စစ်ကောင်စီနှင့် အိန္ဒိယတပ် စစ်ရေး ပူးပေါင်းဆောင်ရွက်မည်
စစ်ရေး စီးပွားရေး သတင်း
1 min read
241

စစ်ကောင်စီနှင့် အိန္ဒိယတပ် စစ်ရေး ပူးပေါင်းဆောင်ရွက်မည်

ဇူလိုင် ၁၇ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီနှင့် အိန္ဒိယတပ်မတော် စစ်ရေးပိုမိုဆောင်ရွက်ရေး ယမန်နေ့ ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘ်ဟေး တာကူးရ် (Abhay Thakur) တို့ တက်ရောက်ခဲ့ကြသည်။ နှစ်နိုင်ငံက စစ်တပ်များအနေဖြင့် သင်တန်းသားများ စေလွှတ်ရေး၊ စစ်ဘက်ဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်ရေးလေ့ကျင့်ရေးကိစ္စရပ်များကို ပြောဆိုဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စပ်ရပ်များကိုလည်း ဆွေးနွေးခဲ့သည်။ ယင်းအပြင် နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ချစ်ကြည်ရင်းနှီးရေးနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးကိုလည်း ပြောဆိုခဲ့ကြသည်။ အိန္ဒိယသံအမတ်သည် စစ်ကောင်စီ

Continue Reading
အိန္ဒိယလူငယ်များက ရခိုင်ကုန်သည် ပစ္စည်း ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဖမ်းဆီးဖျက်ဆီး
စီးပွားရေး သတင်း
1 min read
170

အိန္ဒိယလူငယ်များက ရခိုင်ကုန်သည် ပစ္စည်း ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဖမ်းဆီးဖျက်ဆီး

ဇူလိုင် ၁၇ - ၂၀၂၄
0

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က လိုင်လူငယ် CYLA အဖွဲ့အစည်းသည် ရခိုင်ကုန်သည်များထံမှ ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဖျက်ဆီးရန် ဖမ်းဆီးသွားကြောင်း ချင်းသတင်းများက ဖော်ပြကြသည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ကိုဖြတ်ပြီး ရခိုင်ပြည်ဘက်သို့ ပို့မည့် ဒီဇယ်ဆီများကို ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ CYLA လက်အောက်ခံ Diltlang- YLA (ဒီလ်တလန် လိုင်လူငယ်) အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရခိုင်ကုန်သည်များမှာ ဒီဇယ်ဆီများကို လုံလေမြို့က မှာယူပြီး လုံလေမြို့ ဂျောင်းသဲကို ဖြတ်ကာ ဒီလ်တလန် ရွာကတစ်ဆင့် ပလက်ဝမြို့ကနေ ရခိုင်ပြည် ကျောက်တော်မြို့သို့ ပို့ရန် စီစဉ်ထားကြောင်း သိရသည်။ ဒီဇယ်ဆီများကို ကားနှစ်စီးဖြင့် ယာဉ်မောင်း ၂

Continue Reading
လောင်တလိုင်မှာ ရခိုင်ကုန်သည်များ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ခံထားရဆဲ
စီးပွားရေး သတင်း
1 min read
129

လောင်တလိုင်မှာ ရခိုင်ကုန်သည်များ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ခံထားရဆဲ

