မန္တလေးမှာ ဆန္ဒပြသူထဲ ပေါက်မြို့က ပျူစောထီးများပါဝင်
နိုင်ငံရေး သတင်း
1 min read
39

မန္တလေးမှာ ဆန္ဒပြသူထဲ ပေါက်မြို့က ပျူစောထီးများပါဝင်

August 30, 2024
0

မန္တလေးမြို့မှာ စစ်ကောင်စီထောက်ခံသူများ ဦးဆောင်သော စစ်မဖြစ်ရေးဆန္ဒပြသူများထဲတွင် ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်မှ ပျူစောထီး အများအပြားပါဝင်ကြောင်း ဒေသခံပြည်သူများကပြောသည်။ ယမန်နေ့ ဩဂုတ်လ ၂၉ ရက်ကစပြီး မန္တလေးမြို့ပေါ်တွင် စစ်တပ်ထောက်ခံသူများနှင့် စစ်တပ်လော်ဘီများ အပါအဝင် စုစုပေါင်း လူအင်အား ၂၀၀ ကျော်က စစ်မဖြစ်ရေး ဆန္ဒပြသည်ဟုဆိုကာ မော်တော်ယာဉ်များဖြင့် လှည့်လည်ခြင်း၊ လမ်းလျှောက်ချီတက်ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ စစ်ပွဲမဖြစ်ပွားရေး ဆန္ဒပြသူများတွင် မန္တလေးမြို့ခံများပါဝင်မှု အလွန်နည်းပါးပြီး ပါဝင်သူများမှာ မျက်နှာစိမ်းများဖြစ်ကြောင်း မန္တလေးမြို့မှ ပြည်သူတစ်ဦးက ပြောသည်။ “ဆန္ဒပြသူတွေက မန္တလေးမြို့ပေါ်ကလူတွေ အားလုံးတော့မဟုတ်ဘူး။ မန္တလေးမှာ စစ်ပွဲမဖြစ်ရေးဆိုပြီး မန္တလေးမြို့ခံမဟုတ်တဲ့သူတွေ လုပ်တဲ့ဆန္ဒပြပွဲပေါ့” ဟု ပြောသည်။ ဆန္ဒပြပွဲမှဓာတ်ပုံများကို ရယူ၍ မဘသ ကွန်ရက်နှင့်

Continue Reading
သတင်းသမားတွေကို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တွေမှာ စစ်ခုံရုံးပို့ပြီး အမှုစီရင်နေတယ်
နိုင်ငံရေး သတင်း
1 min read
87

သတင်းသမားတွေကို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တွေမှာ စစ်ခုံရုံးပို့ပြီး အမှုစီရင်နေတယ်

August 29, 2024
0

အာဏာသိမ်း စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီး သတ်ဖြတ်၊ ထောင်ချတာတွေကို ဆက်တိုက်ပြုလုပ်လာတဲ့အပေါ်မှာ ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်နဲ့ မေးမြန်ချက် အပြည့်အစုံဖြစ်ပါတယ်။ပြည်ထဲမှာရှိတဲ့ သတင်းသမားတွေအနေနဲ့ စစ်ကောင်စီရဲ့ အန္တရာယ်တွေကို အထူးအလေးထား ဂရုစိုက်ရမယ်လို့ ဦးမြင့်ကျော်က တိုက်တွန်းထားပါတယ်။

Continue Reading
စစ်ကောင်စီသည် တိုင်းပြည်ကို အဆုံးစွန်ထိ ဆွဲချနေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
နိုင်ငံရေး သတင်း
1 min read
73

စစ်ကောင်စီသည် တိုင်းပြည်ကို အဆုံးစွန်ထိ ဆွဲချနေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

August 28, 2024
0

အာဏာသိမ်းစစ်ကောင်စီ (မြန်မာစစ်တပ်/စစ်အုပ်) သည် ပြည်သူကိုချနင်းသော နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို ၎င်းတို့နှင့်အတူ အဆုံးစွန်ထိ ဆွဲချနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “သမိုင်းတစ်လျှောက်အဆိုးဆုံး စစ်ရေးရှုံးနိမ့် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ပြည်သူကို ချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို သူတို့နဲ့ အတူ အဆုံးစွန်ထိ ဆွဲချသွားချင်နေပုံ ရပါတယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အထူးသတိထား စောင့်ကြည့်သင့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

