ဗန်းမော်မြို့နယ်ကို လေကြောင်း ကနေ ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ဗန်းမော်မြို့နယ်ကို လေကြောင်း ကနေ ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်ခန့်တွင် ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်သွားတာ ပြည်သူ အသက် ၄၀ အရွယ်

Continue Reading
ဧရာဝတီ ငါးသိုင်းချောင်းက အမြောက်တပ် ၃၄၄ ကို AA တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ဧရာဝတီ ငါးသိုင်းချောင်းက အမြောက်တပ် ၃၄၄ ကို AA တိုက်ခိုက်နေ

ဖေ‌ဖော်ဝါရီ ၁၄ - ၂၀၂၅
1

အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့သည် ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ် ၃၄၄ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ အမြောက်တပ် ၃၄၄ နှင့် ငါးသိုင်းချောင်းမြို့တို့သည် ၄ မိုင်ကျော်မှာရှိပြီး မြောက်စမ်းရွာမှာရှိကြောင်းနှင့် တိုက်ပွဲမှာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြင်းထန်နေကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။ “ဟုတ်တယ်ဗျ။ ငါးသိုင်းချောင်းက အမြောက်တပ် ၃၄၄ ကို AA ရဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီကလည်း ပြန်ခုခံနေပါတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေကြပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ပါတယ်လို့ သိရပါတယ်” ဟု ဧရာဝတီသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အာရက္ခတပ်တော်

Continue Reading
စစ်တွေမြို့က စစ်ဘေးရှောင် တစ်သောင်းခန့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့က စစ်ဘေးရှောင် တစ်သောင်းခန့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ဖေ‌ဖော်ဝါရီ ၁၄ - ၂၀၂၅
0

ရခိုင်ပြည် စစ်တွေမြို့အတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် တစ်သောင်းခန့်မှာ စားနပ်ရိက္ခာထောက်ပံ့မှု အရေးတကြီးလိုအပ်နေကြောင်း စစ်ရှောင်များအား လက်ခံကျွေးမွေးထားကြသည့် ဘုန်းတော်ကြီးများက ပြောဆိုကြသည်။ စစ်ကောင်စီ၏ နှင်ထုတ်မှုကြောင့် စစ်တွေမြို့အနီးက ဗျိုင်းဖြူကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ တစ်သောင်းခန့်မှာ စစ်တွေမြို့အတွင်း ဘုန်းတော်ကြီးကျောင်း ၅၃ ခုတွင် ခိုလှုံနေထိုင်နေကြရသည်။ ၂၀၂၄ ခုနှစ် မတ်လကတည်းကစ၍ နေထိုင်ကြခြင်းဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ထောက်ပံ့မှု မရသည်မှာ နှစ်လခန့် ကြာမြင့်လာပြီဟု စစ်ဘေးရှောင် ၁၂၀ ကျော်ရှိသော ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတစ်ပါးက ပြောသည်။ “ဦးဇင်းတို့ကျောင်းမှာ စစ်ရှောင် ၁၂၀ ကျော်ရှိပါတယ်။ စစ်တွေမြို့ အနယ်နယ်အရပ်ရပ်ကပေါ့။ ဗျိုင်းဖြူရွာသားတွေလည်း

Continue Reading
ကျိန္တလီကို စစ်ကောင်စီက ထပ်မံ ဗုံးကြဲမှုကြောင့် ကလေးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံး
စစ်ရေး သတင်း
1 min read
0

ကျိန္တလီကို စစ်ကောင်စီက ထပ်မံ ဗုံးကြဲမှုကြောင့် ကလေးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံး

ဖေ‌ဖော်ဝါရီ ၁၃ - ၂၀၂၅
0

ရခိုင်ပြည်၊ သံတွဲခရိုင် ဂွမြို့နယ် ကျိန္တလီမြို့ကို စစ်ကောင်စီ လေကြောင်းက ထပ်မံ ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦးသေဆုံးခဲပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဂွဒေသခံများက Western News ကိုပြောသည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီကျော် လောက်က ကျိန္တလီမြို့ အမှတ် (၃) သဖန်းကွင်း ကို စစ်ကောင်စီ လေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း ဂွဒေသခံ တစ်ဦးက ပြောသည်။ “အမျိုးသမီးတစ်ယောက်ရယ်၊ နောက်ပြီး ကလေးတစ်ယောက် သေဆုံးပါတယ်။ လာပစ်တာက နေ့လယ် ၁၂ နာရီကျော်လောက်မှာ လာကြဲတာပါ။ ကျိန္တလီမြို့ အမှတ်

