မောင်တော မြို့စောင့်တပ်ကို တစ်လက်မချင်းစီတိုး၍ တိုက်ခိုက်ခဲ့ရဟု AA ပြော
အင်အား ၇၀၀ ကျော်နှင့် မိုင်းပေါင်း ၁၀၀၀ ကျော်ဖြင့် ကာရံထားသော ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကို အာရက္ခတပ်တော် AA က တစ်လက်မချင်းတိုး၍ တိုက်ခိုက်ခဲ့ရသည်ဟု ပြောဆိုထားသည်။ မောင်တောမြို့ကို စက်တင်ဘာလ ၈ ရက်နေ့ကတည်းက သိမ်းပိုက်ရရှိခဲ့သော်လည်း မြို့စောင့်တပ် နခခ ၅ ကိုမူ ဒီဇင်ဘာလ ၈ ရက်နေ့မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီသည် မောင်တော နခခ ၅ တပ်စခန်းကို အင်အား ၇၀၀ ကျော်ဖြင့် တပ်စွဲထားသလို စခန်းပတ်ပတ်လည်ကိုလည်း သံဆူးကြိုး နှစ်ထပ်ဖြင့် ကာရံထားသည်။ အချို့နေရာများတွင် ပေ ၂၀ ခန့်ကျယ်သော
မောင်တော နခခ ၅ က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက သိမ်းပိုက်ခဲ့သော မောင်တောမြို့စောင့်တပ် နခခ ၅ က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်
ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ ကို အသည်းအသန် ခုခံခဲ့သော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးရမိကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောမြို့အား မကျစေရေးအတွက် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်များကို စည်းရုံးပြီး လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် လူမျိုးရေးပဋိပက္ခများအား ဖန်တီးကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မောင်တောမြို့နယ်၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများ၊ စစ်သားများ၊ လက် အောက်ခံ မွတ်စလင်
ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိ
ရခိုင်ပြည် အမ်းမြို့တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်သားများအား ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးများကိုပါ ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့က AA ထုတ်ပြန်သော စစ်ကောင်စီတပ်သားများ ဖမ်းဆီးရမိခြင်း ဗီဒီယိုဖိုင်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်ခုနှင့်အတူ မူးယစ်ဆေးပြား အလုံးရေ ရာနှင့်ချီဖမ်းဆီးရမိသည်ကို တွေ့ရသည်။ အဆိုပါ တပ်သားပါ စစ်ကောင်စီ စစ်ကြောင်းသည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာသော တပ်မ ၈၈ လက်အောက်ခံ တပ်သားများဖြစ်ကြောင်း သိရသည်။ ယင်းစစ်ကြောင်းကို ခမရ ၃၁၇၊ ခမရ ၄၁၅၊ ခမရ ၄၁၆ စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား
အမ်းမြို့သိမ်း ဓါတ်ပုံ AA ထုတ်ပြန်
(နပခ ဂွင် တစ်ခုသာကျန်ပြီး အမ်းတစ်မြို့လုံးကို AA သိမ်းပိုက်) အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ AA သိမ်းပိုက်ထားသော ခန်းများ (၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ(၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း(၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း(၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂)
လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည့် မြန်မာစစ်တပ်ကို ဗြိတိန်သံအမတ်ကြီး ရှုတ်ချ
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို ကျင်းပခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အလွန်တိုးမြှင့်လာသည့် မြန်မာစစ်တပ်ကို ဗြိတိန်သံအမတ်ကြီး Barbara Woodward က ရှုတ်ချလိုက်သည်။ မြန်မာ့အရေး တံခါပိတ်အစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ လွန်ခဲ့သော ၃ လအတွင်း မြန်မာစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ဆောင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်သံအမတ်ကြီးက ပြောဆိုခဲ့သည်။ မြန်မာစစ်တပ်အနေဖြင့် ပြည်သူများကို တိုက်ခိုက်ရာတွင် ပေါက်ကွဲမှု ပြင်းထန်သော စစ်ဘက်ဆိုင်ရာ လက်နက်များကို အသုံးပြုလာပြီး မြေမြှပ်မိုင်းနှင့် လက်နက်ကြီးများကိုလည်း
