အမ်းမြို့ (နပခ) တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဖမ်းဆီးရမိ
View Post တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးအား ဖမ်းဆီး ရရှိကြောင်း ချင်းကာကွယ်ရေးတပ်-အရှို CDF – Asho ထုတ်ပြန်သည်။ အာရက္ခတပ်တော် AA မှ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၄ ဦးအား မကွေးတိုင်းနှင့် ရခိုင်ပြည်စပ်ရှိ CDF – Asho ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း CDF – Asho နိုဝင်ဘာ ၈ ရက်နေ့တွင်က ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က အမ်းမြို့ နပခရှိ
၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင်
လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့
စစ်ကောင်စီ ဗုံးကြောင့် တောင်ကုတ်တွင် အရပ်သား ၁ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာ ပြင်းထန်
စစ်ကောင်စီ လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ခံ သက်ကြီးပိုင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၁ဦး လက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်တွင် တောင်ကုတ်မြို့ နတ်မော်ကျေးရွာကြားနှင့် ကိုင်းရှည်ကျေးရွာဖက်များကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက “တစ်ယောက်က ဗုံးစထိမှန်ပြီးတော့ ဆေးရုံမှာ လက်ကို ဖြတ်လိုက်ရပါတယ်။ တစ်ယောက်တော့ သေဆုံးပါတယ်။ ဗုံးနဲ့ ပစ်တယ်။ ဗုံးကြဲတဲ့အသံကြောင့် အိမ်ပေါ်မှာ ထိုင်နေတာကနေ အိမ်အောက်ပြေးဆင်းတာပါ။ အဲ့ဒီမှာ လှေကားမှပြုတ်ကျသွားတာပါ။ အဲ့ဒီနေရာမှာပဲ တစ်ခါတည်း သေဆုံးပါတယ် “ဟုပြောသည်။
အမ်းနှင့်ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းပိုက်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းမြို့က တပ်ရင်းနှစ်ခုနှင့် ဂွမြို့နယ်က တပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းသိသူများက ပြောသည်။ ဂွမြို့နယ်က တိုင်ကျိုးတပ်စခန်းနှင့် ယင်းရွာအနီးရှိ ပုဂံတောင်တပ်စခန်းကို နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းတွင် AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ “တိုင်ကျိုးနဲ့ ပုဂံတောင်ကို သိမ်းလိုက်ပါပြီ။ မကြာခင် ကမ်းသာယာကို သိမ်းပြီးတော့ ဂွမြို့ထဲ ရောက်လာနိုင်ပါတယ်။ AA ရဲ့ ထိုးစစ်က ဂွမြို့နဲ့ အလွန်နီးကပ်လာပါပြီ။ ဂွဒေသမှာ စစ်ကောင်စီ ကင်းစင်တော့မှာပါ” ဟု ပြောသည်။
တောင်ကုတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက် ကိုယ်စီဖြင့် ထွက်ပြေး၊ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေ
တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ကိုယ်စီဖြင့် ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က ညက ထွက်ပြေး သွားကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့အဝင် အထွက်တစ်ခု ဖြစ်သော ကိုင်းရှည် စစ်ကောင်စီစစ်ဆေးရေးဂိတ် တံတားတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၃ဦးသည် လက်နက်ကိုယ်စီဖြင့် ထွက်ပြေးသွား ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “မနေ့က သုံးယောက် ထွက်ပြေးလာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ။ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာကြတာပါ။ သူတို့ ကိုင်းရှည်တံတားနား ကင်းမှာ လုံခြုံရေး ယူနေတာပါ။ စစ်သားတွေပါ။ ထွက်ပြေးချင်နေတာ ကြာပြီလို့
အမ်း-ပဒါန်းလမ်းက စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်
(စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများကို ဆိုင်ကယ်နှင့်ကယ်ထုတ်) ရခိုင်ပြည်နှင့် မကွေးတိုင်းဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို တော်လှန်ရေး ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဂုတ်ကြီးရွာထိပ် ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို နိုဝင်ဘာ ၅ ရက်တွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ နံနက် ၁၁ နာရီကျော်မှာ စတင်တိုက်ခိုက်ပြီး မိနစ် ၃၀ ကြာတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဖက်က စစ်ကူများဖြင့် နှစ်ဖက်ညှပ်ပစ်ခတ်ခြင်း၊ နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းက ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် တော်လှန်ရေးတပ် ၃ ဖွဲ့မှာ တပ်ပြန်ဆုတ်ခဲ့ရကြောင်း
တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက်
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု
ဂွမြို့နယ်က စစ်ရှောင်ပြည်သူများမှာ အနွေးထည်နှင့် ဆေးဝါး လိုအပ်နေ
နေ့စဉ်တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဂွမြို့နယ်က စစ်ရှောင်ပြည်သူ ၆,၀၀၀ ကျော်မှာ ဆောင်းဝတ် အနွေးထည်များနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများနှင့် ကူညီထောက်ပံ့ရေးလုပ်နေသူများက ပြောဆိုကြသည်။ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲမှာ ဂွမြို့နယ်နှင့် ၁၅ မိုင်ခန့်အကွာ တိုင်ကျိုး၊ ကမ်းသာယာအနီးတစ်ဝိုက်တွင် ဖြစ်ပွားနေကြပြီး ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ သံတွဲမြို့နယ်က ထွက်ပြေးလာသည့် စစ်ရှောင်များအပါအဝင် ဂွဒေသခံ စစ်ရှောင်ပြည်သူများမှာ ဆောင်းတွင်းကာလ အနွေးထည်မရှိ၍ အအေးဒဏ်ကို ခံစားနေရကြောင်း ဂွမြို့နယ်အခြေစိုက် မြတ်မေတ္တာလူမှုကူညီရေးအသင်းက ပြောသည်။ အသင်း ဥက္ကဌ ကိုသန့်ဇင်အောင်က “ရခိုင်မှာက အခု ဆောင်းစဝင်ပြီပေါ့နော်။ စစ်ရှောင်တွေမှာက ဘာတစ်ခုမှ မပါဘဲ အိုးအိမ်စွန့်ခွာ ပြေးလာရတာများပါတယ်။ ဂွမြို့နယ်က
တောင်ကုတ်တပ်မနှင့် သုံးမိုင်အကွာ အမြောက်တပ်ကို AA သိမ်းပိုက်
(တောင်ကုတ်တိုက်ပွဲ AA ပစ်ခတ်၍ ဒုရဲအုပ်နှင့် ရဲတပ်သားငယ် သေဆုံး) ရခိုင်ပြည် တောင်ကုတ်မြို့တွင်ရှိသော အမှတ် (၅) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) တပ်မနှင့် သုံးမိုင်ကျော်သာဝေးသည့် ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ကစ၍ ပန်းမြောက်တောင် အမြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့ကြောင်း ဒေသခံ စစ်ရေးအခြေအနေ သိသူတစ်ဦးက ပြောသည်။ ” AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီက လေကြောင်းကနေ နိုဝင်ဘာလ ၂ ရက်နေ့မှာ ဗုံးအလုံး
နောင်ချိုကို စစ်ကောင်စီ ဗုံးဆက်တိုက်ကြဲနေ၊ အပျက်အစီးများပြား
ရှမ်းမြောက် တအောင်းဒေသက နောင်ချိုမြို့နယ် မြောင်ဇီးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးသွားကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၃ နာရီအချိန်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီခန့်တွင် နှစ်ကြိမ် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ အနောက်ဘက်ခြမ်းတွင် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့သည်။ အလားတူ ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီမှ ၁၁ နာရီခွဲထိ ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးအလုံးရေ ၂၀ လုံးကျော် လာရောက်ကြဲချ တိုက်ခိုက်မှုကြောင့်