စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲစရန် KNU က ပြင်ဆင်နေဟု မင်းအောင်လှိုင်ပြော
စစ်ရေး သတင်း
1 min read
99

စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲစရန် KNU က ပြင်ဆင်နေဟု မင်းအောင်လှိုင်ပြော

August 6, 2024
0

ကရင်အမျိုးသားအစည်းအရုံး KNU က စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲသစ်စရန် ပြင်ဆင်နေသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ့်ကို သမ္မတ တင်‌မြောက်ပြီးနောက် နိုင်ငံ့လုံခြုံရေးနှင့်ပတ်သက်ပြီး ပထမဆုံး အကြိမ် ယနေ့ ပြောကြားချက်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ” KNU တပ်မဟာ ၁, ၃ နဲ့ ၅ သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ပွဲများ ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။ ” ဟု မင်းအောင်လှိုင်က ပြောသည်။ မြန်မာစစ်တပ် (စစ်ကောင်စီ) အား တိုက်ခိုက်ရန်လည်း PDF များကို လက်နက်တပ်ဆင်ပေးခြင်းနှင့်

Continue Reading
ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်မည်ဟု ရှစ်လေးလုံးနေ့မှာ BPLA တပ်မှူး မောင်ဆောင်းခပြော
စစ်ရေး နိုင်ငံရေး သတင်း
1 min read
82

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်မည်ဟု ရှစ်လေးလုံးနေ့မှာ BPLA တပ်မှူး မောင်ဆောင်းခပြော

August 6, 2024
0

ယခုလ ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မည့် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကတိကဝတ်ပြုရာတွင် ဗမာပြည်သူ့လွတ်လပ်ရေးတပ်တော် BPLA အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်ပွဲဝင်သွားမည်ဟု တပ်မှူးတစ်ဖြစ်ဦးဖြစ်သည့် မောင်ဆောင်းခက ပြောသည်။ BPLA က ထုတ်ဝေနေစော “ဗမာသူပုန်” စာစဉ် ဩဂုတ်လထွက်တွင် တပ်မှူး မောင်ဆောင်းခက စစ်အာဏာရှင်များကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကတိကဝတ်ကို ပြုခဲ့ခြင်းဖြစ်သည်။ ” ဒီမျိုးဆက်မှာ စစ်အာဏာရှင်ကို အပြီးတိုင်အမြစ်ဖြတ်ပြီး ဒီမိုကရေစီ၊ လူ့ရပိုင်ခွင့်နဲ့ လူမှုတရားမျှတမှုတို့ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတဲ့အထိ လူထုနဲ့အတူ တော်လှန်ရေးအောင်ပွဲကို အရယူနိုင်အောင် ကျနော်တို့ BPLA ကလည်း ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့

Continue Reading
လားရှိုး ရမခ အား သိမ်းနိုင်ခြင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့
စစ်ရေး သတင်း
1 min read
115

လားရှိုး ရမခ အား သိမ်းနိုင်ခြင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့

August 5, 2024
0

ပျက်ပြယ်သွားခြင်းမရှိသည့် ၁၀၂၇ စစ်ရေးဆင်ရေး၏ အောင်မြင်မှုများနှင့် လားရှိုးမြို့ထဲက စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခဲ့သည့် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် မဟာမိတ်တပ်များအား KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့ထားကြသည်။ MNDAA ဦးဆောင်သော မဟာမိတ်တပ်များသည် လားရှိုးမြို့ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ ၃ ရက်တွင် စစ်ကောင်စီ၏ လားရှိုး ရမခ တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိသည့်အနက် တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA, TNLA, AA, နှင့်

Continue Reading
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ
စစ်ရေး သတင်း
1 min read
144

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ

August 5, 2024
0

လက်နက်ချ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ ရှိလာနေ ရှမ်းပြည်၊ မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုလိုက်သည်။ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရရှိဘဲ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ “အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း

Continue Reading
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားပြီ
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
264

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားပြီ

August 5, 2024
0

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုသည်။ ရမခ ကျဆုံးသွားပြီကို စစ်ကောင်စီက ဝန်မခံရဲသေးပေ။ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏

Continue Reading
လားရှိုးတိုက်ပွဲမှာ တိုင်းမှူးဟောင်း ကိုယ်ရေးအရာရှိအပါအဝင် ဒဏ်ရာရ အရာရှိများ သေဆုံး
စစ်ရေး သတင်း
1 min read
95

လားရှိုးတိုက်ပွဲမှာ တိုင်းမှူးဟောင်း ကိုယ်ရေးအရာရှိအပါအဝင် ဒဏ်ရာရ အရာရှိများ သေဆုံး

August 2, 2024
0

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် MNDAA တို့အကြား တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး အပါအဝင် ဒဏ်ရာရ စစ်အရာရှိကြီးတချို့ပါ သေဆုံးခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၁ ရက်နေ့တွင် လေယာဉ်ကွင်းကို သိမ်းပိုက်ထားသော MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတပ်များက ရှေ့သို့ ချီတက်လာစဉ် လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ MNDAA တပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ စစ်ဆေးရုံတပ်များ အကျဆုံးများစွာဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပင်မရုံးချုပ်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ

Continue Reading
စစ်မှုထမ်းသစ်အတွက် UMFCCI က အလုပ်သမားများစာရင်းကို စစ်ကောင်စီကိုပေးနေ
စစ်ရေး သတင်း
1 min read
141