အမ်းတိုက်ပွဲပြင်းထန်နေ၊ AA လက်နက်ကြီးကျည်ထိ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်၏ အရပ်လေးမျက်နှာစလုံးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတော်လှန်ရေးဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေ၍ အမ်းတိုက်ပွဲမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း အမ်းဒေသခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်က အမ်းမြို့ စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်။ ကိုမျိုးလွင်က ” စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး လေယာဉ်ဗုံးကြဲသံ၊ လက်နက်ကြီးသံများကို နေအိမ်အပြင်ထွက်ပြီး ကြည့်နေစဉ် ထိမှန်သွားတာဖြစ်ပါတယ်။ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တာ ထင်ပါတယ်။ အသေးစိတ်ကိုတော့ နောက်မှ ပြန်ပြောပါမယ်။ ” ဟု ပြောသည်။
နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးဆက်တိုက်ကြဲ၊ နှစ်ရက်အတွင်း ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ
တအောင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းမြောက် နောင်ချိုမြို့ကို ယခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၅ နာရီကျော်အချိန်တွင် နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်ရပ် ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ တောင်ရပ် ရပ်ကွက်နေ ဦးကျော်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်အပါအဝင် သမီးငယ်နှစ်ဦးနှင့်အတူ ၃ ဦးစလုံး သေဆုံးသွားခဲ့ရသည်။ ဆက်လက်ပြီး နံနက် ၅ နာရီခွဲအချိန်ခန့်တွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရ၍ ဦးပြားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပြားနှင့်
ကမ်းခြေစောင့်တပ်ကို ရေယာဉ် ၄ စီးဖြင့် စစ်ကောင်စီ အင်အား ထပ်ဖြည့်
(ထပ်ပြီး လူအင်အား၊ လက်နက်အင်အား ဖြည့်မည်ဟုဆို) ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် ကျရောက်သည့် ကမ်းခြေစောင့်တပ်ဖွဲ့ ၃ နှစ်မြောက် အခမ်းအနားမှာ ကမ်းခြေစောင့်တပ်ဖွဲ့ကို အင်အားဖြည့်သည့်အနေဖြင့် အမြန်သွားကင်းလှည့်ရေယာဉ်သစ် ၄ စီးကို စစ်ကောင်စီက ထပ်မံဖြည့်တင်းခဲ့သည်။ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယမန်နေ့တွင် ကင်းလှည့်ရေယာဉ် ၄ စီးကို တပ်တော်ဝင်စာရင်းသွားနိုင်ခဲ့သည်ဟု အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ကို ယခုထက် များစွာသော ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရဦးမည်ဟု မင်းအောင်လှိုင်က ဆိုသည်။ စစ်ကောင်စီ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် သဘာဝဘေးဒုက္ခကယ်ဆယ်ခြင်း၊ ပင်လယ်ပြင် အရေးပေါ်လိုအပ်ချိန်တွင်
တောင်ကုတ် ကင်းတောင်စံပြရွာ ဗုံးကြဲခံရ အရပ်သား ၄ ဦးသေဆုံး
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကင်းတောင်စံပြ ကျေးရွာကို ယနေ့ အောက်တိုဘာလ ၄ ရက် နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိသည်။ တောင်ကုတ်မြို့ခံတစ်ဦးက ” ကျနော်တို့ နေတဲ့အပိုင်းက အဘိုးကြီးတစ်ယောက် အဒေါ်ကြီးတစ်ယောက်သေတယ်။ ပြီးတော့ ကလေးလေးတစ်ယောက်သေတယ်။ ရွာအထက်ပိုင်းက တစ်ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေ အများကြီးပဲ အခု လမုဘက် ဆေးကုဖို့ ပို့ထားတယ်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ ဗုံးလာကြဲတာလို့ သိရတယ်။ “ ဟု ပြောသည်။ သေဆုံးသူ ၄ ဦးထဲက ၃ ဦး၏အမည်မှာ ဦးလှတင် (၇၀ နှစ်)၊ ဒေါ်မြရီ