လူစုလူဝေးနှင့် သင်္ကြမကျရန် အာရက္ခတပ်တော် AA အသိပေး
စစ်ရေး သတင်း
1 min read
0

လူစုလူဝေးနှင့် သင်္ကြမကျရန် အာရက္ခတပ်တော် AA အသိပေး

ဧပြီ ၃ - ၂၀၂၅
0

လူစုလူဝေးနှင့် သင်္ကြန်မပြုလုပ်ကြရန် အချက်ပါဝင်သည့် သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းချက်များကို အာရက္ခတပ်တော် AA က ရခိုင်ပြည်သူများအား အသိပေးထုတ်ပြန်လိုက်သည်။ Western News ၏ စုံစမ်းချက်အရ အာရက္ခတပ်တော် AA စစ်ရုံးချုပ်က ရခိုင်ပြည်သူများအား တိုက်ရိုက်အသိပေး ထုတ်ပြန်ထားမျိုး မဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများအား AA စစ်ရုံးချုပ်က ညွှန်ကြားထားခြင်းဖြစ်သည်။ မြို့နယ်အလိုက် အာရက္ခတပ်တော် အုပ်ချုပ်ရေးအဖွဲ့များကမှ တစ်ဆင့် ရခိုင်ပြည်သူများ ထပ်ဆင့်ညွှန်ကြား အသိပေးထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ အာရက္ခတပ်တော် AA ၏ သင်္ကြန်ကာလအတွင်း ပြည်သူများ လိုက်နာရမည့် အချက်များမှာ လူစုလူဝေးဖြင့် သင်္ကြန်မဏ္ဍပ်ပြုလုပ် ရေကစားခြင်း မလုပ်ရ၊ လူအများအပြား စီးနင်းပြီး ကားများဖြင့် လှည့်ပတ်ခြင်း

Continue Reading
စစ်ကောင်စီ အပစ်ရပ်သည့်အတိုင်း KIO ကလည်း အပစ်ရပ်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ အပစ်ရပ်သည့်အတိုင်း KIO ကလည်း အပစ်ရပ်

ဧပြီ ၂ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီက ငလျင်ကယ်ဆယ်လုပ်ငန်းများကြောင့် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာ အပစ်ခတ်ရပ်သည်ဟု ထုတ်ပြန်ထားသည်။ စစ်ကောင်စီ အပစ်ရပ်ကြေညာထားသည့်အတိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကလည်း ယင်းကာလအတွင်း ပစ်အခတ်ရပ်စဲသည်ဟု ဧပြီလ ၂ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်အသိပေးထားသည်။ KIO က ထိုးစစ်များအား ရပ်နားထားမည်ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ၎င်း၏ ကတိကဝတ်များကို လိုက်နာရန် လိုအပ်သည်ဟု KIO ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။ “တိုက်ပွဲဆင်နွှဲနေကြသူတွေ အားလုံး အပစ်ရပ်အပေါ် လိုနာဖို့လိုအပ်တယ်။ စစ်ကောင်စီကလည်း လိုက်နာဖို့ လိုအပ်တယ်။ ငလျင်သင့်ဒေသတွေကို ပြန်လည်ထူထောင်ရေး ရေရှည်လုပ်မှာဖြစ်တယ်”

Continue Reading
ရက် ၂၀ကြာ အပစ် ရပ်ကြောင်း စစ်ကောင်စီ ကြေညာ
စစ်ရေး သတင်း
1 min read
0

ရက် ၂၀ကြာ အပစ် ရပ်ကြောင်း စစ်ကောင်စီ ကြေညာ

ဧပြီ ၂ - ၂၀၂၅
0

ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ရက် ၂၀ ကာလကို ယာယီအပစ် ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဧပြီလ ၂ ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာသည်။ ငလျင်ဒဏ်သင့် ပြည်သူလူထုအား စာနာထောက်ထားပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ယင်းကဲ့သို့ အပစ်ခတ် ရပ်စဲခြင်း ဖြစ်ကြောင်း ဆိုသည်။ အပစ်ရပ်စဲကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ထိခိုက်ပျက်စီးစေခြင်းများ ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ဆိုသည်။ ထို့အပြင် ယင်းထုတ်ပြန်ချက်တွင် ပြည်သူလူထု၏

Continue Reading
တရုတ်ကြက်ခြေနီ ယာဉ်တန်းကို သေနတ်မိုးပေါ် ထောင်ပစ်ခဲ့ဟု စစ်ကောင်စီ ဝန်ခံ
စစ်ရေး သတင်း
1 min read
0

