ဈေးကွက်မရှိ၍ ရခိုင်မှာ စပါး ရောင်းမထွက်ဟု လယ်သမားများပြော
စီးပွားရေး သတင်း
1 min read
0

ဈေးကွက်မရှိ၍ ရခိုင်မှာ စပါး ရောင်းမထွက်ဟု လယ်သမားများပြော

အောက်တိုဘာ ၁၀ - ၂၀၂၄
1

(မကြာမီ စပါးပေါ်ချိန် ရခိုင်ပြင်ပဈေးကွက် တင်ပို့နိုင်ရေး မျှော်လင့်နေကြ) ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က စိုက်ပျိုးရိတ်သိမ်းထားသည့် စပါးများကို လက်ရှိအချိန်ထိ ရောင်းမထွက်နိုင်ကြသေးပဲရှိနေကြောင်း လယ်သမားများက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မိုးစပါးပေါ်ချိန်တွင် တစ်ပြည်လုံးအတိုင်းတာအနေဖြင့် တိုက်ပွဲများဖြစ်ပွားနေခဲ့ရာမှ ဆန်စပါးအရောင်းဝယ်များရပ်တန့်ခဲ့ရသည့်အတွက် စပါးများမှာ ရောင်းမထွက်ဘဲကျန်နေကြရခြင်းဖြစ်သည်ဟု စစ်တွေမှ ဆန်စပါးအရောင်းဝယ်လုပ်ကိုင်သူတစ်ဦးကပြောသည်။ “ပုံမှန်ဆို ဒီဖက်ဆန်စက်တွေက နယ်ကစပါးဝယ်ပြီး ပြည်မကို ဆန်တွေ အဓိကတင်ပို့တာတွေလုပ်တယ်။ တိုက်ပွဲဖြစ်တော့ လမ်းတွေအားလုံးကလည်း အပိတ်ခံလိုက်ကြရတယ်လေ။ အဲ့နောက်ပိုင်း ဆန်စပါးအရောင်းဝယ်ကမဖြစ်တော့ ဆန်စက်တွေလည်း ပိတ်လိုက်ကြရတာ။ အဲ့တော့ ပြီးခဲ့နှစ်ကမိုးစပါးက ဘယ်မှမရောက်ဘဲ လယ်သမားတွေဆီမှာပဲ သောင်တင်ကျန်နေတာ” ဟုပြောသည်။ စပါးများရောင်းမထွက်ကြသည့်အတွက် လယ်သမားများမှာ များစွာကျပ်တည်းနေကြပြီး ယခုနှစ် မိုးစပါးပေါ်ချိန်တွင်လည်း ထိုကဲ့သို့ရောင်းမထွက်ဖြစ်နေပါက

Continue Reading
တေးသံရှင် ဆုမြတ်ထက်ကို နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွား
စီးပွားရေး နိုင်ငံရေး သတင်း
1 min read
0

တေးသံရှင် ဆုမြတ်ထက်ကို နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွား

အောက်တိုဘာ ၈ - ၂၀၂၄
0

(မနေ့ နေ့လယ်က ခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်လာသေး) ရခိုင်၊ မြန်မာ တေးသံရှင် မာန်အောင် ဒေသခံ မဆုမြတ်ထက်ကို ရန်ကုန်တိုင်းတာမွေ နေအိမ်မှ ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့၊ အရပ်ဝတ်အချို့ စုစုပေါင်း ၁၀ ဦးခန့်က ရန်ကုန် တာမွေရှိ နေအိမ်မှ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မဆုမြတ်ထက် အသိုင်းအဝိုင်းက Western News ကို ပြောသည်။ မဆုမြတ်ထက် အသိုင်းအဝိုင်းထဲက တစ်ဦးက “မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀

Continue Reading
PV ကိုင်ဆောင်ပြီး ပြည်ပထွက်ခွာမည့် သူများကို စစ်ကောင်စီ ထပ်မံတင်းကျပ်
သတင်း အလုပ်သမားသတင်း
0 min read
0

