မောင်တောတွင် စစ်ကောင်စီက ဗုံးကြဲမှုကြောင့် ကိုယ်ဝန်သည်နှင့် ကလေးငယ်တစ်ဦး အပါအဝင် ၅ဦး သေဆုံး
စစ်ရေး သတင်း
1 min read
0

မောင်တောတွင် စစ်ကောင်စီက ဗုံးကြဲမှုကြောင့် ကိုယ်ဝန်သည်နှင့် ကလေးငယ်တစ်ဦး အပါအဝင် ၅ဦး သေဆုံး

အောက်တိုဘာ ၂၁ - ၂၀၂၄
0

ဓါတ်ပုံများကို Western News ၏ တယ်လီဂရမ်တွင် ကြည့်ပါရန် https://t.me/TheWesternNews/15197 ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ရခိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲမှုကြောင့် ကိုယ်ဝန် ၇ လခန့်ရှိ အမျိုးသမီးတစ်ဦး၊ ၃ လအရွယ်ရှိ ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၂၁ ရက်နေ့ ညဉ့် ၁ နာရီ ၄၄ မိနစ်လောက်က စစ်ကောင်စီတပ်၏ လေကြောင်းက လာရောက်ဗုံးကြဲခြင်းဖြစ်ပြီး ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်လာသူ ညီမအရင်းနှစ်ဦးအပါအဝင် ၅ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “စစ်ကောင်စီတပ်က ညဉ့်အချိန်မှာ ဗုံးလာကြဲတာပါ။ လူတွေ

Continue Reading
မြို့အနီးတိုက်ပွဲ ပြင်းထန်နေ၍ အမ်းလေဆိပ် လေယာဉ်အတက်အဆင်း ရပ်တန့်
စစ်ရေး သတင်း
1 min read
0

မြို့အနီးတိုက်ပွဲ ပြင်းထန်နေ၍ အမ်းလေဆိပ် လေယာဉ်အတက်အဆင်း ရပ်တန့်

အောက်တိုဘာ ၂၁ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်းများနှင့် AA တို့ တိုက်ပွဲများကြောင့် အမ်းလေဆိပ်မှာ လေယာဉ်အတက်အဆင်း ရပ်တန့်ထားရကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ” အမ်းလေဆိပ် အသုံးပြုခွင့်မရတာ ၃ ရက်လောက်ရှိပါပြီ။ နပခ ကို လက်နက်ကြီးကျတာ၊ လေဆိပ်ကို လက်နက်ကြီးကျတာတွေကြောင့် လေယာဉ်တွေ ဆင်းသက်လို့ မရတော့ဘူး။ ရန်ကုန်ဘက်ကို ပြန်လှည့်ပြန်သွားရတယ်။ မနေ့ကဆို မြန်မာ့လေကြောင်း လေယာဉ်တစ်စီးလာတယ်။ ပစ်ခတ်သံတွေကြောင့် မဆင်းရဲဘဲ ပြန်သွားရတယ်။ ” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ အမ်းမြို့သိမ်းတိုက်ပွဲကို AA က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့နယ်က စစ်ကောင်စီ၏ အရေးပါသော ဗျူဟာကုန်းများကို သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို

Continue Reading
ဘုတလင်၊ စီပါကျေးရွာမှ အရပ်သား ၆ ဦး ကို စစ်ကောင်စီ မီးရှို့သတ်ဖြတ်
စစ်ရေး မှုခင်း သတင်း
1 min read
0

ဘုတလင်၊ စီပါကျေးရွာမှ အရပ်သား ၆ ဦး ကို စစ်ကောင်စီ မီးရှို့သတ်ဖြတ်

အောက်တိုဘာ ၂၀ - ၂၀၂၄
0

ဓါတ်ပုံများကို သွေးလန့်သူများနှင့် နှလုံးရောဂါရှိသူများ မကြည့်ရန်https://t.me/TheWesternNews/15177 စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာမှ အရပ်သား ပြည်သူ ၆ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်လိုက်ပြီး ခြေလက် အင်္ဂါများကို ခြံစည်းရိုးများတွင် ချိတ်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အရပ်သား ၆ဦး၏ ကိုယ်လက် အင်္ဂါများကို ဖြတ်ပြီး ခြံစည်းရိုးများတွင် ချိတ်ထားခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူများထုတ် အသားများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်၍ ရက်ရက်စက်စက် သတ်ဖြတ်ထား ဖြစ်ကြောင်းး ဒေသခံများ ကပြောဆိုသည်။ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ဝင်ရာက်စီးနင်းခဲ့ပြီး အိမ်ခြေ ၃၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့

