ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ပို့ဆောင်
စစ်ရေး သတင်း
1 min read
0

ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ပို့ဆောင်

ဇန်နဝါရီ ၂၀ - ၂၀၂၅
0

ဧရာဝတီုတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေက ဘောမိကျေးရွာအနီးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။ ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းတွင် ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆၀ ခန်ဦးကို ချောင်းသာသို့ ပို့ဆောင်လိုက်ကြောင်း ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ PSTF ၏ သတင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ “ရွှေသောင်ယံ မြို့နယ်ခွဲ ဘောမိက ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆၀ လောက်ကို ဇန်နဝါရီ ၁၈ ညနေပိုင်းမှာ စက်လှေတွေအသုံးပြုပြီး ချောင်းသာသို့ပို့ဆောင်ကာ Ambulance ကားတွေ၊ ကုန်ကားတွေနဲ့ ပုသိမ် နတခ မဆရ (၄) သို့

Continue Reading
မြောက်ဦး ရမ်းချောင်း ဗုံးကြဲခံရမှု စစ်သုံ့ပန်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

မြောက်ဦး ရမ်းချောင်း ဗုံးကြဲခံရမှု စစ်သုံ့ပန်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိ

ဇန်နဝါရီ ၁၉ - ၂၀၂၅
0

ရခိုင်ပြည် မြောက်ဦးမြို့နယ် ရမ်းချောင်းကျေးရွာအနီး တဝိုက်ရှိ စစ်သုံ့ပန်းများ ထားရှိရာ နေရာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တစ်ကြိမ်၊ ၄ နာရီ ၄၆ မိနစ်တစ်ကြိမ်နှင့် ၄ နာရီ ၄၇ မိနစ်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် အာရက္ခတပ်တော် AA က လွှတ်ပေးရန် စီစဉ်ထားရှိသည့် စစ်သုံ့ပန်းများထဲမှ အမျိုးသားအမျိုးသမီး အပါအဝင် သေဆုံးသူ ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅ ဦးရှိကြောင်း အာရက္ခတပ်တော် AA က ယနေ့ ထုတ်ပြန်ထားသည်။ ဒဏ်ရာရရှိသူများထဲမှ အချို့မှာ

Continue Reading
AA တပ်စခန်းနှင့် သုံ့ပန်းထားသည့်နေရာများ ကို စစ်ကောင်စီ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲ ၃၀ ကျော် သေဆုံး
စစ်ရေး သတင်း
1 min read
0

AA တပ်စခန်းနှင့် သုံ့ပန်းထားသည့်နေရာများ ကို စစ်ကောင်စီ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲ ၃၀ ကျော် သေဆုံး

ဇန်နဝါရီ ၁၉ - ၂၀၂၅
0

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသမှ စစ်သုံ့ပန်းများထားသော နေရာနှင့် AA တပ်စခန်းအချို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ရှိသော ဗုံးများဖြင့် လာရောက်ကြဲချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ ၁၈ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ရှိသော ဗုံးများဖြင့် ၃ကြိမ်တိုင်တိုင် လာရောက် ကြဲချခဲ့မှုကြောင့် သုံ့ပန်းအပါအဝင် တပ်မိသားစုများလည်း ၃၀ ကျော်မနည်းသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “သုံ့ပန်းတွေသေဆုံးပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြီးတော့ စစ်သားတွေ ပါတယ်။ တပ်မိသားစုတွေ ကလေးတွေပါတယ်။ အကုန် ၃၀ ကျော်ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာတွေကိုတော့ ဆေးရုံတွေကို ပို့ထားပါတယ်။

Continue Reading
ဧရာဝတီ-ရခိုင် အစပ်တွင် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲ
စစ်ရေး သတင်း
1 min read
0

ဧရာဝတီ-ရခိုင် အစပ်တွင် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲ

ဇန်နဝါရီ ၁၈ - ၂၀၂၅
1

ရခိုင်နှင့် အစပ် ဧရာဝတီတိုင်းထဲက ဘောမိနှင့် ရွှေသောင်ယံမြို့နယ်ခွဲ တကြောရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေဖြစ်ပြီး ဒေသခံပြည်သူများမှာ စစ်ရှောင်နေရကြောင်း ပုသိမ် သတင်းရင်းမြစ်များက ပြောသည်။ မကျီးဇင်ကို သိမ်းပြီးနောက် ဘောမိက တပ်စခန်းများကို အာရက္ခတပ်တော် AA ပူးပေါင်း PDF တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လိုက်ပြီဟု သတင်း ထွက်ပေါ်နေသော်လည်း Western News အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ရွှေသောင်ယံ သတင်းရင်းမြစ်တစ်ဦးက “ဘောမိဘက်မှာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ သာပေါင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ပြီးခဲ့တဲ့အပတ်က တိမ်းရှောင်သွားကြတဲ့ ရွှေသောင်ယံက မြို့ခံတွေ ပြန်လည်ဝင်ရောက်နေပြီလို့ သိရပါတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA သည် ရခိုင်အဆုံးမြို့ ဂွမြို့ကို

Continue Reading
စစ်တွေမြို့ စစ်ကောင်စီ တပ်စခန်းများက ၂ ရက်အတွင်း လက်နက်ကြီးအလုံး ၇၀ ကျော် ပစ်ခတ်
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့ စစ်ကောင်စီ တပ်စခန်းများက ၂ ရက်အတွင်း လက်နက်ကြီးအလုံး ၇၀ ကျော် ပစ်ခတ်

