ရခိုင်ဒေသထွက် အရက်များကို သောက်သုံးရန် သင့်မသင့် AA က စစ်ဆေးသွားမည်
အာရက္ခတပ်တော် ထိန်းချုပ်ဒေသ လွတ်မြောက်နယ်များတွင် ပြည်မနှင့် ပြည်ပ အရက်များ ရောင်းဝယ်ဖောက်ကားမှု ပိတ်ပင်ခံရပြီးနောက် ဒေသထွက် အရက်များ ထုတ်လုပ်ရောင်းချမှု များပြားလာကြသည်။ အရက်က တစ်ဆင့် ဝိုင်ထုတ်လုပ်သည့် အဆင့်သို့ ဒေသခံပြည်သူများမှာ ထုတ်လုပ်ရောင်းချလာကြပြီး အများပြည်သူ သောက်သုံးရန်သင့်မသင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အာရက္ခတပ်တော် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အစားသောက်နဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေလုပ်မယ့် FDA အဖွဲ့ ဖွဲ့ထားတာရှိပါပြီ။ အခု ထုတ်လုပ်ရောင်းချနေကြတဲ့ ဝိုင်တွေကိုလည်း ဒီအဖွဲ့က စစ်ဆေးမှုတွေ လုပ်နေပါတယ်။ သောက်သုံးလို့ အဆင်မပြေတဲ့ အရာတွေထည့်ထားရင် ဒါကိုရောင်းချခွင့်မပြုပါဘူး” ဟုပြောသည်။ အရက်များ၊ ဝိုင်များအပြင် ဒေသထွက် အခြားသော စားသောက်ကုန်များကိုလည်း အများပြည်သူ စားသုံးရန်သင့်မသင့်
ရခိုင်တွင် ကွမ်းသီး တစ်မောင်း ကျပ် ၄၈၀၀၀၀ ရရှိ ရာကနေ လက်ရှိတွင် ၁၈၀၀၀၀ သာ ရရှိ
(ဘင်္ဂလာဒေ့ရှ်သို့ ပြည်မမှ ကွမ်းသီးများ ဝင်ရောက်မှုကြောင့် ဟုဆို) ဘင်္ဂလာဒေ့ရှ်သို့ ပြည်မဖက်က ကွမ်းသီးများ တင်ပို့မှုကြောင့် စျေးကောင်းရနေသည့် ရခိုင်ဒေသထွက် ကွမ်းသီးများမှာ လက်ရှိတွင် စျေးနှုန်းများ ကျဆင်းလာလျက် ရှိနေကြောင်း ကွမ်းသီး ရောင်းဝယ် သူများထံမှ သိရသည်။ ကွမ်းသီးစျေး ကျဆင်းမှုမှာ ဘင်္ဂလာဒေ့ရှ်သို့ ပြည်မမှ ကွမ်းသီးများ ဝင်ရောက်မှု များလာခြင်းကြောင့် ဖြစ်ပြီး လက်ရှိတွင် ကွမ်းသီး ရောင်းဝယ်မှုမှာ အဆင်မပြေ ဖြစ်နေကြောင်း ဘင်္ဂလာဒေ့ရှ်သို့ ကုန်သွယ် သွားလာနေသူ တစ်ဦးက Western News ကို ပြောသည်။ “ခုတစ်လော ကွမ်းသီးကရောင်းအားကျ နေတယ်ဗျ။ အရောင်းမထွက်ဘူး။ ဧရာဝတီဖက်တို့က ကွမ်းသီးတွေလည်းတအားဝင်လာတော့ သူတို့က အဲ့ဒီကွမ်းသီးကို ပိုကြိုက်ကြတယ်။
လယ်လုပ်ငန်းအရှုံးပေါ်၍ ရခိုင်တောင်သူများ လယ်ယာမြေများကို ထုတ်ရောင်းလာ
ရခိုင်တွင် ယခင်နှစ်ကများထက် ယခုနှစ် စပါးရိတ်သိမ်းချိန်တွင် အရှုံးပေါ်၍ တောင်သူများမှာ လယ်ယာမြေများကို ထုတ်ရောင်းချလာနေကြကြောင်း လယ်သမားများထံမှ သိရသည်။ ပြီးခဲ့သည့် မိုးရာသီကာလက စပါးစိုက်ပျိုးရန် မြေဩဇာများအပါအဝင် အလုပ်သမားငှားရမ်းခ၊ စက်ယန္တရားများငှားရမ်းခ စသည့် အရင်းအနှီးများများဖြင့် ရခိုင်လယ်သမားများမှာ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသော်လည်း စပါးပေါ်ချိန် စပါးအထွက်နှုန်း ကျဆင်းသွား၍ အရှုံးပေါ်နေကြခြင်းဖြစ်သည်။ မင်းပြားမြို့နယ်မှ လယ်သမားတစ်ဦးက “ဒီနှစ် လယ်သမားတွေရဲ့ ခံနိုင်ရည်က တော်တော်ကျသွားတယ်။ လယ်ရောင်းချင်တဲ့ သူတွေလည်း အများကြီးပဲ။ ရောင်းကြတဲ့ပုံစံက ရှိသမျှအကုန်ရောင်းကြတာတော့ မဟုတ်ဘူး။ ၃ ဧကလောက်ရှိရင် ၁ ဧကကို ရောင်းချင်တာမျိုး။ ဘာလို့လဲဆိုတော့ စိုက်ပျိုးစရိတ်ကြီးလို့ ကိုယ်တနိုင်တပိုင်လေးပဲ လုပ်ချင်တော့တာမျိုးပေါ့။ တစ်နှစ်အတွက် ကိုယ့်မိသားစု သုံးဖို့, စားဖို့
လက်နက်ကိုင်ဆောင်ခွင့်ရှိသည့် စစ်ကောင်စီ၏ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေမှာ EAO များ ထိန်းချုပ်သည့် တိုင်းရင်းသားဒေသတွင် ခက်ခဲနိုင်
