည် မတ်လ ၁၉ ရက်နေ့က စ၍ စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။ ဘောလခဲမြို့သိမ်းတိုက်ပွဲမှာ နှစ်ဖက် အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီဖက်မှ ဗိုလ်မှူး မျိုးမင်းသူ အပါအဝင် စစ်သားအများအပြား သေဆုံးကာ၊ စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများအား
ရိုးတောင်အလွန် AA ၏ ပစ်မှတ်က ပုသိမ်-မုံရွာလမ်းကို ထိန်းချုပ် လိုခြင်းဖြစ်ဟုဆို
အာရက္ခတပ်တော် AA သည် ဒေသခံပြည်သူ့တော်လှန်ရေးအဖွဲ့များဖြင့် ရခိုင်ပိုင်နက် ရခိုင်ရိုးမတောင်ကို ကျော်လွန်ပြီး မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့က စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ AA သည် ထိုးစစ်ကို ရခိုင်ရိုးမတောင်ပေါ်တွင် ရပ်တန့်ထား၍ ရသော်လည်း အပြင်စည်း လုံအောင် ကာရန်သည့် အနေဖြင့် ရိုးတောင်ကိုကျော်ကာ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ “စစ်သဘောနဲ့ ကြည့်မယ်ဆိုရင် စစ်ကောင်စီက သူတို့ အင်အားချိနည်းပြီး စစ်ရှုံးသွားတယ်ပေါ့နော်။ ဒါပေမယ့် သူတို့နယ်မြေတွေကို သူတို့ကတော့ ပြန်လိုချင်အုံးမှာဆိုတော့ သူ့အနေနဲ့ အင်အားစုဖွဲ့မှု ကောင်းလာရင် ပြန်တိုက်မှာပဲ။ ပြန်တိုက်မယ်ဆိုရင် အခု အာရက္ခတပ်တော် တိုက်နေတဲ့
ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက တပ်မတော် ပြိုကွဲအောင် လုပ်နေသည်ဟု ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော
နိုင်ငံတော်၏ အဓိက ကာကွယ်ရေး အင်အားစုဖြစ်သည့် မြန်မာ့တပ်မတော်အား ပြိုကွဲရန် တော်လှန်ရေးအဖွဲ့အစည်းအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ပြုလုပ်နေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလော တပ်နယ်က တပ်ဖွဲ့ဝင်များဖြင့် မတ်လ ၂၀ ရက်နေ့က တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ “နိုင်ငံတော် တည်ငြိမ်ရေးကို မလိုလားတဲ့ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက တပ်မတော် ပြိုကွဲအောင်၊ တပ်နဲ့ ပြည်သူ သွေးကွဲအောင် နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်လျက်ရှိတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေး သုံးပါးကို ဦးထိပ်ထားပြီး ဆောင်ရွက်နေတယ်”
ဥသျှစ်ပင်မြို့အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ
ပဲခူးတိုင်းဒေသ ဥသျှစ်ပင်မြို့အနီးမှာ အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။ ပန်းတောင်းမြို့နယ် ညောင်ကျိုးတပ်စခန်းအား AA က တိုက်ခိုက်ပြီးနောက် ဥသျှစ်ပင်မြို့အနီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဥသျှစ်ပင် ဒေသခံတစ်ဦးက “ဒီမနက်ဆိုရင်လည်း ဥသျှစ်ပင်မြို့ပေါ်မှာ လက်နက်ကြီးသံတွေ ကြားနေရတယ်။ အခု တိုက်ပွဲဖြစ်နေတာက ညောင်ကျိုးနဲ့ ညောင်ခြေထောက်အကြားမှာ ဖြစ်နေတာ။ ဥသျှစ်ပင်မြို့ပေါ်ကနေလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်ကူ ပေးနေတယ်။ ညောင်ခြေထောက်ဆိုတာက ဥသျှစ်ပင်နဲ့ ကပ်လျက်ဆိုတော့ တိုက်ပွဲတွေက တဖြည်းဖြည်းကို အရမ်းနီးလာနေပြီ” ဟု ပြောသည်။ ဥသျှစ်ပင်မြို့အနီး ညောင်ခြေထောက်က စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး
မူးယစ်ဆေးဝါးအမှုတွင် ပါဝင်ပတ်သက်မှု မရှိဘဲ နိုင်ငံရေးသိက္ခာချ လုပ်ရပ်ဟု AA တုန့်ပြန်
Western News| မတ် ၂၀ ရန်ကုန်တိုင်းအတွင်းဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုတွင် အာရက္ခတပ်တော် AA ပါဝင်သည်ဟု စွပ်စွဲချက်အပေါ် လုံးဝပါဝင်ပတ်သက်ခြင်း မရှိကြောင်း AA က ယမန်နေ့ မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်း ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုတွင် AA ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း ဆိုသော အမည်ရှိ ပါဝင်သည်ဟု မတ်လ ၁၈ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီက ဝါဒဖြန့်မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသော မူးယစ်ဆေးဝါး ဖမ်းမိသည့်အမှုတွင် AA အနေဖြင့် မည်သို့မျှ ဆက်စပ်မှု မရှိဆိုသည်ကို အတိအလင်း ပြတ်သားစွာ
စစ်ကောင်စီကို လက်နက်ရောင်းသော အိန္ဒိယကုမ္ပဏီကို ဆွီဒင် အရေးယူ