တရုတ်ကြက်ခြေနီ ယာဉ်တန်းကို သေနတ်မိုးပေါ် ထောင်ပစ်ခဲ့ဟု စစ်ကောင်စီ ဝန်ခံ

ဧပြီ ၂ - ၂၀၂၅
0

ငလျင်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ပြုလုပ်ရန် လာရောက်သော တရုတ်ကြက်ခြေနီအသင်း ယာဉ်တန်းကို ရှမ်းမြောက် နောင်ချိုမြို့နယ်တွင် သေနတ်မိုးပေါ် ထောင်ပစ်ခဲ့ဟု အာဏာသိမ်း စစ်ကောင်စီက ပြောခွင့်ရက ဝန်ခံထားသည်။ ဧပြီလ ၁ ရက်နေ့ ညနေ ၉ နာရီ ၃၀ မိနစ်အချိန် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာအနီးတွင် တရုတ်ကြက်ခြေနီအသင်း၏ ကူညီကယ်ဆယ်ရေး ယာဉ်တန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်တားဆီးခဲ့သည်။ ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ တိုက်ပွဲဧရိယာအတွင်းသို့ ရောက်ရှိလာ၍ သေနတ် မိုးပေါ်ပစ်ခတ်ပြီး တားဆီးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားသည်။ “အခုဖြစ်ခဲ့တဲ့ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကိုရော သက်ဆိုင်ရာ စစ်သံရုံးကိုရော အကြောင်းကြားထားခြင်းမရှိဘူး။ ဖြစ်တဲ့နေရာကတော့ နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးမှာ ဖြစ်ခဲ့တာ။

Continue Reading
ARSA သတ်ဖြတ်၍ မောင်တောက အရပ်သား ၄ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

ARSA သတ်ဖြတ်၍ မောင်တောက အရပ်သား ၄ ဦးသေဆုံး

ဧပြီ ၂ - ၂၀၂၅
0

အကြမ်းဖက် Arakan Rohingya Salvation Army (ARSA) လက်နက်ကိုင်အဖွဲ့ သတ်ဖြတ်မှုကြောင့် ရခိုင်ပြည် မောင်တောမြို့နယ်က အရပ်သား အမျိုးသား ၄ ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ မောင်တောမြို့နယ်က ခရီးသွားပြည်သူ ခမီလူမျိုး ၄ ဦးကို မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ARSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို သတ်ဖြတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မြဝတီ ခမီးကျေးရွာမှ အောက်ဂန္ဒရူးကျေးရွာသို့ သွားရောက်စဉ် လမ်းမှာ ARSA အဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး ရုပ်အလောင်းများကို မယူတောင်တန်း ဘဒဂါးတောင်ကျော်လမ်းတွင် စွန့်ပစ်ထားခဲ့ကြောင်း သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များက ပြောသည်။

Continue Reading
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တစ်လတာ အပစ် ရပ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တစ်လတာ အပစ် ရပ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်

ဧပြီ ၁ - ၂၀၂၅
0

Western News| ဧပြီ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသော နေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ကြေညာသည်။ မဟာမိတ် သုံးဖွဲ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြသည်။ အာရက္ခတပ်တော် AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့က အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့ ဧပြီ ၁ရက်နေ့ ညနေမှာ ထုတ်ပြန်သည်။ နိုင်ငံတွင်း ငလျင်နောက်ဆက်တွဲ

Continue Reading
ငလျင်ဒဏ် သင့်နေအချိန် မြောက်ဦးနှင့် ကျောက်ဖြူကို စစ်ကောင်စီ တိုက်ခိုက်၊ အရပ်သား ၃ ဦးသေ ၇ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ငလျင်ဒဏ် သင့်နေအချိန် မြောက်ဦးနှင့် ကျောက်ဖြူကို စစ်ကောင်စီ တိုက်ခိုက်၊ အရပ်သား ၃ ဦးသေ ၇ ဦး ဒဏ်ရာရ

ဧပြီ ၁ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီက မြောက်ဦးမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီး ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာကို နေဗီက လက်နက်ကြီးနှင့် ပစ်ခတ်၍ သံဃာတော်အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ကိုရင်အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရရှိသွားသည်။ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ကို မတ်လ ၃၁ ရက် ည ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၆၆ နှစ်အရွယ် ဦးအောင်ကျော်ဇံ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ “မနေ့က ည ၈ နာရီကျော်လောက်မှာ Cluster (ပဒေသာဗုံး) တစ်လုံးနဲ့ အလယ်ဈေးရပ်ကွက်ကို ဗုံးကြဲခဲ့တယ်။ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။ ဒီလောက်ဗျာ

