ကာကွယ်ဆေး ဘယ်ဆီမှာ
ဆောင်းပါး
1 min read
0

ကာကွယ်ဆေး ဘယ်ဆီမှာ

မတ် ၂၇ - ၂၀၂၅
1

စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲ ယနေ့ ရခိုင်ပြည်တွင် စီးပွားရေးပြိုလဲခြင်း၊ ကုန်သွယ်မှုများ ရပ်ဆိုင်းခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ လူမှုရေး၊ ကျန်းမာရေး ပြဿနာစသည့် ကဏ္ဍပေါင်းစုံကို ခံစားနေရသည်။ ရခိုင်လူထုသည် တိုက်ပွဲ အနေအခြေများသာ အာရုံစိုက်နေကြပြီး တစ်ပြည်လုံး နီးပါးက ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မခံရမှုများကို လျစ်လျူရှုသလို ပုံစံမျိုးဖြင့် သတိမရကြပေ။ ■ ကျန်းမာရေး ရိုက်ခတ်မှု ရခိုင် စစ်ဘေးရှောင်စခန်းများနှင့် စစ်ဘေးမရှောင်ရသည့် ဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် တို့၏ အသက်ဆုံးရှုံးမှု ကိန်းကဏန်းများသည်လည်း သတိထားရမည့် အနေအထားဖြစ်နေသည်။ “အခုသမီးလေးမှာ ယားနာတွေဖြစ်နေတာကြာပြီ။ မပျောက်နိုင်သေးဘူး။ တစ်ခါတစ်လေ ဖျားနာတာရှိတော့ ပိုပြီး စိတ်ပူရတယ်။ ကာကွယ်ဆေးမထိုးရလို့ ကလေး တစ်ခုခုဖြစ်မှာကို

Continue Reading
ကမ္ဘာကျော် ပြဿနာ အရှုပ်ထုပ်ဖန်တီးရှင် (သို့မဟုတ်) အာတာအူလာ ကျရှုံးခန်း
စစ်ရေး ဆောင်းပါး သတင်း
1 min read
0

ကမ္ဘာကျော် ပြဿနာ အရှုပ်ထုပ်ဖန်တီးရှင် (သို့မဟုတ်) အာတာအူလာ ကျရှုံးခန်း

မတ် ၂၃ - ၂၀၂၅
0

လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ကြီးလေးသည့် ဘေးထွက်ဆိုးကျိုးနှင့် ကြောက်မက်ဖွယ်အကြမ်းဖက်မှု စစ်ပွဲ ကြီးတစ်ခုကို ရခိုင်ပြည်တွင် ဖန်တီးပုံဖော်ခဲ့သူမှာ အာတာအူလာဟု ဆိုလျှင် သံသယဝင်မည်လော။ နယ်စပ်က မူးယစ်ဆေးဝါး နှိမ်နင်းမှု စစ်ဆင်ရေးတွင် ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး DGFI အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့မှုနှင့် အခြား နယ်စပ်ဒေသက ရာဇဝတ်ပြစ်မှုများ အတွက် အာတာအူလာနှင့် အာဆာ ခေါင်းဆောင် များကို ဘင်္ဂလားဒေ့ရှ်က ယခုအခါ ဖမ်းဆီးထားသည်။ ■ အာတာအူလာ အာတာအူလာ အဘူအမ်မာ ဂျူနူနီသည် ရခိုင်ပြည် ဇာတိ မဟုတ်ပေ။ ပါကစ္စတန်တွင် မွေးဖွားပြီး ငွေကြေးတတ် နိုင်သည့် အသိုင်းဝိုင်းက ဆင်းသက်လာသည်။ ဖခင်မှာ မောင်တောမြောက်ပိုင်း ဇာတိဖြစ်သည်။

Continue Reading
AA ၏ စစ်တွေမြို့သိမ်း တိုက်ပွဲ အလားအလာ
ဆောင်းပါး သုံးသပ်ချက်
1 min read
0