Continue Reading
စစ်ကောင်စီ လက်နက်ကြီးကြောင့် ဂွနှင့် မောင်တောမှာ အရပ်သား ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ လက်နက်ကြီးကြောင့် ဂွနှင့် မောင်တောမှာ အရပ်သား ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၉ - ၂၀၂၄
0

တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်နှင့် မောင်တောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေ၍ ယခုရက်အတွင်း ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကြောင်း သိရသည်။ ဂွမြို့နယ် ကုလားပြင်အနီးက ဒယ်ဘုတ်ကျေးရွာကို အောက်တိုဘာလ ၁၅ ရက် နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားသည်။ သေဆုံးသူများမှာ အသက် ၄၂ နှစ်အရွယ် ဦးမောင်တင်ရွှေ၊ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်မျိုးမြင့်နှင့် အသက် ၅၀ အရွယ် ဦးတင်ရွှေတို့ဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် မေနှင်းသူ၊

Continue Reading
နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးဆက်တိုက်ကြဲ၊ နှစ်ရက်အတွင်း ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးဆက်တိုက်ကြဲ၊ နှစ်ရက်အတွင်း ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၉ - ၂၀၂၄
0

တအောင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းမြောက် နောင်ချိုမြို့ကို ယခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၅ နာရီကျော်အချိန်တွင် နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်ရပ် ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ တောင်ရပ် ရပ်ကွက်နေ ဦးကျော်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်အပါအဝင် သမီးငယ်နှစ်ဦးနှင့်အတူ ၃ ဦးစလုံး သေဆုံးသွားခဲ့ရသည်။ ဆက်လက်ပြီး နံနက် ၅ နာရီခွဲအချိန်ခန့်တွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရ၍ ဦးပြားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပြားနှင့်

Continue Reading
နမ့်ဖက်ကာ ပန်ခါးရွာသား ၂ ဦး စစ်ကျန်လက်နက်ကြောင့် သေဆုံး
စစ်ရေး သတင်း
1 min read
0

နမ့်ဖက်ကာ ပန်ခါးရွာသား ၂ ဦး စစ်ကျန်လက်နက်ကြောင့် သေဆုံး

အောက်တိုဘာ ၁၈ - ၂၀၂၄
0

တအောင်းဒေသ TNLA ထိန်းချုပ်နယ်မြေ နမ့်ဖက်ကာမြို့နယ် ပန်ခါးကျေးရွာက ဒေသခံနှစ်ဦးမှာ စစ်ကျန်လက်နက်ကို ယူဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားကြော်ငး TNLA က ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ အရပ်သား အမျိုးသားနှစ်ဦးမှာ အောက်တိုဘာလ ၁၅ ရက်နေ့က မပေါက်ကွဲသေးသည့် ၆၀ မမ လက်နက်အမျိုးအစား ဗုံးသီးတစ်လုံးကို ယူဆောင်လာပြီး ဖြုတ်ရာမှာ ပေါက်ကွဲမှုဖြစ်ကာ နေရာ၌ သေဆုံးသွားကြောင်း သိရသည်။ ” ဗုံးသီးထဲက ယမ်းမှုန့်များကို ထုတ်ယူဖို့ ကြိုးပမ်းချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားပါတယ်။ ” ဟု TNLA က ဆိုသည်။ သေဆုံးသွားသူ နှစ်ဦးမှာ ပန်ခါးကျေးရွာနေ အသက် ၂၇

