PDF များကြောင့် ပြည်သူ ၆၇၀၀ ကျော် သေဆုံးကြောင်း စစ်ကောင်စီ ထုတ်ပြန်
စစ်ရေး
1 min read
0

PDF များကြောင့် ပြည်သူ ၆၇၀၀ ကျော် သေဆုံးကြောင်း စစ်ကောင်စီ ထုတ်ပြန်

အောက်တိုဘာ ၂၈ - ၂၀၂၄
0

(စစ်ကောင်စီနှင့် လက်ပါးစေ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၇၁၂ ဦး သေဆုံးမှုရှိလာ) NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကြောင့် ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ရဟန်း သံဃာ အပါအဝင် ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားသည်။ ၆၇၀၀ ကျော်ထဲတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦးနှင့် ရဟန်း သံဃာ ၈၄ ပါး ပါဝင်ခဲ့ကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်

Continue Reading
မြန်မာနိုင်ငံကို လျှပ်စစ်ပစ္စည်းနှင့် စက်ယန္တရား တင်ပို့မှု တရုတ် ပိတ်
စီးပွားရေး သတင်း
1 min read
0

မြန်မာနိုင်ငံကို လျှပ်စစ်ပစ္စည်းနှင့် စက်ယန္တရား တင်ပို့မှု တရုတ် ပိတ်

အောက်တိုဘာ ၂၃ - ၂၀၂၄
1

နယ်စပ်ဂိတ်ပေါက်များမှ တစ်ဆင့် မြန်မာနိုင်ငံကို တင်ပို့နေသည့် လျှပ်စစ်ပစ္စည်းများ၊ စက်ယန္တရားများနှင့် အိမ်သုံးလူသုံးကုန်၊ ဆေးဝါးများကို တရုတ်ဘက်က ပိတ်ပင်လိုက်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ကစ၍ မူဆယ်-ကြယ်ခေါင်ဘက်ရှိသည့် နယ်စပ်ဂိတ်ပေါက်များကို တရုတ်ဘက်က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ကုန်သည်တစ်ဦးက “မနေ့ မနက်ပိုင်းကစပြီး ပစ္စည်းတွေ မြန်မာဘက်အခြမ်းကို တင်သွင်းခွင့်ပိတ်တာ။ လျှပ်စစ်ပစ္စည်းတွေ လုံး၀ သယ်လို့ မရဘူး။ ဆေးဝါး၊ ဆေးပစ္စည်းတွေ တင်လို့မရဘူး။ အစားအသောက်ဆိုရင်တောင် တစ်ကိုယ်ရည်စာပဲရတယ်။ ဆိုင်ကယ်တွေလည်း တင်လို့မရဘူး။ တားမြစ်ထားတာတွေ သယ်ရင် စာအုပ်သိမ်း၊ ပြည်ဝင်ခွင့် ၄ နှစ်ပိတ်မယ်ပြောတယ်။ စက်ပစ္စည်းဆိုရင် ဘာတစ်ခုမှ သယ်ခွင့်မပေးဘူး” ဟု ပြောသည်။ တရုတ်ဘက်က မြန်မာနိုင်ငံကို ပစ္စည်းတင်ပို့မှု ပိတ်ပင်သည့်ကာလ မည်သည့်အချိန်အထိ

Continue Reading
မြေသြဇာစျေးကြီးမားမှုကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်ပျိုးသူများ အခက်ကြုံ
စီးပွားရေး သတင်း
1 min read
0

မြေသြဇာစျေးကြီးမားမှုကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်ပျိုးသူများ အခက်ကြုံ