AA ၏ စစ်တွေမြို့သိမ်း တိုက်ပွဲ အလားအလာ

ဖေ‌ဖော်ဝါရီ ၁၈ - ၂၀၂၅
2

အာရက္ခတပ်တော်၏ ရခိုင်ပြည်သိမ်း တိုက်ပွဲကြီးသည် ယနေ့အခါ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။ တစ်နည်းအားဖြင့် လွတ်လပ်ရေးအထိ ရည်မှန်းနိုင်မည့် လမ်းဆုံလမ်းခွတစ်ခုကို ရောက်နေကြောင်း ဆိုနိုင်သည်။ AA သည် တစ်သွေးတစ်သံ တစ်မိန့်နှင့် တိုက်ခိုက်ရေး မဟာဗျူဟာကောင်းမွန်သည်။ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာ ၁၃ ရက်နေ့ကစတင်ခဲ့သည့်   တော်လှန်ရေးခရီး တစ်နှစ် ကျော်ကြာတွင် အံ့ဩလောက်သည့် အောင်မြင်မှုများနှင့်အတူ ယခု တိုက်နေသော တိုက်ပွဲများသည်လည်း စိတ်ဝင် စားမှု အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ အာရက္ခတပ်တော် AA သည် တကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း ရခိုင်ပြည်က မြို့နယ် ၁၄ ခုနှင့်ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ရခိုင်ပြည်တွင် စစ်တွေ၊ ကျောက်ဖြူ၊မာန်အောင်သုံးမြို့သာကျန်တော့ပြီဖြစ်သည်။ ထို့အတူ တငွေ့ငွေ့ဖြင့်

Continue Reading
AA ဦးစားပေး ဖြေရှင်းရမည့် ပုစ္ဆာ (အတွေးအမြင် ဆောင်းပါး)
ဆောင်းပါး
1 min read
0

AA ဦးစားပေး ဖြေရှင်းရမည့် ပုစ္ဆာ (အတွေးအမြင် ဆောင်းပါး)

ဇန်နဝါရီ ၂၃ - ၂၀၂၅
1

ဗျူဟာမြောက် ထိုးစစ်များနှင့် စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် အာရက္ခတပ်တော် AA သည် ယနေ့ ရခိုင်ပြည် တစ်ခွင်ကို ထိန်းချုပ်ထားနိုင်ပြီဟု ယေဘူယျပြောနိုင်သည်။ မြို့နယ် ၁၇ ခု ရှိသည့် အထဲ ၃ ခုသာ ကွက်ကွက်လေး ကျန်တော့သည်။ ရခိုင်ပြည်ရှိ အကြီးမားဆုံး စစ်တပ်ဌာနချုပ် အနောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (နပခ အမ်း)နှင့် အတူ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ ၃ ခုအပါဝင် ခြေမြန်၊ ခြေလျှင်၊ အမြောက်တပ်၊ နယ်ခြားစောင့် စသည့် တပ်စခန်း အများစုမှာ နံပါတ်၊ နာမည် ပျောက် ပြီး စစ်ကောင်စီ ခြေရာများ မရှိတော့ပြီ။ လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ

Continue Reading
၂၀၂၅ နှင့် ရခိုင်ပြည် ဟောကိန်း”  သုံးသပ်ချက် ဆောင်းပါး
စစ်ရေး ဆောင်းပါး သုံးသပ်ချက်
1 min read
0

၂၀၂၅ နှင့် ရခိုင်ပြည် ဟောကိန်း”  သုံးသပ်ချက် ဆောင်းပါး

ဇန်နဝါရီ ၉ - ၂၀၂၅
0

၂၀၂၄ လွန်မြောက်၍ ၂၀၂၅ နှစ်သစ်သို့ရောက်ရှိလာပြီ။ ၂၀၂၄ ခုနှစ်သည် စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည် သူများ အတွက် အကျပ်အတည်း အခက်ခဲပေါင်းစုံကို ခါးစည်းခံ အံကြိတ်ခဲ့ရသည်။ ယင်းကြောင့် နှစ်ဆိုးကြီးတစ်ခု အဖြစ် ဟု လည်း မှတ်ယူနိုင်သည်။ သို့သော် အာရက္ခတပ်တော်နှင့် ရခိုင်ပြည်သူများ မျှော်လင့်ချက် လွတ်မြောက်နယ်မြေများ နှင့် အောင်မြင်မှုမှတ်တိုင် အလီလီ စိုက်ထူနိုင်ခဲ့သည်။ ယင်းကြောင့် ၂၀၂၅ ခုနှစ် ရခိုင်ပြည်အခင်းအကျင်း ဖြစ်နိုင်ခြေကို ဟောကိန်းထုတ်ရသော် ပြီးခဲ့သည့် နှစ်ကိုလည်း အနည်းငယ်လည် ပြန်လှည့်ကြည့်ရန် လိုပေမည် ဖြစ်သည်။ ၂၀၂၄ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ တစ်နှစ်အတွင်း ပလက်ဝအပါအဝင် မြို့နယ် ၁၅ ခုကို အာရက္ခတပ်တော်