Continue Reading
မွန်ပြည်နယ်မှာ သတင်းထောက်နှစ်ဦး သတင်းယူရင်း ပစ်သတ်ခံရပြီးသေဆုံး
နိုင်ငံရေး သတင်း
1 min read
114

မွန်ပြည်နယ်မှာ သတင်းထောက်နှစ်ဦး သတင်းယူရင်း ပစ်သတ်ခံရပြီးသေဆုံး

August 23, 2024
0

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ဩဂုတ်လ ၂၁ ရက်နေ့က သတင်းထောက်နှစ်ဦး သတင်းသွားယူရင်း မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ ပစ်သတ်မှုကိုခံရပြီး နေရာ၌ သေဆုံးသွားကြောင်း The Nation Voice က ပြောသည်။ သေဆုံးသွားသူ သတင်းထောက်နှစ်ဦးမှာ The Nation Voice က သတင်းထောက် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူ (အလွတ်တန်းသတင်းထောက်) တို့ဖြစ်ပြီး စစ်ရေးသတင်းရင်းမြစ် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း The Nation Voice အယ်ဒီတာချုပ် ကိုနေအောင်က ပြောသည်။ ” မနက်ပိုင်း ၉ နာရီလောက်မှာ သတင်းထောက် ကိုထက်မြတ်သူရဲ့ နေအိမ်မှာ ကျနော်တို့ Nation Voice က သတင်းထောက်

Continue Reading
စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ့ဆုံ
နိုင်ငံရေး သတင်း
1 min read
80

စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ့ဆုံ

August 23, 2024
0

အာဏာသိမ်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ဦးဆောင်သော နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်များ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံနွေးနေကြောင်း သိရသည်။ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး ယနေ့အထိ တွေ့ဆုံနွေးနေကြကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီဘက်က နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဦးဆောင်ပြီး နိုင်ငံရေးပါတီများအစုအဖွဲ့ဘက်မှ အလုပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအေးမောင်က ဦးဆောင်ကြောင်း သိရသည်။ စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ နှစ်ဘက်ဆွေးနွေးလိုသည့် အချက်များ ဆွေးနွေးပြီးနောက် ၂၀၀၈ ဖွဲ့စည်ပုံထဲက ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များကို ဆက်လက်ဆွေးနွေးနေကြောင်း

Continue Reading
ကျောက်ဖြူ Posco ရုံးဝန်ထမ်းများကို ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ ဖမ်းဆီးနေ
နိုင်ငံရေး သတင်း
1 min read
127

ကျောက်ဖြူ Posco ရုံးဝန်ထမ်းများကို ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ ဖမ်းဆီးနေ

August 12, 2024
0

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွင် ရေနံနှင့် သတဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်နေသည့် Posco International E & P ကုမ္ပဏီရုံးတွင် လုပ်ကိုင်နေသည့် ဝန်ထမ်း ၄ ဦး အိမ်အပြန် ရန်ကုန်လေဆိပ်တွင် ယခု ရက်ပိုင်းအတွင်း ထပ်မံ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူများက ပြောကြားသည်။ Posco International E&P မှ ဝန်ထမ်း ၃ ဦးကို ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ဖူးပြီး ထပ်မံ၍ ၄ ဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက “ POSCO INTERNATIONAL

Continue Reading
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ယူနွတ်စ် ဘင်္ဂလားဒေ့ရှ် အကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆို
နိုင်ငံရေး သတင်း
1 min read
196

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ယူနွတ်စ် ဘင်္ဂလားဒေ့ရှ် အကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆို

August 12, 2024
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်ရန် အကြီးအကဲအဖြစ် တာဝန်ယူသည့် ၂၀၀၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဩဂုတ်လ ၈ ရက် မြို့တော် ဒါကာမှာ ပြုလုပ်ခဲ့သည်။ ကြားဖြတ်အစိုးရအဖွဲ့မှာ ယူနွတ်စ်အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဆန္ဒပြကျောင်းသားခေါင်းဆောင်များပါဝင်ပြီး ထင်ရှားသည့် စာရေးဆရာများလည်းပါဝင်ကြောင်း သိရသည်။ ကြားဖြတ်အစိုးရအဖွဲ့ဝင် ပါဝင်သူများကို ဝန်ကြီးအဖြစ် သတ်မှတ်ခြင်းမျိုး မဟုတ်ဘဲ အကြံပေးအဖြစ် သတ်မှတ်ကာ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအခြေအနေများနှင့် အနာဂတ်ကောင်းစားရေးအတွက် ဆောင်ရွက်သွားမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။ စစ်ပြန်မိသားစုဝင်များကို အစိုးရရာထူးနေရာ ဦးစားပေးခန့်အပ်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာကို တက္ကသိုလ်ကျောင်းသားထုက ဆန္ဒပြရာကနေ ပြည်သူအားလုံးပါဝင်ခဲ့ကြသည်။ ထိုဆန္ဒပြပွဲမှာ ရက်သတ္တပတ်အတွင်း သွေးချောင်းစီးခဲ့ရပြီး လူ

