စစ်ခေါင်းဆောင်၏ လက်နက်စွန့်လမ်းစဉ်အပေါ် KIO နှင့် KNU တုံ့ပြန်
နိုင်ငံရေး
1 min read
0

စစ်ခေါင်းဆောင်၏ လက်နက်စွန့်လမ်းစဉ်အပေါ် KIO နှင့် KNU တုံ့ပြန်

စက်တင်ဘာ ၂၇ - ၂၀၂၄
0

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်စွန့်ပြီး ရွေးကောက်ပွဲလမ်းစဉ် ရွေးချယ်ကြရန် ပြောဆိုချက်အပေါ် ကချင် KIO နှင့် ကရင် KNU တို့က ကန့်ကွက်ကြောင်း တုံ့ပြန်ကြသည်။ ပါတီလမ်းကြောင်းကနေ ရွေးကောက်ပွဲလမ်းရွေးချယ်ကာ နိုင်ငံ‌ရေးပြဿနာများများကို ဖြေရှင်းကြရန် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ည ၈ နာရီက ဝါဒဖြင့် မီဒီယာများမှတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များကို မင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့သည်။ KIO ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က “ဘာကြောင့် အာဏာလွှဲပြောင်း ယူလိုက်ရတာလဲဆိုတာကို ထုချေလွှာ တင်ပြနဲ့ သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ကြေညာသော ထုတ်ချက်ဖြစ်နေ။ ခေါ်ပုံ၊ ခေါ်နည်း နည်းနည်းများ

Continue Reading
ရခိုင် အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းက အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရန် QUAD နိုင်ငံများ တောင်းဆို
စစ်ရေး
1 min read
0

ရခိုင် အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းက အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရန် QUAD နိုင်ငံများ တောင်းဆို

စက်တင်ဘာ ၂၆ - ၂၀၂၄
0

ရခိုင်ပြည်ထဲက အကြမ်းဖက်မှုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက အကြမ်းဖက်မှုများအားလုံး ချက်ချင်းရပ်တန့်ပေးရန် QUAD အဖွဲ့ဝင် နိုင်ငံ ၄ ခုက ကြီးလေးကြီးဖြစ်သည့် ဝန်ကြီးချုပ်၊ သမ္မတတို့က တောင်းဆိုကြသည်။ စက်တင်ဘာလ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် QUAD အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ယင်းတွေ့မှုသို့ အမေရိကန်သမ္မတ ဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ဩစတြေးလျ ဝန်ကြီးချုပ်တို့က တက်ရောက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်မှု အကူအညီများအား ခွင့်ပြုရန်နှင့် တွေ့ဆုံဆွေးနွေးရေးမှတစ်ဆင့် ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ မြန်မာ့အရေးအကျပ်အတည်းကို အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရေး၊ အာဆီယံအထူးသံတမန်၏

Continue Reading
CDM မလုပ်သော ဝန်ထမ်းများကို ပစ်ခတ် အရေးယူမည်ဟု CDF-Hakha သတိပေး
နိုင်ငံရေး
1 min read
0

CDM မလုပ်သော ဝန်ထမ်းများကို ပစ်ခတ် အရေးယူမည်ဟု CDF-Hakha သတိပေး

စက်တင်ဘာ ၂၅ - ၂၀၂၄
1

ချင်းပြည်နယ် ဟားခါးမြို့မှာ CDM မလုပ်သော Non-CDM ဝန်ထမ်းများကို တွေ့သည့်နေရာတွင် ပစ်ခတ်အရေးယူသွားမည်ဟု Chinland Defense Force Hakha က စက်တင်ဘာလ ၂၃ ညနေက သတိပေးစာ ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီနှင့် အကြမ်းဖက် သမားများ၏ လုပ်ငန်းယန္တရား လည်ပတ်နိုင်ရန် ကူညီပေးနေသည့်အတွက် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီလို သဘောထားပြီး ပစ်ခတ် အရေးယူမည်ဖြစ်သည်။ CDF-Hakha အနေဖြင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သော လူများအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမည်ဟု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ယခု အကောင်အထည်ဖော်လာခြင်းဖြစ်သည်။ စစ်ကောင်စီက သူ့၏နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားနေသည့်

Continue Reading
AA, KIA, CNF, NLD နဲ့ NUG ကို နယူးဒေလီဆွေးနွေးပွဲတက်ဖို အိန္ဒိယဖိတ်ကြား
သတင်း
0 min read
0