အောက်တိုဘာ ၂၂ - ၂၀၂၄
0

မြေသြဇာစျေးကြီးမားမှုကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများမှာ အခက်ကြုံတွေ့နေကြရကြောင်း ဆောင်းသီးနှံ စိုက်ပျိုးသူများက ပြောသည်။ လက်ရှိ မြေသြဇာစျေးမှာ 50 kg တစ်အိတ်ကို ကျပ် ၆ သိန်းခန့်ရှိနေသည့်အတွက် စိုက်ပျိုးထားသည့်အပင်များအား မြေသြဇာမှန်မှန် မကျွေးနိုင်ဘဲဖြစ်နေကြောင်း မင်းပြားမြို့နယ်က ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။ “အပင်တွေက မြေသြဇာကျွေးချိန် ရောက်နေပြီ။ ဒါပေမယ့် မြေသြဇာစျေးတွေက ကြီးတော့ မဝယ်နိုင်ဘူး။ အိတ်လိုက်က ကျပ် ၆ သိန်းလောက်ရှိတယ်။ ပြည်နဲ့ချိန်ပြီး ရောင်းကြတာလည်းရှိတယ်။ ၁ ပြည်ကို ကျပ် ၁၅,၀၀၀ လောက်ရှိတယ်။ မြေသြဇာ မကျွေးနိုင်တော့ အထွက်နှုန်းကျဖို့ကလည်းများတယ်လေ” ဟု ပြောသည်။ ရခိုင်တွင် ဘင်္ဂလာနှင့် အိန္ဒိယဘက်တို့မှ တင်သွင်းသည့်

Continue Reading
လေ့ကေ့ကော် စွယ်တော်ကုန်း စခန်းကို KNLA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

လေ့ကေ့ကော် စွယ်တော်ကုန်း စခန်းကို KNLA သိမ်းပိုက်

အောက်တိုဘာ ၁၇ - ၂၀၂၄
1

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လေ့ကေ့ကော်မြို့သစ်က စစ်ကောင်စီတပ်စခန်း စွယ်တော်ကုန်းကို KNLA, PDF တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာတပ်စခန်းကို ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ဆိုသည်။ “လေ့ကေ့ကော်အနီး စွယ်တော်ကုန်းစခန်းကို KNLA နဲ့ ကော်ဘရာ PDF ပူးပေါင်းတပ်တွေ ဒီမနက် ၅ နာရီလောက်မှာ သိမ်းဆည်းရမိပြီ၊ ရန်သူ တပ်မ ၄၄ ဗျူဟာမှုးနဲ့ အများစု စခန်းစွန့်ထွက်ပြေးပါတယ်။ လတ်တလောက် ၁၂၀ မမ၊ ပွိုင့်5 အပါ လက်နက်အများစု သိမ်းဆည်းရမိထားပြီး ရန်သူ သုံ့ပန်းတချို့လည်း ရရှိထားပါတယ်”

Continue Reading
ဖုန်းလိုင်း၊ အင်တာနက် ပြတ်တောက်သွား၍ ရခိုင်မှာ ငွေလွှဲလုပ်ငန်း ရပ်တန့်
စစ်ရေး စီးပွားရေး သတင်း
1 min read
0

ဖုန်းလိုင်း၊ အင်တာနက် ပြတ်တောက်သွား၍ ရခိုင်မှာ ငွေလွှဲလုပ်ငန်း ရပ်တန့်

အောက်တိုဘာ ၁၆ - ၂၀၂၄
3

(နိုင်ငံခြားတွင် အလုပ်လုပ်နေသော မိသားစုဝင်များ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေရသည့် ရခိုင်ပြည်အတွင်းက မိသားစုဝင်များ စားဝတ်နေရေးကျပ်တည်းလာ) ရခိုင်တစ်ပြည်လုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေပြီး ငွေလွှဲလုပ်ငန်းများ ရပ်တန့်နေ၍ ဒေသခံပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုမိုရင်ဆိုင်နေရသည်ဟု စစ်တွေဒေသခံများက ပြောသည်။ စစ်တွေမြို့တွင် MPT ဖုန်းလိုင်းကလွဲ၍ ကျန် ဖုန်းဆက်သွယ်ရေးကွန်ရက်များမှာ ပြတ်တောက်နေပြီး အင်တာနက်လိုင်းက မည်သည့် ဖုန်းဆက်သွယ်ရေးမှ မရရှိဟု သိရသည်။ အင်တာနက်လိုင်းမရရှိ၍ ဘဏ် ကလွှဲပြီး အခြားသော ပြင်ပငွေလွှဲလုပ်ငန်း အထူးသဖြင့် KBZ PAY နှင့် WAVE MONEY ငွေလုပ်ငန်းမှာ ရပ်တန့်သွားပြီဟု အသက် ၄၀ အရွယ် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ”

