သံတွဲမြို့ပေါ်က စစ်မှူးထမ်းဟောင်းရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့ကို စစ်ကောင်စီဗုံးကြဲ
ရခိုင်ပြည်၊ သံတွဲမြို့ပေါ်မှာ စစ်မှုထမ်းဟောင်းရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၄ နာရီအကျော်အချိန် သံတွဲမြို့ပေါ်က စစ်မှူးထမ်းဟောင်းရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၉ နှစ်ရွယ် အမျိုးသားတစ်ဦးက Western News ကို ပြောသည်။ “သံတွဲမြို့ အံတော်ရပ်ကွက် က စစ်မှုထမ်းဟောင်းရုံးရယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ရုံးရယ် အဲ့ဒီရုံးတွေကို ဗုံးကြဲသွားတာဗျ၊ အားကစားခန်းမ ကို ဗုံးကြဲသွားတာရှိတယ်လို့ ပြောတယ်။ ဖုန်းလိုင်းတွေ အဆက်ဖြတ်ထားတော့ အတည်ပြုနေရတာအရမ်းခက်ခဲတယ်
အမ်းတိုက်ပွဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ ရောက်ရှိလာ
ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် အရံတပ်စခန်းများကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင်လျှက်ရှိနေပြီး ယမန်နေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ နပခ ၏ အရံတပ်စခန်းထဲက အမြောက်တပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက်တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်းရှိနေတယ်။ အခုတိုက်ပွဲက နပခ နဲ့ ကိုက် ၁၀ဝ လောက်ပဲ အကွာအဝေးရှိတော့တယ်” ဟုပြောသည်။ အမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူမှု ဆက်တိုက် ပြုလုပ်နေသော်လည်း
မြန်မာနိုင်ငံတစ်ဝန်း ၃ လအတွင်း စစ်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံး
မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လအတွင်း တိုက်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူ ၁၀၄၄ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၈၃ ဦးအထိရှိခဲ့သည်။ စစ်ပွဲများဖြစ်ပွားချိန် ၃ လတာ ကာလအတွင်း အရပ်သား သေဆုံးမှု ၂၀၀ ဦးနှင့် ဒဏ်ရာရရှိမှု ၂၄၁ ဦးရှိကြောင်း၊ ထို့ကြောင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုနှင့်တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုမှာ ၃ လတာကာလအတွင်း ၁၂၄၄ ဦးရှိကြောင်း သိရသည်။ ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်များကို
စစ်တွေရှိ စစ်ကောင်စီ တပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ ၃ မြို့ကို ပစ်ခတ်တိုက်ခိုက်နေ
(ရခိုင်က မြို့ ၃ မြို့တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်) ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်ရှိသော စစ်ကောင်စီ တပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဒေသများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း AA က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ထားသည်။ ကျိန္တလီ၊ ကမ်းသာယာမြို့များမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ မြို့၊ ရွာများသို့ပါ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ စစ်သင်္ဘောကြီးများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း နေ့တိုင်းပြုလုပ်လျက်ရှိကြောင်း AA က ပြောသည်။ ဤကဲ့သို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ
စစ်ကောင်စီက အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေကြောင်း သံအမတ် ဦးကျော်မိုးထွန်းပြော
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်ရှုံးနေ၍ ရှုံးမဲမဲကာ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် ဆေးရုံများအပါအဝင် ကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေကြောင်း သံအမတ် ဦးကျော်မိုးထွန်းက ပြောသည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်မှာ မြေပြင်တွင် ရှုံးနိမ့်လျက်ရှိသဖြင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများနှင့် ဆေးရုံများကို မဆင်မခြင် လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုအမျိုးမျိုးကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။ စစ်တပ်က သံသယရှိသူများကို စစ်ဆေးမေးမြန်းရန်၊ အကျဉ်းထောင်များတွင်
အမ်းနှင့် မောင်တောမှာ စစ်ကောင်စီ ပစ်ခတ်၍ တစ်ရက်တည်း အရပ်သား ၈ ဦးသေ၊ ၂၄ ဦး ဒဏ်ရာရ
ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယမန်နေ့ အောက်တိုဘာလ ၂၁ တစ်ရက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ အမ်းမြို့နယ် လောင်းစပ်ကျေးရွာကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၂ နာရီက စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခဲ့၍ အပြစ်မဲ့အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ပြင်းထန်ရရှိခဲ့သည်။ တိုက်ပွဲမရှိသည့် လောင်းစပ်ကျေးရွာကို အရပ်သားသေဆုံးစေလိုသည့် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ သေဆုံးသူများမှာ အသက်မပြည့်သည့် ၁၇ နှစ်အရွယ် ကိုဖြိုးမင်းသူ၊ အသက် ၆၀
ဒေသခံများ နေရပ်ပြန်နိုင်ရေး မတူပီ တပ်မဟာ အချင်းချင်း ညှိနှိုင်းမည်
အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရသော ချင်းပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် မတူပီ တပ်မဟာအချင်းချင်း ညှိနှိုင်းပြေလည်ပြီး ကြားခံအဖွဲ့အစည်းတစ်ခုဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု သိရသည်။ ဒေသခံပြည်သူများ အပူအပင်မရှိ နေရပ်ပြန်နိုင်ရန် တတိယအဖွဲ့အစည်း (ကြားခံအဖွဲ့အစည်း) မှ တစ်ဆင့် ကြိုးပမ်းဆောင်ရွက်မည်ဟု မတူပီတပ်မဟာ ၂ က အောက်တိုဘာလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ မတူပီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် CDF မှာ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့ရှိပြီး ၎င်းတို့မှာ မူဝါဒနှင့် သဘောထားမတိုက်ဆိုင်၍ နှစ်ခြမ်းကွဲသွားကြသည်။ မတူပီ တပ်မဟာ ၁ CDF သည် ချင်းညီနောင်တပ်ဖွဲ့သို့ ဝင်ရောက်သွားပြီး မတူပီ တပ်မဟာ ၂ မှာ
ရန်ကုန်တိုင်းမှာ အချုပ်ကျနေသူများကို အမှုကပယ်ဖျက်ပြီး စစ်မှုထမ်းခိုင်း
ရန်ကုန်တိုင်းဒေသမှာ ခိုးဆိုးလုယက် ဒုစရိုက်သမားများနှင့် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားများကို စစ်ကောင်စီသည် အမှုကပယ်ဖျက်ပြီး စစ်မှုထမ်းခိုင်းနေကြောင်း စုံစမ်းသိရသည်။ ယခု အောက်တိုဘာလအတွင်းမှာ စတင်ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အချုပ်သားများကို စစ်သားစုဆောင်းနေခြင်းဖြစ်သည်။ သတင်းရင်းမြစ်က “ရင်ဆိုင်နေရတဲ့ အမှုတွေကို ပယ်ဖျက်ပေးပြီးတော့ တပ်သားသစ်အဖြစ် နိုင်ငံတော်အတွက် စစ်မှုထမ်းခိုင်းတာရှိပါတယ်။ အမှုရင်ဆိုင်နေရတဲ့ အချုပ်သားတွေ အဖြစ်ကနေ အမှုပယ်ဖျက်ပေးတာပါ။ အမျိုးသားတွေ၊ လူငယ်လေးတွေ ပါပါတယ်” ဟု ပြောသည်။ နှစ်ရှည်ထောင်ဒဏ်ကျနိုင်သည့် အချုပ်သားများကို စစ်ကောင်စီက အပြစ်ခံယူမည်လား၊ စစ်မှုထမ်းမည်လား ဟု မေးမြန်းကြောင်းနှင့် အချုပ်သားအများစုက စစ်မှုထမ်းရန် ရွေးချယ်ကြကြောင်း
ပလက်ဝ ဆေးရုံအုပ် ဒေါက်တာ အေးကျော်ကို AA ပြန်လွှတ်ပေး
ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ခေတ္တတာဝန်ထမ်းဆောင်နေသော ဆေးရုံအုပ် ဒေါက်တာအေးကျော်ကို ULA/AA က အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဒေါက်တာအေးကျော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က ULA/AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ၁၀ ရက်ခန့်အကြာမှာ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ” ၉ ရက်နေ့က ဒေါက်တာအေးကျော် ပြန်လည်လွတ်လာပါပြီ။ ခံဝန်နဲ့ ပြန်လာလွတ်လာတာလို့ သိရတယ်။ သူ့ကို ULA/AA က နေအိမ်အကျယ်ချုပ်ပုံစံနဲ့ ထိန်းသိမ်းထားခဲ့တယ်လို့ သိရတယ်။ ပြန်လွတ်လာတော့ ဝမ်းသာတာပေါ့။ ဘာကြောင့်ဖမ်းတယ်၊ ဘာတွေမေးတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ ” ဟု ပြောသည်။ ဒေါက်တာအေးကျော်နှင့် အဆက်အသွယ်ရရန်
စစ်မှုထမ်းတပ်သားသစ် ရာနှင့်ချီ ရခိုင်တိုက်ပွဲကို စစ်ကောင်စီ ပေးပို့
ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေသော အမ်းမြို့နယ်နှင့် ဂွမြို့နယ်က တိုက်ပွဲများသို့ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစုဆောင်းထားသည့် တပ်သားသစ် ရာနှင့်ချီ ပေးပို့ တိုက်ခိုက်နေကြောင်း သိရသည်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီး၊ ဂွမြို့နယ် ၁၀ မိုင်အကွာ ကြွေချိုင်၊ မောင်တောမြို့စောင့်တပ် နခခ ၅ တပ်စခန်းတို့တွင် စစ်ကောင်စီနှင့် AA နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြသည်။ နပခ အတွက် အရေးပါသော တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာနှင့် မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ပြီးနောက် အမ်းမြို့ထဲရှိ နပခ ကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီမှာ တပ်သား အသေအပျောက်များနေ၍ စစ်မှုထမ်းဟောင်း ဥပဒေဖြင့် စုဆောင်း