AA, KIA, CNF, NLD နဲ့ NUG ကို နယူးဒေလီဆွေးနွေးပွဲတက်ဖို အိန္ဒိယဖိတ်ကြား

စက်တင်ဘာ ၂၅ - ၂၀၂၄
0

Continue Reading
AA, KIA နှင့် NUG ကို နယူးဒေလီဆွေးနွေးပွဲ တက်ရန် အိန္ဒိယ ဖိတ်ကြား
နိုင်ငံရေး သတင်း
1 min read
61

AA, KIA နှင့် NUG ကို နယူးဒေလီဆွေးနွေးပွဲ တက်ရန် အိန္ဒိယ ဖိတ်ကြား

စက်တင်ဘာ ၂၄ - ၂၀၂၄
0

(တော်လှန်ရေးအဖွဲ့အစည်းများက ဆွေးနွေးပွဲတက်ရန် အကြောင်းမပြန်သေးဟုဆို) လာမည့် နိုဝင်ဘာ လလယ်တွင် ကျင်းပမည့် “ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ်” ဟူသော နယူးဒေလီဆွေးနွေးပွဲကို ရခိုင်တပ် AA, ကချင်တပ် KIA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို အိန္ဒိယအစိုးရက ဖိတ်ကြားထားကြောင်း သိရသည်။ နယူးဒေလီဆွေးနွေးပွဲကို ဖိတ်ကြားထားကြောင်း ဖိတ်ကြားခံရသည့် တော်လှန်ရေးအဖွဲ့တစ်ခု ခေါင်းဆောင်တစ်ဦးက အတည်ပြုထားကြောင်း ရိုက်တာသတင်းဌာနက ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် ဖော်ပြသည်။ အနောက်နိုင်ငံများက ရှောင်ဖယ်ထားသော အာဏာသိမ်း စစ်ကောင်စီ၏ ထိပ်တန်းဗိုလ်ချုပ်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် တောင်အာရှအာဏာ၏ သိသာထင်ရှားသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.Jaishankar က “အစိုးရမှ ရန်ပုံငွေထောက်ပံ့ထားသည့်

Continue Reading
ဒီဇင်ဘာလ ပထမအပတ် ရခိုင်ပြည်ထူးခြားသတင်းများ
ရုပ်သံ အပတ်စဉ်သတင်း
1 min read
83

ဒီဇင်ဘာလ ပထမအပတ် ရခိုင်ပြည်ထူးခြားသတင်းများ

စက်တင်ဘာ ၂၃ - ၂၀၂၄
0

ဒီဇင်ဘာ ၄ ရက် – ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းတွေကိုပိတ်ထားလို့ ဒေသတွင်း ကုန်းဈေးနှုန်းမြင့်တက်မှုနဲ့ ကြုံနေရတဲ့သတင်း – AA နဲ့ဆက်စပ်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ လက္ကာကျေးရွာသားတွေရဲ့အမှုကို တရားသူကြီး အပြောင်းအလဲဖြစ်လို့ဆိုပြီး အပြီးသတ်အမိန့်မချဘဲ ထပ်မံရွေ့ဆိုင်းလိုက်တဲ့သတင်း -ရခိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးပါတ်ထဲမှာ စစ်တွေမြို့နယ်ဟာ ကိုဗစ်ပိုးတွေ့ဦးရေ အများဆုံးဖြစ်တဲ့ သတင်း – တင်းမကျေးရွာသားတွေဟာ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်ထိ တင်ပြတောင်းဆိုထားပေမယ့်လည်း ၁ လ ကြာတဲ့အထိထူးခြားမှု မရှိသေးတဲ့သတင်း – ရခိုင်မှာ ၆ လကျော်အတွင်း ကိုဗစ် အတည်ပြုလူနာ ၅၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၀၀ နီးပါးရှိတဲ့သတင်း – ရခိုင်က ကျောင်းသား ၄ ဦးအမှုရဲ့

Continue Reading
ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို
နိုင်ငံရေး သတင်း
1 min read
118

ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို

စက်တင်ဘာ ၂၂ - ၂၀၂၄
1

ရခိုင်ပြည် စစ်တွေမြို့ တရားသီးစု ရပ်ကွက်တွင် ရှိသည့် ရခိုင်အမျိုးသားပါတီ ANP ဗဟို ပါတီရုံးချုပ် ဖြိုချဖျက်ဆီး ခံရခြင်းသတင်းမှာ မဟုတ်မမှန်ကြောင်း ပါတီ ဗဟိုအလုပ်မှုဆောင်များက ပြောဆိုသည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ANP ရုံးကို စစ်ကောင်စီတပ်မှ စစ်သား၊ ရဲအင်အားများဖြင့် လာရောက်ပြီး ဖြိုချ ဖျက်ဆီးသွားကြောင်း လူမှုကွန်ရက်စာက်မျက်နှာ အချို့မှာ ရေးသား ဖော်ပြကြသည်။ ရခိုင်အမျိုးသားပါတီ ANP ဗဟို အလုပ်မှုဆောင် တစ်ဦးက ” အဲ့ဒီသတင်းက မဟုတ်ဘူးဗျ။ သတင်းအမှားသာ ဖြစ်တယ်။ အဲ့ဒီပတ်ဝန်းကျင်မှာနေတဲ့ လူငယ်တွေက ရုံးမှာ နေကြတယ်။ ကျနော်တို့ အဲ့ဒီလူငယ်တွေက ရုံးမှာနေကြတာကို သိထားတာကြာပြီ၊

