AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တွေမြို့မှာရှိသည့် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပစ်ခတ်တိုက်ခဲ့သည်။ “ဇန်နဝါရီလ ၁၅ ရက်နေ့ ညကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ၁၆ ရက်နေ့ နံနက် ၃ နာရီကျော်မှာလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ နံနက်ပိုင်း တစ်ပိုင်းလုံးလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်တယ်ခဲ့တယ်။ လက်နက်ကြီးတစ်လုံးရဲ့
စစ်တွေ ခံစစ်အတွက် စစ်မှုထမ်း မွတ်ဆလင် ၁၀၀၀ ကျော် ပြင်ဆင်ထား၊စစ်ကောင်စီက မွတ်ဆလင်များကို စစ်မှုထမ်းရန် ဆက်လက်ခေါ်ယူနေ
အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော ရခိုင်ပြည်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များ အလုံးအရင်းဖြင့် တိုးမြှင့် ချထားပြီး ခံစစ် အသင့်အနေထား ပြင်ဆင်ထားကြောင်း သိရသည်။ ယင်းမြို့ထဲတွင် ရခိုင်ပြည်၊ မြောက်ပိုင်း လက်ကျန် မြို့နယ်ဖြစ်သော စစ်တွေမြို့နယ်မှာ မွတ်ဆလင် စစ်သင်တန်းဆင်း ၁၀၀၀ ကျော်ဖြင့် စစ်တွေမြို့အတွင်း တပ်ရင်းများကို ပို့ဆောင်ထားပြီး ထိုးစစ်ကို ခုခံရင် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးစသည့်ကျေးရွာ အပါအဝင် ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင်တွေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စစ်သင်တန်းတက်ရောက်စေရန် စစ်ကောင်စီက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အုန်းတောကြီးကျေးရွာ
ပုသိမ်သို့ပြောင်းရွေ့ခံရသည့် စစ်တွေထောင်က အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ အကျပ်အတည်းကြုံ
ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွေ့ခံလိုက်ရသည့် ရခိုင်ပြည် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများဖြင့် ကြုံတွေ့နေရသည်ဟု မိသားစုဝင်များထံမှ သိရသည်။ ပြောင်းရွေ့ခံရသည့် အကျဉ်းသားများမှာ အကျဉ်းထောင်မှကျွေးသည်လောက်နှင့်သာ စားရသည့်အတွက် တစ်ခြားလိုအပ်ချက်များနှင့်ပတ်သက်၍ မည်သူ့ကိုမျှ အားကိုးစရာမရှိဘဲ ဖြစ်နေရသည်ဟု ပြောင်းရွေ့ခံ အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “ကျမ ရန်ကုန်မှာရှိနေတော့ ပုသိမ်ဘက်ကိုကူးပြီး အစ်ကိုဖြစ်သူကို ထောင်ဝင်စာသွားတွေ့ခဲ့တော့ အခြေနေတွေသိခဲ့ရတာပါ။ အကျဉ်းသားတစ်ယောက်အတွက် မိသားစုဝင်တွေရဲ့ ထောင်ဝင်စာတွေ့ဖို့ အခွင့်အရေးဟာ လိုအပ်တယ်ပေါ့နော်။ ကျမလည်း ကျမဝင်ငွေလေးနဲ့ ပုသိမ်နဲ့ရန်ကုန်ကို အကူးအပြောင်းအမြဲမလုပ်နိုင်ဘူး။ အခုထောင်ဝင်စာတွေ့နိုင်ဖို့ အခွင့်အရေးကမရှိတော့ သူတို့တွေအတွက် အစားအသောက်၊ ကျန်းမာရေးအပါဝင် တစ်ကိုယ်ရည်လိုအပ်ချက်တွေမှာ အခက်ခဲရှိကြတယ်လို့ သိခဲ့ရတယ်” ဟု ပြောသည်။
စစ်တွေတွင် စစ်ကောင်စီတပ်မှ သေနတ်ဖြင့်ပစ်ခတ်၍ လူငယ်တစ်ဦးသေဆုံး
