မွတ်ဆလင်များ အပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ နီးပါးကို AA ကယ်ထုတ် စောင့်ရှောက်ထား
စစ်ရေး သတင်း
1 min read
52

မွတ်ဆလင်များ အပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ နီးပါးကို AA ကယ်ထုတ် စောင့်ရှောက်ထား

ဩဂုတ် ၃၀ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့တွင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူ ၂၆,၀၀၀ နီးပါးကို အာရက္ခတပ်တော် AA က ကယ်ထုတ်စောင့်ရှောက်ထားကြောင်း သိရသည်။ အဆိုပါ အရပ်သားပြည်သူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အကြမ်းဖက် လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သားများဖြစ်သည်ဟု AA က ယမန်နေ့ ဩဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အပြစ်မဲ့အရပ်သားပြည်သူများကို တိုက်ပွဲအတွင်း ကယ်ထုတ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ဘေးကင်းရာနေရာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို AA က ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ဩဂုတ်လ ၂၉ ရက်နေ့က မောင်တောမြို့နယ် ကံပြင်သာစည် (ရခိုင်) ရွာက အရပ်သား ၂၂ ဦး၊ ဟာဘီ (မူဆလင်)

Continue Reading
မြန်မာမှာ လူ ၁၉ သန်းနီးပါး အရေးပေါ်အကူအညီလိုအပ်
သတင်း
1 min read
85

မြန်မာမှာ လူ ၁၉ သန်းနီးပါး အရေးပေါ်အကူအညီလိုအပ်

ဩဂုတ် ၂၁ - ၂၀၂၄
0

မြန်မာနိုင်ငံမှာ စစ်ရှောင်များအပါအဝင် အရပ်သားပြည်သူ လူ ၁၉ သန်းနီးပါး (၁၈.၆ သန်း) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကုလက ယမန်နေ့ ဩဂုတ် ၁၉ တွင် ထုတ်ပြန်ထားသည်။ လူ ၁၉ သန်းနီးပါးထဲက ၆ သန်းမှာ ကလေးငယ်များဖြစ်ပြီး ကျယ်ပြန့်သော ပဋိပက္ခများနှင့် ဆိုးရွားသော သဘာဝဘေးအန္တရာယ်များ၏ နာကျင်စေသည့် အကျိုးဆက်များကို ရင်ဆိုင်နေရသည်ဟု ကုလအဖွဲ့ UNOCHA မြန်မာက ဆိုသည်။ ဆိုးရွားသော အကျပ်အတည်းမှုများကြောင့် လူများစွာ အသက်ရှင်သန်ရေး အလွန်ခက်ခဲနေကြပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အသက်ကယ်ဆယ်ရေး အကူအညီများ လိုအပ်နေကြောင်းနှင့် ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်း UNOCHA က

Continue Reading
ရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှား ရေးသားသူများကို AA သတိပေး
စစ်ရေး သတင်း
1 min read
97

ရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှား ရေးသားသူများကို AA သတိပေး

ဩဂုတ် ၂၁ - ၂၀၂၄
0

ဘူးသီးတောင်၊ မောင်တောဒေသက အခြေအနေများနှင့် ပတ်သက်၍ ရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှားများ စွပ်စွဲပြောဆို ရေးသားသူများကို အာရက္ခတပ်တော် AA က သတိပေးနေသည်။ မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့သည် သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်ကို ဆက်တိုက်တွေ့ရှိနေရကြောင်း AA က ဆိုသည်။ လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့က ယင်းကဲ့သို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် ရခိုင်ပြည်အတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း AA က အလေးအနက် သတိပေးနေသည်။ လက်ရှိအချိန်အထိ မောင်တောမြို့တွင်း နေရာအနှံ့တွင် တိုက်ပွဲရှိနေပြီး စစ်ကောင်စီနှင့် ARSA ၊ RSO ၊

Continue Reading
ရေဖြူမြို့မှာ စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ
စစ်ရေး သတင်း
1 min read
121

ရေဖြူမြို့မှာ စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ

ဇွန် ၂၈ - ၂၀၂၄
0

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာက စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော်မှာ စားနပ်ရိက္ခာများနှင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။ ဇွန် ၁၉ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူများမှာ နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မျောက်ချောရွာနှင့် အနီးအနားရှိ ရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် နေအိမ်မီးရှို့ခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံစစ်ဘေးရှောင်များနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ နိုင်နဂါးက ” အခြေအနေက တော်တော်ဆိုးတယ်၊ အခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘူး၊

Continue Reading
ကော့သောင်းက စစ်ရှောင် ၂၀၀ နီးပါး ထိုင်းဘက်ကို ထွက်ပြေးခိုလှုံ
စစ်ရေး သတင်း
1 min read
93

ကော့သောင်းက စစ်ရှောင် ၂၀၀ နီးပါး ထိုင်းဘက်ကို ထွက်ပြေးခိုလှုံ

ဇွန် ၂၄ - ၂၀၂၄
0

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့ မာရမ်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံစစ်ရှောင် ၂၀၀ နီးပါးသည် ထိုင်းဘက်ခြမ်းကို ယာယီထွက်ပြေးခိုလှုံနေရကြောင်း စစ်ရှောင်များနှင့် ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ခမောက်ကြီးမြို့ မာရမ်းကျေးရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဇွန် ၂၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ချိန် အပြန်အလှန် နှစ်ဖက်ပစ်ခတ်မှုကြောင့် အသက် ၄၃ နှစ်အရွယ်ရှိ ကော့သောင်း (ပကဖ) အဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရကာ အလာတူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိကြောင်း သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ မြေပြင်ရှိ ရဲဘော်တစ်ဦးက

Continue Reading
မြန်မာစစ်ရှောင် ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချခြင်း ကန့်ကွက်ရှုတ်ချ
နိုင်ငံရေး
1 min read
140

မြန်မာစစ်ရှောင် ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချခြင်း ကန့်ကွက်ရှုတ်ချ

ဇွန် ၁၉ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီကြောင့် အိန္ဒိယနိုင်ငံထဲသို့ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် ၇၀,၀၀၀ ကျော်ထဲက ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချထားခြင်းအား မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသည့်အဖွဲ့ ၄ ခုက ကန့်ကွတ်ရှုတ်ချပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ မြန်မာပြည်သူများမှာ စစ်တပ်ကြောင့် အကြမ်းဖက် သတ်ဖြတ်ခံရခြင်း၊ မတရားဖမ်းဆီးခံနေရခြင်းနှင့် လူ့အခွင့်အရေးများစွာကို ချိုးဖောက်ခံနေရချိန် အိန္ဒိယအစိုးရသည် မြန်မာပြည်သူများအပေါ် မရပ်တည်ဘဲ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို များစွာစိတ်မကောင်းဖြစ်ရသည်ဟု India for Myanmar, Blood Money Campaign, Defend Myanmar Democracy, Sitt Nyein Pann Foundation အဖွဲ့တို့က ယနေ့ ဇွန်လ ၁၉ ရက်တွင်

Continue Reading