PV ကိုင်ဆောင်ပြီး ပြည်ပထွက်ခွာမည့် သူများကို စစ်ကောင်စီ ထပ်မံတင်းကျပ်

အောက်တိုဘာ ၃ - ၂၀၂၄
1

Continue Reading
တရားခံပြေး အပါအဝင် ငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၀ ကျော်ကို စစ်ကောင်စီက တရုတ်အား လွှဲပြောင်းပေး
စီးပွားရေး သတင်း
1 min read
0

တရားခံပြေး အပါအဝင် ငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၀ ကျော်ကို စစ်ကောင်စီက တရုတ်အား လွှဲပြောင်းပေး

အောက်တိုဘာ ၁ - ၂၀၂၄
0

မြန်မာနိုင်ငံအတွင်းရှိသော တရားခံပြေး အပါအဝင် အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့အား လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးထဲတွင် တရားခံပြေး ၄၅ ဦးပါဝင်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့က ရွှေလီမြို့နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၃၀ တွင် ထုတ်ပြန်ထားသည်။ ၎င်းတို့ကို စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းငွေသူများမှာ ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသူများဖြစ်ပြီး ငွေလိမ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ Scam စက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းမှာ ရှမ်းမြောက်ဒေသတွင် လှုပ်ရှားရာကနေ လက်ရှိ ကရင်ပြည် မြဝတီဘက်သို့

Continue Reading
စားသောက်ကုန် ခိုးရောင်းသည်ဟု စွပ်စွဲချက်ဖြင့် အမ်းဒေသတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
စီးပွားရေး
1 min read
0

စားသောက်ကုန် ခိုးရောင်းသည်ဟု စွပ်စွဲချက်ဖြင့် အမ်းဒေသတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

စက်တင်ဘာ ၂၇ - ၂၀၂၄
3

ရခိုင်ပြည် အမ်းမြို့ပေါ်က အမျိုးသားတစ်ဦးကို မြို့ထဲသို့ ကုန်ပစ္စည်းများ ခိုးထုတ်ရောင်းသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။ ဖမ်းဆီးခံရသူမှာ အမှတ် ၃ ရပ်ကွက်က အသက် ၂၇ နှစ်အရွယ် ကိုရဲမောင် ဖြစ်ပြီး ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ညက ရဲနှင့် စစ်သားများ ဖမ်းဆီးသွားသည်ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ ” ည ၁၀ နာရီလောက်က ရဲတွေနဲ့ စစ်သားတွေလာပြီး ဖမ်းသွားတယ်။ ဘာဖြစ်လို့ ဖမ်းသွားတယ်ဆိုတာက ပထမ မပြောဘူး။ စခန်းရောက်မှ စားကုန်တွေ၊ ဓာတ်ဆီတွေ၊ ဆေးဝါးတွေ ခိုးထုတ်တယ်ဆိုပြီး ဖမ်းတယ်လို့ ပြောတယ်။ တကယ်က

Continue Reading
ရခိုင် လွတ်မြောက်နယ်မြေက ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်နေ
ပညာရေး
0 min read
0

ရခိုင် လွတ်မြောက်နယ်မြေက ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်နေ

စက်တင်ဘာ ၂၅ - ၂၀၂၄
1

Continue Reading
AA, KIA, CNF, NLD နဲ့ NUG ကို နယူးဒေလီဆွေးနွေးပွဲတက်ဖို အိန္ဒိယဖိတ်ကြား
သတင်း
0 min read
0

AA, KIA, CNF, NLD နဲ့ NUG ကို နယူးဒေလီဆွေးနွေးပွဲတက်ဖို အိန္ဒိယဖိတ်ကြား

စက်တင်ဘာ ၂၅ - ၂၀၂၄
0

Continue Reading
ပြည်မနှင့် ပြည်ပထုတ် အရက်ဘီယာများ ရခိုင်ကို တင်သွင်းခွင့် AA ပိတ်ပင်
စီးပွားရေး
1 min read
43