ဇူလိုင် ၁၇ - ၂၀၂၄
0

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည် လောင်တလိုင်ခရိုင်ထဲမှာ ရခိုင်ကုန်သည်များ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ခံထားရဆဲဖြစ်ပြီး လောင်တလိုင်ထဲမှာ ပိတ်မိနေကြကြောင်း သိရသည်။ ရခိုင်ကုန်သည်များကို ဗဟိုလိုင်လူငယ်အဖွဲ့က ကန့်သတ်ပိတ်ပင်ထားသည်မှာ တစ်လကျော်ကြာမြင့်လာနေပြီဟု အိန္ဒိယရောက် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။ “ဒီမှာ သောင်တင်နေတာ ၁ လလောက် ရှိလာပြီ။ ဘယ်လို အခြေနေနဲ့ ပြန်ရမလဲ မသိတော့ဘူး။ ကုန်ပစ္စည်းတွေ ချခွင့်ပေးတဲ့အထိ သည်းခံစောင့်ဆိုင်းနေကြတာပဲ။ တချို့ဆိုလည်း မီးရှို့ခံရလို့ ဆုံးရှုံးတဲ့သူတွေ ဆုံးရှုံခဲ့ပြီးပြီ။ ကျန်တဲ့သူတွေမှာလည်း ကုန်တွေက ပြန်လည်းသွင်းမရ ယူသွားလို့လည်း မရနဲ့ ဒီအတိုင်း ဆုံးရှုံးထားသလို ဖြစ်နေပြီ” ဟု ပြောသည်။ ရခိုင်ကုန်သည်များ၏ ပစ္စည်းများကို ဗဟိုလိုင်လူငယ်အဖွဲ့က ဖျက်ဆီးလိုက်သည်မှာ ကျပ်သိန်း ထောင်ဂဏန်းအထိ ဆုံးရှုံးမှုရှိသွားပြီဟု ရခိုင်သည်များက

Continue Reading
မြန်မာ့ပဋိပက္ခ ပိုဆိုးလာ၍ ၇ ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှု ထိုင်းကုမ္ပဏီများ ရုပ်သိမ်း
စစ်ရေး သတင်း
1 min read
110

မြန်မာ့ပဋိပက္ခ ပိုဆိုးလာ၍ ၇ ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှု ထိုင်းကုမ္ပဏီများ ရုပ်သိမ်း

ဇူလိုင် ၁၆ - ၂၀၂၄
0

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပဋိပက္ခ ပိုဆိုးရွားလာ၍ မြန်ပြည်ထဲက ထိုင်းကုမ္ပဏီများက ၇ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ယခင်က ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တတိယမြောက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံထားသော နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ အဆင့် ၅ သို့ ကျဆင်းသွားကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။ မြန်မာနိုင်ငံအတွင်း ထိုင်းကုမ္ပဏီများက စီမံကိန်း ၁၅၅ ခုတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ယင်းအထဲက စီမံကိန်း ၅၀ မှာ မြန်မာပြည် တည်ငြိမ်မှုမရှိ၍ဟုဆိုကာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ရုပ်သိမ်းပြီး ထွက်ခွာသွားကြောင်းနှင့် ကျန်ရှိ

Continue Reading
ရခိုင်မှာ ငွေထုတ်ဈေး ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်
စီးပွားရေး သတင်း
1 min read
208

ရခိုင်မှာ ငွေထုတ်ဈေး ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်

ဇူလိုင် ၁၆ - ၂၀၂၄
0

ရခိုင်ပြည်အတွင်း KBZ Pay, Wave Money နှင့် ပြင်ပငွေလွှဲလုပ်ငန်းများတွင် ငွေထုတ်ဈေး ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွား၍ ငွေထုတ်သူများကြား အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ ပြီးခဲ့သည့် နှစ်ပတ်ခန့်က ငွေထုတ်ဈေးရာခိုင်နှုန်း ၁၅ ကနေ ယခုရက်ပိုင်းအတွင်း မြင့်တက်လာကာ ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ ပေါက်ဈေးအရ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခြင်းဖြစ်သည်။ ရခိုင်ပြည်ထဲက ငွေထုတ်ဈေးမှာ စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များအား ဖမ်းဆီးအရေးယူခြင်းနှင့် ဘဏ်များမှ ငွေထုတ်ယူမှုကန့်သတ်ချက်ကြောင့် ရာခိုင်နှုန်း အဆမတန် မြင့်တက်သွားခြင်းဖြစ်သည်။ ပြည်မက ဘဏ်ပြဿနာများကြောင့် ရခိုင်ပြည်ထဲက ငွေလွှဲလုပ်ငန်းများ ဈေးမြှင့်တင်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ ငွေထုတ်ခဲ့သူ မာန်အောင် ဒေသခံတစ်ဦးက ပြောသည်။ “ဟိုဖက်မှာ