Continue Reading
ကောက်ယူလာသည့် ဗုံးသီးအား ထုကြည့်ရာမှာ ပေါက်ကွဲမှုဖြစ်၍ လူငယ်နှစ်ဦး သေဆုံး
စစ်ရေး သတင်း
0 min read
0

ကောက်ယူလာသည့် ဗုံးသီးအား ထုကြည့်ရာမှာ ပေါက်ကွဲမှုဖြစ်၍ လူငယ်နှစ်ဦး သေဆုံး

ဖေ‌ဖော်ဝါရီ ၁၃ - ၂၀၂၅
0

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် လူငယ်နှစ်ဦးက ကောက်ရလာသော စစ်လက်ကျန် ဗုံးသီး တစ်လုံးကို စမ်းသပ်ထုခွဲရာမှ ပေါက်ကွဲမှု ဖြစ်၍ လူငယ်နှစ်ဦး သေဆုံးပြီး ၄ ဦးထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ နေ့လယ်ပိုင်း ၃ နာရီအချိန်ခန့်က ပေါက်တောမြို့နယ်စွန်ရဲရွာ အနီးကနေ ယူဆောင်လာသော စစ်ကျန်ဗုံးသီးတစ်လုံးကို စမ်းသပ်ထုခွဲရာကနေ ပေါက်ကွဲမှုဖြစ်သွားခြင်းကြောင်း ပေါက်တော ဒေသခံတစ်ဦက ပြောသည်။ “မောင်မင်းစိုးက စွန်းရဲရွာအနားက ဗုံးသီးကို ကောက်လာတယ်လို့ပြောတယ်။ အဲ့ဒီမှာ ဂြင်းဒွေရွာရှိ ကန်နှစ်ကန်ကြား ကုက္ကိုလ်ပင်အောက်မာ သူ့သူငယ်ချင်းတွေက ခေါ်ပြီးတော့ စမ်းသပ်ပြီးတော့ ထုကြည့်တယ်လို့ပြောတယ်။ အဲ့ဒီမှာ ပေါက်ကွဲမှုဖြစ်တယ်။ နှစ်ယောက်သေဆုံးသွားပါတယ် “ဟုပြောသည်။ သေဆုံးသူသွားသူမှာ

Continue Reading
စစ်တွေမြို့ အမြင့်ကျွန်းက စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့ အမြင့်ကျွန်းက စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၁၂ - ၂၀၂၅
0

ရခိုင်ပြည် မြို့တော် စစ်တွေမြို့အဝင်က အမြင့်ကျွန်းမှာရှိသည့် စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၉ နာရီလောက်တွင် စစ်တွေမြို့အဝင်က အမြင့်ကျွန်းမှာရှိသည့် စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီနှင့် AA တို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။ “မနေ့က ည ၉ နာရီမှာ အမြင့်ကျွန်းဘက်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ လက်နက်ကြီး အသံတွေက မတူကြဘူး။ အသံကတော့ တော်တော်လေးကို ကျယ်တာ။ တိုက်ပွဲဖြစ်ခဲ့ကြတာပါ” ဟု

Continue Reading
စစ်တွေမြို့တွင် ရခိုင်နယ်လုံ ဝန်ကြီးနှင့် ဇနီး နံနက်စာ စားနေစဉ် စားသောက်ဆိုင်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ထွက်ပြေးခဲ့ရ
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့တွင် ရခိုင်နယ်လုံ ဝန်ကြီးနှင့် ဇနီး နံနက်စာ စားနေစဉ် စားသောက်ဆိုင်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ထွက်ပြေးခဲ့ရ

ဖေ‌ဖော်ဝါရီ ၁၁ - ၂၀၂၅
0

ရခိုင်ပြည် စစ်တွေမြို့ရှိ SS Food Center စားသောက်ဆိုင် အနောက်ဘက်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စစ်ကောင်စီခန့် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ၎င်း၏ ဇနီးတို့သည် နံနက်စာ စားနေစဉ် ထွက်ပြေးခဲ့ရကြောင်း ပြည်တော်သာ ရပ်ကွက် နေထိုင်သူတစ်ဦးက ပြောသည်။ “ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီကျော်လောက်က SS စားသောက်ဆိုင်ရဲ့ အနောက်ဘက်မှာ ဆိုင်နဲ့ ကပ်လျှက် လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲပါတယ်။ ဘယ်သူ ပစ်ခတ်တယ်ဆိုတာ