ရခိုင်ပြည် စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦးသေဆုံးမှုရှိကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခြင်းဖြစ်ပြီး ကယ်ဆယ်ရေးတံတားဖက်တွင် လူငယ်များစု၍ ဂိမ်းကစားနေရာမှ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆတ်ရိုးကျရက်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ “မနေ့က ည ၈ နာရီလောက်မှာဖြစ်တာ။ ကလေးတွေက တံတားပေါ်မှာ မိုဘိုင်းဂိမ်းတွေ ကစားနေကြတာ။ စစ်တပ်က အလာနဲ့တိုးတော့ ထွက်ပြေးကြရာကနေ နောက်က သေနတ်နဲ့ လှမ်းအပစ်မှာ တစ်ယောက်ထိပြီး သေသွားရတယ်” ဟု ပြောသည်။ သေဆုံးသူမှာ ဆတ်ရိုးကျရပ်ကွက် အကွက်(၂)မှ ဟိန္ဒူဘာသာဝင် လူငယ်တစ်ဦးဖြစ်ကြောင်းသိရသည်။ စစ်တွေတွင် စစ်ကောင်စီတပ်မှ ည ၉
စစ်တွေမှာ အိမ်ဖောက်ထွင်းခိုးယူသူများကို လိုက်လံဖမ်းဆီးနေ
(စားဝတ်နေရေးကျပ်တည်းမှုကြောင့် သူခိုးများလာဟုဆို) ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင် အိမ်ဖောက်ထွင်းခိုးယူသူများကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက အသည်းအသန် လိုက်လံဖမ်းဆီးနေကြောင်း မြို့ခံများထံမှ သိရသည်။ စစ်တွေမြို့အနီး ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တွင် တိုက်ပွဲပြင်းထန်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကစ၍ စစ်တွေမြို့ခံအများစုမှာ မြို့ကိုစွန့်ခွာ စစ်ရှောင်ခဲ့ကြသည်။ မြို့လူဦးရေ၏ သုံးပုံနှစ်ပုံမှာ စစ်ရှောင်သွားကြပြီး နေအိမ်များအား သော့ခတ်ပိတ်ပင်ထားခဲ့ကြသည်။ လူမနေအိမ်များကို ဖောက်ထွင်းခိုးယူမှု မတ်လကတည်းက များပြားလာပြီး ယခု ပိုမိုဖောက်ထွင်းခိုးယူမှုများပြားလာ၍ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များမှာ အသည်းအသန် လိုက်ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။ မြို့ခံတစ်ဦးက ” ပြီးခဲ့တဲ့ လနဲ့ ဒီလအတွင်းမှာ အိမ်ဖောက်ထွင်း ခိုးယူသူ အရမ်းများပြားလာတယ်။ မင်းဂံ အကွက်တချို့၊ ဘောက်သီးစု၊ ပြည်တော်သာ၊
စစ်တွေမြို့မှာ ဝက်သား တစ်ပိဿာ ကျပ် ၆ သောင်းနှင့် အမဲသား တစ်ပိဿာ ကျပ် ၇ သောင်းရှိ
(ဝက်သားများကို ရန်ကုန်ကနေ ရေခဲရိုက်ပြီး လေယာဉ်ဖြင့်သယ်ကာ စစ်တွေမှာရောင်းချ) ရခိုင်ပြည် မြို့တော် စစ်တွေမြို့မှာ ဝက်သား၊ အမဲသား အပါအဝင် ငါးနှင့် ဟင်းသီးဟင်းရွက်များမှာ အဆမတန် ဈေးကြီးနေကြောင်း မြို့ခံများက ပြောသည်။ စစ်တွေမြို့ ကုန်ဈေးနှုန်းမှာ အခြားမြို့များထက် ဈေးမြှင့်တက်နေပြီး ဒေသခံပြည်သူများမှာ တစ်လလျှင် အသားနှင့် တစ်နပ်တောင် မရစားဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။ ” ဝက်သား တစ်ပိဿာ ကျပ် ၆ သောင်း၊ အမဲသား တစ်ပိဿာ ကျပ် ၇ သောင်း၊ ငါးသတိုက် (ကကတစ်) တစ်ကွင်း ကျပ် ၁ သောင်း၊ ပဲလုံးသီး ၁၀ လုံးပါ တစ်စည်း ကျပ်
စစ်တွေ ရွှေပြည်သာနှင့် ကျေးတောက ရွာသားများကို စစ်ကောင်စီ နှင်ထုတ်နေ
