စစ်ကောင်စီက အာဏာသိမ်းကာလ ထပ်မံ သက်တမ်းတိုး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက အာဏာသိမ်းကာလ ထပ်မံ သက်တမ်းတိုး

ဇန်နဝါရီ ၃၁ - ၂၀၂၅
1

မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်း စစ်အုပ်ချုပ်ရေးကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရသည်။ အာဏာသိမ်း ကာလ ၄ နှစ်ပြည့်ပြီးနောက်မှာ ထပ်မံ သက်တမ်းတိုးခြင်းဖြစ်သည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရန် လက်ရှိ နိုင်ငံတော်၏အခြေအနေများမှာ တည်ငြိမ်ရန် လိုအပ်နေသည့်အတွက်ဟု အကြောင်းပြသည်။ စစ်အုပ်ချုပ်ရေးကို ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ပြီး အာဏာအား မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းထားကြောင်း အမျိုးသားကာကွယ်ရေးနှ င့်လုံခြုံရေးကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က

Continue Reading
စစ်ကောင်စီ တပ်စခန်းပေါင်း ၁၈၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အများစုမှာ ရခိုင်နှင့် ရှမ်းက ဖြစ်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ တပ်စခန်းပေါင်း ၁၈၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အများစုမှာ ရခိုင်နှင့် ရှမ်းက ဖြစ်

ဇန်နဝါရီ ၂၈ - ၂၀၂၅
0

မြန်မာစစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ အခြေစိုက်ပေါင်း ၁၇၄ ထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်ဟု ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော Institute for Strategy and Policy- Myanmar (ISP Myanmar) ၏ အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားသည်။ တိုင်းစစ်ဌာနချုပ် နှစ်ခု အပါအဝင် အခြေစိုက်စခန်း ၁၄၁ ခုထက်မနည်းမှာ ရခိုင်ပြည်နှင့် ရှမ်းပြည်နယ်ထဲကဖြစ်ကြောင်း ပြောဆိုထားသည်။ စစ်ကောင်စီ၏ အမိန့်ပေးကွက်ကဲမှုဌာနချုပ်ပေါင်း ၁၂ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး ရှမ်းပြည်နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင်

Continue Reading
ငွေကျပ်နှစ်သိန်း၊ ဆန်နှစ်အိတ်ပေးပြီး စစ်တွေက မွတ်ဆလင်များကို စစ်မှုထမ်းရန် စစ်ကောင်စီ စည်းရုံးပြီး အခြေခံစစ်ပညာသင်တန်းပေးနေ
စစ်ရေး သတင်း
1 min read
0

ငွေကျပ်နှစ်သိန်း၊ ဆန်နှစ်အိတ်ပေးပြီး စစ်တွေက မွတ်ဆလင်များကို စစ်မှုထမ်းရန် စစ်ကောင်စီ စည်းရုံးပြီး အခြေခံစစ်ပညာသင်တန်းပေးနေ

ဇန်နဝါရီ ၂၈ - ၂၀၂၅
1

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်းမြို့ပြင်ရှိ မွတ်ဆလင်ရပ်ကွက်၊ ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွတ်ဆလင်လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူနေသလို ငွေနှင့်ဆန်ပေးပြီး စည်းရုံးခေါ်ယူမှုများလည်း ရှိကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်တွေမြို့ထဲက မွတ်ဆလင်ရပ်ကွက်ဖြစ်သည့် အင်ဘာလာ (ခေါ် ) အောင်မင်္ဂလာ ရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် သဲချောင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မွတ်ဆလင် လူငယ်များကို စည်းရုံးခေါ်ယူနေသည်ဟု မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ “တစ်လကို ငွေကျပ် နှစ်သိန်းပေးမယ်။ ဆန်နှစ်အိတ်ပေးမယ်။ စစ်မှုထမ်းကြဖို့ ခေါ်နေပါတယ်။ အရင်က တစ်လမှာ ငွေကျပ် ၁၂၀,၀၀၀ ပဲပေးတာ။ အခု လစာတိုးထားတယ်ဆိုပြီး စည်းရုံးနေတာပါ။ လိုက်တဲ့သူလည်းရှိသလို မလိုက်တဲ့သူလည်း ရှိကြပါတယ်” ဟု ပြောသည်။ စစ်တွေမြို့မှာရှိသည့်