Continue Reading
ပြည်သိမ်းတိုက်ပွဲကြီးနှင့် ရခိုင်ဒေသ” စစ်ရေးသုံးသပ်ချက်
ဆောင်းပါး
1 min read
0

ပြည်သိမ်းတိုက်ပွဲကြီးနှင့် ရခိုင်ဒေသ” စစ်ရေးသုံးသပ်ချက်

အောက်တိုဘာ ၂၀ - ၂၀၂၄
1

“ ကျနော်တို့မှာ ရစရာပဲရှိတယ်။ ကိုယ်ရဲ့ရပိုင်ခွင့်ကို သူများဆီက လက်ဖြန့်တောင်းနေမှာ မဟုတ်ဘူး။ တိုက်ယူ မှာ။ စစ်ပွဲမှာ စနေ၊ တနင်္ဂနွေမရှိဘူး ” ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ပြောခဲ့ဖူးသည်။ ယနေ့တွင်  ရခိုင့်တော်လှန်ရေး စစ်မီးလျှံများတောက်လောင်ဆဲ ဖြစ်ပြီး တစ်ဖက်တွင်လည်း ရခိုင်တို့အတွက် တော်လှန်ရေး အောင်မြင်မှု အသီးအပွင့်များ ဝေဆာလာနေသည်။ မြန်မာ့ တော်လှန်ရေးသမိုင်းတွင် အအောင်မြင်ဆုံးဟု လူတကာ ချီးကျူးထောပနာပြုကြသည့် ၁၀၂၇ စစ်ဆင်ရေး နှင့်အတူ ချိတ်ဆက်ထားသည့် တတိယအကြိမ် တစ်ကျော့ပြန် ရခိုင်ပြည် သိမ်းတိုက်ပွဲကြီးမှာ ယခုအခါ တစ်နှစ်ခန့် ကြာမြင့်လာတော့သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော ဆိုချက်အရ AA ၏ စစ်ရေး

Continue Reading
ဓားသွားထက်က အမျိုးသမီးများ
ဆောင်းပါး
1 min read
0

ဓားသွားထက်က အမျိုးသမီးများ

စက်တင်ဘာ ၂၉ - ၂၀၂၄
1

“အရမ်းအန္တရာယ်များတော့ မိသားစုတွေ တားကြတယ်။ ဒါပေမဲ့ ကိုယ်တိုင်က ဝါသနာပါတော့ ဒီအလုပ်ကို မစွန့် လွှတ်နိုင်ဘူး” ဟု ပြောလာသူက မေသက်ထားဝတီ (အမည်လွှဲ) ဖြစ်သည်။ သူမသည် သူဝါသနာပါရာ အလုပ်၊ မတရားမှုများကို အမြဲတမ်း စုံစမ်းဖော်ထုတ်ပြီး ပြည်သူများထံ အမှန်တရား ကို ရှာဖွေချပြချင်သူဖြစ်သဖြင့် သတင်းထောက်ဖြစ်ရခြင်းအပေါ် အမြဲတမ်း ဂုဏ်ယူကြောင်းပြောသည်။ မေသက်ထားဝတီသည် စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်သည့် သတင်းများကို ရေးသားမှုကြောင့် စစ်တပ်အပေါ် အသေရေညှိုးနွမ်းစေကြောင်း စွပ်စွဲချက်ဖြင့် ရာဇသတ်းကြီး ဥပဒေ ပုဒ်မ ၅၀၅(က)အပြင် ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ မြန်မာနိုင်ငံတွင် ရခိုင်ဒေသသည် လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခ၊ လူ့အခွင့်အရေးချိုးမဖောက်မှု၊ ဆင်းရဲမွဲတေမှု၊

Continue Reading
သံတွဲစစ်ပွဲ ဒိုင်ယာရီ (သို့မဟုတ်) မြန်မာရေတပ်ကို ရိုက်ချိုးခဲ့သည့် AA
စစ်ရေး ဆောင်းပါး
1 min read
341