ပြည်မနှင့် ပြည်ပထုတ် အရက်ဘီယာများ ရခိုင်ကို တင်သွင်းခွင့် AA ပိတ်ပင်

စက်တင်ဘာ ၂၃ - ၂၀၂၄
1

Continue Reading
ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်
စီးပွားရေး သတင်း
1 min read
210

ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်

စက်တင်ဘာ ၂၁ - ၂၀၂၄
0

(အမိန့်စာအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောဆိုခြင်း မရှိသေးပေ) ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသော ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဝိုင် ယစ်မျိုးကုန်မှန်သမျှကို ရခိုင်ပြည်အတွင်း ရောင်းချခွင့်၊ တင်သွင်းခွင့် ပိတ်ပင်ကြောင်း ULA/AA ၏ နိုဗာ – ၁ စစ်ဒေသ နိုင်ငံရေးဌာနက ထုတ်ပြန်သည့်စာတစ်စောင် ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး ပြည်မမြို့များက ထုတ်လုပ်သော အရက်၊ ဘီယာများနှင့် နိုင်ငံခြားမှ တင်သွင်းလာသော အရက်၊ ဘီယာများကို ရခိုင်ပြည်အတွင်း ရောင်းချခွင့် လုံးဝမရှိဟု ထုတ်ပြန်ချက် အမိန့်က

Continue Reading
နွမ်းပါး ထိုင်းလူမျိုးများသာ လမ်းဘေးဈေးရောင်းရမည်ဟု ဘန်ကောက်မြို့တော်ဝန်ပြော
စီးပွားရေး သတင်း
1 min read
52

နွမ်းပါး ထိုင်းလူမျိုးများသာ လမ်းဘေးဈေးရောင်းရမည်ဟု ဘန်ကောက်မြို့တော်ဝန်ပြော

စက်တင်ဘာ ၂၀ - ၂၀၂၄
2

ဘန်ကောက်မြို့တော် လမ်းဘေးများတွင် ဆင်းရဲနွမ်းပါးသော ထိုင်းလူမျိုးများသာ ဈေးရောင်းချခွင့်ပြုမည်ဟု ဘန်ကောက်မြို့တော်ဝန် ထုတ်ပြန်သည့်အကြောင်း ဘန်ကောက်ပို့စ်က ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်တွင် ဖော်ပြသည်။ စည်းမျဉ်းအသစ်များအရ ရွှေ့ပြောင်းအလုပ်သမားများ လမ်းဘေးဈေးရောင်းချ လုပ်ကိုင်ခွင့်ကို တားမြစ်ထားပြီး လူသွားလမ်းများပေါ်တွင် ကျူးကျော်ဝင်ရောက်ခြင်းကို ကန့်သတ်ထားသည်။ မြို့တော်စည်ပင်၏ စည်းမျဉ်းအသစ်အရ “ဆင်းရဲသော ထိုင်းလူမျိုးများ” ကို ဘန်ကောက်တွင် လမ်းဘေးဈေးသည်များအဖြစ် ခွင့်ပြုမည်ဖြစ်ပြီး အခြားလိုအပ်ချက်များစွာရှိသည့်အနက် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ခြင်းမှ တားမြစ်ခံရမည်ဖြစ်သည်။ ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt သည် စည်းမျဉ်းသစ်များကို ဖော်ပြသည့် သတိပေးချက်ကို လက်မှတ်ရေးထိုးပြီး တော်ဝင်ဂေဇက်မှ ထုတ်ပြန်သည့်အခါ အသက်ဝင်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး၏ ပြောရေးဆိုခွင့်ရှိသူ Aekvarunyoo Amrapala က ပြောသည်။

Continue Reading