Continue Reading
ပွိုင့်တပ်စခန်းနှစ်ခုကို AA က သိမ်းပြီးနောက် ဧရာဝတီအစပ်က ရခိုင်ရိုးတစ်လျောက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ပွိုင့်တပ်စခန်းနှစ်ခုကို AA က သိမ်းပြီးနောက် ဧရာဝတီအစပ်က ရခိုင်ရိုးတစ်လျောက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေ

ဇန်နဝါရီ ၂၈ - ၂၀၂၅
1

ရခိုင်-ဧရာဝတီအစပ်က စစ်ကောင်စီ၏ ပွိုင်းကုန်းတပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု သတင်းထုတ်ပြန်ပြီးနောက် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ဧရာဝတီအစပ် ရခိုင်ရိုးတောင်တစ်လျှောက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။ ရခိုင်ရိုးတောင်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုရှိသလို ရိုးတောင်တစ်လျောက်ကိုလည်း ဂျက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။ “ဒီနေ့ မနက်ပိုင်းက ပုသိမ်က ဂျက်ဖိုက်တာ နှစ်စီး ရခိုင်ရိုးပေါ်ဘက်ကို ပျံသန်းသွားတယ်။ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတယ်လို့ သိရတယ်။ အထိအခိုက်တော့ မသိသေးဘူး” ဟု ပုသိမ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ပုသိမ်မြို့နယ် ပြောက်ကျားတပ်ဖွဲ့၏ သတင်းအထူးတပ်ဖွဲ့ကလည်း

Continue Reading
စစ်တွေအနီးဝန်းကျင်တွင် AA နှင့် စစ်ကောင်စီတို့ နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေ
စစ်ရေး သတင်း
1 min read
0

စစ်တွေအနီးဝန်းကျင်တွင် AA နှင့် စစ်ကောင်စီတို့ နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေ

ဇန်နဝါရီ ၂၈ - ၂၀၂၅
1

အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့သည် မြို့တော် စစ်တွေမြို့အနီးဝန်းကျင်တွင် နေ့တိုင်းတိုက်ပွဲဖြစ်ပွားနေသည်ဟု AA က ဇန်နဝါရီလ ၂၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါ ပစ်ခတ်မှုများနှင့် ဒရုန်းပစ်ခတ်မှုများမှာ နေ့တိုင်းရှိနေပြီး ယင်းလက်နက်ကြီးများသည်လည်း အရပ်သားများနေထိုင်ရာ ကျေးရွာများကို ကျရောက် ပေါက်ကွဲနေခြင်း ဖြစ်သည်။ စစ်တွေမြိုခံတစ်ဦးကလည်း အာကျိတ်တော်ကုန်းရှိ အမှတ် ၁၂ ရဲတပ်ရင်းကနေ အမြောက်လက်နက်ကြီးဖြင့် ပေါက်တော၊ ပုဏ္ဏားကျွန်းဒေသများနှင့် စစ်တွေမြို့အနီးအနားက ကျေးရွာများကို ပစ်ခတ်နေကြောင်း Western News ကို ပြောသည်။ “အမှတ် ၁၂ ရဲတပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ကန်တော်ကြီးရပ်ကွက်ရှိ ၃၅၄ တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့

Continue Reading
ရခိုင် ရိုးမကို ကျော်လွန်ပြီး စစ်ကောင်စီ၏ စခန်းသုံးခုကို AA သိမ်း
စစ်ရေး သတင်း
1 min read
0

ရခိုင် ရိုးမကို ကျော်လွန်ပြီး စစ်ကောင်စီ၏ စခန်းသုံးခုကို AA သိမ်း

ဇန်နဝါရီ ၂၈ - ၂၀၂၅
0

စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ်သော ရခိုင်ရိုးမတောင်းတန်းအထက်ရှိ မိုးထိတောင်စခန်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့် ပွိုင့် ၃၆၉ စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။ ရခိုင်ရိုးမတောင်းတန်းအထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို ပြီးခဲ့သည့် ၅ ရက်ခန့်ကြာ AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်၊ နံနက် ၁၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အလောင်းအချိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထိုအပြင် ဧရာဝတီ-ရခိုင်အစပ်၊ ဧရာဝတီတိုင်းအတွင်းရှိ ပွိင့် ၂၆၃ စခန်းအား ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီလ ၂၁

Continue Reading
အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိ
စစ်ရေး သတင်း
1 min read
0

အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိ

ဇန်နဝါရီ ၂၇ - ၂၀၂၅
1

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defense Force – Asho တပ်ဖွဲ့မှ ယနေ့ ဇန်နဝါ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ အမ်းမြို့နယ်မှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF Asho) မှ အမ်း – ပဒါန်း လမ်းတွင် ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိ သူ ဆလိုင်းရိုချင်း က ပြောသည်။ MA-1 အမျိုးအစား