Continue Reading
တောင်ကုတ်နှင့် ဂွမှာ စစ်ကျန်မိုင်းနင်းမိ၍ အရပ်သားနှစ်ဦး ခြေထောက်ဆုံးရှုံး
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်နှင့် ဂွမှာ စစ်ကျန်မိုင်းနင်းမိ၍ အရပ်သားနှစ်ဦး ခြေထောက်ဆုံးရှုံး

မတ် ၃၁ - ၂၀၂၅
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်မှာ တိုက်ပွဲအတွင်း ကျန်ရှိခဲ့သော မြေမြှုပ်မိုင်းများကို နင်းမိ၍ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၂ ဦး ခြေထောက် တစ်ဖက်စီ ဆုံးရှုံးသွားသည်။ ယနေ့ မတ်လ ၃၁ ရက် နံနက်ပိုင်းက တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းရွာက အသက် ၆၄ နှစ်အရွယ် ဒေါ်အောင်မြ စစ်ကျန် မြေမြှုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်ထွက်သွားသည်။ နံနက် ၇ နာရီတွင် သူမ အလုပ်လုပ်ရာ လယ်တဲမှ အနီးရှိ တောင်သို့ ထင်းခွေရန်သွားစဉ် စစ်ကျန် မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်အောင်မြ၏ ဘယ်ဘက်ခြေထောက် ခြေမျက်စိအောက်က ပြတ်ထွက်သွားပြီး ညာဘက်ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာ

Continue Reading
ချင်းညီနောင်အဖွဲ့ဝင် ဇိုမီးတပ် ၄ နှစ်ပြည့် အခမ်းအနားကျင်းပ
စစ်ရေး သတင်း
1 min read
0

ချင်းညီနောင်အဖွဲ့ဝင် ဇိုမီးတပ် ၄ နှစ်ပြည့် အခမ်းအနားကျင်းပ

မတ် ၃၁ - ၂၀၂၅
0

ချင်းညီနောင်အဖွဲ့ဝင် ဇိုမီးတော်လှန်ရေးတပ် (ဇိုမီးဖက်ဒရယ်အစည်းအရုံး) ZFU/PDF ZOLAND တည်ထောင့် ၄ နှစ်ပြည့်အခမ်းအနားကို ချင်းပြည်နယ် ထိန်းချုပ်နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ဇိုမီးတပ်) သည် ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်တွင် တပ်ထောင်နေ့ ၄ နှစ်ပြည့်မြောက်ခဲ့ပြီး ချင်းပြည်နှင့် ချင်းအမျိုးသားများ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော ချင်းညီနောင်တပ်ဖွဲ့တစ်ခုဖြစ်သည်။ ဇိုမီးဖက်ဒရယ်အစည်းအရုံး ZFU/ PDF ZOLAND သည် ယနေ့ မတ်လ ၃၁ ရက်တွင် တပ်တည်ထောင်နေ့ အခမ်းအနားပုံများအား ထုတ်ပြန်ထားပြီး စစ်အာဏာရှင်တော်လှန်ရေး ၄ နှစ်တာအတွင်းမှာ ရဲဘော်များ အသက်ပေးဆပ်ခြင်းနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ရဲဘော်များ၏ ပေးဆပ်မှုများကြောင့် ဇိုမီးဖက်ဒရယ်အစည်းအရုံးအနေဖြင့်

Continue Reading
ARSA တိုက်ခိုက်၍ အာရက္ခတပ်တော် AA တပ်သား ၂ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

ARSA တိုက်ခိုက်၍ အာရက္ခတပ်တော် AA တပ်သား ၂ ဦးသေဆုံး

မတ် ၃၁ - ၂၀၂၅
0

ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည် နယ်စပ် မောင်တောဒေသတွင် လက်နက်ကိုင် ARSA အဖွဲ့က မတ်လ ၂၉ ရက်နေ့က တိုက်ခိုက်ခဲ့၍ အာရက္ခတပ်တော် AA တပ်သား ၂ ဦး သေဆုံးသွားကြောင်း သိရသည်။ မောင်တောဒေသ တောင်ပြို-ကြိမ်ချောင်း ကားလမ်းတွင် ဆိုင်ကယ်နှင့် ကင်းလှည့်သွားလာနေသော AA တပ်ဖွဲ့နှစ်ဦးကို အင်အား ၂၀ ခန့်ပါသော ARSA တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၁မိနစ် ၂၅ စက္ကန့်ရှိ အဆိုပါဖိုင်တွင် ARSA တပ်ဖွဲ့ဝင်များက ခြုံကြားကနေ ထွက်လာပြီး ပစ်ခတ်မှု စတင်လုပ်ဆောင်ကာ AA တပ်ဖွဲ့ဝင်များ ဆိုင်ကယ် စီးနင်းလာသည်ကို တရပ်စက် ပစ်ခတ်ခဲ့သည်။ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအား

Continue Reading