စစ်မှုထမ်းသစ်အတွက် UMFCCI က အလုပ်သမားများစာရင်းကို စစ်ကောင်စီကိုပေးနေ

August 2, 2024
0

မြန်မာအလုပ်သမားအဖွဲ့ချုပ် UMFCCI က အလုပ်သမားများကို စာရင်းကောက်ခံပြီး စစ်မှုထမ်းသစ်အတွက် အာဏာသိမ်း စစ်ကောင်စီထံ လူစာရင်းပေးထားကြောင်း စုံစမ်းသိရသည်။ ရန်ကုန်တိုင်းအတွင်းက စစ်မှုဇုန်များ၊ စက်ရုံပြင်ပရှိ အလုပ်ရုံ၊ စက်ရုံများ၌ အလုပ်လုပ်နေကြသော လူငယ်အလုပ်သမားများကို စာရင်းကောက်ပြီး စစ်ကောင်စီထံသို့ UMFCCI က လျှို့ဝှက် ပေးပို့ခဲ့ကြောင်း သိရသည်။ ” အလုပ်သမား မှတ်ပုံတင်မရှိတဲ့သူတွေကို မှတ်ပုံတင်ဖို့ အကြောင်းပြကာ UMFCCI က စာရင်းတွေ လိမ်ကောက်ပြီး စစ်ကောင်စီကို တိုက်ရိုက်ပို့ပေးနေတာ။ စစ်ကောင်စီက လျှို့ဝှက်ပေးဖို့ UMFCCI က ညွှန်ကြားထားတယ်။ UMFCCI ရဲ့ အထွေထွေအတွင်းရေးမှူး အထည်ချုပ်လုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်နွယ်က ဦးစီးပြီး စာရင်းကောက်ခံနေတာဖြစ်တယ်။ အလုပ်သမား လူငယ် အမျိုးသား

Continue Reading
မိုးမိတ်မြို့သိမ်းပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
စစ်ရေး သတင်း
1 min read
110

မိုးမိတ်မြို့သိမ်းပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

August 2, 2024
0

ရှမ်းမြောက် တအောင်းဒေသရှိ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံမှ အလုံးစုံ သိမ်းပိုက်ရရှိပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တအောင်းတပ် TNLA က ယနေ့ ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်သည်။ TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မိုးမိတ်မြို့ကို ဇွန်လ ၂၇ ရက်နေ့က စတင် တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက်နေ့တွင် TNLA မှ သိမ်းပိုက်ခဲ့သည်။ ယင်းအပြင် မိုးမိတ်မြို့နယ်က စစ်ကောင်စီ၏ ကင်းချောင်းစခန်း၊

Continue Reading
တော်လှန်ရေးကို နှောက်ယှက်၍ ဟားခါးမှာ ခွေးမမွေးရ
စစ်ရေး သတင်း
1 min read
131

တော်လှန်ရေးကို နှောက်ယှက်၍ ဟားခါးမှာ ခွေးမမွေးရ

August 2, 2024
0

တော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေ၍ ချင်းပြည်နယ် ဟားခါးမြို့မှာ ခွေးမွေးခွင့်မရှိကြောင်းနှင့် မည်သူမဆို အိမ်ပြင်ထွက်သော ခွေးများကို သတ်ခွင့်ရှိသည်ဟု ဇူလိုင်လ ၃၀ ရက်တွင် CDF ဟားခါးက ထုတ်ပြန်ထားသည်။ ဟားခါးမြို့လူထုအနေဖြင့် အိမ်မွေးခွေးများကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရောင်းချကြရန်နှင့် မရောင်းချနိုင်ပါက သတ်ပစ်ရမည်ဟု CDF ဟားခါးက သတိပေးသည်။ ” သင့်ခွေးဟောင်နေပါက အကြမ်းဖက်သမားက သင့်အိမ်ကို မတော်တဆ ဖောက်ခွဲပစ်ခြင်း သို့မဟုတ် ပစ်သတ်ခြင်းဖြစ်နိုင်ပြီး ထိုသို့ဖြစ်လာပါက သင့်အိမ်နီးနားချင်းများနှင့် သင့်ခွေးကြောင့် ဒုက္ခရောက်မည်ဖြစ်သည်။ မင်းရဲ့ခွေးကြောင့် တော်လှန်သူတွေ ဒုက္ခရောက်နိုင်တယ်။ ” ဟု ထုတ်ပြန်ထားသည်။ တော်လှန်ရေးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို နှောက်ယှက်နေ၍ ပြည်သူများ

Continue Reading
တိုက်ပွဲတစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ကြောင်း TNLA ပြော
စစ်ရေး သတင်း
1 min read
87

တိုက်ပွဲတစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ကြောင်း TNLA ပြော

August 2, 2024
0

ရှမ်းမြောက် လားရှိုးတိုက်ပွဲ တစ်လကျော် ကာလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၃၃ ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း TNLA ယမန်နေ့ ဇူလိုင် ၃၁ တွင် ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းကနေ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၁၅ လုံး ပျက်စီးသွားသည်။ တစ်လကျော် ၃၆ ရက်အတွင်းမှာ အရပ်သား ၁၃၃ ဦးသေဆုံးပြီး ၁၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ စသည်ည ၁၀၅

Continue Reading