အာဏာသိမ်း မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းများ ရောင်းပေးခဲ့သော အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL) အား ဆွီဒင် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုစာရင်းမှ ဖယ်ထုတ်လိုက်ကြောင်း သိရသည်။ မြန်မာစစ်တပ်ကို လက်နက်ရောင်းသော အိန္ဒိယစစ်လက်နက်ကုမ္ပဏီ BEL အား ဆွီဒင်နိုင်ငံမှ အရေးယူခြင်းအပေါ် ကြိုဆိုကြောင်း Justice For Myanmar က ယနေ့ မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ အားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းက ဖယ်ထုတ်ခဲ့တဲ့ ဆွီဒင် ပင်စင်ရန်ပုံငွေရဲ့ လုပ်ဆောင်ချက်ကို
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် သင်္ကြန်ကျင်းပနိုင်ရန် စစ်ကောင်စီ စတင် ဆွေးနွေးနေ
အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်မြို့နယ်များတွင် ၂၀၂၅ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရန် ပြည်နယ် စစ်ကောင်စီအဖွဲ့သည် ညှိနှိုင်းဆွေးနွေးမှုများ စတင်နေပြီဟု ရခိုင်ပြောခွင့်ရ ဦးလှသိန်းက ပြောဆိုထားသည်။ ယခုနှစ် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မှာ သင်္ကြန်ကျမည်လား ခေါင်းစဉ်ဖြင့် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ယမန်နေ့ မတ်လ ၁၉ ရက်တွင် လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် ထုတ်ဖော် ပြောဆိုထားသည်။ “ဒီနှစ် စစ်တွေမှာ သင်္ကြန်ကျမှာလား။ ရိုးရာသင်္ကြန် ဒြပ်မဲ့ကမ္ဘာအသိအမှတ်ပြု ရခိုင်တို့သင်္ကြန်၊ မြန်မာတို့သင်္ကြန်၊ တိုင်းရင်းသားတို့သင်္ကြန်၊ အရေးပါတဲ့ သင်္ကြန်ပွဲ စစ်တွေမှာနွှဲကြရအောင်၊ နံ့သာသွေးပွဲ၊ သက်ကြီးပူဇော်ပွဲတွေလဲ ပါဝင်ပါမယ်” ဟု ပြောဆိုထားသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း
ရန်ကုန်မှာ ဖမ်းမိသည့် ငွေကျပ် ၉၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုတွင် AA ပါဝင်ဟု စစ်ကောင်စီ စွပ်စွဲ
ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့တွင် ဖမ်းဆီးရမိသော ငွေကျပ် ၉၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုတွင် အာရက္ခတပ်တော် AA က ပါဝင်ပတ်သက်နေကြောင်း စစ်ကောင်စီက မတ်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ မတ်လ ၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် ၁၄၄ ရပ်ကွက် ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်ခုက မူးယစ်ဆေးဝါး ၁ ဒသမ ၂ တန် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။ ယင်းဖြစ်စဉ်မှာ သန်းလွင်၊ ဝေယျာအောင်၊ သန့်ကောင်းဆက်၊ ရဲရင့်နိုင်နှင့် လှသန်းဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ အဆိုပါ မူးယစ်ဆေးဝါးများကို
မင်းပြားနှင့် မောင်တောတွင် မိုင်းနင်းမိ၍ အရပ်သား နှစ်ဦး ခြေထောက်များပြတ်
ရခိုင်ပြည်၊ မင်းပြားနှင့် မောင်တောမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိ၍ အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုသမီးတစ်ဦးတို့မှာ ခြေထောက်များ ပြတ်သွားပြီး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ မတ်လ ၁၉ ရက်နေ့ ယနေ့ မတ်လ ၁၉ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က မင်းပြားမြို့ ကျိန်းတောင် တောင်ခြေရင်းသို့ ဟင်းရှာသွားရာကနေ မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။ မင်းပြားမြို့ခံ တစ်ဦးက ” ပုံမှန်က သူက ဟင်းရှာဖို့ သွားနေကျပါ။ ဒါပေမဲ့ ဒီနေ့ကတော့ သူသွားနေကျ နေရာကို မသွားဘူးတဲ့။ တစ်ခြားနေရာကို သွားတယ်လို့ ပြောတယ်။ အဲ့ဒီမှာ မိုင်းနင်းမိတာပါ။ ဘယ်ခြေထောက်တစ်ဖက် ပြတ်သွားတယ်။
လက်လွှတ်ခဲ့ရသော မြောက်ဦးက ရဲတပ်ရင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်(ကျွဲ/နွားများ သေဆုံး)
လက်လွှတ်ဆုံးခဲ့ရသော ရခိုင်ပြည် မြောက်ဦးမြို့ပြင်က စစ်ကောင်စီ၏ အမှတ် ၃၁ ရဲတပ်ရင်းကို ယမန်နေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ်တွင် စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ အဆိုပါနေရာတွင် နေထိုင်သည်ဟု အထင်ဖြင့် အမှတ် ၃၁ ရဲတပ်ရင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ဒေသခံများက ပြောဆိုကြသည်။ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ရဲတပ်ရင်းကို မကျဘဲ အနီးက ပန်းဈီးမြောင်း (ပန်းဈေးမြောင်း) ခေါ်သည့် ကျွဲ/နွားများ ရေသောက်ရာနေရာ မြောင်းကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြောက်ဦး ဒေသခံတစ်ဦးက ပြောသည်။ “မနေ့က ည ၁ နာရီ