Continue Reading
စစ်တွေမြို့မှာ ဝက်သား တစ်ပိဿာ ကျပ် ၆ သောင်းနှင့် အမဲသား တစ်ပိဿာ ကျပ် ၇ သောင်းရှိ
စီးပွားရေး သတင်း
0 min read
0

စစ်တွေမြို့မှာ ဝက်သား တစ်ပိဿာ ကျပ် ၆ သောင်းနှင့် အမဲသား တစ်ပိဿာ ကျပ် ၇ သောင်းရှိ

အောက်တိုဘာ ၁၆ - ၂၀၂၄
0

(ဝက်သားများကို ရန်ကုန်ကနေ ရေခဲရိုက်ပြီး လေယာဉ်ဖြင့်သယ်ကာ စစ်တွေမှာရောင်းချ) ရခိုင်ပြည် မြို့တော် စစ်တွေမြို့မှာ ဝက်သား၊ အမဲသား အပါအဝင် ငါးနှင့် ဟင်းသီးဟင်းရွက်များမှာ အဆမတန် ဈေးကြီးနေကြောင်း မြို့ခံများက ပြောသည်။ စစ်တွေမြို့ ကုန်ဈေးနှုန်းမှာ အခြားမြို့များထက် ဈေးမြှင့်တက်နေပြီး ဒေသခံပြည်သူများမှာ တစ်လလျှင် အသားနှင့် တစ်နပ်တောင် မရစားဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။ ” ဝက်သား တစ်ပိဿာ ကျပ် ၆ သောင်း၊ အမဲသား တစ်ပိဿာ ကျပ် ၇ သောင်း၊ ငါးသတိုက် (ကကတစ်) တစ်ကွင်း ကျပ် ၁ သောင်း၊ ပဲလုံးသီး ၁၀ လုံးပါ တစ်စည်း ကျပ်

Continue Reading
ရခိုင်အပါအဝင် ချင်း၊ မွန်ဒေသမှ လူငယ် ၂၀၀ နီးပါးကို မြိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထား၊ လူငယ်များကို စစ်သားစုဆောင်ရေးတပ်သို့ ပို့ဆောင်
စီးပွားရေး သတင်း
1 min read
0

ရခိုင်အပါအဝင် ချင်း၊ မွန်ဒေသမှ လူငယ် ၂၀၀ နီးပါးကို မြိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထား၊ လူငယ်များကို စစ်သားစုဆောင်ရေးတပ်သို့ ပို့ဆောင်

အောက်တိုဘာ ၁၅ - ၂၀၂၄
0

ရခိုင်ဒေသမှ ရခိုင်လူမျိုး အပါအဝင် ချင်း၊ မွန်၊ အမျိုးသား၊ အမျိုးသမီး ၂၀၀ နီးပါး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တွင် ဖမ်းဆီးခံထားရပြီး လူငယ်တစ်ချို့ကို စစ်သားစုဆောင်းရေး တပ်နယ်မြေများသို့ ပို့ဆောင်ထားကြောင်း ပြန်လွတ်လာသူများက ပြောသည်။ အဆိုပါ လူငယ် အမျိုးသား၊ အမျိုးသမီးများသည် နေရာအသီးသီးမှ ပြည်ပသို့ သွားရောက်ခြင်းဖြစ်ပြီး ကားငါးစီးဖြင့် ထွက်လာကြခြင်းဖြစ်ကာ မြိတ်မြို့၊ ကျွဲကူးတံတားအလွန်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း လွတ်လာသူတစ်ဦးက ပြောသည်။ အသက် ၂၈ နှစ်ရွယ် ပြန်လည်လွတ်လာသူအမျိုးသမီးတစ်ဦးက ” ကား ငါးစီးနဲ့ ထွက်လာကြတာပါ။ အဲ့ဒီမှာ မြိတ်မြို့ ကျွဲကူးတံတားအလွန်မှာ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ညီမတို့ ရခိုင်လူမျိုး ၆၀