Continue Reading
Move Forward ပါတီ ဖျက်သိမ်းခံရ၊ ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးဆောင်ရွက်ခွင့် ၁၀ နှစ်ပိတ်ပင်
နိုင်ငံရေး သတင်း
1 min read
67

Move Forward ပါတီ ဖျက်သိမ်းခံရ၊ ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးဆောင်ရွက်ခွင့် ၁၀ နှစ်ပိတ်ပင်

August 9, 2024
0

ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရရှိထားသော Move Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးတွင် ၁၀ နှစ်တာ ပါဝင်ဆောင်ရွက်ခွင့်မပြုဘဲ ပိတ်ပင်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ယနေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ၊ Chaithawat Tulathon အပါအဝင် ပါတီထိပ်တန်းအဖွဲ့ဝင်များကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘုရင်နှင့် မိသားစုကို ကာကွယ်ထားသော တော်ဝင်ဥပဒေကို ပြုပြင်ပြောင်းလဲရမည်ဟု Move Forward ပါတီက ပြောဆိုမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုသို့

Continue Reading
၈ လေးလုံး လူထုလွတ်မြောက်ရေး လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်
ဓါတ်ပုံသတင်း နိုင်ငံရေး သတင်း
1 min read
71

၈ လေးလုံး လူထုလွတ်မြောက်ရေး လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

August 7, 2024
0

(ဓါတ်ပုံသတင်း) ၃၆ နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မပြီးဆုံးသေးသော ၈ လေးလုံး လူထုလွတ်မြောက်ရေး လှုပ်ရှားမှုတစ်ခုကို ဩဂုတ်လ ၆ ရက် ရန်ကုန်မြို့အတွင်း ပြုလုပ်ခဲ့ကြသည်။ GSC ရန်ကုန်သပိတ်အင်အားစုများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေး လှုပ်ရှားမှုဖြစ်သည်။ ယမန်နေ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး လှုပ်ရှားမှုတွင် “ဒို့အတူရုန်း” နှင့် “ရပ်တန့်၍မရ” ဟူသော စာသားပါ ဘန်နာများကိုင်စွဲပြီး စစ်ကောင်စီ ဖိနှိပ်မှုများ တင်းကျပ်ထားသည့်ကြားမှ GSC က ပြုလုပ်နိုင်ခဲ့ကြသည်။

Continue Reading
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ နိုဘယ်ဆုရှင် ယူနွတ်စ်ကို ကျောင်းသားများက အဆိုပြု
နိုင်ငံရေး သတင်း
1 min read
118

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ နိုဘယ်ဆုရှင် ယူနွတ်စ်ကို ကျောင်းသားများက အဆိုပြု

August 7, 2024
0

(ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်ကလည်း ကြားဖြတ်အစိုးရအဖွဲ့ ဦးဆောင်မည်ဟု အတည်ပြုပြောကြား) ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာ နှုတ်ထွက်ပြီးနောက် စစ်တပ်က ယာယီအစိုးရ (ကြားဖြတ်အစိုးရ) ဖွဲ့မည်ဟု ကြေညာချိန် ဆန္ဒပြကျောင်းသားထုက ၂၀၀၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ် (Yunus) ကို ဦးဆောင်တာဝန်ပေးရန် တောင်းဆိုထားသည်။ ဩဂုတ်လ ၅ ရက် နေ့လယ် သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲမှ ယာယီအစိုးရဖွဲ့မည်ဟု ကြေညာခဲ့ပြီး ညနေပိုင်းတွင် ဆန္ဒပြကျောင်းသားထု ခေါင်းဆောင်များက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်စ်ကို အဆိုပြုခဲ့ကြသည်။ ဆန္ဒပြကျောင်းသားထု ခေါင်းဆောင်များနှင့် ဒေါက်တာ မိုဟာမက် ယူနွတ်စ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရအား စစ်တပ်က ဦးဆောင်ခြင်းကိုလည်း

Continue Reading