ဇန်နဝါရီ ၁၈ - ၂၀၂၅
0

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်ပြည် စစ်တွေမြို့ပေါ်က လက်နက်ကြီးများအပါအဝင် အတွဲလိုက်ဒုံးများဖြင့် AA ထိန်းချုပ်နေရာများသို့ ၂ ရက်အတွင်း အလုံးအရေ ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲ၊ နွားများ တိရစ္ဆာန် အကောင်အရေအတွက် ၂၀ ကျော် သေဆုံးသွားကာ လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ ၁၆၊ ၁၇ ရက်နေ့အတွင်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှု စစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး

Continue Reading
စစ်ကောင်စီ က လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို မြေလှန်ဖျက်ဆီးနေကြောင်း HRW ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ က လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို မြေလှန်ဖျက်ဆီးနေကြောင်း HRW ထုတ်ပြန်

ဇန်နဝါရီ ၁၇ - ၂၀၂၅
0

စစ်ကောင်စီ လက်လွှတ်ဆုံးရှုံး လိုက်ရသော မြို့များကို မြေလှန်ဖျက်ဆီးသည့် နည်းဗျူဟာ ပိုမိုအသုံးပြုလာကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇန်နဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ တိုက်ပွဲများတွင် အထိနာပြီး ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်နေသော အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများမှာ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း HRW ကဆိုသည်။ စစ်ကောင်စီသည် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်တဲ့နယ်မြေများထဲတွင် စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းကနေတိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မီးရှို့ခြင်းများ အပါအဝင် အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများ ဥပဒေမဲ့ တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြသည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃

Continue Reading
AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်
စစ်ရေး သတင်း
1 min read
0

AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်

ဇန်နဝါရီ ၁၇ - ၂၀၂၅
0

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တွေမြို့မှာရှိသည့် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပစ်ခတ်တိုက်ခဲ့သည်။ “ဇန်နဝါရီလ ၁၅ ရက်နေ့ ညကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ၁၆ ရက်နေ့ နံနက် ၃ နာရီကျော်မှာလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ နံနက်ပိုင်း တစ်ပိုင်းလုံးလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်တယ်ခဲ့တယ်။ လက်နက်ကြီးတစ်လုံးရဲ့

Continue Reading
အမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများထဲမှ ၁၂ ဦးကို CDF – Asho တပ် ဖမ်းဆီး
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများထဲမှ ၁၂ ဦးကို CDF – Asho တပ် ဖမ်းဆီး

ဇန်နဝါရီ ၁၇ - ၂၀၂၅
0

ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့များကို အရှိုချင်းကာကွယ်ရေးတပ် CDF – Asho တပ်က တိုက်ခိုက်နေပြီး ဇန်နဝါရီလ ၁၃၊ ၁၄ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့က အမ်းမြို့နယ် ကြက်ရေစမ်းရွာ အနီးစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာအနီးမှာ ပစ်ခတ်ဖမ်းဆီးခဲ့၍ ၅ ဦးစလုံး သေဆုံးသွားကြောင်း ဇန်နဝါရီ ၁၆ ရက်နေ့ CDF – Asho က ထုတ်ပြန်သည်။ အဆိုပါ စစ်ကောင်စီတပ်သား ၅ ဦးအနက် နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာများနှင့်

Continue Reading
ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင်
စစ်ရေး သတင်း
1 min read
0

ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင်

ဇန်နဝါရီ ၁၆ - ၂၀၂၅
1

အာရက္ခတပ်တော် AA က စစ်ရေးကို နိုင်ငံးရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြေညာပြီးနောက် အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ရွာများကို ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ ထိုဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ နီးပါသေဆုံးခဲ့သလို ၆၀ ဦးနီးပါးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး လူနေအိမ် အများအပြား ပျက်စီးခဲ့သည်။ ယင်းအပြင် အာရက္ခတပ်တော် AA ၏ နယ်မြေခံ ထိပ်ပိုင်းခေါင်းအချို့လည်း ဗုံးဒဏ်ကြောင်း သေဆုံးသွားသလို ဒဏ်ရာရရှိသူများလည်းရှိကြောင်း Western News က စုံစမ်းရရှိထားသည်။ ထိုကြောင့် အာရက္ခတပ်တော် AA သည် သိမ်းပိုက်ထားသော

Continue Reading
တိုင်းရင်းသား လက်နက်ကိုင်များမှာ ကိုယ့်ဒေသကိုယ် ဖျက်ဆီးနေကြသည်ဟု စစ်ခေါင်းဆောင်ပြော
စစ်ရေး သတင်း
1 min read
0

တိုင်းရင်းသား လက်နက်ကိုင်များမှာ ကိုယ့်ဒေသကိုယ် ဖျက်ဆီးနေကြသည်ဟု စစ်ခေါင်းဆောင်ပြော

ဇန်နဝါရီ ၁၆ - ၂၀၂၅
0

ပြည်နယ်အတွင်းမှာ ရှိကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ကိုယ့်ဒေသကိုယ် ဖျက်ဆီးသည့် လုပ်ရပ်ကို လုပ်နေကြသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်သည့် ၇၃ နှစ်မြောက် ကရင်နီ (ကယား) ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကယားပြည်နယ်မှာ မကြာမီကာလက KNDF အဖွဲ့နဲ့ PDF အမည်ခံ သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့ အပါအဝင် မြို့ရွာတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ပြည်နယ်အတွင်း နေထိုင်တဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေဟာ ကိုယ့်ဒေသကိုယ်ဖျက်ဆီးတဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်အေးချမ်းရေးအတွက်

Continue Reading