ရခိုင်ပြည် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောရပ်ကွက် (ရွာမနှင့် ပိုက်ဆိပ်) က ဒေသခံပြည်သူများအားလုံးကို နှစ်ရက်အတွင်း ရွှေ့ပြောင်းကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှင်ထုတ်နေသည်။ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများအားလုံး စက်တင်ဘာလ ၁၄ ရက်နေ့ကစ၍ စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းနေထိုင်ကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက် နှင်ထုတ်နေကြောင်း နှင်ထုတ်ခံရသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ “၁၄ ရက်နေ့က ခေါ်ပြီး ပြောတယ်။ အိမ်တွေကိုလည်း လိုက်လံပြောတယ်။ ဒီမှာနေလို့မရဘူးတဲ့။ ၂ ရက်အချိန်ပေးမယ်လို့ ပြောတယ်။ ၂ ရက်အတွင်း အပြီးထွက်ကြရမယ်။ အိမ်တွေရော ဖြိုချပြီးယူချင်ရင် ယူသွားကြလို့လည်း ပြောတယ်။ အဲ့ဒါကြောင့်ပဲ ထွက်လာကြရတာ” ဟုပြောသည်။ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများမှာ
စစ်တွေမှာ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ
ရခိုင်ပြည် စစ်တွေမြို့တွင် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်က စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း မြို့ခံများက ပြောသည်။ လက်နက်ကြီးပစ်ခတ်မှုမှာ မွန်းလွဲပိုင်း ၁၀ နာရီ ၄၀ ခန့်ကစ၍ ပစ်ခတ်နေပြီး နေ့လယ် ၁ နာရီခန့်အချိန်တွင် ရပ်တန့်သွားကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “စစ်တွေမြို့ပတ်လည်မှာရှိနေတဲ့ ရေတပ်၊ တပ်ရင်းတွေ၊ ရဲစခန်းတွေ၊ ပွိုင့် စတဲ့ နေရာပတ်ပတ်လည်ကနေ ပစ်တာပါ။ အမြောက်၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ကြတယ်။ ပစ်တာက တော်တော်ကို ကြောက်စရာကောင်းတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများမှာ စုစုပေါင်း အလုံးရေ ၂၀ ကျော်ဖြစ်ပြီး ပေါက်တောမြို့နယ်ဘက်သို့ ကျရောက်မှုရှိခဲ့ကြောင်း ပေါက်တော
စစ်တွေမြို့ထဲ ညအချိန် စစ်ကောင်စီတပ်သားများ စစ်ကားယာဉ်တန်းနှင့်အတူ ခြေလျှင်တပ်သား ရာနှင့်ချီ လမ်းလျှောက်ကမ်းလှည့်လာ
ဩဂုတ်လ ၂၈ ရက်နေ့ညက စစ်တွေမြို့အနီး စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ ညအချိန်တွင် စစ်ကား ၁၀ စီးနှင့်အတူ ခြေလျှင်တပ်သား ၁၀၀ ကျော် လမ်းလျှောက်ကမ်းလှည့်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယခင်က ရဲကား နှစ်စီး၊ စစ်ကောင်စီ ၄ စီးခန့်ဖြင့် စစ်တွေမြို့ထဲတွင် ညအချိန် ပုံမှန်လိုလို ကမ်းလှည့်ခဲ့သော်လည်း မြို့အနီးတိုက်ပွဲများကြောင့် အင်အားတိုးချဲ့ကာ ယမန်နေ့ကစ၍ ကမ်းလှည့်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” အရင်က ပုံမှန်ပေါ့နော်။ ရဲကား နှစ်စီးလောက်၊ စစ်ကား ၄ စီးလောက်နဲ့ ကမ်းလှည့်ခဲ့တာ။ အခုက စစ်ကား
စစ်တွေမြို့အနီး လက်နက်ကြီးသံများကြားနေရ
(သတင်းတို) ရခိုင်ပြည် စစ်တွေမြို့အနီး ဝါဘိုကျေးရွာနှင့် အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီကစပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေပြီး စစ်ကောင်စီ နေဗီများက လက်နက်ကြီး အများအပြား ပစ်ခတ်နေသည်ဟု အသက် ၄၀ အရွယ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ” မနေ့ည ၈ နာရီကတည်းက ဖြစ်နေကြတာပါ။ နံနက် ၃ နာရီလောက်မှာ ရပ်သွားကြတယ်။ အခု ဒီနေ့ ညနေ ၄ နာရီစပြီး ပြန်ပစ်ခတ်နေကြတယ်။ ထိုးစစ်တွေကြောင့် ဖြစ်တာမဟုတ်ဘဲ နေဗီတွေက အရမ်းကပ်လာလို့