Continue Reading
ရန်ကုန်ရှိ ပုဂ္ဂလိက ဘဏ်များတွင် ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူနိုင်ပြီဟုဆို
စီးပွားရေး သတင်း
1 min read
184

ရန်ကုန်ရှိ ပုဂ္ဂလိက ဘဏ်များတွင် ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူနိုင်ပြီဟုဆို

ဇူလိုင် ၁၆ - ၂၀၂၄
0

ရန်ကုန်တိုင်းဒေသအတွင်း ပုဂ္ဂလိကဘဏ်များနှင့် ATM စက်များတွင် ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်ထုတ်ယူနိုင်ပြီဟု ငွေထုတ်ယူသူများထံမှ သိရသည်။ ကျပ်တစ်သောင်းတန်ငွေစက္ကူများဖြင့် ထုတ်ယူနိုင်ပြီး ဧရာဝတီ၊ CB ဘဏ်၊ ကမ္ဘောဇ၊ ရိုးမ၊ အပါအဝင် ပုဂ္ဂလိကဘဏ်များတွင် ပြန်လည်ထုတ်ယူနိုင်ပြီဟု ပြောသည်။ မြောက်ဒဂုံမြို့နယ်တွင် ငွေထုတ်ခဲ့သူတစ်ဦးက “ဧရာ၀တီဘဏ်မှာက Special Account က သိန်း ၁၀၀ အထိ ထုတ်ပေးတယ်။ ATM က တစ်ခါထုတ်ရင် ၁၀ သိန်းရတယ်။ KBZ က Special Account က ၁၀ သိန်းထုတ်ပေးတယ်။ ရိုးမလည်းအတူတူပဲ။ ငွေစက္ကူတွေကတော့ ၁

Continue Reading
ရခိုင်မှာ ကျပ်ငွေ တစ်သိန်းထုတ်ယူလျှင် ငွေထုတ်ခအဖြစ် ကျပ် ၂၀,၀၀၀ ပေးနေရ
စီးပွားရေး ရုပ်သံ သတင်း
1 min read
350

ရခိုင်မှာ ကျပ်ငွေ တစ်သိန်းထုတ်ယူလျှင် ငွေထုတ်ခအဖြစ် ကျပ် ၂၀,၀၀၀ ပေးနေရ

ဇူလိုင် ၁၆ - ၂၀၂၄
0

Continue Reading
ငပလီကမ်းခြေကို AA ထိန်းချုပ်ပြီးနောက် ဘီလျံနှင့်ချီတန်ဖိုးရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၆၅ လုံးကို ပိုင်ဆိုင်မည်
စစ်ရေး စီးပွားရေး သတင်း
1 min read
202

ငပလီကမ်းခြေကို AA ထိန်းချုပ်ပြီးနောက် ဘီလျံနှင့်ချီတန်ဖိုးရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၆၅ လုံးကို ပိုင်ဆိုင်မည်

ဇူလိုင် ၁၅ - ၂၀၂၄
0

(ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အများစုက စစ်အုပ်စုနှင့် နီးစပ်သူများဖြစ်) ရခိုင်ပြည် သံတွဲမြို့နယ်မှာရှိသည့် ကမ္ဘာကျော် ငပလီကမ်းခြေမှာ ကြယ်သုံးပွင့်မှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ၆၅ လုံးရှိသည်ဟု စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သံတွဲမြို့နယ်အတွက် ငပလီကမ်းခြေမှာ စစ်ကောင်စီ တပ်ရင်းနှစ်ခုသာရှိပြီး အဆိုပါ တပ်ရင်းများမှာ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းတို့ဖြစ်သည်။ အဆိုပါ တပ်ရင်း နှစ်ခုစလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်ပြီဟု အာရက္ခတပ်တော် AA က ဇူလိုင်လ ၇ ရက်နှင့် ဇူလိုင်လ ၁၁ ရက်တွင် တရားဝင်ထုတ်ပြန်ထားပြီး ငပလီကမ်းခြေကို ထိန်းချုပ်သိမ်းပိုက်နိုင်ပြီဟု သုံးသပ်သူများက ပြောသည်။ သုံးသပ်သူတစ်ဦးက ” သံတွဲမြို့နယ်အတွက်