Continue Reading
ဓါးပြတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို AA ကယ်ထုတ်
မှုခင်း သတင်း
1 min read
0

ဓါးပြတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို AA ကယ်ထုတ်

အောက်တိုဘာ ၁၄ - ၂၀၂၄
0

အင်အား ၆၀ ခန့်ပါသော အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဘင်္ဂလားပင်လယ်အော်တွင် ငါးရှာထွက်လာသော ဘင်္ဂလားဒေ့ရှ် မော်တော်ဘုတ်တစ်စီးကို ဓါးပြတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် AA က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်သည်။ ငါးရှာထွက်လာသော မော်တော်ဘုတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးပါဝင်ပြီး ၎င်းတို့မှာ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အောင်သို့ ငါးရှာထွက်လာခြင်းဖြစ်သည်။ တစ်ပတ်ခန့်အကြာ အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် အင်အား ၆၀ ခန့်ပါသော အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဓါးပြတိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ဓါးပြအဖွဲ့မှာ မော်တော်ဘုတ် ၃ စီးဖြင့် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မော်တော်ဘုတ်တစ်စီးကို ဝိုင်းရံပိတ်ဆို့

Continue Reading
ပလက်ဝက ၃ လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်ပေါက်သေး
မှုခင်း သတင်း
1 min read
0

ပလက်ဝက ၃ လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်ပေါက်သေး

အောက်တိုဘာ ၁၂ - ၂၀၂၄
2

(ကုန်သည်မိသားစုဝင် ၃ ဦးမှာ ကုန်ပစ္စည်းပို့ရင်း ဓါးမြတိုက် ခန္ဓာကိုယ် ပိုင်းဖြတ်သတ်ဖြတ်ခံရ) ပလက်ဝမြို့နယ် မောင်နှမကျေးရွာက ကုန်သည်မိသားစုဝင် ၃ ဦး သတ်ဖြတ်ခံရမှု ယနေ့အချိန်အထိ အမှုမှန် တစ်စုံတစ်ရာ မပေါ်ပေါက်သေးကြောင်း မိသားစုဝင်များက ပြောသည်။ သတ်ဖြတ်ခံရသူများမှာ အသက် (၆၁) နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဦးအိုက်မြင့်နှင့် အသက် (၁၃) နှစ်အရွယ် မောင်ပီစီထွန်းတို့ဖြစ်ပြီး ခူမီးလူမျိုးများဖြစ်ကြသည်။ မိသားစုဝင်တစ်ဦးက ” အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ULA/AA နှမဒါ အုပ်ချုပ်ရေးမှူးဆီမှာရော၊ ကျေးရွာမှာရှိတဲ့ ULA/AA အုပ်ချုပ်ရေးအဖွဲ့ရော တိုင်ကြားထားပါတယ်။ Data အချက်အလက်တွေ အကုန်လုံး ပို့ထားပါတယ်။ အမှုမှန်ပေါ်ပေါက်အောင်

Continue Reading
တေးသံရှင် ဆုမြတ်ထက် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံရ၊ မရမ်းကုန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရ
နိုင်ငံရေး သတင်း
1 min read
0

တေးသံရှင် ဆုမြတ်ထက် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံရ၊ မရမ်းကုန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရ

အောက်တိုဘာ ၁၀ - ၂၀၂၄
1

မကြာသေးခင်က ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က ဖမ်းဆီးသွားပြီး လက်ရှိ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မဆုမြတ်ထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဘယ်ပုဒ်မနဲ့ဆိုတာကတော့ မသိရသေးဘူး။ မရမ်းကုန်းမြို့နယ် ၈ မိုင်က စစ်ကောင်စီ စစ်တပ်စခန်း စစ်ကြောရေးမှာ စစ်ဆေးခံနေရပါတယ်။ အခုထိ အိမ်ပြန်မရောက်သေးဘူး။

Continue Reading