Continue Reading
ARSA နှင့် RSO တို့ အချင်းချင်း ပစ်မှုကြောင့် မွတ်ဆလင်ဒုက္ခသည် ၅ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ARSA နှင့် RSO တို့ အချင်းချင်း ပစ်မှုကြောင့် မွတ်ဆလင်ဒုက္ခသည် ၅ ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၈ - ၂၀၂၄
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းအမှတ် ၁၅ တွင် မွတ်ဆလင်လက်နက်ကိုင်များဖြစ်သည့် ARSA နှင့် RSO တို့ အချင်းချင်း ပစ်ခတ်မှုအတွင်း မွတ်ဆလင်ဒုက္ခသည် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ARSA နှင့် RSO တို့ကြား အကြိမ်များစွာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသည့် ဒုက္ခသည်များမှာ အသက် ၁၈ နှစ်အရွယ် အဗ္ဗဒူလာ၊ အသက် ၂၅ နှစ်အရွယ် မိုဟာမက် ယူနာ့စ်၊ အသက် ၃၀ အရွယ် အိုမာဖရက်၊ အသက် ၃၅ နှစ်အရွယ်

Continue Reading
ယောဒေသတွင် လူမျိုးသုဉ်းစေရန် စစ်ကောင်စီတိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ယောဒေသတွင် လူမျိုးသုဉ်းစေရန် စစ်ကောင်စီတိုက်ခိုက်နေ

အောက်တိုဘာ ၁၈ - ၂၀၂၄
0

(လေကြောင့်တိုက်ခိုက်မှုကြောင့် ယောတပ် ရဲဘော်နှစ်ဦးပါအဝင် အရပ်သား ၁၀ ဦးသေဆုံး) ယောဒေသကို စစ်ရာဇဝတ်မှု တင်မက လူမျိုးသုဉ်း သတ်ဖြတ်မှုအဖြစ် အာဏာသိမ်း စစ်ကောင်စီက တိုက်ခိုက်နေကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ပြောသည်။ စစ်ကောင်စီ (မြန်မာစစ်တပ်) က ယခုလအတွင်း ယောဒေသကို လေကြောင်းစစ်ဆင်ရေး ရက်ဆက်နီးပါး လုပ်ဆောင်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများနှင့် အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နေသည်ဟု ယောကာကွယ်ရေးတပ်က အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။ စုဆောင်းထားသော အချက်အလက်အရ ယခု အောက်တိုဘာလအတွင်း ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်ခဲ့ကာ ရဲဘော်နှစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးသွားကြောင်းနှင့် ၃၀ ကျော်

Continue Reading
ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ကူညီနေသည့် ကုလအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်း ပြစ်တင်
စစ်ရေး သတင်း
1 min read
0

ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ကူညီနေသည့် ကုလအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်း ပြစ်တင်

အောက်တိုဘာ ၁၇ - ၂၀၂၄
0

မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများအပေါ် နေ့စဉ် ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ် သတ်ဖြတ်နေသော မြန်မာစစ်တပ် (စစ်ကောင်စီ) အား ကူညီထောက်ပံ့နေကြသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်းက ပြစ်တင်ပြောဆိုလိုက်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက အမေရိကန်နိုင်ငံ ကုလဌာနချုပ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအချို့မှာ မြန်မာပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် စစ်ကောင်စီကို ကူညီမှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ် လောင်စာဆီ၊ တိုက်လေယာဉ်နှင့် ဆက်စပ် နည်းပညာ များကို ပိုမိုတင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် အရပ်သားများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည် ယခုနှစ်ကုန်ပိုင်းတွင်

Continue Reading
ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” အာဏာဖီဆန် လူထုလှုပ်ရှားမှုပြုလုပ်
စစ်ရေး သတင်း
1 min read
0

ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” အာဏာဖီဆန် လူထုလှုပ်ရှားမှုပြုလုပ်

အောက်တိုဘာ ၁၇ - ၂၀၂၄
0

ရန်ကုန်မြို့ထဲက နေရာတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကျပ်ထားသည့်ကြားထဲက “ကျွတ်မနေနဲ့ ကြုံး” စာတန်းပါ ဆိုင်းဘုတ်များ ချိတ်ဆွဲသည့် လူထုလှုပ်ရှားမှုတစ်ခု ယနေ့‌ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီ မတရားရယူထားသော အာဏာကို ဖိဆန်သည့်အနေဖြင့် တော်လှန်ပုန်ကုန် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ အာဏာဖီဆန်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ဖြစ်သည့် Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Community နှင့် Linn Yaung Ni Youth Organization ( LYNYO) တို့ ပူးပေါင်း လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

Continue Reading