သံတွဲစစ်ပွဲ ဒိုင်ယာရီ (သို့မဟုတ်) မြန်မာရေတပ်ကို ရိုက်ချိုးခဲ့သည့် AA

စက်တင်ဘာ ၉ - ၂၀၂၄
1

(ဆောင်းပါး_Western News ရေးသည်) နေ့မနား ညမအား အရှိန်ဟုန်ပြင်းပြင်းနှင့် ခရီးနှင်နေသည့် အာရက္ခတပ်တော် AA ၏ ရခိုင်ပြည် သိမ်းတိုက်ပွဲကြီး မှာ အောင်မြင်မှုများ ယနေ့ အထိ ၁၀ လကြာလာချိန်တွင် အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ပလက်ဝမြို့နှင့်အတူ ရခိုင်ပြည် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် သံတွဲမြို့တို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ အဆိုပါ တိုက်ပွဲများကို လေ့လာကြည့်သော် တိုက်ပွဲတစ်ပွဲတိုင်း မြို့တစ်ခုတိုင်း၏ စစ်ဆင်ရေးသည် AA အတွက် အရေးပါလှသော်လည်း သံတွဲမြို့သိမ်းတိုက်ပွဲမှာ ထူးခြားမှု ဇယာထိပ်ရောက်နေအောင် စိတ်ဝင်စရာ ကောင်းလှ ၏။ ဆိုလိုရင်းမှာ

Continue Reading
ရခိုင်စစ်ပွဲကြားမှာ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ပျောက်ဆုံးနေ
ဆောင်းပါး
1 min read
121

ရခိုင်စစ်ပွဲကြားမှာ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ပျောက်ဆုံးနေ

ဩဂုတ် ၃၁ - ၂၀၂၄
0

စစ်ပွဲတစ်ခုတွင် ပထဆုံး အမှန်တရားကျဆုံးတတ်သည်။ ယင်းဒဏ်ကို ပြည်သူများ ခံစားရပြီး ဒုက္ခရောက်ရဆုံးမှာ အမျိုးသမီးနှင့်၊ ကလေးသူငယ်များဟု ဆိုရလိမ့်မည်။ ကျောက်တော်- ပုဏ္ဏားကျွန်း အဝေးပြေး လမ်းမဘေးတွင် တာပေါ်လင်စ၊ ဓနိမိုး စသည်ဖြင့် အမိုးအကာ မလုံခြုံ သည့် ယာယီတဲအိမ် ရာနှင့်ချီ ရှိနေသည်။ ယင်းအထဲတွင် ဒေါ်သန်းသန်းနု တဲငယ်လည်းပါဝင်သည်။ “မိုးများတော့ နေရာထိုင်ခင်းလုံးဝ အဆင်မပြေဘူး။ မိုးရေ စိုစိုနဲ့ မအိပ်နိုင်တော့ဘဲ ငုတ်တုတ်ထိုင်နေရတယ်။ စား သောက်ရေးကလည်း အရမ်းကျပ်တည်းလာတယ်။ ထမင်းလျှော့စားရတဲ့ နေ့တွေတောင်ရှိတော့။ ကလေးတွေကို ပိုသနားမိတယ် ” ဟု အသက် ၃၈ နှစ်အရွယ် ဒေါ်သန်းသန်းနုက Western News ကို ပြောပြသည်။

Continue Reading
ခေါင်းလောင်းထိုးသံ မညံလေတော့ …
ဆောင်းပါး ပညာရေး
1 min read
170

ခေါင်းလောင်းထိုးသံ မညံလေတော့ …

ဩဂုတ် ၂၆ - ၂၀၂၄
0

မုတ်သုန်လေနှင့်အတူ ဘယ်ညာယိမ်းက နေသောမြစိမ်းရောင် စပါးခင်းများက မိုးရာသီနှင့်အညီကြည့်ကောင်း နေသည်။ ယင်းအထဲတွင် တီချပ်အမဲနှင့် အားကစား ဘောင်းဘီတို အနီကိုဝတ် ထားပြီး ရွှံ့ပေကျံနေသည့် လူ ငယ်တစ်ဦး ပျိုးနှုတ်ကောက်စိုက်အလုပ်နှင့် နပန်းလုံးနေသည်။ “ကျောင်းမတက်ရတော့ မိဘလုပ်ငန်းခွင်ကို ဝင်ကူရတာ။ မလုပ်ချင်လုပ်လည်း မတတ်နိုင်တော့ လုပ်ရတာပဲ” ဟု ရွှံ့စက်ပေကျံနေသည့် မျက်နှာကို လက်နှင့် ပွတ်သိပ်ရင်း Western News ကို ပြောနေရှာသည်။ “နွားကျောင်း လယ်ထွန် ပျိုးစိုက်တယ်။ ကွမ်းခင်းမှာ ဝင်ကူတယ်။ ကျနော် မကူရင် သိတဲ့အတိုင်းပဲ ဒီကာလမှာ စားဝတ်နေရေး က မလွယ်ဘူး” ဟု ခပ်တည်တည်မျက်နှာထားနှင့် မရယ်၊ မပြုံးနိုင်ပြောသည်။ ထိုလူငယ်မှာ မောင်ခိုင်လင်းဖြစ်သည်။

Continue Reading