Continue Reading
မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံပွဲ ဂျပန်မှာ ပြုလုပ်
နိုင်ငံရေး သတင်း
1 min read
107

မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံပွဲ ဂျပန်မှာ ပြုလုပ်

စက်တင်ဘာ ၂၁ - ၂၀၂၄
0

(ဓါတ်ပုံသတင်း) ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဂျပန်နိုင်ငံရောက် မြန်မာပြည်သူများ ထောက်ခံဆန္ဒဖော်ပွဲကို ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ လာမည့်နှစ်များတွင်လည်း ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂထဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် အဓိက တောင်းဆိုခဲ့ကြသည်။ ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ Shibuya Hachiko Exit အနီးမှာ ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ခဲ့သူတစ်ဦးက ” ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပနေပြီ။ အဲညီလာခံကနေတစ်ဆင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ပြီးတော့ အတည်ပြုခန့်အပ်ပေးဖို့ မြန်မာပြည်သူတွေအနေနဲ့ ဝိုင်းဝန်းပြီး ထောက်ခံဆန္ဒဖော်ထုတ်တဲ့ပွဲပါ။ စစ်ကောင်စီက

Continue Reading
ဘင်္ဂလားဒေ့ရှ် ဆူပူမှု ၄ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာရ
နိုင်ငံရေး သတင်း
1 min read
91

ဘင်္ဂလားဒေ့ရှ် ဆူပူမှု ၄ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာရ

စက်တင်ဘာ ၂၁ - ၂၀၂၄
0

ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသမှာ မြေပြန့်မှ အခြေချလားသော ဘင်္ဂလီများနှင့် တောင်တန်းဒေသက ဌာနေတိုင်းရင်းသားများကြား ဆူပူအုံကြွမှုတွင် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၇၂ ဦးအထိ ရှိလာကြောင်း The Daily Star က ဖော်ပြသည်။ ခါကာဆိုရီခရိုင်ထဲက ဓီဂီနလ (Dighinala) မြို့တွင် စက်တင်ဘာလ ၁၉ ရက် ကြာသပတေး မွန်းလွဲက ဘင်္ဂလီများနှင့် ဌာနေတိုင်းရင်းသားတို့ကြား ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြသည်။ ဓီဂီနလမြို့ရှိ ဌာနေတိုင်းရင်းသား သက္ကမလူမျိုးများ ပိုင်ဆိုင်သော ဆိုင်ခန်း ၁၀၀ ကျော်ကို ရာနှင့်ချီ အုပ်စုလိုက်ဝင်လာသော ဘင်္ဂလီအုပ်စုများက မီးရှို့ဖျက်ဆီးခြင်းကနေ ဆူပူအုံကြွမှု စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြမ်းဖက်မှုအား မကျေနပ်၍ ဌာနေတိုင်းရင်းသား

Continue Reading
ပြည်နယ်မှ ပြည်ထောင်စု ဖက်ဒရယ်စနစ်ကို တော်လှန်ရေး ၉ ဖွဲ့ အတိအလင်းကြေညာ
နိုင်ငံရေး သတင်း
1 min read
82

ပြည်နယ်မှ ပြည်ထောင်စု ဖက်ဒရယ်စနစ်ကို တော်လှန်ရေး ၉ ဖွဲ့ အတိအလင်းကြေညာ

စက်တင်ဘာ ၂၀ - ၂၀၂၄
0

မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းများကြားတွင် ဖက်ဒရယ်နှင့် ပတ်သတ်၍ အမျိုးမျိုးသော ခံယူချက်များ ကွဲပြားနေကြသည့်အတွက် တော်လှန်ရေး ၉ ဖွဲ့က ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းမှုဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဟု စက်တင်ဘာလ ၁၉ ရက်တွင် ကြေညာသည်။ တော်လှန်ရေး ၉ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါ တီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့ဖြစ်သည်။ အဆိုပါ တော်လှန်ရေးအဖွဲ့

Continue Reading