Continue Reading
တစ်ဒေါ်လာ ကျပ် ၅၀၀၀ ရောက်ရှိ၊ အခေါက်ရွှေဈေး ကျပ်သိန်း ၆၀ ဝန်းကျင်ရှိနေ
ကျန်းမာရေး သတင်း
1 min read
163

တစ်ဒေါ်လာ ကျပ် ၅၀၀၀ ရောက်ရှိ၊ အခေါက်ရွှေဈေး ကျပ်သိန်း ၆၀ ဝန်းကျင်ရှိနေ

ဇူလိုင် ၁၂ - ၂၀၂၄
1

ပြည်တွင်း စီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ သို့ ရောက်ရှိနေပြီး အခေါက်ရွှေစျေးနှုန်းမှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင်ရှိကြောင်း စုံစမ်းသိရသည်။ ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲ လက်ကြီးဒိုင်က “တစ်ဒေါ်လာကို ၄၉၆၀ နဲ့ ၅၀၀၀ အကြားရှိတယ်။ ၅၀၀၀ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ထိုင်းတစ်ဘတ်ကို အခုက ၁၃၈ ကျပ် ကျော်ရှိနေပြီ။ ဒေါ်လာရော ဘတ်ရော စံချိန်တင်ပဲ။ အဝယ်ချည်းပဲ အရောင်းလုံး၀ မရှိဘူး” ဟု ပြောသည်။ ရွှေစျေးကွက်တွင် ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၀၈ တွင်ရှိနေပြီး မြန်မာ့ရွှေစျေးနှုန်းမှာ ၅၉ သိန်း ၃ သောင်းနှင့် သိန်း ၆၀

Continue Reading
ရခိုင်မှာ ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းအထိ ထပ်မြင့်တက်
စီးပွားရေး သတင်း
1 min read
188

ရခိုင်မှာ ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းအထိ ထပ်မြင့်တက်

ဇူလိုင် ၁၂ - ၂၀၂၄
0

ရခိုင်ပြည် မြို့နယ်အများစုတွင် ငွေထုတ်ယူစျေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လျှက်ရှိကြောင်း ငွေလွှဲငွေထုတ်လုပ်သူများက ပြောသည်။ ငွေသားရှားပါးလာ၍ဟုဆိုကာ လဝက်အတွင်း ဈေးမြင့်တက်သွားခြင်းဖြစ်သည်ဟု မင်းပြားမှ ငွေလွှဲငွေထုတ်လုပ်သူတစ်ဦးက ပြောသည်။ “ငွေထုတ်ခစျေး တက်တယ်ဆိုတာကတော့ ငွေရှားလို့ပဲပေါ့လေ။ အခုက တစ်နေ့နဲ့တစ်နေ့ စျေးချင်းမတူဘူး။ ဒီနေ့ ၁၀ ရာခိုင်နှုန်းဆို နောက်တစ်နေ့ ဒီစျေးနဲ့ ရချင်မှရမယ်။ ဒီစျေးဖြစ်သွားတာကလည်း သိပ်မကြာပါဘူး။ လဝက်လောက်ပဲကြာလိုက်တယ်” ဟု ပြောသည်။ လက်ရှိ ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းအထိ ဖြစ်နေသည့် မြို့များမှာ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များဖြစ်ပြီး တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲဒေသတို့တွင် ၈ ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။

Continue Reading