လက်နက်ကိုင်ဆောင်ခွင့်ရှိသော ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြဌာန်းခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ EAO ထိန်းချုပ်သည့် ဒေသများတွင် ခက်ခဲနိုင်ကြောင်း သုံးသပ်သူများက ပြောသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဥပဒေကို အကြောင်းပြု၍ နိုင်ငံခြားလုံခြုံရေးကုမ္ပဏီများကို တည်ထောင်ခွင့်ပြုကာ စစ်ကောင်စီသည် စစ်ရေးအကူအညီများ ယူလာနိုင်ကြောင်းလည်း သုံးသပ်သူများရှိနေကြသည်။ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေသည် စစ်ကောင်စီ ထိန်းချုပ်သည့် မြို့ကြီးအချို့တွင် အသက်ဝင်နိုင်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသတွင် မဖြစ်နိုင်ကြောင်း ရခိုင်ကနိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုများအား စောင့်ကြည့်လေ့လာသူ ဦးထွန်းကြည်က ပြောသည်။ “စစ်ကောင်စီရဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အသက်ဝင်ဖို့ အများကြီးခက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်ချို့မှာတော့ ဖြစ်လာနိုင်တယ်။
စစ်တွေ ပါဒလိပ်ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရောင်းစားနေ
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာမှာ ရှိသော နေအိမ်များအားလုံးကို စစ်ကောင်စီတပ်ရင်းများက ဖြိုဖျက်ခိုင်းပြီး ထင်းအဖြစ် ရောင်းစားနေကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းက စစ်ကောင်စီတပ်က စစ်တွေမြို့အနီး ကျေးရွာ ၂၀ ကျော်ကို နှင်ထုတ်ရှင်းလင်းရေး ပြုလုပ်သည့် အထဲတွင် ပါဒလိပ်ကျေးရွာလည်း ပါဝင်ခဲ့ပြီး လက်ရှိ နေအိမ်များကို ရောင်းချနေကြောင်း ဆိုသည်။ ပါဒလိပ်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က စစ်တွေမြို့နယ်က မွတ်ဆလင်များကို ရောင်းချထားခြင်းဖြစ်ပြီး ၎င်းတို့က ယင်းအိမ်များကို ဖြိုဖျက်ကာ ထင်းအဖြစ် ရောင်းချနေခြင်းဖြစ်သည်။ “ပါဒလိပ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပါဒလိပ်ရွာက နေအိမ်တွေကို မွတ်ဆလင်တွေကို ရောင်းစားထားတယ်။ ပါဒလိပ်မှာက လူတွေမရှိတော့ဘူး။ ဟိုပြေးဒီပြေးနဲ့ အများစုကတော့
ဘင်္ဂလားဒေ့ရှ်က ၈ နှစ်ကြာပိတ်ပင်ခဲ့သည့် နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို ပြန်လည်ခွင့်ပြုပေး
ရခိုင်ရေပြင်နှင့် ထိစပ်နေသည့် နတ်မြစ်အတွင်းမှာ ၈ နှစ်ကြာ ပိတ်ပင်ခဲ့သော ငါးဖမ်းခွင့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူ့နိုင်ငံသားများအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြန်လည်ခွင့်ပြုပေးလိုက်ပြီဟု သိရသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ခိုးဝင်သူများ စိမ့်ဝင်မှုကြောင့် နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို ၈ နှစ်ကြာ ပိတ်ပင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း Dhaka Tribune က ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်အုပ်ချုပ်ရေးမှူးက နတ်မြစ်အတွင်း ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြုကြောင်း စာတစ်စောင်ကို တက္ကနပ်ဆိပ်ကမ်း တာဝန်ရှိသူများထံ ပေးပို့ခဲ့ကြောင်း သိရသည်။ နတ်မြစ်ထဲမှာ ငါးဖမ်းခွင့်ကို နံနက် ၈ နာရီမှာ ညနေ ၄ နာရီအထိ ခွင့်ပြုပေးခြင်းဖြစ်ပြီး စောင့်ကြည့်ကာလအနေဖြင့် ၃
မြန်မာနိုင်ငံသား ၂၇၈ ဦး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူ
မြန်မာနိုင်ငံသား ၂၇၈ ဦးသည် မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသား အဖြစ် ပြောင်းလဲခံယူလိုက်ကြောင်း စင်ကာပူရှိ စစ်ကောင်စီသံရုံးက ယနေ့ ဖေဖော်ဝါရီ ၃ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို လာရောက်အပ်နှံခဲ့ကြပြီး အဆိုပါသူများမှာ သံရုံးထောက်ခံစာကို လာရောက်ယူနိုင်ကြောင်း နိုင်ငံကူးလက်မှတ်မူရင်းနှင့် Processing Letter မူရင်းတို့ကိုပါ တစ်ပါတည်း ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း ကြေညာထားသည်။ မြန်မာနိုင်ငံသား ၂၇၈ ဦးသည် စင်ကာပူနိုင်ငံသားအဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ကူးပြောင်းသွားခြင်း ဖြစ်ပြီး နိုင်ငံသားကူးပြောင်းသွားသူအများစုမှာ စင်ကာပူ PR အမြဲတမ်း နေထိုင်ခွင့်ရရှိထားသော ပညာတတ်လူတန်းစားအများစုဟု သိရသည်။ စင်ကာပူရောက် မြန်မာတစ်ဦးက “မြန်မာသံရုံးက ကြေညာတဲ့အထဲမှာ မိတ်ဆွေတွေရဲ့
မလေးရှားတွင် ယခုရက်ပိုင်းတွင် မြန်မာရာနှင့်ချီ ဖမ်းဆီးခံရ၊ အသွားအလာ ဆင်ခြင်ကြဖို့ ပြော
မလေးရှားနိုင်ငံတွင် ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားများ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများ ရာနှင့်ချီ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသား ဆိုင်များကိုလည်း ဝင်ရောက် ပိတ်သိမ်းခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ဂျလန်အာလောနှင့် ဘူကစ်ဘင်တန်း၊ ပီနန်း ကောင်တာ၊ ပါဟန်းပြည်နယ်၊ ကွမ်တန်း၊ ဆလန်ဂေါပြည်နယ်၊ ပီဂျေ ကိုတာ ဒမန်ဆာရာ ဧရိယာတစ်ဝိုက်တွင်နှင့် ရှားလန်း ဆက်ရှင်-၁၅ တို့တွင် ဖမ်းဆီးခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံ တရန်ဂန်နျူးပြည်နယ်တွင် မြန်မာနိုင်ငံသားအပါအဝင် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ခွင်များအား ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း ကွာလာလမ်ပူ
နတ်မြစ်ဝမှာ AA က စစ်ဆေးနေသည့် ကုန်တင်သင်္ဘောမှာ ကုန်သည်ကြီး ဦးကျောက်တောင် သင်္ဘောဟု သတင်းထွက်နေ
(မူးယစ်ဆေးဝါး တင်ဆောင်လာသည်ဟု သတင်းကြောင့် ကုန်များအားလုံးကို စစ်ဆေးနေဟုဆို) ရခိုင်ပြည် မောင်တောမြို့နယ် နတ်မြစ်ဝတွင် အာရက္ခတပ်တော် AA က စစ်ဆေးနေသော ကုန်တင်သင်္ဘောတစ်စီးမှာ တောင်ကုတ်ဒေသခံ ကုန်သည်ကြီး ဦးကျောက်တောင် သင်္ဘောဟု သတင်းထွက်နေသည်။ ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘော ၃ စီးအနက် နှစ်စီးကို AA က ပြန်လွှတ်လိုက်ပြီး ကျန်တစ်စီးမှာ AA က ဆက်လက်စစ်ဆေးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဖော်ပြကြသည်။ အဆိုပါ သင်္ဘောမှာ မူးယစ်ဆေးဝါး တင်ဆောင်လာသည်ဟု သတင်းရရှိ၍ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ကုန်ပစ္စည်းများအား စစ်ဆေးနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက Western News
စစ်ဆေးနေသည့် ကုန်တင်သင်္ဘော သုံးစီးအနက် နှစ်စီးကို AA က ပြန်လွှတ်ပေး
(AA လွှတ်ပေးသော ကုန်သင်္ဘောများ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းရောက်ရှိ) အာရက္ခတပ်တော် AA သည် ရန်ကုန်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ထွက်ခွာလာသော ကုန်တင်သင်္ဘော ၃ စီးကို ရခိုင့်ပင်လယ်ပြင် နတ်မြစ်ဝတွင် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။ ရန်ကုန်မှ ထွက်ခွာလာသော ကုန်တင်သင်္ဘောများကို ဇန်နဝါရီလ ၁၆ ရက်နေ့က မောင်တော နတ်မြစ်ဝတွင် စစ်ဆေးနေခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်တွင် သင်္ဘောနှစ်စီးအား AA က ပြန်လွှတ်ပေးလိုက်သည်ဟု The Business Standard သတင်းက ဖော်ပြသည်။ အာရက္ခတပ်တော် AA ထံမှ လွတ်မြောက်လာပြီးနောက် ကုန်တင်သင်္ဘောနှစ်စင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှာပင် ကုန်ပစ္စည်းတန်ချိန် ၁၅၀၀