ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း
စီးပွားရေး သတင်း
1 min read
64

ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း

ဇွန် ၁၄ - ၂၀၂၄
0

ရခိုင်မှာ လူမှုကူညီရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူညီများ ပေးနေသည့် NGO/INGO များမှာ ဒေသတွင်းလုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်းနေကြောင်း အဆိုပါအသိုင်းဝိုင်းမှ သိရသည်။ ဒေသအလိုက် လုပ်ငန်းလည်ပတ်မှုမှာ မတည်ငြိမ်သည့် အခြေနေများကြား ယခင်ထက် ၃ ပုံ ၁ ပုံနှုန်းခန့် လျော့ကျနေပြီး အကျိုးခံစားခွင့်ရှိသူများအနေဖြင့် များစွာနစ်နာမှုရှိနေကြသည်ဟု ကျောက်တော်မြို့နယ်မှ NGO တစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “ဒီဖက်မှာကျတော့ အာဏာပိုင်တွေနဲ့က ပြဿနာသိပ်မရှိဘူး။ အဆင်ပြေတယ်။ တစ်ခုပဲ ကျနော်တို့ ထောက်ပံ့ရေးပစ္စည်းတွေ အလုံလောက်မရနိုင်ဘူး။ အဓိက က လမ်းကြောင်းတွေအပိတ်ခံထားရတာကြောင့်ပေါ့။ နောက်တစ်ခုက အင်တာနက်ပြဿနာ။ ဒီပြဿနာကြောင့် ဒီဘက်နယ်တွေမှာ လုပ်ငန်းလည်ပတ်မှုက အရင်ကထက် ၃ ပုံ ၁ ပုံ လောက်လျော့သွားတယ်။

Continue Reading
ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်
စီးပွားရေး
1 min read
1257

ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်

ဧပြီ ၁၂ - ၂၀၂၄
0

ရခိုင်ပြည်ကို စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားသော်လည်း ပြီးခဲ့သည့်လကစ၍ ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန် ကုန်သွယ်နေကြပြီဟု ဒေသခံကုန်သည်များထံမှ သိရသည်။  အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစ၍ ရခိုင်ပြည်ကို အခြားသော ပြည်မမြို့များနှင့် ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်ကာ ကုန်စည်စီးဆင်းခွင့်ကို ပိတ်ပင်ခဲ့သည်။  ထိုကဲ့သို့ ပိတ်ပင်မှုကြောင့် ရခိုင်ပြည်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငရုပ်၊ ကြက်သွန်၊ မုန့်မျိုးစုံနှင့် ဆေးဝါးများ စသည်တို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ဖူလုံမှုမရှိဘဲ ရင်ဆိုင်ခဲ့ကြရသည်။  သို့သော်လည်း ပလက်ဝ၊ ကျောက်တော်၊ ရသေ့တောင်မြို့နှင့် မောင်တောခရိုင်က စစ်ကောင်စီတပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော် AA

Continue Reading
တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ
နိုင်ငံရေး သတင်း
1 min read
776

တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ

ဧပြီ ၃ - ၂၀၂၄
0

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က ယမန်နေ့ ဧပြီလ ၂ ရက်နေ့ထုတ် စစ်တမ်းတွင် ဖော်ပြထားသည်။  တရုတ်-မြန်မာဆက်ဆံရေးအပေါ် ISP Myanmar က မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်များကို အလွှာစုံက လူပေါင်း ၂၅၀ ဦးကို မေးခွန်း ၁၀၀ ဖြင့် မေးမြန်းကာ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။  အလွှာစုံဖြစ်သည့် နိုင်ငံရေးနယ်ပယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့အစည်းများ၊ ထင်ရှားကျော်ကြားသူများ၊ တိုင်းရင်းသားတော်လှန်ရေး EAOs နှင့် PDFs/LDFs တို့ကို မေးမြန်း စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။  ထိုစစ်တမ်းတွင် ဖြေဆိုသူအများစုက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ပြောဆိုကြသည်။  ယခင်နှစ်ကလည်း

Continue Reading