Continue Reading
မြောက်ဦးတွင် ထင်းခွေသွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး
စစ်ရေး သတင်း
1 min read
0

မြောက်ဦးတွင် ထင်းခွေသွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

ဇန်နဝါရီ ၂၅ - ၂၀၂၅
0

ရခိုင်ပြည် မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က တောတောင်သို့ ထင်းခွေသွားသည့် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ထိုင်ခဲ့သော ခမရ ၃၇၈ တပ်ရင်းနှင့်နီးသည့် ကျောက်တစ်လုံးတောင်ကို ထင်းခွေသွားစဉ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ “ကျောက်တစ်လုံးတောင်ကို ထင်းသွားခွေတာ။ အဖော်တွေလည်းပါသွားတယ်။ သူတို့ ထင်းရောင်းစားကြတာလေ။ အဲ့နေ့မှာ မိုင်းနင်းမိပြီး ခြေနှစ်ဖက်လုံးပြတ်လာတယ်။ အရေးပေါ်လူနာတင်ကားနဲ့ ဆေးရုံပို့ခဲ့ပေမယ့် ဆေးရုံအရောက်မှာပဲဆုံးရှာတယ်” ဟု ပြောသည်။ သေဆုံးသူအမျိုးသမီးမှာ အောင်မင်္ဂလာရပ်ကွက်ဒေသခံဖြစ်ပြီး အမည်ဖော်ပြခွင့်မရှိကြောင်း မိသားစုဝင်များက ပြောသည်။“တူမလေးဟာ လေဖြတ်နေတဲ့ လင်ယောင်္ကျားနဲ့ သားသမီးတွေကို ထင်းခွေပြီး ရှာကျွေးနေတာ။ တော်တော်လေး သနားဖို့ကောင်းပါတယ်။ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဘာပြောလို့ပြောရမှန်းတောင်

Continue Reading
ရမ်းဗြဲ ထပ်မံဗုံးကြဲခံရမှု အခြေအနေ (ဓါတ်ပုံသတင်း)
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

ရမ်းဗြဲ ထပ်မံဗုံးကြဲခံရမှု အခြေအနေ (ဓါတ်ပုံသတင်း)

ဇန်နဝါရီ ၂၅ - ၂၀၂၅
1

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို ဗုံးကြဲခံရ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှာ ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ထောင့်ချိန်ရွာက ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောက်တို့မှာ ဗုံးသီးများကြောင့် လုံးဝပျက်စီးသွားခဲ့ရပြီး အရပ်သားတစ်ဦး အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ပြီးခဲ့သည် ဇန်နဝါရီလ ၈ ရက် နေ့လယ်ပိုင်းကလည်း ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရ၍ ၄၁ ဦးသေဆုံးပြီး ၂၇

Continue Reading
စစ်မှုထမ်း အရေအတွက်တိုးမြှင့်ခေါ်ယူရေး ဒေါက်တာအေးမောင် ပါတီနှင့် နိုင်ငံရေးပါတီများက စစ်ကောင်စီကို အကြံပြုတိုက်တွန်း
စစ်ရေး နိုင်ငံရေး သတင်း
1 min read
0

စစ်မှုထမ်း အရေအတွက်တိုးမြှင့်ခေါ်ယူရေး ဒေါက်တာအေးမောင် ပါတီနှင့် နိုင်ငံရေးပါတီများက စစ်ကောင်စီကို အကြံပြုတိုက်တွန်း

ဇန်နဝါရီ ၂၅ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအရေအတွက်ကို တိုးမြှင့်ခေါ်ယူရန် ဒေါက်တာအေးမောင်ပါတီ ရခိုင့်ဦးဆောင်ပါတီ AFP အပါအဝင် နိုင်ငံရေးပါတီများအစုအဖွဲ့က အကြုံပြုတိုက်တွန်းထားကြောင်း သိရသည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီဘက်မှ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးချက်များကို စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ နှစ်ဖက်စလုံးက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်ဟု စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက ဖော်ပြကြသည်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နိုင်ငံတော်ရင်ခွင့်သို့ ပြန်လည်ဝင်ရောက်လာရေးကိုလည်း စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက “နိုင်ငံရေးပါတီတွေက ပြည်သူတွေဘက်က မဟုတ်တော့ဘူး။ စစ်ကောင်စီ အလိုကျ သွားနေရတဲ့

Continue Reading