Continue Reading
ချင်းပြည်အတွင်း AA က တပ်စွဲ နေရာယူထားမှု ဆွေးနွေးနိုင်ရေး ချင်းလဲန်းကောင်စီက တရားဝင်စာပို့
စစ်ရေး သတင်း
1 min read
0

ချင်းပြည်အတွင်း AA က တပ်စွဲ နေရာယူထားမှု ဆွေးနွေးနိုင်ရေး ချင်းလဲန်းကောင်စီက တရားဝင်စာပို့

ဖေ‌ဖော်ဝါရီ ၁၁ - ၂၀၂၅
0

ချင်းပြည်အတွင်းမှာ ချင်းညီနောင်အဖွဲ့များဖြင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့် အာရက္ခတပ်တော် AA နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းလဲန်းကောင်စီ Chinland Council က တရားဝင် စာပေးပို့ထားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၆ ရက်တွင် ကျင်းပခဲ့သည့် ချင်းလဲန်းကောင်စီ တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းလဲန်းကောင်စီ အတွင်းရေးမှူး Salai Paul က ပြောဆိုခဲ့ခြင်းဖြစ်သည်။ ချင်းပြည်အတွင်း အခြေကုတ်ယူထားသည့် နေရာများ၊ တပ်စခန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြတ်သားသည့် မဟာဗျူဟာများကို သိရှိနိုင်ရန် AA နှင့် ဆွေးနွေးနိုင်ရေးအတွက် ချင်းလဲန်းကောင်စီက တရားဝင်စာပေးပို့ထားကြောင်း Salai Paul က ပြောသည်။ “ကျနော်တို့ အဖိနှိပ်ခံလူမျိုး တိုင်းရင်းသားအချင်းချင်း

Continue Reading
တောင်ကုတ်နှင့် မောင်တော စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်နှင့် မောင်တော စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦး ဒဏ်ရာရ

ဖေ‌ဖော်ဝါရီ ၁၀ - ၂၀၂၅
0

အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသော ရခိုင်ပြည် တောင်ကုတ်မြို့နှင့် မောင်တောမြို့နယ်တို့တွင် စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၉ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က တောင်ကုတ်မြို့တွင် ချောင်းကမ်းနားက ကောက်ယူလာသော စစ်ကျန်ဗုံးသီးကို ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်။ ကလေးငယ် မောင်နေစိုးသူမှာ ဘယ်ဘက် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိသွားပြီး သိမ်တောင်ရပ်ကွက်ဒေသခံတစ်ဦးဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မောင်တောမြို့နယ် သီဟိုဠ်အေးကျေးရွာက မွတ်ဆလင်တစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားကြောင်း သိရသည်။ နေ့ခင်း

Continue Reading
စစ်သုံ့ပန်းနှင့် အကျဉ်းသား ၁၄၀ ကျော်ကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေး
စစ်ရေး သတင်း
1 min read
0

စစ်သုံ့ပန်းနှင့် အကျဉ်းသား ၁၄၀ ကျော်ကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေး

ဖေ‌ဖော်ဝါရီ ၁၀ - ၂၀၂၅
0

တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုဝင်များထဲက မိသားစုဝင်များနှင့် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးထားသည့် အရပ်သား အကျဉ်းသား စုစုပေါင်း ၁၄၂ ဦးကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သား အကျဉ်းသား ၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ၎င်းတို့အားလုံးမှာ လွှတ်ပေးလို့ရသည့် သုံ့ပန်းများဖြစ်ကြောင်း အာရက္ခတပ်တော် AA မှ တာဝန်ရှိသူများက ပြောသည်။ သုံ့ပန်း ၁၁၆ ဦးထဲမှာ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၇၆ ဦးတို့ပါဝင်ပြီး အကျဉ်းသား ၂၆ ဦးက အမျိုးသားပဲဖြစ်ကြောင်း သိရသည်။ ၎င်းတို့အားလုံးကို အာရက္ခတပ်တော် AA

Continue Reading